သေသေ နေရတဲ့ အမျိုး
တောမှာ ဂျိုကျိုးနားရွက်ပဲ့ နဲ့
တောမှာ ဂျိုကျိုးနားရွက်ပဲ့ နဲ့
အာရုံတက်တိုင်း တွန်တွန် နေတတ်တဲ့ အရိုး
အဆွေတွေ အပေါင်း နဲ့ အနုတ် နဲ့ အမြှောက် နဲ့
စားစား နေရတဲ့ အမျိုး
နိဗ္ဗာန်သာ ရောက်မယ် ဆိုရင် အရိုးတွေ အကုန်ဖယ်ပြီး
နိဗ္ဗာန်သာ ရောက်မယ် ဆိုရင် အရိုးတွေ အကုန်ဖယ်ပြီး
အသားတွေကြီး လှူမယ်ဆိုတဲ့ အရိုး
အရိုး ကိုသာ လာမထိ ရင် အမျိုးတွေကို
အရိုး ကိုသာ လာမထိ ရင် အမျိုးတွေကို
တစ်သက်လုံး အရိုးထဲ လှောင်ထားမယ် ဆိုတဲ့ အမျိုး
ယဉ်ယဉ်နဲ့ကျေးကျေးနဲ့ ရိုးရိုးနဲ့ရာရာနဲ့ အတွဲလိုက်ဖြုတ်ထားတဲ့ အရိုး
ယဉ်ယဉ်နဲ့ကျေးကျေးနဲ့ ရိုးရိုးနဲ့ရာရာနဲ့ အတွဲလိုက်ဖြုတ်ထားတဲ့ အရိုး
rhyme တွေဘယ်တော့မှ မကျိုးတဲ့ အရိုး
ဇာတိမာန်တွေ တစ်ကွင်းလုံး ထက်သန်စေဖို့
ဇာတိမာန်တွေ တစ်ကွင်းလုံး ထက်သန်စေဖို့
အားအားရှိတိုင်း အားယားနေတဲ့ မျိုးချစ်ကြီးတွေ
ကွေးအောင် ကနေကြတဲ့ အမျိုး
အမျိုးတွေ သာ ခေါ်မယ် ဆိုရင် အရိုးတွေ ကျေလို့ အရေခမ်းခမ်း
အမျိုးတွေ သာ ခေါ်မယ် ဆိုရင် အရိုးတွေ ကျေလို့ အရေခမ်းခမ်း
အကန်းကမ္ဘာမှာတစ်သက်တာ ထာဝရနေမယ်ဆိုတဲ့ အရိုး
အပြောင်းနဲ့ အလဲကို ပါးစပ်ကသာ အကြိုထောက်ပြီး
အပြောင်းနဲ့ အလဲကို ပါးစပ်ကသာ အကြိုထောက်ပြီး
အိမ်အောက်က ကြမ်းပြင်မှာ
သူ့အမေလင်တွေဝှက်ဝှက်ထားတဲ့ အမျိုး
သူ့ကိုယ်သူ ရိုးလှ ပြီ အထင်နဲ့ နိုင်ငံတကာ က ဝင်လာသမျှ ကို
သူ့ကိုယ်သူ ရိုးလှ ပြီ အထင်နဲ့ နိုင်ငံတကာ က ဝင်လာသမျှ ကို
လက်အုပ်ချီပြီ ထိုင်ထိုင်ဆဲနေတတ်တဲ့ အရိုး
ဂေါင်းတွေသာ စက်နိုးလို့ရရင် ဘာ ဂေါင်းက ဆွဲဆွဲ
ဂေါင်းတွေသာ စက်နိုးလို့ရရင် ဘာ ဂေါင်းက ဆွဲဆွဲ
အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး
သူ့အမေကလဲရိုး သူ့အဖေကလဲရိုး
သူ့အမေကလဲရိုး သူ့အဖေကလဲရိုး
သူ့ညီရိုး သူ့ညီမရိုး
အရိုးပေါ်အရေတင်ရုပ်နဲ့ အရိုး Family အထုတ်ကို
အရိုးပေါ်အရေတင်ရုပ်နဲ့ အရိုး Family အထုတ်ကို
TV တွေပေါ်တက်တက် ဖြည်ပြနေတဲ့ အရိုး
နေထွက်တာကို အကြီးကြီး အော်ရယ်ပြီးမှ
နေထွက်တာကို အကြီးကြီး အော်ရယ်ပြီးမှ
လ ထွက်မှာ ကြောက်လို့ တစ်မျိုးလုံး ဝါးလုံးခေါင်းထဲ
ဝင်ဝင်ပုန်းနေတတ်တဲ့ အမျိုး
သူ့စိတ်ကို သူမနိုးခင် သူ့အရိုးကို သူချိုးပြီး
သူလဲပဲ နိဗ္ဗာန်မှန်းလို့ သူ့တစ်မျိုးလုံးကို အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ လှူခဲ့တယ်
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ လှူခဲ့တယ်
nelay
No comments:
Post a Comment