Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Monday, December 27, 2010
ဘ. လောင် . ာ
Friday, December 24, 2010
လုံး လုံး လုံး
မနက်က လုံး
မြွေတွေ နဲ့ လုံး
ကားတွေ နဲ့ လုံး
Facebook နဲ့ လုံး
လူတွေ နဲ့ လုံး
စက်တွေ နဲ့ လုံး
လွှတ်တော် နဲ့ လုံး
ဘာမပြော ညာမပြော လုံး
နောက်ပြီး နေ့လည်ရောက်တော့ လုံး
လည်ပင်း အောက် က
ဘယ်တော့မှ မတပ် တဲ့ ကြယ်သီးကို
ဘာလို့ တပ် ထားကြတာလဲ
ကြယ်သီး ကို လဲ လုံး
စောက် လုပ်ကို လဲ လုံး
မီး ကို လဲ လုံး
ကဗျာ ကို လဲ လုံး
ကလေး တွေနဲ့ လုံး
မျက်လုံး တွေနဲ့ လုံး
လက် တွေနဲ့ လုံး
နောက်ပြီး ည ရောက် လာတော့ လုံး
အမှောင် ကို လုံး
မီးရောင် ကို လုံး
လမ်းဘေး ဆိုင်တွေနဲ့ လုံး
ဘီယာနဲ့ လုံး
အရက်နဲ့ လုံး
ဆေးလိပ်နဲ့ လုံး
လူကြီး လူကောင်းတွေနဲ့ လုံး
ဟို လူ့ နဲ့ လုံး
လူတော်တွေနဲ့ လုံး
ဒီ လူ့ နဲ့ လုံး
အပျက်မ နဲ့ လုံး
ပခြုတ်အိမ် နဲ့ လုံး
စာသားတွေ နဲ့ လုံး
စာလုံးတွေ နဲ့ လုံး
ဟို ကောင်မ နဲ့ လုံး
ဒီ ကောင်မ နဲ့ လုံး
ပါးစပ် တွေ နဲ့ လုံး
lycan တွေ နဲ့ လုံး
မင်း အမေ နဲ့ လုံး
ဘုရား နဲ့ လုံး
တရား နဲ့ လုံး
Schema နဲ့ လုံး
သမ္မတကြီးနဲ့ လုံး
Nyctophilia နဲ့ လုံး
နောက်ပြီး
ငါ့ ကိုယ် ငါ လုံး ထားရတယ်
Thursday, December 16, 2010
စကားနက်
Monday, December 13, 2010
အ သံ ပျက် ည
Tuesday, December 7, 2010
GLOOMY SUNDAY
GLOOMY SUNDAY
Sunday is gloomy
the hours are slumberless
dearest the shadows... See More
I live with are numberless
Little white flowers
will never awaken you,
not where the dark coach
of sorrow has taken you
Angels have no thought
of ever returning you
would they be angry
if I thought of joining you?
Gloomy Sunday
Gloomy Sunday
with shadows I spend it all
my heart and I
have decided to end it all
Soon there'll be prayers
and candles are lit, I know
let them not weep
let them know, that I'm glad to go
Death is a dream
for in death I'm caressing you
with the last breath of my soul
I'll be blessing you
Gloomy Sunday
Dreaming, I was only dreaming
I wake and I find you asleep
on deep in my heart, dear
Darling, I hope
that my dream hasn't haunted you
my heart is telling you
how much I wanted you
Gloomy Sunday
It's absolutely gloomy sunday
tsukimono--gloomy_sunday
http://en.wikipedia.org/wiki/Gloomy_Sund ay
Saturday, November 27, 2010
ပြ စာ တိုက်
Saturday, November 20, 2010
လိပ်ပြာလှိုက်သံ
နှလုံးသား၌ သွယ်တန်းထားရ၏
အစီအစဉ်များမှာ ထိုသို့လွဲချော်သွားသော
ညရထား၏ ငါ့အံဝှက်ထဲ၌ တိကျစွာခုတ်မောင်းနေကြသည်
လေအေးမှဖြစ်ပေါ်လာသော အသံတို့စွဲငင်ရာမှ
