စိတ်ကူးတည့်ရာ အမှန်တရား
July 1, 2009 at 12:41 pm
ခုံပေါ်မှာ မှောက်နေတဲ့နာရီတလုံးက
သူ့အသက်ကိုသူပင်ပင်ပန်းပန်းရှုထုတ်
အချိန်ကာလကိုထမ်းထားရတဲ့ ခုံက
ခြေလေးဖက်ကိုတုန်ရီအောင်တင်းတင်းရပ်
မျက်နှာကျက်ဆိုတာဘယ်တုန်းကမှအကာအရံမရှိ
မင်းတို့တိတ်တိတ်နေစမ်းပါကြယ်တို့ရယ်
ငါ့ဘဲလေး အိပ်မောကျနေတယ် ....
အိမ်ကြီးရဲ့ကြမ်းပြင်ဟာစိတ်ရှုပ်လာတယ်
လေးချောင်းထောက်ဖိစီးမှုတွေမွန်းကြပ်
လေဟာနယ်ထဲမှာမြေကမ္ဘာကျယ်သလောက်
အတ္တဟာဝင်ဆန့်နိုင်လွန်းတဲ့ပေါ့ပေါ့ပါးပါး
မြတ်နိုးမှုတို့ရယ် .. စမ်းရေကိုခပ်သောက်ပေမဲ့
ချစ်သူကို အရင်တိုက်မိတာ အမောပြေစေဖို့ပါ ..
အခုတော့လဲ ကိုယ်ခံအားမကောင်းတဲ့ငါတို့မြို့လေး
ပိုးဝင်မှာစိုးလို့ မျက်နှာဖုံးတွေစိတ်ပါလက်ပါစွတ်နေရတယ်
လက်ငါးချောင်းတော့ ခုံပေါ်မှာပြတ်လျှက်သေ
နာရီတလုံးပိသွားတဲ့ ခေတ်လွန်လက်ချောင်းတွေ ..
ငါတခါပြောဖူးပါတယ် ...
အရောင်စိုးဖို့ကြိုးစားနေတဲ့ နတ်ဆိုးတွေ
ဟောဟိုအနောက်တောင်မှာ ခြေသံလုံအောင်မလျှောက်တတ်ဘူးလို့
နံရံမှာကိုယ့်ဓါတ်ပုံကိုယ်ချိတ်ယုံနဲ့ကြည်ညိုမယ်ဆို
နံရံဟိုဖက်မှာတော့စံသတ်မှတ်ချက်မရှိလောက်ဘူး ...
မှောင်ရီပျိုးဖျဖျမှာ ...
မြွေမျိုခံလိုက်ရတဲ့ဖားတကောင်အဖို့
သူအသက်ရှင်ခဲ့တာ မိုးခေါ်ယုံသက်သက်လား ...
စမ်းရေထဲမှာ အဆိပ်ပါမှတော့
ငါပွေ့ဖက်ပြီးမငိုတော့ပါဘူး
ငါလက်ခုပ်ထဲရေကိုဆယ် ...
ငါသောက်လိုက်ပါတော့မယ် .... ။
nelay
Wednesday, June 30, 2010
Thursday, June 24, 2010
တစ်ခုတည်းသော အကြောင်းပြချက်
တစ်ခုတည်းသော အကြောင်းပြချက်
ဟင်နရီ … နာရီတွေမြည်နေသေးတယ်
ငါ့ကိုတရားချနေတာလား
လက်ညှိုးကလေးကို နမ်းခွင့်ပြုပါ
သွေးကြောတွေ အစိမ်းရောင်သန်းနေတုန်းပါပဲ …
အဆိပ်ခွက်ထဲမှာ အနာဂတ်တွေရှိတယ်
ငါ့ကိုမော့သောက်လိုက်စမ်းပါ
ဟင်နရီ … နင်မမြင်ဖူးတဲ့လူတစ်ယောက်
သဲကြိုးအနီရောင်ကလေးစီးလို့ လျှောက်လာတယ် …
ဦးခေါင်းထဲက လှောင်အိမ်တွေလင်းနေသေးတယ်
ငါ့ကိုခြစ်လိုက်စမ်းပါ … ဟင်နရီ
အဲ့ဒီ့ အမှားနှစ်ကြောင်းအလည်မှာ
စိုက်ပျိုးခဲ့တဲ့ သစ်ပင် ... အဆိပ်ပင်တဲ့
ဟင်နရီ … သစ်အိုပင်အသက်ရှုသံကြားလား
အစီအစဉ်တခုခုကြောင့်လေ
ကိုယ့်လိပ်ပြာကိုယ်မပိုင်သော သံစဉ်တခုက
အနှေးပြကွက်နဲ့ကြွေကြဖူးတယ် …
နှလုံးသားကိုထိုးတဲ့ ဓါးတစ်လက်ပါပဲ
ဟင်နရီ … ဖုန်းခေါ်သံကြားမှာ
တခြားရွေးချယ်မှုတွေ အများကြီးရှိတယ်
ငါအချိန်မီ ရောက်နိုင်ပါ့မလား …
ဘာအစီအစဉ်လဲ …
ကြယ်တစ်ပွင့် တောက်ပခြင်းကို
လောကကြီးထဲ ထာဝရအိပ်စက်ဖို့
နောက်ဆုံး … ပွေ့ဖက်လိုက်ပါ
ဟင်နရီ … အနမ်းတွေ ပြတိုက်ထဲမှာ
အို … ကျ … ။
လူတွေကိုမလေးစားတော့ဘူး
ဟင်နရီ … အနုပညာနဲ့ဂီတကို
နာရီသံအစားထိုးထုတ်လဲ
ကိုယ်ပိုင် ဥပဒေသတခုနဲ့
ကြီးမြတ်ခြင်းတွေနီမြန်းနေပြီပေါ့
ဟင်နရီ … အချိန်မရှိတော့ဘူး
ငါ့ကိုအကြောက်တရားတွေဟောစမ်းပါ
ဖြတ်မျဉ်းဆုံမှတ်အလယ်က သစ်အိုပင် …
အဖူးတွေထက် … အသီးတွေက ပုတ်လွယ်တယ် ။

စာအုပ်အသစ်
စာအုပ်အသစ်
ငါဘယ်လို ကူးခတ်လိုက်ရ
သွေးပြန်ကျောထဲက အိပ်မက်များ
မင်းတစ်ကိုယ်လုံးမှာ ငါစီးဆင်းလို့
အဆိပ်အတောက် အိပ်မက်တွေ ဒိုက်ဖြစ်ရတယ်
အပြစ်ရှိသူ လူတစ်ယောက်ရဲ့ လမင်းကြိုးတင်ပွဲမှာ
ကြယ်အပေါင်းက အမှောင်ကို ဗဟိုပြုလို့ကြွေကျ
အခန်းဟောင်းထဲက စူးရှရှအော်သံတွေ
တိတ်ဆိတ်ခြင်းကို ဖြိုခွဲလို့
မင်းနောက်လိုက်လာကြတယ်
အေးချမ်းတဲ့ မြို့စွန်ဘေးက ဆံခြည်ထုံးတွေ
ပြေလျှော့သွားတဲ့ မာယာအိုကို အတ္တမီးတစ်စနဲ့
တငွေ့ငွေ့ကျွမ်းလောင်
မင်းသိမ်းပိုက်လိုက်တဲ့ နှလုံးသားကောက်ရိုးပုံလေး
လောင်သွားပြီ
မြို့အိုကလေးရဲ့ အဓိကထုတ်ကုန်မှာ
အမျိုးသား အမျိုးသမီး
နှလုံးရည် ၁၂ ကျော်သွားတဲ့ လူသတ်သမား
ကဗျာ
သွေးသားဖောက်ပြန်ခြင်းနဲ့ ရွာဦးကျောင်းက
အုန်းမောင်းသံဟာ နောက်ပြန်လည်သွားတဲ့အခါ
လင်းကြက်တွေလဲ ညနက်နက်မှာ ပြောင်းပြန်တွန် ကြတယ်
ခေတ်အဆက်ဆက်က အယူလွဲနဲ့
ရွှေသမင်တွေ ခြေင်္သေ့ကို ပြန်အူကြတဲ့အခါ
သူငယ်ချင်း မင်္ဂလာပွဲမှာ
