Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, March 24, 2009

စိတ္တဇ ဥယျာဉ်



အချိန်ကိုမသိတဲ့မှတ်ဉာဏ်နဲ့
ပန်းဝတ်ရုံပေါ်မှာ ငါက
သုညထမ်းတဲ့ကောင်

လျှာတွေ အနက်ရောင်ပြောင်းခဲ့တာ
သိပ်မကြာသေးဘူး

မလိမ်ဖူးတဲ့လူတယောက်အတွက်
သော့တချောင်းပေးထားမယ်
ဆူဆူညံညံတွေကို
သပ်သပ်ရပ်ရပ်ဖွင့်ချလိုက်ရင်
မျက်မမြင်တကောင်ရဲ့ ငိုပွဲဟာ မိုးမခေါင်တော့ဘူး

မီးတတို့လောက်တောင်းတဲ့ခေတ်မဟုတ်တော့
ငါ့စကားဝှက်တွေ '' . " စိတ်ကူးတွေနဲ့ပြောက်ဆုံးသွားတယ်

ငါ့ကိုယ်ငါမုန်းတဲ့ညက
ဖားပြုတ်တွေ နှင်းဆီငတ်ကြ

အခြေမရှိတဲ့လေပြေတွေ လမ်းမကိုကျောသပ်
ငါ့ နှလုံးသားတွေ လေဖြတ်သွားပြီလား

ပြောကြဆိုကြတဲ့အထဲမှာ မိန်းမအကြောင်းမပါစေနဲ့
ဒီတောမှာ ဘယ်မိန်းမမှမရှိတော့ဘူး။

လက်ညှိုးထိုးပြီး ကျကွဲသွားတဲ့ ရယ်သံတွေထဲ
ဝေါဟာရတွေကို မိတ်ဆွေအဖြစ်မသုံးခဲ့ပါဘူး

တပွင့်ထဲသာ
ဒီတောထဲမှာလင်းကျန်နေတာ

ကြက်ခိုးတွေကြားက ငါ့ကြယ်ငိုကလေးရေ ...
အရာအားလုံးကို ကြွေကျသွားတဲ့ အသံတွေပါ

လာနားထောင် ...
ဒီရင်တွေ ဘယ်လောက်မှောင်နေလိုက်သလဲ

ဆာလောင်နေတဲ့ မုသားများကြားမှာ
ငါကချိုမြိန်တဲ့အမှား ...

တစ်ယောက်ယောက်ကြားအောင်များ
ငါဆွံ့အ ခဲ့လေသလား

ဆန့်ကျင်ဖက်ကိုထွက်ပြေးသွားတဲ့
စကားများက တုတ်နှောင်
ငါ့အသက်ရှုသံကို စိတ်တ္တဇလှောင်ပိတ်
အမှောင်ရိပ်မှ ငါပြန်လာခဲ့တယ် ... ။



nelay





Saturday, March 21, 2009

ဖွင့်ဆိုချက်



အချစ်ဆိုတာ အမှောင်
ငါဂျောင်ထဲရောက်မှ တမော့ချ
ရင်တွေပူလိုက်တာ ဟာ ....

ပြတင်းတံခါးမှာ အဆိပ်တွေဆေးပျက်
ငါလက်တချောင်းတည်းနဲ့ လတွေကြွေခဲ့
ကဝေရယ် စုန်းရယ် ဖက်တွယ်စုတ်သတ်
အိပ်မက်တွေ အစိမ်းချိုလို့မဆုံးနိုင်ခဲ့ ... ။

တလမ်းလုံး နီမြန်း လရောင်သန်းမထားဘူး
သွေးစီးချောင်းမှာ ကဝေတွေအိပ်မပျော်ခဲ့
ကလဲ့စားဆိုတဲ့ ဓါးတလက် လင်းခနဲ့ထိုးစိုက်
စုန်းတို့ပျော်ပိုက်တဲ့ ကာလတွေ ... ။

ငါပြောက်ဆုံးသွားတဲ့ အမှောင်
အချစ်ထက်လေးနက်တဲ့ အဓိပ္ပါယ်ရှိရင်
အမဲရောင်ဆိုးပြီး ငါ့ကိုသောက်သုံးဖို့
သီဝရီတွေလှန်လှော် ရှာဖွေ မင်းမတွေ့နိုင်ဘူး

အမှောင်နဲ့ကျောချင်ကပ် ငါ့အချစ်တွေ
နှစ်သက်ကြည်နူးဖွယ်ရာမြင်ကွင်း
မင်းမကြည့်တတ်သေးဘူး
ဒုက္ခိတသက်တန့်လမ်းဟာ အမြဲကြမ်းနေလျှက် . . .။



nelay





Thursday, March 12, 2009

လေလာတုန်လွင့်တဲ့ လေ





ဂဂျိုဂဂျောင်ရောက်တဲ့နေ့က
လောကကြီးကိုစိတ်ကုန်တဲ့
ဟင်းတွေသိုးကုန်တယ်


ပုရွတ်ဆိတ်တကောင်တောင်
မျက်နှာပေါ်ကဖြတ်ပြေးသွား ချိန်
ကျွန်တော်မျက်နှာသစ်ဖို့လဲ
မေ့လျှော့ခဲ့တယ်