ငါ့မျက်နှာမူရာတိုင်းတွင် လာမည့်၁၄ရက်အလွန်ကို
ညကျိုးအိပ်မက်ထဲမှ မျှား၍မရနိုင်တော့
ထိုရာဇဝင်အပြစ်ဒဏ်မှဆွဲယူသောအခါ
လမင်းငတ်စွတ်ပုံနောက်ပြန်မျက်နှာအားတွေ့ရ၏
ခရေစမ်းကလေးပေါ်မှာ စက္ကူလှေများနှစ်မြုပ်ကြသည်
ပျော်ဝင်သွားသော ပြာတို့၏ခိုတွယ်ငြိကပ်ပုံမှာ
လိပ်ပြာမျက်နှာအား လက်ဖျံသွေးကြောပေါ်၌ပြန်မြင်ရသူ
သူရူး၏ မဟာရက်ကြမ်း အိပ်မက်အဆန်းကြီးသာဖြစ်ခဲ့သည်
ထိုဆံပင်ညှပ်ဆိုင်အား ငါမရောက်ဖူးခဲ့
ကွေးကောက်သော လက်ချောင်းများဖြင့်သာ
အဆာပြေဖြတ်ချဖူးသော မိုက်မဲမှုအရှည်များ၏ဆက်သံ
မေ့လျှော့ခြင်း၏ ထွက်ခွာမှုတစုံတရာကို
စက္ကူလူသားတိုင်း ပြန်တမ်းတဖို့ သုဿန်ကြမ်းပြင်တခြမ်း
ရထားသံလမ်းပေါ်က အေးစက်ခြင်းတစ်စုံတရာကို
နားဖြင့် လှိုက်ခိုပြီးနောက် လမ်းလျှောက်ဖို့ မီးတောက်ကြရသည်
ငါ့အားငါဖြင့် ပြုပြင်မွန်းမံ၍မရသော အခိုက်အတန့်များတွင်
ကြောက်လန့်တကြား နာရီအတွင်းမှ စကားပြောသံများ၏
ချိုမြိန်မှုခါးသီးမှု အသိတရားအတုများဖြင့် ဆုံးမစကားဆိုဖို့မတန်ခဲ့တော့
အဖြူရောင် အိပ်စက်ခြင်းမျိုးဖြင့် တိမ်ငွေ့တို့အားရှုပါ
ကြည်လင်အေးမြမှုဖြင့် မြက်ခင်းတို့အားခိုတွယ်ပါ
တောက်ပသောလောင်ကျွမ်းမှုဖြင့် လမ်းအားထမ်းခေါ်ပါ
မှန်တံခါးပေါ်မှ ရေငွေ့တို့၏ သေဆုံးခြင်းဖြင့်
ရေစီးကြောင်းအား တဖန်ပြန်လည်မွေးဖွား
ငြိမ်းချမ်းခြင်းရပ်ဝန်းမှာ ငါ့တံခါးအားဖြုတ်ထားခဲ့ပြီး
အနီရောင်ဖြစ်တည်မှုမှာ လောင်မြိုက်တောက်ပနေရသည်။
Thursday, November 11, 2010
နတ်ပျိုမ အတွက်ကဗျာပျို့အန်ခြင်း
Monday, November 8, 2010
နိုးထလာတဲ့ ပွင့်ငုံ့တော
Sunday, November 7, 2010
အကောင်းတွေပြည့်နေတဲ့ ထောပတ်သီး တခြမ်းပုတ်
Wednesday, October 27, 2010
အမှန်လုပ်ဇာတ်
Wednesday, October 13, 2010
မဟာအဆိပ် လမ်း
Tuesday, October 12, 2010
ဥယျာဉ်ဝှက်အလွမ်း
အစာအိမ်နှစ်ခု အစာခြေဖို့ မေ့နေတဲ့ အဟုန်နဲ့
လူသတ်သမားကို မှန်ထဲမှာ ပြုံးပြခဲ့ကြတယ်
ဒါကို အယုံသွင်းတဲ့ ကံကြမ္မာစက်ဝန်းအတွင်းက
မျက်ရည်စက်တွေ ငါ့လက်ထဲ ပွင့်ကြွေပြတ်ကျ
ပုန်းခိုနေတဲ့ တောအုပ်ထဲက အစိမ်းရောင်ညများ
ပြတင်းတံခါးမှာ ပြတိုက်မျက်နှာဖုံးနဲ့ ရီနေကြတယ်
ဘယ်မလဲ ကေ၀ ဘယ်မလဲ
လမင်းရဲ့ မှောင်ရိပ်သာ တောအုပ်ကိုဝါးမျိုမသွားဘူးဆိုရင်
ညနေ ၆နာရီ ကျိန်စာလဲ ငါစောင့်နေကြ လှေကားထစ်များကို
ရေတွက်နမ်းရှိုက်ပေးလိမ့်မယ်
အတွက်အချက်ညံ့တဲ့ လက်ချောင်းများထဲမှာ
ငါ့ကိုသုညက လက်ညှိုးဖြစ်ခွင့်မပေးခဲ့ဘူး
စိတ်သဘောတွေကြီးစိုးသွားတဲ့ အတ္တမှာ
နတ်ဘုရားကိုသတ်တဲ့ ဝိဉာဉ်က နှစ်ခါပြန်သေရတယ်
တိမ်ဆိုင်တွေ ကိုးကွယ်ရတဲ့ ကဝေစိတ်တွေ
နတ်ဘုရားကို သတ်တဲ့မာယာပန်းဆိပ်တွေလဲ
သွေးကြောထဲက မျက်ရည်အပိုင်းအစများနဲ့
ငါ့အစိမ်းရောင် ပန်ဒိုရာလေးထဲ ကဝေရယ် အမုန်းရယ်ထိခတ်
အမိုက်တရားနဲ့ သီကျူးငွေ့ရှိုက်လို့
အပွင့်တွေ နီမရတော့တဲ့ ဝင်္ကဘာ
အပြုံးတွေဘာလို့ သေချာချင်နေခဲ့