မင်းတုန်းမင်းရဲ့ ပတ္တာလက်ဖွဲ့ပေးခဲ့တယ်
ဧရာဝတီကို ခေါ်ပါ ဧရာဝတီလိုကြားပါ
ငါမရောက်ဖူးတဲ့အရပ်မှာ မင်းဖုံးခဲ့တဲ့ မစင် သဲပြိုကျ
ဧရာဝတီကို ခေါ်ပါ ဧရာဝတီလိုကြားပါ
ကောင်းခြင်းမကောင်းခြင်း ဝေါဟာရကို အထူးပြုဖို့
နှစ်ကာလတစ်ခု လိုလာမယ်ဆိုရင်
အောက်ပါအချက်အလက်များမှာ
သက်သေအပြည့်အ၀နဲ့ အတိတ်တွေ
လေထုထဲမှာ ပုတ်သိုးသိုး
အရွယ်လွန်ချောင်းဟန့်သံနဲ့ ခင်းဗျားအကြံကို ခွေးတောင်မလန့်ဘူး
အကန်းမျိုးဆက်ရဲ့ အလယ် သူရဲကောင်းလုပ်ချင်တယ်ဆိုလဲ
အသက်အာမခံနဲ့ ခင်းဗျား နာမ် ကို ဆေးခဲ့ကြောခဲ့
နှလုံးခုန်သံကြားလို့ ဒါးတွေဝင်စိုက်လာရင် ပြုံးတတ်ဖို့ မှန်တစ်ချပ်ယူခဲ့
စွတ်ကျယ်ဝတ်ထားတဲ့ စကားလုံးများကို သဲခေတ်မှာ မျက်ရည်ကျပြလို့ အရာမထင်ဘူး
ခင်ဗျားကံကောင်းတယ်မှတ်ပါ။
သံလွင်မြစ်နားက ကွန်ဖြူးရှပ်မဟုတ်ဘူး
သခင်သေရင် ကျွန်လိုက်သေ တဲ့ ခေတ်မဟုတ်တော့
ခင်ဗျားကံကောင်းတယ်မှတ်ပါ။
ထိုအကြောင်းအရာများမှာ အဟောင်းဖြစ်ကြောင်း
စာအုပ်အသစ်မှာ ထုတ်မှတ်ဖို့
တယောအိုကို မီးတစ်စနဲ့ သေခြင်းရတုကိုဖွင့် …. ။

အပြောအဆိုများ ဆိုင်းဘုတ်
အပြောအဆိုများ ဆိုင်းဘုတ်
ငါပဲ ငရမကန်းဖြစ်လိုက် အံ့ကျော်ဖြစ်လိုက် ယုန်ဆိုးဖြစ်လိုက်နဲ့
ထမင်းဆီဆမ်းရွှေလင်ဗန်းလည်းဒေါသတကြီးထထရီတယ်
ဟားဟားဟား လို့တော့မမြည်ဘူး
သူ့ဟာသူနေတဲ့လောကကြီး
အထင်သေးမှာစိုးလို့တဲ့
အားလုံးရှင်းပစ်လိုက်မယ်ဆိုပြန်တော့လည်း
နေဖို့ထိုင်ဖို့ ဂွ ကျပြန်ရော
လူပီသလာလေ အသက်ရှုဖို့ဝန်လေးလာလေပဲ
လေသဘာဝကို ရင်ထဲရှိုက်တတ်လာတော့
ဝိဥာဉ်က အနားမကပ်တော့ဘူးပေါ့
ဟာသပဲနော်
တစ်ကိုယ်တော်မှောက်မှားကြတာတဲ့
မန်မိုရီတွေတစ်ဆောင်းပြီးတစ်ဆောင်းသစ်ကုန်ပြီ
မနေ့ကဖုံးဆက်တဲ့အချိန်မှာ
နင့်အသံက လေလှိုင်းထဲ ပါမလာဘူး
အရိုင်းဆန်လိုက်ပုံများ
လူကြီးမင်းဆိုတဲ့ ငနာကြီးက ထထအော်တယ်
ဟားဟားဟား
သစ်ပင်ကို ဓါတ်ကြိုးသွယ်ပြီ
ငါတို့သံယောဇဉ်တွေ လှိုင်းလတ်မီတာ
ဘယ်လောက် ဘယ်လောက်နဲ့ ဝေးးး ခဲ့ ....
ငါဖုန်းမဆက်ရဲဘူး ...
အသံလှိုင်းကလေးပျော်နေရင် ...
ဖုန်းကြိုးတွေတုန်ရီငိုရှမှာစိုးလို့
မတူညီတဲ့ညီမျှခြင်းက အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်တက်
ဒီလိုနဲ့လှလှပပကြီးလမ်းခွဲကြလေသတည်းပေါ့
တစ်ကယ်တော့ အသုံးမကျဘူးဆိုတာ
ကန့်လန့်ဖြတ်ဆွဲချလိုက်တဲ့ ဖြတ်မျဉ်းနှစ်ကြောင်းလား
ဖယောင်းစက်တောင် အချမခံဘူး
အရေပြားတွေကအစ အမြစ်တွယ်ထားလို့
လမ်းဆုံလမ်းဂွမှာ အလင်းပြောက်အောင်
မုန်တိုင်းတွေနဲ့ ၀င်ဝင်ဆောင့်တယ်
ရင်ဘတ်ကိုဖြေဖြေပျိုးဆက်ပါ
ခံစားချက်ဆိုတာ ရခဲတဲ့ အနာ စုဗူးလေး
ဒီဝါကျတစ်ကြောင်းကိုပဲဒုက္ခနဲ့လွယ်ပြီး
အဓိပ္ပာယ်ရှိရှိမွေးဖွားကြမယ်
ဘာမှလည်းမတွေးနဲ့ဘာမှလည်းမစဉ်းစားနဲ့
တစ်ခါတစ်ခါ
ပစ်မှတ်ဆိုတာလားရာနဲ့
ဆန့်ကျင်ဘက်သွားတတ်တယ်
ငါ့ကိုယ့်ငါထွေးပိုက် ငါငေးနေလိုက်တယ်
ငါထွက်သွားတဲ့ ရည်ရွယ်ရာ
ငါ့မျက်နှာမူရာမှာ ငါ့ကျောတွေ သေး သေး ... သေး .. သေ .. ။
တဖြည်းဖြည်းနဲ့ ငါတို့နှစ်ယောက်လည်း ဝေး.....ဝေး ....ဝေး........ဝေ ။
အပျော်တစ်ခြမ်း စိတ်ညစ်မှုတစ်ဝက်က
ငါ့ကိုယ်ပေါ် တစ်က္ကန့်ခြားတစ်ကြိမ်ပြုတ်ကျ
လက်သီးကို ကျစ်နိုင်သထက်ကျစ်ကျစ်လေးစုပြီး
ရှေးဟောင်းနှောင်းဖြစ်အကြောင်း
သတိပေးဆိုင်ဘုတ် ထောင်မယ်**
လေသံမထွက်ပဲ မိုးဘယ်နှစ်ခါလင်းခဲ့ရ ... ။
အမည်မဲ့ , nelay

အမှားဖြစ်သွားတဲ့ အမှန်တရား
အမှားဖြစ်သွားတဲ့ အမှန်တရား
ဘုရားဒကာနားနေတော့ တရားသံပေါက် နေ
လူရမ်းကားနားနေတော့ လူကားသံပေါက် နေ
သစ်ပင်နားနေတော့ အောက်ဆီဂျင်သံပေါက် နေ
လူတွေနားနေတော့ ကာဗွန်သံပေါက် နေ
ခင်ဗျားကိုယ်နား ခင်ဗျားနေတော့ ဘာသံပေါက်နေခဲ့လဲ
ချွေးစော်နံတယ်။ လျှာစော်နံတယ်။ မှန်မကြည့်ဘူးလား
ခင်ဗျားစိတ်နဲ့ခင်ဗျား ရေဖြစ်လိုက် လေဖြစ်လိုက်
တိုက်စားလို့ဝသွားပြီလား ငါ့ကမ်းတွေပြိုပေးထားမယ်
အမှိုက်တွေလဲပစ်ပါ မျက်နှာတွေလဲသစ်ပါ
...............------- သေ -------..................
