Pages

Wednesday, March 31, 2010

ကျုပ် အဆိပ်နေနည်း

ကျုပ် အဆိပ်နေနည်း



ကျုပ် လူ့ပြည်မှာရှိစဉ်က
မရှုံးခဲ့ချင်ပေမဲ့ အနိုင်လဲမလိုချင်ဘူး
ကမ်းနဖူးမှာ ကိုယ့်လိပ်စာကိုယ်တူးပြီးရှာနေခဲ့တာပါ။

ရှေ့တစ်လှမ်းအစနဲ့ နောက်တစ်လှမ်းအဆုံးမှာ
ကျုပ် အိပ်မက်တွေဗလာကျွံ့ကျ
ရာဇ၀င်တွေ နူးညံ့စွာ လိပ်ပြာလွှင့်သွားဖူးတယ်။

တစ်တောလုံးကြားအောင်
ကျုပ် သွေးတွေသန့်စင်ခဲ့ဖူးပါတယ် ...။
မုဆိုးတစ်ပိုင်း ယုန်ငယ်ရိုင်းက
နှလုံးခုန်နှုန်း ပေါက်ကွဲသွားအောင်ခြောက်လှန့်လို့
ကျုပ်သွေးတွေ
ညံ့ ...
ညံ့ ...
ညံ့ ...

အပြစ်တွေဆက်ချုပ်လိုက်တိုင်း
ကျုပ် အနာတွေ မှန်မကြည့်ရဲတော့ဘူး ... ။

အစွဲအလမ်းတသီတတန်းနဲ့ ခမ်းနားပြနေတဲ့
ပတ်ဝန်းကျင် ပုတ်သိုးသိုးကို
စံလွဲမှု မယဉ်မကျေးနဲ့
ကျုပ် ကိုယ်ကျုပ် စိုက်ထူပြိုလဲ ...
ဘာလို့ မသေသေးတာလဲ
ဘာလို့ မသေသေးတာလဲ
ဘာလို့ လဲမသေတာလဲ ... ။

ကျုပ် စိတ်တခိုးသတ္တိကို ဖောက်ဖွင့်ခိုးယူသွားတဲ့ညက
စာချုပ်တစ်စောင် ကျုပ် ရခဲ့တယ် ... ။

မချိပြုံးနဲ့ပြုံး နေလိုက်ပါတယ် ... ။
ငါဆိုတဲ့ မိတ်ဆွေနဲ့ အရိပ်ဆိုတဲ့ အတိတ်ကောင်ကို
ဒါလုံလောက်တဲ့ ဖေါ်ရွေမှုမျိုးပါပဲ ... ။

ကျုပ် သေရင် မြေမမြှုပ်ပါနဲ့
မြေသြစာ ညစ်ညမ်းလိမ့်မယ်
ကျုပ် သေရင် မီးမရှို့ပါနဲ့
လေထု ဓါတ်ပျက်လိမ့်မယ်

ကျုပ် စိတ်သွေးသားတောင်းဆိုမှုက
ကဝေပျိုကို ခေါ်ပြီး
"ဟတ်ချလောင်း" အမိန့်နဲ့သာ
အရင်က ခြောက်နာရီတိတိမှာ ဖြောက်ပစ်လိုက်ပါတော့ဗျာ ... ။




nelay

God - Diva








God - Diva



(23:12)


"Remember ...

Remember the sight we saw, my soul,
that beautiful soft summer morning ... "

(23:29)

" ... round a turning in the path ... "

(23:37)

... "a disgusting carcass
on a bed scattered with stones,
its legs in the air like
a woman in heat ... "

(24:33)

"Remember the sight we saw, my soul,
that beautiful soft summer morning ... "

(24:41)

" ... round a turning in the path ... "

(24:46)

... "a disgusting carcass
on a bed scattered with stones,
its legs in the air like
a woman in heat ... "

(25:00)

"... like a fountain
with its rhythmical sobs.

(25:09)

I can hear it clearly flowing
with a long, Murmuring sound,
but I touch my body
in vain to find the wound ..."

(25:21)

"...I am the vampier of my own heart,
One of the great outcasts condemned
to eternal laughter ...
who can no longer smile..."

(25:38)

Am I dead? I must be dead.

(25:48)

And you...
I know you,
you are from Hierakonopolis.
The god of the heavens.

(25:55)

I'm flattered, Nikopol,
wretched human.

(26:00)

... Anubis can't be far away?
The guardian of the tombs...
The god of the dead...

(26:05)

Don't ever speak
that jackal's name again,
you understand?
Only my name...
Only me ...

(26:16)

My leg! ... Where is my leg ?

(26:20)

You can see you're not dead...
The dead don't feel pain...
The dead don't bleed either.


God - Diva (movie)







God - Diva



ငါတို့တွေ့ခဲ့ကြတဲ့ မြင်ကွင်းကို သတိရ ငါ့ဝိဥာဉ်

နူးညံ့တဲ့နွေနံနက်ခင်းလေးလေ

လမ်းကြောင်းလေးအတိုင်း ချိုးဝင်လို့


ကြဲပျံ့နေတဲ့ကျောက်တုံးအိပ်ရာပေါ်က


သားကောင်အသေတစ်ခု
သူ့ခြေထောက်တွေက
မီးထဲက မိန်းမပျိုလို လေထဲမှာ

စည်းချက်ညီငိုရှိုက်သံတွေနဲ့
ရေပန်းတစ်ခုလို
အဲဒီ့စီးဆင်းမှုကို ငါအဝေးကနေ ကြားနိုင်တယ်
ဒဏ်ရာကို ရှာဖို့ ငါ့ခန္ဓာကို
စမ်းလိုက်ပေမယ့် အချည်းနှီး

ငါဟာငါ့နှလုံးသားအတွက်

သွေးစုပ်ဖုတ်ကောင်ပါ
ဘယ်တော့မှ မပြုံးနိုင်တော့တဲ့
အပယ်ခံကြီးတစ်ယောက်ကို ...
အဆုံးအစမဲ့ရယ်သံတွေနဲ့ ပြစ်ဒဏ်ခတ်ခဲ့ကြတယ်

ကျုပ်သေပြီလား သေသွားသင့်တာ ...