အရှေ့တစ်လမ်းသွား ဥယျာဉ်မှာ အမှောင်က ဝတ်တွားငြိမ်သက်
အပျော်ရောင်နောက်ကျိကျိ ဘဝထဲမှာ
လျှပ်ပြက်ယုံကလေး အရသာခံဖို့ ကျောင်းဆင်းပေးတဲ့ညနေတစ်ခုပါ
ငါ့ကိုကျမ်းပြုပြီး သေချာတယ်ဆိုတဲ့ ကံတရားကို
ဟာသမှတ်စုထဲက ကေ၀ နင့် လက်မှတ်ထိုးဖို့လက်တွေ
ငါ့အိပ်ကပ်ထဲမှာ နှစ်ခြိုက်နေကြတယ် ။
Thursday, October 7, 2010
မျက်နှာဖုံးကြားမှ ကြိုးတပ်ထားတဲ့ လက်ချောင်းများ
Friday, August 20, 2010
အမေ - သျှစ်မှူးကျော် ~ ထူးအိမ်သင် ~
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။
~ ထူးအိမ်သင် ~
ဇီဇဝါ ဝင်္ကပါ
မနေ့တနေ့က ပျက်ကျလာတဲ့ လေယာဉ်ပျံကိုဝှက်ထားတယ်
ငါနဲနဲချင်း စားသုံးနေတဲ့ စက္ကန့်တွေထဲမှာ
ပြောလို့မကုန်နိုင်တဲ့ မွန်းကြပ်မှုကိန်းဂဏာန်းတွေ ပြေးလွှားနေကြတယ်
အသိတရားမျက်ဝန်းထဲမှာ ရပ်နေတဲ့ အရှုံးကျောက်စာတွေဟာ
လျှောက်လာသမျှ အနက်ရောင်မြို့များဆီက ကပ်ပါးပိုးတွေပဲ
လောကနီတိထဲက ဆံပင်အနီရောင်နဲ့ မိန်းမ
တချိန်ကငါ့မိန်းမဖြစ်ခဲ့ရင် ငါ့နာမည်ပြောင်းဖို့
ဘယ်နတ်ဘုရားဆီမှခွင့်တောင်းမနေဘူး
ဒီလိုထွက်သွားတိုင်းသာ နှင်းဖြူတွေနဲ့ စိုထိုင်းဆမများဘူးဆိုရင်
ငါ့အလုပ်ငါလုပ်ပြီး နံရိုးနောက်က ထိုးထိုးဟောင်နေတဲ့
သန္ဓယုတ်ကိုအစာကြွေးနေရအုံးမယ်
ယင်နားစာ မနက်ဦးဆီက
ဦးခေါင်းပြောက်လို့ ရှာနေတဲ့ ကတ်ကြေးတွေ
နှလုံးရောဂါနဲ့ ဖခင်အိုကြီးကို အသံတိတ်လုပ်ကြံခဲ့တဲ့ သမီးက
ငါ့အရွက်ခြောက်များကြားမှာ တအုံတနွေးနွေး
ဆေးကြွေးမှားတဲ့ အရိပ်လက္ခဏာနဲ့
ငါ့အိတ်ကပ်တွေက ကားခပြန်တောင်းတိုင်း
အလွမ်းတွေ ပြည့်လျှံလောင်မြိုက်ဖူးတယ်
ဖုန်ထလို့ရေဖြန်းလိုက်တဲ့ မျက်နှာ
ငါ့ကဗျာထဲက ကမ်းနဖူးပေါ်မှာ သိုက်တူးတဲ့ ကျီးတအုပ်ကို
ချုပ်မရတဲ့ ငါ့ရင်ဘတ်ပျိုက နှလုံးသားတွေ လက်ဆောင်ပေးနေပါတယ်
မနေ့က သိမ်းထားတဲ့ ငါ့မြို့စုဗူးလေး ကျန်းမာရေးမကောင်းလို့
သူ့ကိုယ်သူ ပြန်ကုဖို့ သူ့ကိုယ်သူ ရိုက်ရိုက်ခွဲနေလိုက်တာ
သူမလိုချင်တဲ့ အောင်မြင်မှုအတုတွေပဲ ထွက်ကျလာလို့
အောင်မြင်မှုငတ်နေတဲ့ သူ့မြို့ပျိုမလေးကို ခေါ်ပေးချင်နေလိုက်တာ
ဘယ်လို ........ ဘယ်ပုံ ......... ဘယ်အသံမှ မကြား .................
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့
မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ
ငါတော့မော့ကြည့်ဖို့ မျက်လုံးနဲ့ ဦးခေါင်းကို ဇလုံထဲမှာ
မွှေနှောက် အနာဂတ်ခြောက်အိပ်မက်နဲ့
လင်းမရဥယျာဉ်ထဲမှာ ပန်းဦးတွေ မပွင့်ဖူးတော့တာ ဆန်းသလား
ငါဟာလူတွေကြားက ပြန်လာပြီးတိုင်းလူညှီစော်ကိုနှစ်ခြိုက်စွာရှုရှိုက်
ငါပြန်အန်လိုက်တဲ့ အိပ်မက်ဆိုးတွေ ကမ်းပုတ်တဲ့လှိုင်းကို
အတ္တဝမ်းကွဲ သံနဲ့ အကြိမ်ပေါင်းများစွာ နားဆင်နေရတယ်
သံယောဇဉ်အထွေးလိုက်ခွေလိမ်ထားတဲ့ အသိုက်အမြုံကလေးဟာ အိမ်ဖြစ်ခဲ့ရင်
ငါ့ခေတ်ငါ့အခါမှာ တမျှင်ချင်းစီရှင်းထွက်သွားတဲ့ ကြိုးတွေက
ငါတော်လို့လား …………….. ငါညံ့လို့လား …………….