....-----------------.......-----------------.....
(ဘ)............................................(၀)
--------------------------------------------
လျှာတွေဘယ်ဖက်ပါနေလဲ။လျှာမထွက်ဘူး။
--------------------------------------------
(အေး) ………………………………… (ငြိမ်း)
....---------------…….---------------…….
…………..------- (စိတ်) -------……………
ဂိုဏ်းခွဲထားတဲ့ ခင်ဗျားတို့တရားထဲကထွက်
ငါ့တရားငါပိုက်ပြီ ဟင်လင်းပြင်မှာအောက်ခြေလွတ်
ဟိုးရှေးရှေးတုန်းက
ငါက သူတော်ကောင်းကြီး
ပုံပြင်ထဲကထွက်လာတော့
ခင်ဗျားက သူတော်ကောင်းကြီး
ငါ့ကို ရေစက်ချအမျှဝေ
နောက်ဝေလာမဲ့ အပွင့်တွေကို
လေဘာသာနဲ့ ခင်ဗျားကပြော
ငါပဲ ငရမကန်းဖြစ်လိုက်
အံ့ကျော်ဖြစ်လိုက်
ယုန်ဆိုးဖြစ်လိုက်
မုသားဝါဒလှလှကို အဖုံးချုပ်ပြီး
ပုံပြောကောင်းတဲ့ ခင်ဗျားကြီးက
ကိုယ်ချင်းစာဖို့လဲ နောက်ဖုံးမှာ
လက်ရေးတိုရေးတတ်သေးတယ်
ငါ့အတောင်တွေရုန်းထနေပြီ
မျက်နှာကျက်ကနှိမ့်လွန်းတယ်
ဖြူရာကနေ မဲ
မဲရာကနေ ဖြူ
ငါက တစ်ခါသုံးစက္ကူဆိုရင်
ခင်ဗျားက အိမ်သာသုံးစက္ကူ
ကံတရားဆိုတာ
ခင်ဗျားပြောသလိုမဟုတ်ဘူး
ဒီကောင်က လက်တွန်းလှဲပေါ်ထိုင်နေတာ
ငါတွန်းမှရွေ့မဲ့ကောင်
ခင်းဗျားနောင်တရလို့မော့ကြည့်တော့
အဆိပ်ပင်က ဒါးတွေပွင့်နေပြီ
အကောင်းဆုံးအကြံတခုပေးရရင်
ပုတီးကိုလည်မှာဆွဲ
နှင်းဆီကိုသရော်ကင်မွန်းနဲ့လျှော်ပြီး
။ စောင့်နေ ။
အမှားဖြစ်သွားတဲ့ အမှန်တရားတွေ
အမှန်ဖြစ်သွား အမှားတရားတွေ
ရေချိုးမလို့

အခွံလွတ်ဈေး
အခွံလွတ်ဈေး
ကျေးဇူးတရား
သွေးသားဆန္ဒ
ရောင်းဝယ်
ဖောက်ကားကြ ။
nelay
အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)
ကျေးဇူးတရား
သွေးသားဆန္ဒ
ရောင်းဝယ်
ဖောက်ကားကြ ။
nelay
အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)
သိပ်မကွာဘူး ဟိုတပုဒ်နဲ့
သိပ်မကွာဘူး ဟိုတပုဒ်နဲ့
မင်းက ဟိုမှာဆို နံပါတ်တစ်
ဒီမှာတော့ မင်းအတွက် နံပါတ်မရှိဘူး
ဒီမှာက နူးနေတဲ့လူမှမရှိတာ
အားလုံးလူချောတွေကြီးပဲ
ဘုရားကလိမ်တာမကြိုက်ဘူးတဲ့
ဘယ် က၀ိ က
မုသားမပါလင်္ကာမချောကို အယုံသွင်းခဲ့
အခုတော့ လင်္ကာကျူးသူတွေက တရားကိုဖျက်ကြ
ဒီမှာက အားလုံး ဒဲ့ပြောတဲ့ လူတွေကြီးပဲ
မျက်နှာဖုံးတွေကြိုက်ရင် ပွဲဈေးတန်းသွား
စပိုက်ဒါမန်းလား ဘတ်မန်းလား ပါဝါရိုန်းဂျားလား
တစ်ခုခုကောက်စွတ်လိုက်
ဒါနဲ့ ဗန္ဓုလဦးထုတ်တော့ ၀တ်မလာနဲ့ ခေါင်းဖြတ်ခံရမယ်
ဒီမှာက ဘယ်သူမှ ဦးထုတ်မဆောင်းဘူး
အားလုံး ဦးခေါင်းပါတဲ့ လူတွေကြီးပဲ
တစ်ခုတော့ရှိတယ်
တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရတယ်
ဟိုမှာက တစ်ခုလိုချင်ရင် အကုန်ပေးရတယ် နှမျောနေလို့မရဘူး
ဒီမှာတော့ တစ်ခုလိုချင်ရင်တောင် အကုန်ပေးလဲ ဘာတစ်ခုမှပြန်မရဘူး
အယူသမားတွေပဲရှိတယ်
အယူသီးတာတော့မဟုတ်ဘူး
နတ်ကြီးတယ်တဲ့
ဒီမှာက ကြပ်တဲ့နတ်တွေများတယ်
အင်းဒါဆိုလဲ
မင်းဟိုမှာပဲနေပါတော့
ဒီမှာကိုလဲ ဒီမှာအတိုင်းပဲထား
ဒီကိုမလာချင်ပါနဲ့တော့လေ … ။

ကိုလာ
ကိုလာ
ပြင်းရှရှနဲ့
အမောပြေတယ်
မောင်
nelay
အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)
ပြင်းရှရှနဲ့
အမောပြေတယ်
မောင်
nelay
အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)
ဝါး
ဝါး
ကလေးငိုတယ်
စစ်ဖြစ်တယ်

ဈာပနပို့သူများ
ဈာပနပို့သူများ
ပုလင်းထဲမှာ မရှိတော့ဘူး
ငါ့ကို နည်းနည်း ဟောဒီ့လောက်ကလေး
နည်းနည်းပေးပါ။
ပုလင်းထဲမှာ မရှိတော့ဘူး
အေး …
ငါ့ကိုယ်ထဲမှာလဲ အသဲမရှိတော့ဘူး
ပုလင်းထဲမှာ မရှိမှတော့ ဗိုက်ထဲရောက်သွားလို့ပေါ့ကွာ
ဆေးရုံသွားရအောင်
မသွားချင်ဘူး
ငါ့ကိုနည်းနည်း ဟောဒီ့လောက်ကလေး
နည်းနည်းပေးပါ။
ဆေးရုံသွားရင် ဒီလောက်ကလေး နှစ်ခါတိုက်မယ်လေ
စက္ကန့်သံတွေမကြားချင်ဘူး ငါ့လက်တွေတုန်နေလို့ပါ
ဆေးရုံသွားရအောင်
သနားလို့အိမ်မှာထားတာနော်
ဆေးရုံသွားရအောင် ကျန်းမာလာရင်ဒီ့ထက်ပိုသောက်နိုင်တာပေါ့
ဆေးရုံသွားတော့ရော င့ါအသဲက ဟော့ဒီ့လောက်ကလေးပြန်ပြည့်မလာဘူး
ငါမကျန်းမာချင်ဘူး ပိုက်ဆံကုန်ပါတယ်ကွာ ….