ပြီးတော့ ခင်ဗျားက ...

ခင်ဗျားကိုသိတယ် ဟီရာကိုနိုပိုလစက မှတ်လား
ကောင်းကင်ဘုံတို့ရဲ့ နတ်ဘုရားလေ

မြှောက်ပင့်နေပြန်ပြီ နီကိုပေါ

စိတ်ပျက်စရာ လူသားပါလား

အနူဘစလည်း ဒီနားမှာပဲမှတ်လား

အုတ်ဂူကို စောင့်ရှောက်သူလေ ...
သေမင်းတမန်ပေါ့

ဒီအရူးနာမည်ကို နောက်ဘယ်တော့မှ

ထပ်မပြောနဲ့
နားလည်လား
ငါ့နာမည်ပဲပြော
ငါ့နာမည်ပဲ ...

ကျုပ် ခြေထောက် ဘယ်ရောက်သွားတာလဲ

မင်းတွေ့သေးတယ်ဆိုရင်
မသေသေးလို့ပေါ့
သေခြင်းဆိုတာ မနာကျင်ပါဘူး
သေခြင်းဆိုတာ သွေးလည်းမထွက်ဘူး။





God - Diva လူနှင့် သုံးဖက်မြင်ပုံရိပ်(3D)တို့
တွဲ သရုပ်ဆောင်တဲ့ ရုပ်ရှင်ထဲမှ ...
အကျဥ်းသားတစ်ဦးဟာ မထင်မှတ်ပဲ အကျဥ်းထောင်က တစ်နှစ်အလိုမှာ မတော်တဆ လွတ်မြောက်လာတယ်။
နတ်ဘုရားဟာ လူတွေကိုကယ်ဖို့ အငှားခန္ဓာတခုရွေးနေတဲ့အချိန
် ... ။
နှစ် ၃၀ ကြာ သန့်စင်နေတဲ့ အကျဉ်းသား ခန္ဓာကိုယ်မှာ ပျော်ရွှင်ခြင်းကိုရှာတွေသွာ
းလေရဲ့ ... ။

အကျဥ်းသားဟာ မိုးပျံ ထောင်နန်းက ပြုတ်ကျပြီး ခြေတဖတ်ပြတ် သွေးအလိမ့်လိမ့်ထွက်ပြီး တံတားကြားမှာ ညှပ်နေတဲ့အချိန် ကဗျာတပုဒ်က အားယူရွတ်ဆိုလိုက်လေရဲ့ ...



"Remember ...

Remember the sight we saw, my soul,
that beautiful soft summer morning ... "

'''ငါတို့တွေ့ခဲ့ကြတဲ့ မြင်ကွင်းကို သတိရ ငါ့ဝိဥာဉ်

နူးညံ့တဲ့နွေနံနက်ခင်းလေးလေ
'''

(အကျဉ်းသားအမောဖောက်တော့)


(နတ်ဘုရားက ဆက်လက် ရွတ်ဆိုရင် .... )


" ... round a turning in the path ... "


''''လမ်းကြောင်းလေးအတိုင်း ချိုးဝင်လို့""


.........



ကျေးဇူးအထူး

နီလေး




ပိတောက်တွေနဲ့ ရင်ပြည့်နေတဲ့ မြို့ (ခ)





ပိတောက်တွေနဲ့ ရင်ပြည့်နေတဲ့ မြို့ (ခ)

 
ရာသီတစ်ဒါဇင်လောက်မေ့ထားပြီးမှ
တစ်လထဲပွင့်ပြ
ပြင်းရှရှဂီတသံနောက်မှာ စံပယ်ရုံနဘေးနားက
အနမ်းဘူတာအိုကြီးသိတယ် ။


လိမ်လည်မှုနဲ့ ရေမစိုခဲ့တဲ့ အတိတ်ကို

အနှေးပြကွက်နဲ့ ငါပြန်ရှာတွေ့တယ် ။


စိတ်ကူးထဲမှာကြယ်တွေကြွေတို
င်း
ပိတောက်တွေလိုက်ကောက်လို့မဆ
ုံး ။


ပိတောက်မြို့က ပိတောက်မြို့ကို

အဖြေပေးလိုက်ပြီ
ငါ့ Evangeline ကလေးရေ …. ။


တစ်ယောက်ကို တစ်ယောက်

အလင်းမြဆုံးပွင့်လင်းနီမြန်
းခဲ့ကြတာပါ …
ဒါကို ပိတောက်လထဲက
ငါ့မွေးနေ့အိုကလေးအသိ .. ။


မြို့ကလေးရဲ့ ပိတောက်ဂီတကို

ရနံ့စားသုံးသူငါက
ဘယ်လိုမှခံစားလို့မရတော့ဘူး
… ။


သက်တံ့တိမ်တိုက်တွေရေ ….