အမေကမီးဖိုချောင်ထဲမှာ သူထမ်းထားတဲ့ နေလုံးကိုလွှတ်ချပြီး
အိမ်ရှေ့ဧည့်ခန်းထဲမှာ သကြားမပါတဲ့ မေ့ဆေးခါးကြီးတခွက်ကိုသောက်နေတယ်
အဖေက ကျည်ဆံကုန်နေတဲ့ ငါ့ကို လက်ဆွဲပြီး ဂျူးတွေနဲ့ တန်းစီခိုင်းထားတယ်
ဟစ်တလာရဲ့ လက်ဖြောင့်အဆိပ်ငွေ့တွေက ပြန်နေကြ ငါ့လမ်းကလေးပေါ်က
ရေမှုံနဲ့ဖုန်မှုံတွေရောထားတဲ့ ရနံ့ငွေ့တွေဖြစ်တယ်
အချင်းချင်းပြန်စားကြတဲ့ ပွဲမှာ လတ်လတ်ဆတ်ဆတ်ရီသံတွေမှောင်လာတယ်
အားလုံးပြီးသွားပါပြီ အမှန်တော့ အားလုံးအစကိုပြန်ရောက်သွားတာ
၁။ နငခညေျိြူံတိေု်ူလဖခာတမြန်ုေိူ့်ေျိ
၂။ နငတသမ့ေျိုူိခလာဖထုြူြ့တူုဒုယာခထာူုြ
၃။ ုြ့ြိုူငြကငနတြင်ဖိုူခြလယာဖုူြ်ုူတနြုမ၍သစငိြသ်ေုူ
အဖြေရှာတဲ့လူတွေသေကုန်ပြီ
အမေးတွေနဲ့ ကြိုးတင်းနေတဲ့ ရပ်ဝန်းမှာ
ကလေးတွေကို ခေါ်မလာနဲ့ အားလုံး မီးရှို့ချလိုက်
ငါတို့အမှားပေါ်က အဖြူစက်ကလေးကို လောင်မြိုက်ချလိုက်
ကျမ်းကျိန်တယ်ဆိုတာ ဖောက်ဖျက်မဲ့လူတွေအတွက်ပဲလိုအပ်တာပါ
မနေ့တနေ့ကကျွန်ဘဝနဲ့ ဒီနေ့မနက်ဖြန်ကျွန်ဘဝ
ငါ့ကလေး ငါပြန်ခိုးနေရတဲ့ဘဝမှာ
အစိမ်းက ငါ့ကို မျက်ရည်ကျစေတယ်
အစိမ်းက ငါ့ကို မွဲခြောက်စေတယ်
အစိမ်းက ငါ့ကို သေစေတယ်
ဆပ်ပြာပူဖောင်းကလေးရေ ပေါ့ပါးမယ်ဆိုရင်
ဇီဇဝါဝင်္ကပါထဲ ငါ့ကိုလမ်းကြုံခေါ်သွားစမ်းပါကွာ ။
Tuesday, August 17, 2010
အစိမ်း/ စိမ်း
အစိမ်းသေ
အစိမ်းချုပ်
စိမ်းစိမ်းကားကား စိမ်းရက်လေအား
မြွေစိမ်း
လေစိမ်း
နတ်စိမ်း
လူစိမ်း
စိမ်းလန်း
စိမ်းပြာ
မြင်မြင်သမျှစိမ်း
စိမ်းတာတွေကစိမ်းချင်သလိုစိမ်းလိုက်နဲ့
ကိုသိန်းတန်ရဲ့ စိမ်းသရဖူစိမ်းလည်း စိမ်းကားနေပြီ ။
သူငယ်ချင်းတစ်ယောက်ကပြောလိုက်သေးတယ်
အနာဟောင်းကို အစိမ်းလိုက်ပျိုးလိုက်တာလား တဲ့
ဘာကြောင့်များသခွားသီးကို အစိမ်းစားချင်နေရတာပါလိမ့်
သွေးလေခြောက်ခြားပြီးသွေးစိမ်းရှင်ရှင်ထွက်ပြန်ပေါ့
ကိုယ့်ဝတ်စုံကိုယ်သပ်သပ်ရပ်ရပ်ဝတ်လို့
အနေစိမ်းကြည့်လိုက်ဦးမယ် ။
စိမ်း..စိမ်း..စိမ်း
သစ်ပင်အိုကတောင် မီးစိမ်းထတောက်လိမ့်မယ်
အစိမ်းရောင်အသုံးအနှုန်းနဲ့ ညအိုပေါင်းစွာကို
မေ့မျောခြင်းတိုင်းပြည်မှာ ရှာတွေ့လို့မရဘူး
အလျားလိုက်စိမ်း ဒေါင်လိုက်စိမ်း
ပြောင်းပြန်စိမ်း ဇောက်ထိုးမိုးမျှော်စိမ်း
စိမ်း..စိမ်း..စိမ်း
ရင်ခွင်မူးသူအပြောင်းအလဲနဲ့
ဘဝကူးဖို့ အစိမ်းကျိန်စာမှာ နေ့တွေလဲထူးမလာခဲ့ဘူး
အစိမ်းရောင်ရက်စွဲတွေကဒြပ်မဲ့ပန်းချီကားတစ်ချပ်လို
စိမ်းစိမ်းစိုစို ။
ဘယ်ဘာသာနဲ့ထုတ်ဝေမလဲ
G R E E N D A Y လည်း 21 GUN နဲ့ စိမ်း
မင်းနှုတ်ခမ်းတွေလည်း အရောင်မပါပဲ စိမ်း
အိပ်မက်တွေ လည်း နယ်ကျွံလို ကျွံ
နမိတ်ပုံ သင်္ကေတတွေ အပြေးအလွှားအူကြ
ငါတို့နှစ်ယောက်လည်းအရင်းနှီးဆုံးသူစိမ်း
ကဲ..ကွာ...ဒီတော့လည်း
ဘာပဲဖြစ်ဖြစ်တစိမ်းဆန်လိုက်ရအောင်.။
Sunday, August 15, 2010
သတိမရိုင်းရ
ဘာသာမလိုတဲ့ သက်တန့်ကို
ရှု့ခင်းအသေပေါ်က ကြည့်ရတာလှတယ်
ရေမှုန်တွေပါပဲ ငါ့မှာသာ အလင်းယိုင်ခဲ့ရ
မလှပါဘူး။
ကျီးက ငါ့ဂုတ်ပေါ်မှာ
လာမနားတော့တဲ့ ခြေရာ
စူး …. ခနဲ ….