ငါ့ကို နည်းနည်းဟောဒီ့လောက်ကလေး နည်းနည်းပေးရင်
ဆေးရုံသွားတာလောက် မကုန်ပါဘူးကွာ …
ဖယောင်းတိုင်းတွေ မီးမတောက်တော့
သူငယ်ချင်းမင်းမျက်နှာက မီးပျက်နေတယ်
ငါတို့ငယ်ငယ်တုန်းကလို အိမ်ဆောက်တိုင်းဆော့ကြမယ်လေ
အိမ်မှာမနေပါနဲ့ကွာ
ဒီအရွယ်က ဈာပနပို့ရမဲ့အရွယ်မဟုတ်ဘူး
ငါ့ကိုနည်းနည်းပေးကြပါ …
ရေဝေဖြစ်ဖြစ် ထိန်ပင်ဖြစ်ဖြစ်
ငါ့ကိုပိုက်နဲ့သွယ်ပြီးတိုက်မယ်ဆိုလို့
ဆေးခန်းလိုက်လာတာလေ
ဆရာဝန်ကလက်ခါပြတယ် တိုက်လိုက်ပါတော့ကွာ
စိတ်ချမ်းသာ အောင်သာထား
အဲဒီ့စကား အခွန်းတိုင်းကို
တစ်လုံးချင်းစီ အနှေးပြကွက်နဲ့ ခဏ … ရပ် … ထား ….
စိတ်………………….. ချမ်း ……………….. သာ ……………….. အောင် ………… ထား ……….
ဟူးးးးးးးးးးးးးးး
ငါ့ကိုနည်းနည်း ဟောဒီ့လောက်ကလေး
ဘ၀ထဲမှာ အခုချိန်ထိလိုက်ရှာခဲ့တဲ့ စိတ်ချမ်းသာမှုနည်းနည်းပေးတိုက်ပါ
အသဲမရှိတဲ့ ခန္ဓာကြီးက ပွလာပြီ လူအမြင်မှာ ဗိုက်ကြီးလာတာပေါ့လေ
ရှစ်ပတ်တပြားလား လေးရာတန်ဇေလား
တစ်စိတ်ပဲ ကျန်တဲ့ အသဲကို ၀ိုင်းပက်ကြ
ဝိုင်းပက်ကြ … ၀ိုင်းပက်ကြ
အန်တီကတော့ စိတ်ညစ်တာကို ပါးစပ်ကပဲ ရွတ်တတ်တယ်
ရေသုံးဆရောပြီး အိပ်သွားရင်တောင် ဗိုက်ကြီးကပိန်လိုက်ဖောင်းလိုက်
တရုတ်တွေလို ကိုရီးယားတွေလိုဝတ်စုံပြည့်နဲ့လိုက်မပို့နိုင်ပါဘူး
အရွယ်ကောင်းတုန်းက ပုံလေး ပုံကြီးချဲ့ခိုင်းထားတယ်
အထည်ကြီးပျက်တွေမဟုတ်လား
ဒီခေတ်မှာ အထည်ကြီးပျက်တွေများလာတယ်
ကြာလာတော့ အပျက်ထည်ကြီးတွေဖြစ်လို့
နေအုံး
ကြက်ဥသုံးလုံးလောက်သွားကြော်လိုက်အုံးမယ်
ဟေ့ …. ကြက်သွန်မထည့်ဘူး
ငါကမင်းတို့ထက်အသက်အများကြီး ကြီးတယ်ကွ
ငါ့ကိုနည်းနည်း ဟော့ဒီ့လောက်ကလေး

ကျုပ် အရိပ်ခန်း
ကျုပ် အရိပ်ခန်း
(သူ)ကပြေးလာပြီး (ငါ့)အနားတီးတိုးပြောသွားတယ်။ ဘာသာစကား မိုးလောက်ကြီးနဲ့။ (လူ)ကိုလိမ်ယူနည်း(လူ)။ (ဘ၀)ကိုသံပတ်ပေးနည်း(ဘ၀)။ (ကောင်း)ချင်ယောင်ဆောင်နည်း(ကောင်း)။ ပလေကပ်ဝတ်နည်းနဲ့ တရားအစမ်းထိုင်နည်း(ကပ်တရား)။
ဒါနဲ့ငါပြောမယ်။ ပန်းသီးမဟုတ်တာတော့ သေချာတယ်။ စာရေးရမယ်လေ။ သူပြန်မတွေးချင်ဘူး။ အရာအားလုံးက ငါ့ကိုလိမ်နေတယ်လို့ ယုံကြည်ဖို့ပဲ။ နောက်ပြီး ဘာမှမပြောင်းလဲဘူး။ ဟုတ်ပါတယ် သူအလုပ်ပြောင်းလာတာ။ အချိန်ကိုကုစားဖို့လား အချိန်က ငါ့ကို ကုစားဖို့လား။ သူမယုံဘူး။ ၆နှစ်ကျော်သွားပြီ။ ပိတောက်ပန်းတွေ အချိန်မှန်မှန်ပွင့်ကြတာမဟုတ်ဘူး။ ငုံနေတဲ့နှစ်တွေလဲရှိမှာပဲ။ သူကော်ဖီတစ်ခွက်ထားတယ်။ ငါသေချာကြည့်နေပါတယ်။ စက္ကန့်တံကလေး ချပ်ချပ်ချပ် ရွေ့သွားတိုင်း။ ကော်ဖီခွက်ထဲမှာ ဗဟိုပြိုအားနဲ့ စက်ဝိုင်းငယ်ကလေး လှုပ်ခတ်သွားတယ်။ သူအသံတွေမကြားချင်ဘူး။ ပြီးတော့ ငါအိပ်မက်မမက်ချင်ဘူး။ ဘာလို့ဆို အိပ်မက်တွေကုန်သွားမှာ နှမျောလို့။ စိတ်တွေဖြုန်းတီးနေတာမကောင်းဘူး လို့ ခွဲခြားသိတတ်ရင်ပဲ တော်လောက်ပါပြီ။ ငါကမယုံဘူး။ သူကမဟုတ်ဘူး။ နေပါအုံး ဘာလို့ နားလည်ချင်နေရတာလဲ။
အခန်းတိုင်းက ဘာမှမပြောင်းလဲဘူး။ နာရီရှိချင်ရှိမယ်။ ထိုင်ခုန်ရှိချင်ရှိမယ်။ ပြတင်းပေါက်ရှိချင်ရှိမယ်။ ပေတံရှိချင်ရှိမယ်။ ပန်းချီကားရှိချင်ရှိမယ်။ သီချင်းသံရှိချင်ရှိမယ်။ ပန်းအိုးအခြောက်ကလေးရှိချင်ရှိမယ်။ ကွန်ပြူတာရှိချင်ရှိမယ်။ အနုပညာရှိချင်ရှိမယ်။ သေချာတာက ၀င်ပေါက်အရှင်တစ်ခုရှိနေတယ်။ သူ့ကိုယ်သူပဲနားလည်အောင်အရင်လုပ်ပါအုံး။ ငါ့အကြောင်း ပုရပိုက်ကိုးခုထုတ်ထားတယ်။ ဖတ်ကြည့်ချင်တယ်ဆို ကြမ်းပြင်မှာ ချထားပါတယ်။ဘာတခုမှမပြောင်းလဲဘူး။
ပြောင်းလဲနေတာတွေလဲ မပြောင်းလဲဘူး။ ပြောင်းလဲနေတာတခုပဲရှိတယ် သူ့လက်ဖျံသွေးကြောထဲက စက္ကန့်တံနဲ့ ငါ့ကော်ဖီခွက်ထဲက စက်ဝိုင်းငယ်ဟာ အတူတူပဲ ပြောင်းလဲနေတယ်။