နွေဦးလွင်ပြင်ကို ဆင်တူရိုးမှားမလုပ်ကြပါနဲ့ …
ဗိုလ်အောင်ကျော်လမ်းက
ပိတောက်ပင်တွေ ငိုကြလိမ့်မယ် … ။


ဧပရယ်အကြမ်းဆုံးညမှာ

ငါချုပ်ပေးခဲ့တဲ့ voodoo အရုပ်ကလေး
နင်သတ်ပစ်လိုက်ပြီလား … ။


ပိတောက်ပင်အောက်မှာ မြို့ကလေးနဲ့အတူ

စာမျက်နှာ ၂၉ကို ငါမြှုပ်ပေးခဲ့ပါ့မယ် … ။


အချစ်ဆိုတဲ့အမည်နာမတစ်ခုကို

ငါမကိုးကွယ်လိုတော့ဘူး
သံယောဇဉ် ပိတောက်သတ်တဲ့လမှာ
ငါ့နှလုံးသားကို
သင်္ကြန်အသစ်ကျတ်ချွတ်ကျပါရစေ
တော့ကွယ် … ။




nelay





Sunday, March 28, 2010

အလွမ်းတွေ ထည့်ဝှက်ထားတဲ့ နွေဦးလင်္ကာ



အလွမ်းတွေ ထည့်ဝှက်ထားတဲ့ နွေဦးလင်္ကာ




အဆိပ်သင့် ညနေခင်းမှာ
အသည်းကွဲ ဒိုင်ယာရီတွေ လမ်းလျှောက်ထွက်ကြ ။
ငါ့လည်ပင်းပေါက်ထဲ ခေါင်းလျှိုလိုက်တဲ့
အလွမ်းတွေ ၊ အလွမ်းတွေ ။
စကားမဲ့နေတယ် ။ အလွမ်းတွေ စကားမဲ့နေတယ် ။
စကားဝါပန်းတွေ ပွင့်နေပေမယ့်
အလွမ်းတွေ စကားမဲ့နေတယ် ။


မျက်စိကိုတအားမှိတ်လိုက်တော့
ခြေသံတွေထဲ သစ်အိုပင်က သေရွာမှပြန်ထ
လွမ်းတယ်ဆိုတာ စကားပြောမတတ်တဲ့
အတိတ်မေ့ခြင်း ဆည်းဆာတွေ ငါသောက်သုံး
တစ်ဘ၀လုံး စမ်းချောင်းထဲ စကားလုံးတွေမျောခဲ့ ... ။


(၁) လွမ်းတယ် ။
(၂) လွမ်းတယ် ။
(၃) လွမ်းတယ် ။
လွမ်းတယ် ဆိုတဲ့ စကားကို ပြောလိုက်ဖို့
ငါ့ အလွမ်းကို ငါ ပြန်လွမ်းနေရ ။
လွတ် / လွဲ / လွမ်း ။
လွတ်ထွက်သွားတဲ့ လမ်းတွေမှာ
အလွဲတွေနဲ့ နေသားကျနေတဲ့ကောင်တစ်ယောက်
မင်းကို လွမ်းနေတယ် ။
(၃) လွမ်းတယ် ။
(၂) လွဲတယ် ။
(၁) လွတ်တယ် ။


ဒီမှာရပ်
ငါ့နှလုံးသားကို စက္ကန့်အစဉ်အတိုင်းဖြတ်ထုတ်
လွမ်းတယ်ဆိုတာကို ရုပ်သေးလုပ်ပစ်မယ်
အင်္ဂါနေ့ထူးမှာ မီးခိုး,ကခြေသည်ကလေးရဲ့ခြေဖ၀ါး
ငါ့အလွမ်းနာကျဒဏ်ရာနဲ့
၁။ လွတ်တယ်
၂။ လွဲတယ်
၃။ လွမ်းတယ် ....
စိတ္တဇကိုပျိုးပြီး စည်းကျော်လွမ်းခြင်းတွေ
ခေါင်းငုံ့မော့ငေး ... ဖုန်သဲတွေ ငါ့ကိုဝါးမြိုဆွေးနေကြတယ်...။


ဟုတ်တယ် ။
လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
နင်က လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
အလွမ်းတွေသာ ဆုလာဘ်ပေးသနားခဲ့တာ ။
မလွန်လွန်းဘူးလားကွယ် ။
တစ်ရစ်ထက် တစ်ရစ် တက်လာတဲ့ အလွမ်းတွေ
(၁) (၂) (၃) ............ ။
ပြီးရင် ... ဘာလာမလဲ ။
ဘာတွေလာပြီးမလဲ ။
ဘာတွေလာဖြီးမလဲ ။
အလွမ်း (၁)
အလွမ်း (၂)
အလွမ်း (၃)
အလွမ်းနဲ့ စ ၊ အလွမ်းနဲ့ ဆုံး ။
ဒီနွေ ပူတယ်ဆိုတာ ၊ အရင်နွေတွေလိုပါပဲ ။
ထူးမခြားနား ။


သရုပ်ပေါ်အောင် နင့်ကိုခေါ်ရရင် နတ်တွေငိုလိမ့်မယ် ...
"အ"ချင်ယောင်ဆောင်သွားတဲ့ နွေဦးနန်းတော်မှာ
ပူလောင်ခြင်းအခန်းကျဉ်းထဲ အလွမ်းတွေအသိုက်အုံဖွဲ့
အကျိုးအပဲ့တွေနဲ့ မိုးကောင်းကင်ကို
ငါ့အလွမ်းတွေလွှတ်တင်ရင် မိုးခေါင်သွားလိမ့်မယ်
နောက်ဆုံးလာမယ့် လမ်းတစ်ခုမှာ
အလွမ်းဆိပ်မိထားတဲ့ကိုယ်တစ်ခြမ်းကို ....
ငါက
ဘာကိုလွမ်းနေရဦးမလဲ ... ။