ငါ့ကိုယ်ငါ ခပ်တည်တည်နဲ့ခြိမ်းခြောက်လိုက်တယ်
ကံတရားဆိုတာ လခစား မနက်တို့ရဲ့ ရာဇဝင်မှာ
မနပ်မှန်တဲ့ သောကတပွဲကို ကျိတ်မှိတ်ကျော်ဖြတ်တာ
ကတော် ဖြစ်ဖို့ ကတော်
ကပွဲမှာ ဂီတကို ပျော်တော်ဆက်
တာဝန်အရ ငါက ဟက်ဟက်ပက်ပက်ရီလိုက်ရတယ်
မနက်တိုင်းမျက်နှာသစ်နေရတာ ပျင်းလာပြီ
လက်ဖျံသွေးကြောကိုစမ်းကြည့်တော့
ပုံမှန်ဟာသတွေ ထွက်ကျလာတယ်
တော်သင့်ပြီ လူ့လောက
ကျောက်နံရံပေါ်က အရိုင်းကောင်းတွေရဲ့
ဆေးရေးပန်းချီကို အဖြေရှာတာတော်သင့်ပြီ
မတန်မရာ အိပ်မက်တွေသွားကြားညှပ်ပြီး
သင်္ချိုင်းအတုပေါ်မှာ ငါမအိပ်လိုတော့ဘူး
ညကိုဖွင့်ချလိုက်ရင် ငှက်မဲတွေ
အတောင်ပြောက်တဲ့အမှောင်ထဲ
ရှန်သန်ခြင်းကိုရှာဖွေနေလိမ့်မယ်
အပိုင်းတွေ အဆက်တွေ ချုပ်ရာတွေ
ရောင်းကုန်မဟုတ်တဲ့ ရေပါးစက္ကူလိပ်ထဲမှာ
ပျော်ရွှင်ခြင်းက လောင်မြိုက်နေတယ်
အဲဒီ့ ပျော်ရွှင်မှုတွေဟာ ငါ့ကို မပျော်ရွှင်စေခဲ့ဘူး
ပျော်ရွှင်မှုရဲ့ တကယ့်အနှစ်ဆိုတာ
ရုန်းကန်မှုရဲ့ဒဏ်ရာ
တောက်ပစွာ သေဆုံးထားတဲ့
အရှုံးတွေ အိုင်ထွန်းထားခြင်းဖြစ်တယ် ။
မျှော်လင့်ချက် အူတိုင်တည့်တည့်က
ကြယ်အရိပ်ဟာ ပျော်ရွှင်ခြင်းကို
လှပဟန်ဆောင်မှုနဲ့ လောင်းရိပ်ချထားခြင်းလို့
ငါ့နှလုံးသားက ငါ့စိတ်ကို အကြိမ်ကြိမ်ထိုးဆွနေတော့တယ် ။
Thursday, August 12, 2010
အခွံ
အိမ်ကို ပြန်လာတော့
အမေက မရှိတော့ဘူး
အိမ် ...
အိမ်ကိုပြန်လာတော့
အဖေ့ကို မတွေ့တော့ဘူး
အိမ် ...
အိမ်ကို ပြန်လာတော့
အမ ကထွက်သွားပြီ
အိမ် ...
အိမ်ကိုပြန်လာတော့
ငါ့ကိုမတွေ့တော့ဘူး ...
အိမ် ...
အိမ်ကိုပြန်လာတော့
အိမ်
မရှိတော့ဘူးလေ ။
x.X.x.x.X.x.X.x.X.x.x.X.x.X.x.X.x.x.X.x.X.
shell
home
when i come back home
mother is no more ...