မနေနိုင်လို့အဲဒီ့စိတ်ကိုအလိုလိုက်မိပြီမဟုတ်လား။ မျက်မှန်ပင့်မနေပါနဲ့ သူ့မျက်လုံးထဲမှာ ပင့်စရာဘာမှမရှိဘူး။ ကြွက်လား။ဘဲလား။ အနုပညာရှင်လား။ အတူတူပဲ အားလုံးအတူတူပဲ။ ငါက မြက်ခင်းတွေသိပ်ကြိုက်တယ်လေ။
ပုရပိုက်မဖွင့်ခင် ၀င်လာတဲ့ ၀င်ပေါက်အရှင်တစ်ခုမှာ မြက်ခင်းအစစ်ကလေးကို ဘဲဥပုံပိုင်းချထားတယ်။ အီတလီ ကတောင်မှာထားတာ။ သူခြေသုတ်ခဲ့ဖို့တော့လိုတယ်။ ဘာမှမပြောင်းလဲဘူး။ လက်တံအတို လက်တံအရှည် လက်တံပါးပါးကလေး။ ဟော မီးလာပြီ။ မီးလာလို့ ရော ဖယောင်းတိုင်က အကုန်မမြန်ဘူး။ ငါ့အခန်းထဲမှာဆို လေမတိုက်ဘူးလေ။ စက္ကန့်တံတွေက ပိုမြန်မလာပါဘူး။ သူ့အခန်းထဲမှာ ဟန်လုပ်ပြီး အကောင်းပြောမဲ့လူမှမရှိတာ။ ပိတောက်ပန်းတွေဝါထိန်နေအောင် ပွင့်နေတာကို ငါငုံ့ကြည့်ဖူးတယ်။ သူက အပေါ်ဆုံးအထပ်မှာရှိတာလေ။ သိပ်မဆန်းပါဘူး ပြီးတော့ ဘာမှမပြောင်းလဲဘူး။
ဓါတ်လှေကားထဲမှာ ငါလက်ချောင်းတွေခွေခေါက်ဖူးတယ်။ သူ့အခန်းလေးထဲကို ၀င်လာစက သတင်းမှာ ဘာလာနေလဲ ငါဘယ်သိမှာလဲ။ လူကိုလိမ်ယူနည်းဆိုတာ လူကိုပါတခါထဲ လိမ်ပြီးယူသွားတာ။ အသက်ဝိဥာဉ် ခန္ဓာတစ်ခုလုံးကို လိမ်ယူသွားတာ။ အမှတ်တမဲ့ကြည့်ရင် သူ့အခန်းလေးက မှောင်နေတယ်ထင်ရတယ်။ အကောင်းတွေသိပ်လွန်းနေတဲ့ လင်းအားကြီးအရပ်က ငါက ခြေချလာတာကိုး။ နောက်တော့လဲကျင့်သားရသွားမှာပါ။ သူသိတယ် ဒီနေရာဟာ ဘာတစ်ခုမှ မပြောင်းလဲဘူး။အရမ်းလင်းလွန်းနေတာလဲ အလိမ်အညာတခုဆိုတာကို ငါအခန်းနံရံပေါ်မှာ ချိတ်ထားတဲ့ ပန်းချီကားကိုကြည့်ရင် သိနိုင်ပါတယ်။
အင်း … မအားရင်နောက်တော့လာကြည့်ပေါ့။ သူအလုပ်လုပ်လိုက်အုံးမယ်။ ဘာမှမပြောင်းလဲတဲ့ ပုံစံနဲ့။ ငါထိုင်ချလိုက်တယ်။ ဒီအရောင်။ ဒီအခန်း၊ ဒီကော်ဖီခွက်။ ဒီစက္ကန့်သံ။ ဒီပန်းချီကား။ ဒီလိုတစ်ပုံစံထဲ ကွန်ပြူတာ။ ဒီလိုစာလုံးတွေ မြှုပ်ထားတဲ့ခွက်။ ဒီလို စိတ်သွားတိုင်းမလိုက်နိုင်တဲ့ ကြွက်နဲ့ သူထိုင်နေရင်းတခုခု လိုနေသလိုခံစားရတယ်။ ငါတွေ့မိသေးလား။ ၀င်လာတုန်းက သတိမထားမိပါဘူး။ သူ့မြက်ခင်းခြေသုတ်ခုန်အောက်မှာရော ။ စားပွဲပေါ်က ပုရပိုက်ထဲမှာရော။ ငါ့ပါးစပ်ထဲမှာရော။ သူ့နားရွက်ထဲမှာရော။ ငါတို့နှစ်ယောက်အလုပ်ရှုပ်နေကြတယ်။ ဒါနဲ့ ငါခြေရာတွေ ဆေးခဲ့ပြီးပြီလား။ သူ့ခြေရာနဲ့တူလိုက်တာ။ ငါဝင်လာတုန်းက အလင်းထဲမှာ ကျကျန်ခဲ့တာ သူ့ခြေရာတွေလား။ မဟုတ်သေးဘူး သူ ငါ့နောက်မှာဘာလုပ်နေတာလဲ။ ငါဘာမှမပြောင်းလဲတဲ့ အခန်းထဲမှာလေ ။ သူ့ကိုကျနော်မတွေ့ချင်ဘူး။ ထွက်သွား ……….. ထွက်သွား ………….. ငါ့ခြေဖ၀ါးအောက်မှာ မမြင်ချင်ဘူး။ ဟုတ်တယ်။ သူတို့ခန္ဓာက လင်းလွန်းရင် အမှောင်ဆုံးပဲ။ ငါထွက်လာခဲ့တာ ၆နှစ်ကျော်ပြီ သူတို့မမြင်အောင် ငါအခန်းထဲမှာနေနေတာပါ။ အခု သူဝင်လာတဲ့ ၀င်ပေါက်အရှင်က ငါ့လိုက်လာတယ်နော်။
ဟိုပန်းချီကားကြောင့်လား။ ရော့ယူသွားဗျာ …. ။ ဒီတစ်ခန်းလုံးမှာအလင်းဆုံးဆိုလို့ ဒီပန်းချီကားတချပ်ပဲရှိတယ်။
သူလိုချင်ရင်ယူသွားတော့။
ပုရပိုက်ကိုးခုကိုဖွင့်လိုက်ရင် အထဲမှာ သူ့အကြောင်းဘာတစ်ခုမှတွေ့ရမှာမဟုတ်ဘူး ဗလာပဲ။
ပန်းချီကားထဲမှာ စက္ကန့်သံနဲ့ ငါ့နှလုံးသားတစ်ခုပဲပါတယ်။
မပြောင်းလဲဘူး ဘာတစ်ခုမှမပြောင်းလဲဘူး။ မှောင်လွန်းတော့သွေးစက်တွေမတွေ့ရဘူး။ သူထိုင်ချလိုက်တယ်။
ဘာမှမပြောင်းလဲဘူး။
Nelay

မွေးဖွားခြင်း ဇီဇဝါစိတ် Wednesday, November 5th, 2008
မွေးဖွားခြင်း ဇီဇဝါစိတ်
Wednesday, November 5th, 2008