ကောင်းကင် အကျိုးအပဲ့ထက်မှ ကျလာသော
နတ်တွေ ငိုချလိုက်တဲ့ မျက်ရည်နက်တွေ ။
အကာလ ( “အ” ကာလ ) ညဥ့်ဦးယံမှာ
စည်းကျော်သွားသော မိုးခေါင်လွမ်းခြင်းများ ။
လွတ် / လွဲ / လွမ်း ။
မီးခိုး,ကခြေသည်ကလေး ရေ .. ။
ငါ့ နတ်ပျိုမကို ပြောပေးစမ်းပါ ။
စက္ကန့်နဲ့အမျှ လွမ်းနေတဲ့ ဆည်းဆာတွေ
စကားလုံးထဲ မျောခဲ့ ။
စကားလုံးတွေ မောခဲ့ ။
စကားပြော မတတ်လို့ လွမ်းတာပါ ။
စကားမပြောတတ်လို့ လွမ်းတာပါ ။
ဖွဲ့ စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
ဖွက်စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
မျက်စိကို တအား မှိတ်လိုက်တော့ .... ။
ရှင်လျက်နှင့် ရှင်ပြန်ထမြောက်သော သစ်ပင်အို ၏
ဦးတည်ရာမဲ့ ခြေသံ ။                ။




နီလေးဆူးခက်မင်း
29.3.2010




အမေနဲ့ခဏတာ ဆပ်ပြာပူဖေါင်းမှုတ်ကြည့်ခြင်း

အမေနဲ့ခဏတာ ဆပ်ပြာပူဖေါင်းမှုတ်ကြည့်ခြင်း
Tuesday, November 4th, 2008



၁၆နှစ်

အမေရေ
အမေ့သားလေ
ရည်မှန်းချက်တွေ စီးတန်းထားတယ်လေ
ဖြစ်ကိုဖြစ်ရမယ့် အရာတွေ
အမေထင်သလို ကမ္ဘာကြီးကပြားတယ်လေ

၁၈နှစ်

အမေရေ
အမေ့သားလေ
ဂုဏ်ထူးတွေသီတန်းထားလဲ
အမေ့ပခုံး ကျွဲလိုရုန်းတာ
စိတ်နှလုံး မချမ်းမြေ့ဘူး
ဖြစ်ချင်ရာဖြစ် သားတလှည့် ထမ်းပါရစေလေ


နှစ်၂ဝ

အမေရေ
အမေ့သားလေ
ထူးမလာပါဘူး ဘွဲ့အတုကြီးနဲ့ရူးတယ်
သင်တန်းတကာ ကားယားရပ်တော့
လမ်းတွေလဲ ဂွပိုကျတယ်အမေ

၂၂နှစ်

အမေရေ
အမေ့သားလေ
၂၁ရာစုမှာ ပညာအတုတွေနဲ့ ကူလီထမ်းတယ်
ချွေးနည်းနည်းစာမှာ အမေ့ကို ကြွေးမဲ့ထမင်း
မသန့်ရှင်းတာ သားလျှာတွေလဲ မြက်ပေါက်ပါပြီအမေ

နှစ်၂၄ နှစ်ပိုင်းတစ်ပိုင်း

အမေရေ
အမေ့သားလေ
လက်ချိုးရေလို့မရအောင် ရည်မှန်းချက်တွေပုံခဲ့ဖူးတယ

ရည်မှန်းချက်တွေကြွေကြွေသွာ
းတော့
သားလေ အမေ့အတွက်
၂၄ထပ်တိုက်ပေါ်က ဆပ်ပြာပူဖေါင်းအတုတွေ
လှလှပပမှုတ်တတ်နေပြီ အမေ ....။





nelay
 
 
 
 

သို့ ... အဖြောင့်စာ

သို့ ... အဖြောင့်စာ



ညီလေးရေ ...
ဂျီမေးလ်ကနေ ဆုတောင်းတစ်ခုပို့လိုက်တယ်
တစ်စက္ကန့်ကို မျက်ရည်ဘယ်လောက်ကျမလဲ
အင်တာနက်မြို့ရွာမှာ
ဆုတောင်းသံတွေသာ လှိုက်ပြိုဖုံးသွားမယ်
ကမ္ဘာကြီးကရှိုက်ကြီးတငင် ရက်စက်နေတုန်းပဲ
(၆၆၆)အေဒီဘယ်လောက်က သူ့ကိုငါတို့ဘာလုပ်ခဲ့လို့လဲ

ညီလေးရေ အညှိုးတွေရှိခဲ့ရင် တေးမထားပါနဲ့လား
အီးမေးလ်တွေ ပြည့်လျှံအောင်ဆုတောင်းလိုက်စမ်းပါ
အလကားရတဲ့ မေတ္တာတရားတွေ မဟုတ်လား
နောက်ဆုံးတော့လဲ ....
အမေ့မျက်ရည်တွေ LCD နောက်မှာ
မီးလောင်းတာကိုငေးကြ
ရေကြီးတာကိုငေးကြ
စစ်ဖြစ်တာကိုငေးကြ
မတရားလုပ်တာကိုငေးကြ
သင်္ကြန်ကျတာကိုငေးကြ
အနှေးပြကွက်နဲ့ပြန်ရစ်ကြည့်ရင်း
ငါတို့ငေးကြယုံပေါ့ ...။

Pagan တစ်ယောက်ရဲ့ပြန်တမ်းစာမှာ
ညီလေးရေ ၀မ်းနည်းစာကို အလင်းထဲပို့လွှတ်
ဘာသာတရားတစ်ခုခုနဲ့ လူစိတ်ကိုဖြစ်ညှစ်မွေး
ဒါတောင်
မင်းရင်ထဲက ငတေက ဒုက္ခတွေကို
လက်ခုပ်တီးချင်နေသေးတယ် ... ။

ခပ်မာမာဖွင့်လိုက်တိုင်း
ညီလေးရေ အမှောင်ထဲမှာ စာတစ်စောင်ရောက်နေတယ်
နှလုံးသားထဲက ကြောင်တစ်ကောင်နဲ့
မင်းခေါင်းပေါ်က မျောက်ကို
အခွင့်အရေးမပေးမိစေနဲ့ ...
အိပ်ပေါက်ထဲ ဖားတွေမထည့်မိဖို့နဲ့
ကလေးတွေငိုရင်
အိပ်ဆေးသောက်ပြီး အိပ်ဖို့လဲ မမေ့ပါနဲ့ ...
အမှားတွေက အမှန်နှစ်ခု ကြက်ခြေခတ်ထားတာမို့
အဖြောင့်မြင်တိုင်း ခြေလှမ်းမပြင်မိစေနဲ့ ... ။