home
when i come back home
cant see dad anymore
home
when i come back home
my sis already left house
home
when i come back home
i cant find myself
home
when i come back home
home
which is no more
(translate by nt)
Nyi Thit
Friday, August 6, 2010
Thursday, August 5, 2010
စိတ်တံတိုင်း
ငါတို့ကလူ
ကိုယ့်လမ်းကိုယ်ဖောက်ပြီး
ကိုယ့်အဆိပ်ကိုယ်သောက်တယ်
ခင်ဗျားလူကောင်းစစ်စစ်ပါလို့ လာလိမ်မနေနဲ့
နားရွက်နောက်က နတ်ဆိုးတစ်ကောင်
ခင်ဗျားကို အပိတ်အဖွင့် လုပ်နေတယ်
သင်ကြားရေးရဲ့ ထိန်းချုပ်မှုအောက်မှာ
စာ သေတယ် အညွှန့်ကျိုးတယ်
စိတ်မာယာရဲ့ ထိန်းချုပ်မှုအောက်မှာ
ပညာ သေတယ် အတွေး ခမ်းတယ်
သေဆုံးခြင်းရဲ့ အကြောင်းတရားမှာ
စာတန်းထိုးတွေတက်လာသလိုမျိုးမဟုတ်ဘူး
မနက်ခင်းပေါင်းများစွာရဲ့အစ
De`javu ပေါင်းများစွာရဲ့ သန္ဓေသား
ငါ့ကို ဒီနွံထဲမှာ အလိုမတူပဲ အသေနှစ်ထားပါ
ဆောင်းရာသီမတိုင်ခင်အထိ
ကမ္ဘာကြီးကို အနွေးထည်ချွတ်မပေးနဲ့
ချွေးတွေနဲ့ အအေးပတ်ခဲ့ရင်
ဖယောင်းတိုင်ထွန်းလို့တတ်နိုင်သလောက်ဆုတောင်းကြပါ
သန့်ရှင်းတဲ့ပျော်ရွှင်မှုအသိုက်အမြုံဆိုတာ
တိမ်ဖုံးနေတဲ့ရပ်ဝန်းအသေတစ်ခုကို
ခွန်အားပြည့်တဲ့မျှားတစ်စင်းက
ထွင်းဖောက်ခွင်းလိုက်တဲ့ နံရံအပေါက်တစ်ခု
ငါ့ စိတ်တွေကို စားသုံးလိုက်တဲ့
စာမျက်နှာဟာ accident တစ်ခုနဲ့ဆေးရုံပေါ်ရောက်နေတယ်
တံတိုင်းခြားလို့ ငိုကြွေးသံကို သွေးသွင်းစရာမလိုဘူးဆိုရင်
ပေးဆပ်ခြင်းရဲ့အလွန်မှာ စမ်းရေတွေ မီးတောက်နေခဲ့တယ်
ငါ့ကို ခြောက်တဲ့ တောမှာ ရှေးလူတွေ သေခဲ့ဖူးပြီ
အင်္ကျီတထည်ရဲ့ လုံခြုံမှု အရှက်တရားကို
တက်မက်လွန်းတဲ့ လူသားတွေ
ဗုဒ္ဓရဲ့နံရိုးတစ်ချောင်းကို ခုတုံးလုပ်ပြီ
ရာသီပျိုတိုင်းမှာ လမင်းကို အူနေကြတယ်
စိတ်တွေရဲ့ စွဲငင်အားမှာ အတ္တတွေကုတ်ဖဲ့တက်လာသလား
မျက်နှာကိုရေထဲနှစ်ပြီး သစ္စာတရားတွေ အန်ထုတ်ကြည့်စမ်းပါ
ဆံပင်မကျန်တဲ့ လမ်းတခုထဲက
စကားလုံးတွေမြှုပ်ထားတဲ့ အသိဉာဏ်ကို
လွတ်မြောက်ခြင်းအလွန်မှာ
လှောင်အိမ်တွေ စောင့်ကြိုနေကြတယ်
လေယာဉ်ပေါ်မှာ သေနတ်သံတွေကြားလား
ဒီကောင် မသေသေးဘူး
တိမ်တွေပျက်ကျသွားပြီ
စာမလိုက်နိုင်တဲ့ ခင်ဗျားရော ကျနော်ရော
ဗိုက်ပြည့်ဖို့ လေရှုနေရတယ်
အဆင့်အတန်း ချုပ်ရိုးပြတ်နဲ့
ငါ့ကို တိုင်းတာချင်ရင်
ပြတင်းတံခါးက ခုန်ချလာတဲ့
နေရောင်ခြည်ကိုဖမ်းသလိုမျိုး ရူးနေလိမ့်မယ်
မျက်နှာဖုံးတို့ရေ …
လူဖြစ်ရတာ ပင်ပန်းခြင်း
လူဖြစ်ရတာ ပင်ပန်းခဲ့ကြောင်း
လူဖြစ်ရတာ ပင်ပန်းမည်ဖြစ်ကြောင်း
မှန်ထဲမှာ စကားပြောတဲ့
မှုတ်သုန်ဆန်ဆန် မျက်ဝန်းတွေအကြောင်းကို
လူမဖြစ်သေးတဲ့ ကလေးက သစ်ရွက်ကြွေတိုင်း
လှောင်ရီနေလိမ့်အုံးမယ်
မြေပြင်မှာ မင်းကို ပြောင်းလဲဖို့
တိမ်တွေ ခိုစီးနေတဲ့ ခင်ဗျားက
နွယ်တွေလို စိတ်ကူးနေရော့ သလား
ငါကုတ်ဖဲ့တက်လာတဲ့ တံတိုင်းတစ်ခုမှာ
ဘဲကလေးက အကြောက်တရားနဲ့
တိမ်တွေမှိုင်းတဲ့ အရပ်မှာ နေရစ်ခဲ့တော့
အစစ်အမှန်မဟုတ်တဲ့ ထီးတစ်လက်အောက်မှာ
မိုးလုံဖို့ ကူးခဲ့တဲ့ စိတ်ကို
အရှင်လတ်လတ်မြေမြှုပ်ပစ်တာပဲ
သေရင် နတ်ကောင်းဖြစ်ချင်တဲ့စိတ်ကူး
သေရင် နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ကူးတွေလဲ
ရေကူးနေတဲ့ ပင်လယ်ထဲမှာ
အခုလောလောဆယ်
တစ္ဆေဘဝမှာ ဆုတောင်းနေရစ်တော့
ကိုးနာရီခွဲပြီ စိတ်တို့ရေ …….