လက်ဖဝါးမှာ ရွှေလင်ပန်းနှင့်အချင်းဆေးပြီး မွေးဖွားလာတဲ့ သံသယဟာ ပြတင်းအဖြစ် ပဋိသန္ဓေတည်ပြီး ယုံကြည်ခြင်းနဲ့ထွက်ကျလာတယ်။ မွေးဖွားကထဲက ကျောမှာတွယ်အပ်တွေတလျှောက် လူတိုင်းမှာ ဆက်ကြောင်းတွေ မတူခဲ့ကြပြန်ဘူး။ စကြာဝဌာ အက်ကွဲကြောင်းထဲက ကမ္ဘာကို ဥချလိုက်တယ် ဆိုရင်ပဲ သစ္စာတရားတို့ ခမ်းခြောက်ကုန်ကြပြန်တယ်။ နေမင်းကို လော့ကတ်သီးဖွဲ့ စကြာဝဌာ ပကာသန အတုကိုမှ အစစ်မှန်းမသိ ဂြိုလ်ကြီးကိုးလုံးကို လိုက်လံပြသလေရဲ့။ မိုးဆိုတာလဲဖြစ်ပေါ်တယ် ဆောင်းဆိုတာလဲဖြစ်ပေါ်တယ် နွေဆိုတာလဲဖြစ်ပေါ်တယ်။လောင်တီကျူ တခုတည်းနဲ့ ကမ္ဘာကိုသိမ်းပိုက်လိုက်တဲ့ နတ်သမီးဟာ ကိုယ်စောင့်နတ် ၁၂ပါးရှိတယ်ဆိုပဲ။ လမင်းအတွက် အချိန်ကုန်ခဲ့တဲ့ ပင်လယ်ဟာ ဆွဲအားတခုတည်းနဲ့ မွေးဖွားခြင်းအမှုကို ပြီးမြောက်စေတယ်။ လောလောဆယ် ဒီလောက်ပါပဲ ...။
''သမီးမျက်နှာဟာ ကျနော့ကမ္ဘာပါ သခင်မ'' သူတိုးတိုးလေးရွတ်လိုက်တယ် မိုးသံတွေ လေသံတွေ ဖုန်းသည်အထိ စစ်တလင်းညံတဲ့ကြမ်းပြင်ကို လွှမ်းသည်အထိ သူတိုးတိုးလေးရွတ်ပြီးနေပြီဖြစ်တယ်။
''အဖေဟာ သမီးရဲ့ သစ္စာပါ မွေးသဖခင်'' သူမကျယ်လောင်စွာ အော်ဟစ်လိုက်တယ် လည်ချောင်းထဲက ဆိတ်ငြိမ်ရပ်ဝန်းတခု တိုးလျှိုသေဆုံးသွားသည်အထိ သုသာန်ရဲ့ အနက်ဆုံး ညသန်းခေါင် မီးစာငြိမ်းသည်အထိ သူမကျယ်လောင်စွာ အော်ဟစ်ရှိုက်သွင်းပြီးနေပြီဖြစ်တယ်။
တစ်မိနစ်တာ အိပ်မက်ရှည်အတွက် အသက်တစ်ရာစတေးတဲ့ အချိန်ကာလတွေ ဖြူစင်သန့်ရှင်းစွာ မွေးဖွားလာကြပြန်တယ်။
ဟိုး .. အဖြူဆုံး အလင်းဆုံး အသန့်ရှင်းဆုံး မေတ္တာတရားရဲ့ ရက်စက်မှုတွေနဲ့ အသက်ဓါတ်တစ်ခုဟာ အသန့်ရှင်းဆုံး ပြတင်းတခါးဆီမှ ပွင့်ဦးလာခဲ့တယ်။
အချိန်ပိုင်းတခုရဲ့ မညီညွှတ်မှုနဲ့ စွန်းပေရအုံးမယ်ဆိုတဲ့ အသက်ဓါတ်အဖြူလေး တခုအတွက် သူစိုးရိမ်တကြီးတွေးတော သိမြင် နောင်တကြီးတခုကို ဖန်ဆင်းပြီးနေနှင့်ပါပြီ။
နံရံမှာချိတ်ထားတဲ့ အဖြူအမဲ အနာဂတ်တချို့ရယ် အကန့်အကန့်တွေနဲ့ သီဆိုမှုတခုရယ် အနီလွန်နေတဲ့ မီးပွိုင့်တခုရယ် မဆီမဆိုင် ၁နာရီဟာလဲ ချုပ်ရိုးပြေ သွေးစက်တွေနဲ့ ခွဲနေခဲ့တော့တယ်။
''ပြောက်မသွားပါနဲ့ မင်းကိုယ်ငွေ့လေးနဲ့ ဝိဥာဉ်အချပ်လေးဟာ ငါ့ကမ္ဘာပါ အရှင်သခင်'' ရာသီမလွန်ခင် ရင်ကွဲခြင်း အပွင့်ဦးတွေ ထူးခဲ့ကြတယ် အရိပ်ဟောင်းကိုစွန့်လို့ အရိပ်သစ်ကိုခိုလိုက်ကြပြီးဖြစ်တယ်။
''သမီးအခိုးလေး အလှအပဆုံးဖမ်းဆုပ်တာကို မြင်ချင်တာအဖေ့ သစ္စာပါ'' မျက်မမြင်တယောက်ခေါင်းကိုတွင်းတွင်းခါ မိုးတွေလဲ အစီအစဉ်မကြေငြာပဲရွာလာပြီးဖြစ်တယ်။
ထုံးစံအတိုင်း ဇာတ်သိမ်းဟာ ရင်ကွဲမှလှမဲ့ မနက်ဖြန်အဆင်တစ်ထည်လဲ ဖြစ်လို့ နေပါတော့တယ် ...
မထင်မှတ်ထားတဲ့ ရပ်ဝန်းတခုရဲ့ ဆွဲအားဟာ ကားတိုက်ခံရတယ် ရထားကြိတ်ခံရတယ် လေယာဉ်အပျက်ခံရတယ် သင်္ဘောမှောက်ခံရတယ် ဒီအချိန်မှာပဲ မြက်တို့အကိုင်းမရှိမှန်း
ရနံ့မရှိမှန်း အရောင်မရှိမှန်း အပင်မရှိမှန်း စိတ်နှင့် သက်ဆိုင်သောလမ်းကို ကမ်းနဖူးအထိလျှောက်မိလျှက်သားဖြစ်နေခဲ့တော့တယ်။ အဖူးနဲ့ ကမ်းပေါ်မှ ပြုတ်ကျခြင်းအတွက်
မွေးဖွားခြင်း ဒဏ်ရာတို့ ဆက်တိုက်ဆိုသလို ''အဟုန်''ကွဲကြ ၃နာရီ စီးကြောင်းရာ ဟာလဲ သိသိသာသာ ခွဲခံနေရပါတော့တယ် ... ။
နောက်တမနက်ရဲ့ အသစ်ဆိုတာကို မွေးဖွားမဲ့ လက်ချောင်းလေးတို့ဟာ နောက်တစ်ဖန်အသစ်မွေးဖွားဖို့အတွက် မိဘစုံလင်စွာဖြင့် အဖြတ်ခံလိုက်ရတယ် ။ ဇီဇဝါပန်းတို့ရဲ့ ဝိဥာဉ်ထက်မှာ ခြံစည်းရိုးတို့ မွေးဖွားလာရင်း လက်ချောင်းလေးတို့ကို အတုအယောင်အဖြစ် မွေးစားလိုက်ကြပါတော့တယ်။ လောလောဆယ် ဒီမှာပြီးထားနှင့်ပါသည်။

အန္တရာယ်အပြောအဆိုနဲ့ လိပ်ပြာစားပွဲ
အန္တရာယ်အပြောအဆိုနဲ့ လိပ်ပြာစားပွဲ
နံရံတွေကို ဖောက်ပြီး သံရိုက်ကြတဲ့အခါ
သစ်ပင်တွေက