ငြိမ်းချမ်းတဲ့ရင်ခွင်မှာ
အမေ့နာမည် ပီသစွာ ခေါ်တတ်လာရင်
မင်းအိမ်အပြန်ကို တိမ်ကိုးပေါ်က
မလွတ်မြောက်နိုင်တဲ့ ငါတို့ကြိုနေပါ့မယ်ကွာ ... ။



nelay

Wednesday, March 24, 2010

စိတ္တဇ ဥယျာဉ်

 
  
စိတ္တဇ ဥယျာဉ် 


အချိန်ကိုမသိတဲ့မှတ်ဥာဏ်နဲ့
ပန်းဝတ်ရုံပေါ်မှာ ငါက
သုညထမ်းတဲ့ကောင်

လျှာတွေ အနက်ရောင်ပြောင်းခဲ့တာ
သိပ်မကြာသေးဘူး

မလိမ်ဖူးတဲ့လူတယောက်အတွက်
သော့တချောင်းပေးထားမယ်
ဆူဆူညံညံတွေကို
သပ်သပ်ရပ်ရပ်ဖွင့်ချလိုက်ရင်
မျက်မမြင်တကောင်ရဲ့ ငိုပွဲဟာ မိုးမခေါင်တော့ဘူး

မီးတတို့လောက်တောင်းတဲ့ခေတ်မဟုတ်တော့
ငါ့စကားဝှက်တွေ '' . " စိတ်ကူးတွေနဲ့ပြောက်ဆုံးသွားတယ်

ငါ့ကိုယ်ငါမုန်းတဲ့ညက
ဖားပြုတ်တွေ နှင်းဆီငတ်ကြ

အခြေမရှိတဲ့လေပြေတွေ လမ်းမကိုကျောသပ်
ငါ့ နှလုံးသားတွေ လေဖြတ်သွားပြီလား

ပြောကြဆိုကြတဲ့အထဲမှာ မိန်းမအကြောင်းမပါစေနဲ့
ဒီတောမှာ ဘယ်မိန်းမမှမရှိတော့ဘူး။

လက်ညှိုးထိုးပြီး ကျကွဲသွားတဲ့ ရယ်သံတွေထဲ
ဝေါဟာရတွေကို မိတ်ဆွေအဖြစ်မသုံးခဲ့ပါဘူး

တပွင့်ထဲသာ
ဒီတောထဲမှာလင်းကျန်နေတာ

ကြက်ခိုးတွေကြားက ငါ့ကြယ်ငိုကလေးရေ ...
အရာအားလုံးကို ကြွေကျသွားတဲ့ အသံတွေပါ

လာနားထောင် ...
ဒီရင်တွေ ဘယ်လောက်မှောင်နေလိုက်သလဲ

ဆာလောင်နေတဲ့ မုသားများကြားမှာ
ငါကချိုမြိန်တဲ့အမှား ...

တစ်ယောက်ယောက်ကြားအောင်များ
ငါဆွံ့အ ခဲ့လေသလား

ဆန့်ကျင်ဖက်ကိုထွက်ပြေးသွားတဲ့
စကားများက တုတ်နှောင်
ငါ့အသက်ရှုသံကို စိတ်တ္တဇလှောင်ပိတ်
အမှောင်ရိပ်မှ ငါပြန်လာခဲ့တယ် ... ။
 
 
 
nelay

Sunday, March 21, 2010

စိတ်/ သ င တ

စိတ်/ သ င တ

သုံးလုံးတပ်မနက်ဖြန်
စိတ်မျဉ်းကျားဖြတ်ကူး
လျှာအဟုန်ဝင်ဆောင့်
နှလုံးသွေး
ပေါက်ထွက်သွားရ
ငါ့ ...
သူငယ်တော် ပျော်လိုက်တာ .... ။


nelay

ဖွင့်ဆိုချက်

ဖွင့်ဆိုချက်


အချစ်ဆိုတာ အမှောင်
ငါဂျောင်ထဲရောက်မှ တမော့ချ
ရင်တွေပူလိုက်တာ ဟာ ....

ပြတင်းတံခါးမှာ အဆိပ်တွေဆေးပျက်
ငါလက်တချောင်းတည်းနဲ့ လတွေကြွေခဲ့
ကဝေရယ် စုန်းရယ် ဖက်တွယ်စုတ်သတ်
အိပ်မက်တွေ အစိမ်းချိုလို့မဆုံးနိုင်ခဲ့ ... ။

တလမ်းလုံး နီမြန်း လရောင်သန်းမထားဘူး
သွေးစီးချောင်းမှာ ကဝေတွေအိပ်မပျော်ခဲ့
ကလဲ့စားဆိုတဲ့ ဓါးတလက် လင်းခနဲ့ထိုးစိုက်
စုန်းတို့ပျော်ပိုက်တဲ့ ကာလတွေ ... ။

ငါပြောက်ဆုံးသွားတဲ့ အမှောင်
အချစ်ထက်လေးနက်တဲ့ အဓိပ္ပါယ်ရှိရင်
အမဲရောင်ဆိုးပြီး ငါ့ကိုသောက်သုံးဖို့
သီဝရီတွေလှန်လှော် ရှာဖွေ မင်းမတွေ့နိုင်ဘူး