မင်္ဂလာပါ သေမင်း
နောက်လဆို
သိကြားမင်း Death Note ကိုင်ပြီး
ဆင်းလာလိမ့်မယ်


အချင်း ဥတုမှာ
ဘယ် သန္ဓေယုတ်မှ
လူဖြစ်ခွင့်မပေးနိုင်ဘူး


ခပ်တည်တည်နဲ့
မချွတ်ခဲ့မိတဲ့
နှလုံးသားကို
ဒီလူဂုဏ်တန်တွေကြားမှာ
ဝှက်ပြီးမသောက်ရဲဘူး


ငါကိုက ကံဆိုးပါတယ်
ကံ ကိုယ်တိုင်က
ကျွန်တော့်ကို တိုးတိုးပြောသွားတယ်
ငါ ဂျမ်းတုံး မဟုတ်ဘူး


ရှေ့ဆက်ကြမဲ့ခရီးမှာ
လေတွေ အပြည့်တင်လာမယ်
နောက်ပြီ
လေတွေ အပြည့်တင်လာမယ်


မမေးခင်ထဲက အရင်ဖြေကြမဲ့
ပန်းတိုင်ကို
ကျွန်တော့်ကျောမှာအရေပြားနဲ


အပြီးတွဲခြည်ထားတယ်လေ့
နောက်ပြီး
ကျွန်တော့်အတွက် တော့
လောကကြီးက
ကရုဏာကြေးအဖြစ်
သူမလေးကို
ခဏနတဖြုတ်
ချုပ်ပေးခဲ့တယ်


ဒီ
နှလုံးသားရဲ့
ဗဟို
တည့်တည့်မှာ . . . ။



nelay





Friday, March 6, 2009

သို့ ... ပန်းလိမ္မာ



l-e-n-t-e-s-c-u-r-a



အမျိုးအမည်ခွဲမရတဲ့ ဂြိုလ်သရဖူကို
သင်ခန်းစာမကြည်လင်မှုမျိုးနဲ့
အသဲတစ်ဖက်ကားပြီးစွင့် ...
နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ
အမှောင်ညအိုကို လင်းဝေပစေတယ်။

လွန်ခဲ့သော ပစ္စုပန်များမှာ အလွမ်းမညီမျှမှုနဲ့
ပုန်းကွယ်နေတဲ့ ဦးနှောက်နတ်ဆိုးတွေ
ပထဝီမြေကိုလားရာမတူတဲ့ အာရုဏ်တက်မှာ
ငါ့ရင်ဘတ် ...
သတို့သမီးရဲ့ ဒေါက်ဖိနပ်ဆူးသွားခဲ့တယ် ...

မနှုတ်ရက်တော့ဘူး ...
မိုးမခပင်ရဲ့ အတွင်းသားမှာ ခိုတွဲနေတဲ့
ပိုးအိပ်မက်တွေ သဲကန္တာရထဲက မှော်ဆရာကိုလှမ်းခေါ်သလို
လိပ်ပြာမာယာနဲ့ ပန်းပွင့်တွေပြေးဆင်းသွားတဲ့စမ်းထဲ
ဆီးနှင်းတွေအသက်ခြွေဆုတောင်းနေရတယ်။

နှလုံးသားထဲမှာပွင့်နေတဲ့ ပန်းကလေးရယ်
ဝတ်မှုံတွေအတွက်လင်းပွင့်လှည့်ပါ ...
ဘယ်တော့မှတောက်ပမလာတဲ့ကြယ်တစ်လုံးဟာ
ကြယ်တစ်လုံးဖြစ်ခွင့်သေဆုံးခြင်းနဲ့
ပန်းကဗျာကိုရွတ်ဆိုခဲ့လေရဲ့ ... ။



nelay






yasar vurdem





Wednesday, March 4, 2009

အလောင်းကျွမ်း



မကြာသေးခင်
မခင်ကြာ က
ငါ့မျက်လုံးတစ်လုံးကို
ကိုက်ဝါးလိုက်တယ်
မြက်လုံးတွေ ကျွမ်း ....

မီးလမ်းတွေ ကျွမ်းသွားလဲ
လူတွေလောင်နေလျှက် လျှောက်နေတယ်
စွတ်ကျယ်ချွတ်လိုက်တော့
ကြယ်တွေ စွတ်ဖို့ လည်ပင်းရှည်ရတယ်
အိမ်ထဲဝင်လာမှ ဖိနပ်စင်မှာမီးလောင်တယ်
တံခါးကျွမ်းတွေ ထင်းရနံ့နဲ့ ငါ့ကိုကြို
ငါကြမ်းပြင်ပေါ်မှာမီးလောင်နေတယ်
မျက်နှာကျက်မှာ မီးလုံးတွေ ကျွမ်း
ငါ့လက်ကျန်မျက်လုံးကိုဖောက်
ကြွက်တစ်ကောင်ကို ချကြွေးခဲ့တယ်
ဘယ်သူမှ မီးအကျွမ်းတွေ ဂရုမစိုက်ဘူး
ဂရုစိုက်စရာအကျွမ်းလဲမရှိ

မကြာသေခင်က
ကျွမ်းသွားတဲ့ကမ္ဘာကို
စကြာဝဠာကြီးက ချွတ်မလဲဖြစ်ခဲ့ဘူး။



nelay