လန့်အော်တယ်
အမေ့ရထားကလေး ဘယ်ဘူတာဆိုက်ပြီလဲ
အန္တရာယ်ရေ
ငါ့ကိုကယ်ပါ …
ငါ့ကိုကယ်ဖို့ မင်းကိုပြန်ရှာတဲ့အခါ
တောမီးလောင်တယ်
စမ်းခြောက်တယ်
လူတွေကြောက်သွားတဲ့ ယဉ်ကျေးမှုမှာ
ငပိရည်တစ်ခွက်
ဇွန်းခရင်းမှောက်ရက်နဲ့
ညစာကိုချက်။ နေ့စာကိုချက်။
မနက်စာကိုချက်။
အစာလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့
အိပ်မက်တွေ
အစာခြေဖို့ခက်ခဲ့
ငါ က အောင် မြင်မှု ကို
အူလှိုက်သည်း လှိုက်ရယ်ခဲ့ဖူးတယ်
ဘာဆိုဘာ … ဘာ … ဘာမှမဟုတ်ဘူး ဗလာ
အဲဒီ့နယ်မှာ
လင်းဖို့ မျဉ်းမလို
အတင်းငိုယူထားတဲ့ စာလုံးတွေက
အနုပညာကို
မျက်စိ စပ်တယ်
ဒါ သဘာဝပဲ သီဝရီ
လိပ်ပြာကိုအခန်းရိပ်နဲ့ သုညတစ်လုံးမံပြီးရင်
အရိပ်တွေ မိုးချုန်းတိုင်း ပုန်းမရ ခိုမရ
ချောင်နေတဲ့ မျက်ကွင်းနဲ့ ငုံထားတဲ့အလင်းမှာ
လေရှုရတာမသန့်ဘူး
မီးပေါက်ထားတဲ့နှစ်ကာလတစ်ခုမှာ
ရနံ့လှတဲ့ ပန်းခွံတွေလဲ သုံးမရ
ခင်ဗျားကြီးရေ …
ခင်ဗျားကြီး ကို
ခင်လို့ ဗျားလိုက်ကြီး သုံးနှုန်း လိုက်တယ်
ငါအတန်တန်ဆုတောင်းလျှက် နဲ့
အလွှာကိုးပါးကို
လှေကား မေလ ဖြုတ်ရက်တယ်
မျက်နှာကျက်လို ဘာလုံး မျိုးမှာ
ထာဝရကို မိုးမရ
အတောင်ခတ်သံပြင်းပြင်းနဲ့
မနက်ခင်းကိုတွန်ကျူးယုံနဲ့
နေထွက်လာတာ နှစ်ဆယ့်တစ်မဟုတ်တော့
ဘယ်သူ့လက်အောက်မှ မလုံလင်းသူ
ကိုယ့်ဝိဥာဉ်ကိုယ့်ပခြုပ်နဲ့
ကိုယ့်နတ်ဘုရားကိုယ်
အသွေးအသားထဲ ကဗျာထိုးလို့
အန္တရာယ်ဒဏ်တခုခု လိပ်ပြာလွှင့်နေတယ်
လိပ်ပြာစားပွဲမှာ တွဲလောင်းကြိုးနဲ့
နှလုံးသားက ဟီရိသြတ္တပကို
ထောင်း ထောင်း ထအောင်
… ချ …
။… ကြွေး … ။

နှစ်ဆယ့်တစ်ရာစု မျက်နှာအတုများ
နှစ်ဆယ့်တစ်ရာစု မျက်နှာအတုများ
(: :)
:D :d
:P :S
:B :F
:G :K
:x :R
:-) (-:
:C) (;
:Q :E
XOxOXoXOX
:@) :^)
(*: :*)
:’) (‘:
:>) (<:
(v: (^:
O.o
O.O
0.P
nelay
(: :)
:D :d
:P :S
:B :F
:G :K
:x :R
:-) (-:
:C) (;
:Q :E
XOxOXoXOX
:@) :^)
(*: :*)
:’) (‘:
:>) (<:
(v: (^:
O.o
O.O
0.P
nelay
အတိတ် တော၊ တောင်၊ ကန်၊ မြစ် Monday, August 25th, 2008
အတိတ် တော၊ တောင်၊ ကန်၊ မြစ်
Monday, August 25th, 2008
ကောင်းကင်ထဲမှာ ဒေါင်းတွေအဆုပ်လိုက်ပျံသန်း
မမောပန်းနိုင်တဲ့ ကြိုးကြာလမ်းတွေ ရိုးမအနောက်ခြမ်း
ဧရာအစွန်းမှာ ဟင်္သာတို့လူလူလွန့်လွန့် ကမ်းမရှိတော့တဲ့နဖူးအိမ်
ဦးပိန်လိုအရှည်မျိုးမှာ ငါးပလူးတို့ဒိုင်ပင်ထိုး လေကြမ်းနဲ့ဇရပ်ကျိုးတွေ
မင်းကွန်းအသံတွေတခြမ်းအက်လို့ ဧရာလွမ်းတဲ့ လမ်းကြမ်းပေါ်က လှေခြေရာ
အင်းလေးလိုညမှာ ညောင်ရွှေတွေ ရင်ခေါင်းသံနဲလွမ်းကြ ဒိုက် တို့စည်ရှည်တီးတဲ့ည
လမ်းတံတားခတွေနဲ့ ဥတို ယိုင်နဲ့နဲ့ကျားကန်ရင်း ချစ်ရှာတယ်
ဧရာဝတီမလေးဟာ အလယ်ပိုင်းရဲ့ကွမ်းတောင် ရွှေသရဖီရဲ့ သခင်မ
ညောင်ဦးကမ်းကို လက်ပစ်ကူးတဲ့ ''နေ'' ထိပ်ထားဒေဝီကိုချစ်ရေးဆိုတဲ့ ဇုံဝမ်းရဲ့ ကမ်းနဖူးတွေ
ကျိုက်ထိုက ရာဘာတွေ ထုတ်ပိုးမရတဲ့ လမ်းကြမ်းဘေးက ကဖေးဆိုင်ဖုန်ရောင်နဲ့ ရှယ်တခွက်
တောင်ကြီးလိုမလိမ်နဲ့ မကောက်နဲ့ မေမြို့ကို တညတည်းနဲ့ တစ်ပတ်ပတ်ခဲ့တဲ့ ရန်ကုန်သား
ကုန်ကားတွေအကွေ့ကြမ်း ကျောက်စလစ်တွေ လွင့်စင်ကျတဲ့ ပလောင်တောင်လမ်း
ချောင်းသာလိုအမူးညမျိုးမှာ မီးတောက်တွေမောပန်းနွမ်းလျ အိမ်မပြန်ချင်တဲ့ ညတွေ အဆုပ်လိုက်လောင်ကျွမ်း
မြောက်ဦးကို မရောက်ဖူးတဲ့မောင် ဘာရေးရမှန်းမသိတဲ့နောက် ဘုရားမဲတွေရည်မှန်း ကတော့
ပုသိမ်မှာ ထီးဆောင်း ရေဆင်းငါးတွေကျောင်းတုန်းက အိုးတင်တဲ့ဖောင်ကြိုးပြေတဲ့ ည . . .
ရွာငံစိုက်ခင်းမှာ ပန်းဝါတွေအပြည့်ထည့်လိုက်ရတဲ့ မောင့်ကင်မရာ မောနေရှာတယ် . . .