အမှောင်နဲ့ကျောချင်ကပ် ငါ့အချစ်တွေ
နှစ်သက်ကြည်နူးဖွယ်ရာမြင်ကွင်း
မင်းမကြည့်တတ်သေးဘူး
ဒုက္ခိတသက်တန့်လမ်းဟာ အမြဲကြမ်းနေလျှက် . . .။



nelay


အဟုန် ၃


အဟုန် ၃ 


လေးဖက်လေးတန် မညီမျှခြင်းမှာ
ငါတို့ ဘာလို့ ဝေဝါးနေမှာလဲ
လုံးလုံးကို သေပြလိုက်ပါ

တင်းရင်းစွာလှပနေတဲ့ နိဗ္ဗာန်ကုန်တိုက်
ကြမ်းပြင်မှာ လုံးတီးအလှတွေ အကွက်စိတ်စိတ်
ပြုံးပြရုံနဲ့ လူဖြစ်ခဲ့တဲ့ အဆိပ်ရာသီ
ငှက်ဆိုးဗလာ စရိုက်မျိုးမှာ တိမ်ပျိုးကြလေရဲ့

မီးလို ရေလို ခလုတ်
အဟုတ်ကိုမုန်းတဲ့ ပန်း
မေတ္တာလက်ဆောင် ချွဲသလိပ်
နံရိုးကြားမှာ ငွေ့အိမ်ဖွဲ့ ငိုလိုက်ကြတာ

ရှင်းမရ မျက်နှာကျက်
ရေဘုံဘိုင်ရဲ့ မျက်ရည်တစက်မှာ
ဘဝဟာ ဒလဟော စီးလေရဲ့
ငါ့အလှကို မျက်နှာသာမပေးရက်လေခြင်း

တာရာ ကပ်ညှိ နှလုံးအိမ်
အံသွားရဲ့ ဖြူစင်မှုမျိုး
မြက်ပင်တို့ မရိုးတော့ဘူး
ကြမ်းကြားထဲက လေချင်

အတွင်းရန်ရဲ့ တိတ်ဆိတ်သော ည
လမ်းတွေ အားလုံးသေဆုံးတဲ့အခါ
လူမဆန်ခြင်းရဲ့ ဂဠုန် ပုန်းစေတော့
အရိပ်တွေလဲ လွင့်လေရဲ့

ကြိုးတချောင်မှာ ကပ်ညှိခြင်း
ဗလ နဲ့ ဗလာ ဘယ်ဟာအမှန်
မုန်းမိသူတယောက်ရဲ့ ခဏတာ
မျက်လုံး သုံးသောပြဇာတ်မှာ
ပွဲဟာအပြီးသတ်ပြီ။





nelay






Wednesday, March 17, 2010

ရေတံခွန်ပျံပေါ်က သက်တန့်

တိတ်ဆိတ်ခြင်းအသံတွေ
ပင်လယ်ဆီကရောက်လာ
မင်းသာ ငါ့မျက်ရည်ကျရာ
ဟိုးဝေးဝေးက မိုးကောင်းကင်

အချစ်နဲ့ပျော်ရွှင်ခြင်း
မင်းသာ ထာဝရ
လင်းလက်မဆုံးတဲ့
ငါ့သမုဒယသစ္စာအလင်း

အနားမှာရာသီသုံးခု
မင်းရှိနေတဲ့ဥတုတိုင်းမှာ
သေမင်းကိုမမှုတဲ့
မနက်ဖြန်တွေရှိလိမ့်အုံးမယ်

ကမ်းပါးအထက်ကစိတ်မှာ
မင်းနဲ့ငါ့ရဲ့လိပ်ပြာထိသံကို
ဗဟုလောကအလွန်က
လမင်းစက်သီးနဲ့ဆွဲတင်ကြမယ်

ပြန်မကျစတမ်း
မိုးပေါ်ပျံရအောင်
တိမ်ခိုးမဲတွေတွဲခိုရင်
ငါနားတိုးလို့ဖက်ထားစမ်းပါ

ဒီမျက်မမြင်ကောင်က
စိတ်အလွန်နယ်မှာ
မင့်အတွက်လှောင်အိမ်ကိုဖောက်မဲ့
ရနံ့ပျိုးတဲ့သက်တန့်ဒါးကိုသွေးနေတယ်

ကိုင်းကိုင်းလေးကွေးလို့
ပြုံးလိုက်စမ်းပါ
ဒီအပြုံးနဲ့တင်ငါ့ခွန်အား
စစ်သံမကြားခင်
ရန်သူတွေသေစေရမယ်

အတိတ်ထဲက ဒါးနဲ့ခွဲပြီးထွက်
ဒတိတိယိုနေတဲ့ သွေးအေးတွေ
ပစ္စုပ္ပန်မှာ နှင်းအထွေးတွေနဲ့
အနာဂတ်သွေးမိုက်တွေသောက်ကြရအောင်

ငါ့ကိုမဖောက်ပြားဖို့မတောင်းဆိုပါဘူး
မင်းဟာလဲနှလုံးသားနဲ့လူ
ငါကလဲလက်ထိပ်မုန်းတဲ့သူ
အကျဉ်းဆန်တဲ့ဘဝမျိုးတွေ
ဘယ်တော့မှငါတို့ဝင်မတိုးဘူး

ဒါပေမဲ့
ငါ့သွေးကြောထဲမှာ
မင်းဟာထာဝရဆန်တဲ့မြစ်လေးစင်း
နှလုံးသားရပ်ဝန်းမှာ
ဘယ်သောင်မှအထွန်းမခံနိုင်ဘူး

ဒါမို့
ယခုကစ
ငါ့ဥတုအလှမှာ
သက်တန့်ပေါ်ကနက္ခတ်ပျော်တဲ့
ချစ်တတ်ခြင်းရဲ့ရေတံခွန်ပျံဟာ
မကြာခင် . . .
နဂါးအကောင်တသောင်းအောင်းတဲ့စမ်းမှ
. . .
ဝုန်းဝုန်းဒိုင်းဒိုင်း . . .
. . . .
မင်းဖက်ထားစမ်းပါ
ငါ့သက်တန့်လေးကို . . . ။




nelay

ကိုယ်ပိုင် သံလမ်း


အသုံးမကျတဲ့အိမ်ဦးနတ်ကိုခေါင်းနဲ့မော့တိုက်လို့မရဘူးတဲ့လား
ငါကိုက တိမ်တွေကိုဖောက်ထွက်နေမိတာ
ခေါင်းက ရှည်လွန်းတယ် . . .