အသက်ဦးပိုင်းမှာ ဖြုန်းခဲ့တဲ့ စိတ်တွေ
သဲနာရီရဲ့ နောက်ဆုံး သဲတပွင့်မှာ
ကြောက်လှန့်ခြင်းကို အဖေါ်ပြုဖို့
အမှောင်ကို ခဏငှားလာခဲ့ပါ
ငါ့ကိုယ်ငါ ခွင့်ပြုလိုက်တဲ့ တံတိုင်းပေါ်က
စိတ်ထဲကို ခုန်ချလိုက်ပြီ …. ။
Wednesday, August 4, 2010
ခေတ်သစ် ၁၉ ဂျူလိုင်
အပြင်မထွက်ရအမိန့်နဲ့ ပိုလှောင်တယ်
ကော့နက်ရှင်တွေလဲနှေးမယ်
လမ်းဘေးဈေးသည်တွေလဲ ရှင်းမယ်
မြို့လယ်ခေါင်မှာ သံစူးကြိုးတွေထားမယ်
ဥသြဆွဲသံဆို မီးသတ်ကားတောင် မအူရဘူး
ဘုရားသွားချင်ရင် သွေးဆေးကန်ဖက်မှာ လူရှင်းလို့
ကဗျာရေးမယ်ဆို န ငယ်ကိုအရင်နေ့ကထက်ရှောင်ရတယ်
ဟိုအမကြီးပြောတာ ….
ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်မကျစေချင်ဘူးတဲ့
ကော့နက်ရှင်တွေလဲနှေးလိုက်တာဗျာ
အရင်နေ့လို ဖလန်းဖလန်းမထတော့ဘူး
ငါဘာတွေလုပ်နေလဲ ငါ့အမေရင်ကျိုးမှာစိုးလို့
ဂျူလိုင် ၁၉မှာ ရုံးမပိတ်ဘူးလို့ ညာရတယ်
တီဗီထဲမှာ ကြည့်ပါအမေ လွမ်းသူ့ပန်းခွေဆိုတာ အဲလိုမျိုး
ငါ့သူငယ်ချင်းတွေတောင် ညညသွားနေကြတဲ့ မာဆက်ကိုတောင်
အကြောင်းအမျိုးမျိုးပြပြီး ရှောင်ကြတယ်
အနှစ်၄၀ကြာ မိုးတွေလဲ ရွာတယ်
မနက်ဖြန်ဘာဖြစ်ဖြစ် ငါ့သူငယ်ချင်းတွေ
ဂိမ်းကစားနေတာကောင်းပါတယ် ။
Wednesday, July 14, 2010
ငါ့အလွမ်းကတစ်ခါတစ်လေ ရုပ်ပျက်ဆင်းပျက်
နင့်ကိုလွမ်းတာမဟုတ်ဘူး
အိပ်မက်တွေလည်း အခုဆို
ကာလာနဲ့မမက်ဖြစ်တာကြာပြီ
အရောင်ကျွတ်သွားတဲ့ ဥတုမှာ
နင်က..... တန်ဖိုးနည်း သိက္ခာကိုမှ
တံထွေးဆွတ်ပြီး ငါ့နဖူးပေါ်က ခွာချရက်တယ်
ထွီ..................................
ဒါက အခုခေတ်ရဲ့
ယဉ်ကျေးသော နှုတ်ဆက်သံ
နင်လက်မခံတဲ့ ဂုဏ်သရေရှိ ပန်းဝါတွေတော့မဟုတ်ဘူးပေါ့
အဲဒီပန်းဝါဝါတွေနောက် ငါမလိုက်ဘူး
နင်ကိုးကွယ်တဲ့အလင်းကမျက်စိမှုံတယ်
နင်ပြောတဲ့စကားလုံးတိုင်းက သုညကြွင်းစေတယ် ....
ငါ့အိတ်ကပ်ထဲက လိပ်ပြာအသေကလေး ထုတ်ပေးလိုက်ရင်
နင်နားလည်အောင်မပြောတတ်တဲ့
စက္ကူအစုတ်တွေက
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
ကျက်သရေရှိစွာနဲ့ ပိုက်ဆံဖြစ်မလာဘူး
အီဗော်လူးရှင်းသီအိုရီအရ
ပြောင်းပြန်လှန်တရားကနှလုံးသားယဉ်ကျေးမှုမှာ
ဒါရိုက်ထိမှန် ဓမ္မသတ်ကျမ်းအစောင်စောင်မှာ
ငါကျဆုံးခဲ့ပြီ
မာနအတွက်ဒုက္ခကိုဝယ်ခဲ့မိလို့
နတ်ဘုရားမျက်နှာပေါ်က မျက်ရည်ခံမှည့်ကလေးက ငါပေ့ါ
ငါ့ကို သောကြာနေ့မှာ မွေးခဲ့ရင်ကောင်းမှာ
ဟာ...... အလကား ကိုယ့်ကိုယ်ကို ယဉ်ကျေးမှုထင်ပြီး
ခေတ်တခုလုံးကို ပြာချပစ်ရအောင် အဲဒီ တရားကိုးပါးထဲက
ဘယ်တရားကရော အမှန်ဖြစ်လာမှာတဲ့လဲ
အမှားတွေဆိတ်သရေကို နွားစားသွားတဲ့ လပေါင်းများစွာကို