ပင်းတယဂူမှာ ဖလင်ဆေးခဲ့စဉ်က ညောင်ရှည်တွေ အကိုင်းလိုက်ကိုကွေး ရှုမဝငေးဖွယ်
အနီအဝါ အကွက်ချတဲ့ အညာမြေဟာ အချောင်းလိုက်ကိုလှ ထန်းပင်ပေါ်ကဘဝတွေ မွန်းမလွဲခင်မော့ကြရတာ
သီပေါမင်း အိပ်ခန်းထဲ ခိုးဝင်ပုန်းအောင်စဉ်က မန်းသူလေး ငါ့ပြောက်လို့လိုက်ရှာ တိတ်တိတ်လေးပျော်ခဲ့ရတာ
ဇက်စောင့်ရတာပျဉ်းဖို့ကောင်းတဲ့ ဖားအံ ဇွဲကပင်မှာ စောဇွဲနွယ် ကိုတွေ့ခဲ့ လမ်းတွေကောင်းလှတယ်
ကြယ်ငါးလုံး ဟော်တယ်ထဲက ရေပူစမ်း ဘုရင့်ညီဂူအနောက်ခြမ်းမှာ ငါစိမ်ခဲ့စဉ်က နွေးလိုက်တာ
မုတ္တမကိုဖြတ် ဘီလူးကျွန်းပေါ်အခြေချစဉ်က အရာရာဟာ ''ပလဲ'' နေတော့တာ ဘီလူးသူလေးတွေကချစ်စရာ့
ကဗျာဆရာတယောက်ပြောတဲ့ စစ်ပင်ကြီးကိုင်းတဲ့ တံတားဖြတ်တော့ စက္ကူနံ့တွေမွှေးလိုက်တာ ...
ကျောက်ဆည်ရောက်တော့ ဆင်တွေမှောက်နေကြပြီး ဘော်ကြယ်တွေနဲ့ လမ်းပိတ်အောင်ပျော်တဲ့ ဆင်ငထီး
ဒီလိုနဲ့ နေဝင်ခြင်းအမှုကို ပြုလုပ်ကြရာမှာ ....
ငါ ဟာ ..... တောင်ကြီးငါးလုံးကာရံတဲ့ ဧရာဝတီမြစ်နဖူးမှာ
ချစ်တဲ့သူအတွက် မင်္ဂလာစေတီပေါ်က နေဝင်ခြင်းအမှုကို တမြတ်တနိုးရိုက်ကူးထားလိုက်တာ
၂ဝဝ၈တောင်ရောက်လာခဲ့ပေါ့လေ .... ။

ကောင်းကင်မဲ့ တိမ်
ကောင်းကင်မဲ့ တိမ်
ဟိုးဝေးဝေးက မျက်လုံးများမှာ
ငါ့တိတ်ဆိတ်ခြင်းတွေပြိုကျ
အသံထွက်မရတဲ့တိမ်တွေ
မိုးကြွေတာကိုငေးရင်း စက္ကူအသစ်မှာမိုးချုပ်ခဲ့
တိုးဝှေ့လာတဲ့လေကို မျိုချ
မက်မရတဲ့အိပ်မက်ကို ကြိုးဆွဲချလိုက်တယ်
ပြင်ဆင်ထားတဲ့ ဆိပ်ကမ်းမှာ
တံငါအိုရဲ့ပလိုင်းထဲ
ငါးတွေငို … ငါးတွေငို … ငါးတွေငို
ကောင်းကင်ပေါ်ကပျံကျလာတဲ့ ဒါးတွေ
ငါပစ်တင်ခဲ့သမျှ မျှားတွေ
အဆိပ်ခပ်လိုက်သော ပွင့်ခြပ်ထဲမှာ
လွမ်းစွတ်ခြင်းတွေ
ရက်ရက်စက်စက် ၀တ်မှုံကူးကြ
ပြတင်းတံခါးက ပုဝါဖြူအလွှင့်မှာ
ရနံ့ဆိုးတွေဝင်လာသလား
အလင်းတရားတွေဝင်လာသလား
နှလုံးအိမ်ကလေး
ချမ်းနေပြီ … ချမ်းနေပြီ
ကောင်းကင်နီမှာ ပုံပြင်တပုဒ်
အခန်းရှုပ်နဲ့ တရားပြသလို
ဆေးလိပ်တွေတို
လိပ်ပြာတွေငို
နေမဖြစ်တည်မှုနဲ့ လမင်းဟာ
နေမင်းသီဝရီတအုပ် ပြုစုထုတ်ထားတယ်
တရားကျိုးသွားသလို တရားပျိုးထားဖို့
ငါဘယ်လို ယုံကြည်သေဆုံးရဘါ့
ဘ၀ကိုအတိုချုန်းပြီး ကပြကြတဲ့အခါ
လူရာဝင်မဲ့သီချင်းကို အရူးတစ်ကောင်ဆိုညည်း
အစာအိမ်မီးနဲ့ အမေ့အိမ်ပြန်လမ်းမှာ
မောဟိုက်နွမ်းလျ တိမ်တွေကြွေခဲ့တဲ့ည ။

မျက်နှာ အထားအသို
မျက်နှာ အထားအသို
သတိ
မျက်နှာကျောလျှော့ထား
ဒေါသ
တင်းမာလာတဲ့အရေပြားတွေ
စိတ်
ပါမလာဖို့ပြောမရ အနီးအဝေး
အော်ကြီးဟစ်ကျယ်
တုန်တုန်ရီရီ လက်ချောင်း
ဝေး …
ဝေး …
ဝေး ...
စိတ်
လူ
ရုပ်(ယုတ်)တွေ
မာကြ ။
nelay
သတိ
မျက်နှာကျောလျှော့ထား
ဒေါသ
တင်းမာလာတဲ့အရေပြားတွေ
စိတ်
ပါမလာဖို့ပြောမရ အနီးအဝေး
အော်ကြီးဟစ်ကျယ်
တုန်တုန်ရီရီ လက်ချောင်း
ဝေး …
ဝေး …
ဝေး ...
စိတ်
လူ
ရုပ်(ယုတ်)တွေ
မာကြ ။
nelay
စိတ္တဇ လိပ်ပြာ
စိတ္တဇ လိပ်ပြာ
ကြမ်းပြင်က သတင်းစာ
အမှိုက်ပုံးပေါ်က ယင်တွေ
ရေဗူးအပေါက်ကို ရေဖြည့်နေကြတယ်
စိတ်မပါလို့တူးလိုက်တဲ့ သိုက်ထဲမှာ
အံစာဥတွေ ဥထားလို့
ငါ ဘုရားရှိခိုးဖို့ ဒိုးဆက်ဆက်နေတယ်
တနေ့ကနောက်ပြန်လာတဲ့လေမှာ
ငွေစက္ကူပေါ် ငါ့နာမည်ရေးပြီးဝေ
သူတောင်းစားတွေအဖေခေါ်တဲ့ မိနစ်တိုင်းမှာ
ငါ ကြိတ်ရယ် ခဲ့
အရိုးသားဆုံး တပွဲထိုး အနာဂတ်မှာ
စစ်လက်နက် အစုံအလင်နဲ့ ပန်းတွေပွင့်ကြ
ငါ့ကို ဘုရားလို့ မခေါ်ပါနဲ့ ကလေးရယ်
တရားတွေ အာခေါင်ခြစ်အော်လဲ
သီလကို အောက်ဈေးနဲ့ အူမတောင့်ဖို့
နိုက်ကလပ်ထဲမှာ ဦးနှောက်ကြီးကလေးမွေးနေတယ်
လူကြီးလူကောင်းယောင်ဆောင်ရက်တဲ့
တစ်ခါသုံးပြယုပ်လေးမှာ
မင်းခန္ဓာကို အချစ်အတွက်ချန်ထားခဲ့သလား
မျိုးမစစ်တဲ့ စိတ်ဓါတ်နဲ့ ဟာသတွေပြေးလာတဲ့အခါ
အညွှန့် ကလေးရေ …. အညွှန့် ကလေး …
သာဂီနွယ်ဝင်တွေ ထစ်ချုန်းတဲ့အရပ်မှာ
နာရေးသတင်းထဲက အပြုံးနဲ့
အတောင်တွေ ခြွေ ပြီ
ငါ
လွမ်းနေအုံးမယ် . . . ။

Subscribe to:
Posts (Atom)