ပစ်မှတ်တွေက ရတနာတွေပေါ်
ရ ... တာ ... နာ ခဲ့ . . .
အသိဥာဏ်တွေက
'' ... '' ခေါ်ဖို့တောင်မထိုက်တန်ခဲ့
ဒီနေရာလေးမှာပဲ ငါတို့ရပ်တန့်လိုက်ကြမယ်

လေးပုံပုံရင် ငါ့ဓါတ်ပုံကို
မြေမြှုပ်ပစ် ... (အပြီးအပိုင်)
မြေမြှုပ်ပစ် .  .  .

သိပ်လှတဲ့အသိုက်အမြုံလေးကို
စစတွဲသီကတည်းက ... အမြုံ
ရယူခြင်းတွေ ပိုင်ဆိုင်ခြင်းတွေ
အတ္တကြီးနေခဲ့လို့ အခု ...
လျှော့ရဲ့ရဲ့ ပြေရတော့မယ် . . .

အပွင့်အလင်းဆုံး လမ်းမှာ
ငါတို့တွေရဲ့ လေတွေ မလျှောက်ခဲ့လို့
အနားလည်တတ်ဆုံး စိတ်တွေ
လေ . . . လေ . . လေသွားခဲ့ . .

ငါတို့တွေ တိုးတိုးလေးခွဲထွက်ဖို့
တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း
ခြံစည်းရိုးအသေတွေ ဖျက်စီးကြ
မှောင်ရီပျိုတော့မှ တယောက်ကိုတယောက်
အလှမ်း ၆ဝနဲ့ ဘဝကိုအဆုံးတိုင်ခဲ့ . . .

ထုံးစံအတိုင်းပါပဲ ပြတင်းတို့ရယ်
ငါ့လေညှင်းမှာ ပျော်ရွှင်စရာမရှိ
ငါတို့ကိုယ်တိုင်အသိနဲ့ခေါင်းတွဲကြီးကို
နှလုံးသွေးတွေထုတ်ပြီး .... ဖောက်ခွဲ ..
ဖောက် ... ခွဲ ...
ဖောက်ခွဲပြစ်ခဲ့တယ် ... ။


nelay 

WHAT SHOULD WE DO


IS NOT COMPLETE IN OUR LIFE ...
A FULL OF FIGHT...
THEY DO OF KNIFE ..
FOR THE YOUNG MEN'S LIFE ...
DEATH IS THE ONLY WAY OF SILENT NIGHT ...

IS NOT COMPLETE IN CRY PEACE ...
OUR HAND IS USELESS FOR THAT TEARS ...
THEY HAVE NOT BITCH A BRAIN  ...
WHAT SHOULD WE DO NOW ...
EVERYTHING IS NOT AROUND ...

IS NOT COMPLETED KIN ...
WHERE IS A BLIMP...
THE GENTLE CANDLE IS FAINTED SCENE ...
OUR CHILDS BONE WAS HISTORY IN BURY ...
WHERE IS TRUTH MEMORY ...

IS NOT COMPLETE IN COMBAT ...
OUR LONELY WITH BLOOD FLAG ...
JUZ A PLUTO'S HOPE ...
( HOPE AGAINST HOPE )
ANOTHER STOKE ARE SCREWY MOCK ...
THEY ARE SUCKING OUR THROAT ...

IS NOT COMPLETE IN THAT WAY ...
YEARS ARE SNUFF AWAY ...
WE SINKING WHAT !!!! ...
JUZ A FLOWING F.. KING HEART ...

THE END
DEATH IS ONLY
L .. U .. C .. K ...
(? I THINK ''F'' NOT HERE WHY)



nelay





ဖြစ်ရပ်မှန် သကြား

ကျီးတအုပ်ပျံသန်းသွားခြင်းကို
ငေးမောနေသော သူတယောက်မဟုတ်
ကျီးအုပ်ဆိတ်လို့ အခွင့်သာကိုစောင့်ရင်း
လွတ်မြောက်ရာကို ပျံပြေးနေသော လင်းယုန်
အကြောင်းအမျိုးမျိုးကြောင့်
ခွေးဖြစ်သွားသော ဘုရင်ကြီးများ
ငြင်းဆန်ခွင့်မရခင်
ဘုရင်ဖြစ်လာသော ခွေးအ များ
ကိုယ့်အလုပ်ကိုယ်
တန်ဖိုးမထားတတ်သော မြို့တသိုက်
စိတ်ရောကိုယ်ပါ
ပြောက်ဆုံးသွားတဲ့ လုပ်ငန်းတွေ
နက်ဂတစ်စန့်နဲ့ရေးထားသော ကဗျာ
အထူးပြုလုပ်ချက်များနဲ့ စကားလုံးထုတ်
ဖတ်လို့မကောင်းသော ဟာသများ
တစေဖြစ်သွားတဲ့ ကိုယ်ဝန်သည်
ဟိုဝှာကျယ်နေတဲ့ မိန်လာတွင်း
ပွဲတော်အထင်နဲ့ ဆင်းသွားတဲ့ ဝံပုလွေ
ညရောက်မှာကြောက်ကြောက်နေတဲ့ ဇီးကွက်တွေ
သံပတ်ပေးမှားလို့ လန့်နှိုးလာတဲ့ နဂါး
အိပ်ချင်မူးတူးနဲ့ ဝါးလိုက်သောအသီးတွေ
အပြင်က အေးတိအေးစက်
အတွင်း၌ ခါးနေသော နှလုံးသား
ရဲတိုက်အတွင်းမှ ဆရာဝန်တွေ
ဥာဏ်မမှီသေးသော အခြောက်များ
အခါးရည်တွေ ဗိုက်ထဲ၌ မီးတောက်သောအခါ
ယောက်ျားစိတ်ပြောက်သွားတဲ့ ကတိတို့
မရေးနှစ်ချောင်းငင်ဝတ်စံနှစ်လုံးပေါက် ကြလေပြီ . . .။







nelay

Sunday, March 14, 2010

အရူးမြင်ကွင်းကျယ်


 

