သူ့ဝါးလုံးကပဲပိုရှည်သတဲ့
ငါတို့ငယ်ငယ်တုန်းက ရန်ဖြစ်သလို
သူက အခုမှ သူငယ်ပျံနေတယ်
ကြိတ်ရီနေရတာ Censor မတင်ရတဲ့
ကဗျာလို လွတ်လပ်တယ်
အနုပညာ ဆိုတာ Censor တင်မှ အစစ်တဲ့လား
ဒါဆိုလဲ ငါတို့ကဗျာ လုံခြည်မပါတာတွေကို လာမကြည့်နဲ့ပေါ့
ပြီးမှ ရင်ခုန်တယ် မျက်စိကျိမ်းတယ် လုပ်မနေနဲ့
လောကုတ္တရာလောကအတွက် အပ္ပမာဒ သတိတရားက
အရေးကြီးလွန်းလို့ ဆုံးသွားတာကြာပြီ
ငါပြောဖူးပါတယ် အကန်းမျိုးဆက်အလယ်
သူရဲကောင်းဝင်လုပ်ချင်တယ်ဆို ဘာတွေဆောင်ရမယ်ဆိုတာ
ကိုယ့်လက်ဖျံသွေးကိုယ်စမ်းကြည့်ပါအုံး
ချစ်တတ်ပြီ မုန်းတတ်ပြီ ဆိုကထဲက တဏှာနဲ့အတ္တကို
ဂွင်းလုံးကျွတ်လွတ်ဖူးလို့လား ဒါနဲ့များ
ဖြစ်သမျှအကြောင်းအကောင်းပေါ့တဲ့
ဖြစ်ရမယ်
ကံကောင်းခြင်းဆိုတာ အခုခေတ်ထီလို
ဒိုင်စားသွားတာများတယ်
ငါတော့ငယ်ငယ်က ၇၀၀ ဖိုးပေါက်ဖူးတယ်
ခင်ဗျားပေါက်ဖူးလို့လား
Domesitc violence ဆိုတာ ဘာပေတံလဲ
အပေါ်ယံသိယုံလောက်နဲ့ အထင်တွေလာပြောမနေနဲ့
ထင်တယ်ဆိုတာ ကိုယ့်ကိုယ်မသေချာတာပဲ
ငါကတော့စိတ်တွေကို ဟန်ဆောင်မျက်နှာဖုံးနဲ့မထားတတ်ဘူး
အဖြစ်တရားအတိုင်း အပျက်တရားကိုလက်ခံတယ်
မှော်ဝင်သွားတဲ့ ကံတရားက ငါ့လက်ထဲမှာ ရွံ့လုံးသက်သက်ပဲ
မျက်ရည်တွေမလိုတော့ဘူး တရားဟောသံနဲ့
စကားပြောသံ သဲသဲကွဲကွဲဖြစ်ဖို့ မလိုတော့ဘူး
ဒါပဲလေ လူပီသခြင်းရဲ့ မြက်တွေဆိုတာ
အုတ်ကြားမှာ ထိုးထိုးထောင်ထောင်နဲ့
အခုခေတ်မှာ သိပ်ကြည့်ကောင်းတာ
သိုဝှက်ထားတဲ့မျက်လုံးတွေနဲ့ ခင်ဗျားရင်ဘတ်ထဲကခင်ဗျား
မထွက်ရဲလောက်အောင် အပြုသဘောဆောင်တဲ့
ခင်ဗျားတို့ အဖေပြောတဲ့ သတင်းစာထဲက စကားလုံးတွေနဲ့
ခင်ဗျားဘ၀ကို Format ရိုက်ခံလိုက်ရပြီလား
ယဉ်ယဉ်လေးရူးနေသူက လူ့ယဉ်ကျေးမှုကိုမေ့ချင်ယောင်ဆောင်တဲ့အခါ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ
ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ
ကျုပ်ညီလေး ညီမလေးတွေ
ကျုပ် မိဘတွေ
ကျုပ် ဘိုးဘွားတွေ ရဲ့ ဂုတ်သွေးတွေ ...
အဲဒါတွေနဲ့ ခင်ဗျားပညာတတ်လာတော့
ခင်ဗျားမိသားစုကို ပြန်တိုက်နေတယ်ပေါ့
တစ်ဘ၀တာ ဘုရားဖြစ်မဲ့ ခင်ဗျားကို
ကျုပ်သန့်ရှင်းတဲ့ ချွေးနဲ့ရှာထားတဲ့
ရွှေရောင်သဲကြိုးလေးစွတ်ပေးပါရစေ ... ။
ဖြစ်မှဖြစ်ရလေ
အဲဒီ့ စောက်ရေးမပါတဲ့ စကားလုံးတွေကို
မသုံးနှုန်းလိုတော့ဘူး … ။
nelay
No comments:
Post a Comment