ငါက နေဝင်ချိန်အဖြစ်ပြောင်းပေးခဲ့တဲ့ ကောင်ပါ
ငါပျော်တယ် ငါရီတယ် ငါငိုတယ်
ရီပါ.... ငိုပါ....ပျော်ပါ
အားပါးတရ ငို ရီ ပျော် ပါ
ငါ့ လိပ်ပြာကိုလာလာပြီး
လက်ယပ်ခေါ်မနေပါနဲ့တော့
ငါပြောချင်တဲ့စကားငါ့နားကပြန်ပြန်ကြားနေပြီ
ခဏခဏသွေးတိုးမစမ်းချင်စမ်းပါနဲ့
အပေါ်သွေးအောက်သွေးက ဘယ်တုန်းကမှမညီဘူး
ဆေးရုံပေါ်က မနက်ခင်းဟာ ညှီဖန့်ဖန့်တွေ တောက်လောင်လို့
ငါ့အစွယ်တွေ ငါ့အမြှီးတွေ နင်မွေးပေးခဲ့တဲ့ ကလေးတွေ
နင့်သွေးပြန်ကြောထဲက ငါ့သွေးတွေ
ဒီလောက်ထိ မြစ်တွေစီးဆင်းသံက
ညဘုရားကို မြည်ဟီးလိုက်တဲ့ စစ်ဦးကျိုးသံလား
မျိုးမမှန်တော့ကိုင်းကူးကိုင်းဆက်လုပ်စရာမလို
ဒီပုတ် ဒီပဲ နဲ့ ဒီစကား ဒီနား ဘယ်သွားသွား
စိတ်နဲ့ကိုယ်တစ်ခါမှမကပ်ဘူး
တစ်ခါတစ်လေ အနာပေါ်တုတ်ကျတာ အရသာရှိပ
Globalization ဆိုတာ
ဘာကိုပြောပါလိမ့်
ငါမသိတော့ဘူး
ငါသိတာတွေက
ငါ့ကိုပြန်မသိတော့ဘူး
အဆင့်အတန်းဆိုတဲ့ စကားလုံးရဲ့ ခေတ်ပေါ်အယူအဆဟာ
ငါ့သမ္မကျမ်းစာမှာ ထည့်သွင်းဖေါ်ပြခြင်းမရှိတဲ့
နင်အကြိုက်ဆုံး ဖွံ့ဖြိုးတိုးတက်မှုကြီးပေါ့
ထင်ကြေးနဲ့လျှောက်တဲ့ခရီး နီးသလားဝေးသလား
ဟန်ချက်ဆိုတာ အရိပ်တွေနဲ့ ပူးကပ်မနေဘူး
ငါ ဘာမှမသိသလို နင်ကိုယ်နင်လည်းဘာမှမသိ
အာရုံတွေမစားနဲ့လေ
နေ့မစေ့လည်း ကလေးမွေးကြတာပဲ။
သစ်ရိပ်ခိုမှ လုံခြုံတဲ့
နင့်အဖို့တော့ ငါစကားလုံး အရိပ်က
မလွတ်မြောက်နိုင်တာ ဝဋ်တခုလို့ ချွဲပြပါအုံးလား
ထိုင်ရာကနေမထလိုက်နဲ့ကဝေပျို
နင့်ဝှက်ဖဲတွေထွက်ကျသွားရင်
နင်သိပ်အထင်ကြီးတဲ့ လူတွေ နင့်ကိုအထင်သေးကြလိမ့်မယ်
ငါ့လက်ထဲက ဂျိုကာက ကံတရားဖက်လှည့်ပြီး ငိုနေတယ်လေ
ဟင်း............
ဆွဲလိုက်တိုင်းအပွင့်ကမပေါ်တပေါ်
ငါ့ပီတိနင်ပြန်စားဦးမယ်
ထွီ..........................
နွားအိုရင်မြက်နုကြိုက်သတဲ့ လား
ကြောင်ခံတွင်း ပျက်တော့ သနပ်ခါးမလိမ်းဘူး
နေ့တစ်ထပ်ညတစ်ထပ်နဲ့တစ်နေ့နှစ်နပ်ပေါင်းစားရင်း
ငါတို့ဦးနှောက်တွေခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီ
ငါတို့ရဲ့ နာကျဉ်းစရာများနဲ့ မြင့်တက်လာတဲ့
တံတိုင်းတွေကို မျိုးမအောင်တော့တဲ့ ဥတုအိုပေါ်မှာ
အတိတ်အဖြစ် အဆိပ်တွေကျဲပက်ပြီး ချိတ်ဆွဲထားလိုက်ပြီ
ရောင်းဈေးက အပျက်မရဲ့ ရင်နွေးငွေ့လို
ဖွယ်တယ်တယ် အပြုံးနဲ့
တစ်ခါသုံးတွေနဲ့ လေလံပစ်ထားတယ်
တစ်ခါသုံး တစ်ခါသုံးဆိုပြီး
ငါ့အဘိဓာန် လာလာမလှန်နဲ့
အက္ခရာ သရ လည်းတစ်ခါမှမကွဲပြား
ကံ၊ကတ္တားအနေအထားမမှန်တာကြာပေါ့
ကမ်းနဲ့ဝေးရင်လမ်းဖြတ်ကူးစရာမလိုတော့ဘူးဆိုမှတော့
အဆင်ပြေတဲ့တစ်နေ့ နောက်တစ်ခေါက် ပြန်လာမယ်
သွေးနည်းတဲ့ ရပ်ဝန်းမှာ ခေတ္တခဏ ကျောက်ချရပ်နားရင်း ။ ။