အရူးမြင်ကွင်းကျယ်




blueberry ရေကိုသောက်ပြီး
မှောင်သွားတဲ့ ငါ့တွင်းမှာ
မြွေဟောက်သံ ခပ်ပြင်းပြင်းကိုကြားရတယ်။

သူ့ကျွန် ငွေမဟာ သူ့ခါးပိုက်ထဲမှာဝင်ခွေ
ငါတို့ကို ပြန်အမ်းဝေ အုံးမတဲ့လား ... ။

တစ်ထောင်တန် အစုတ်များနဲ့လူလုပ်နေတဲ့
ကျက်သရေ ရုပ်မကလေးရေ ....
အကြောက်တရားများပန်ဆင်လို့
ဝေေ၀ဆာဆာ လှနေတယ်ပေါ့ .... ။

ယဉ်ကျေးမှုအရ ကြီးနိုင်ငယ်ညှင်း
အနီရောင် ၀ိုင်ခွက်ထဲမှာ
လက်ခုပ်သံတွေ ၀င်းဝင်းတောက်နေတယ် ... ။

ခတ္တ ငွေနောက်လိုက်သူများ
မြွေတွင်းထဲ ၀င်သွားကြတယ် ... ။

ခြေင်္သေ့တွေ အူတဲ့ မြို့မှာ
ရွှေပြည်သာဆင်ခြေဖုံးလောက်
မဏ္ဍတပ်တွေဆောက်ကြအုံးမတဲ့ ... ။

ဒန့်သလွန်သီးတွေ
installation art နဲ့တွဲပြီးချက်စား
ကြက် (သား) တွေဘယ်ရောက်သွားလဲ .... ။

ဆေးရုံပေါ်က မီဒီယာလောကကြီး
ရုတ်တရက်
အရွယ်မတိုင်ခင်
ဆုံးပါးသွားပြီး ... ။

အရာအားလုံးကို လုပ်ချင်နေတဲ့
မြို့ကလေးနီတာရဲဟာ
ပခုံးတွေဘို့ထပြီး
ဘာတခုမှမဖြစ်ထွန်းတဲ့မြေကို
ထွန်လို့ယက်လို့
ထွန်လို့ယက်လို့
ထွန်လို့ယက်လို့ ..... ။




nelay


အောင်မြင်သော လမ်းခွဲ အနုပညာ



 

ပန်းချီကားထဲက သွေးစက်တွေထွက်ကျလာတဲ့အခါ
ပန်းချီထဲမှာ ပန်းချီဆရာက သေပြီးနှင့်ပြီ

ဂီတထဲက သံစဉ်တွေထွက်ကျလာတဲ့အခါ
သီချင်းထဲမှာ အဆိုတော်က သေပြီးနှင့်ပြီ

ကဗျာထဲက အဏုစကြ၀ဠာလေးထွက်ကျလာတဲ့အခါ
စာလုံးတွေထဲမှာ ကဗျာပညာရှင်က သေပြီးနှင့်ပြီ

အောင်မြင်မှုထဲက နာရီတွေထွက်ကျလာတဲ့အခါ
အောင်မြင်မှုအသေတွေထဲမှာ ဘာမှမရှိခြင်းဟာ
အနုပညာအဖြစ် သေပြီးနှင့်ပြီ .... ။









nelay









Saturday, March 13, 2010

အ သံ ပျက် ည



ခရမ်းရောင်တစ်ဝက်

ပန်းရောင်တစ်ဝက်ရောနှောထားသော
အိပ်မက်အကြွေ ။

ဟိုဖက်ခြမ်းမှာ
အနီရောင်နဲ့ အစိမ်းရောင်
လွမ်းလို့သေသွားတဲ့ဗွက်အိုင်လေးရှိတယ်
မကြည်မလင်ရာသီများမို့
ခြေ၀င်ဆေးသွားလဲကျေနပ်နေမယ်
ငါက တံထွေးခွက်ထဲက လေပါ ...။

နင့်ခြေရာထင်ကျန်စေဖို့
ငါ့အိုင်လေး ရေမျောကမ်းတင်သွားပါစေ
တစ်ခါတစ်လေ အချစ်ဆိုတာ စာလုံးပေါင်းမမှန်ဘူး
ကိုယ့်ဒဏ်ရာကိုယ့်လျှာနဲ့ပြန်ရက်
မနေ့ညကမက်တဲ့ အိပ်မက်က အတုကြီး ... ။

ဘာဖြစ်ဖြစ်
ငါက အဆိပ်တုလဲကြိုက်တယ် ....
လျှာကြားထဲညှပ်သွားတဲ့ အစိမ်းတစ
ရင်ခုအောင် သင်္ချိုင်းလှလှလေးပေါ် ငါအူလိုက်အုံးမယ် ....
နင်ကြားရဲ့လား လမင်း ....
နင်ကြွေအောင် ငါဆုတောင်းနေတာမဟုတ်ဘူး ....။

သံယောဇဉ်ကြိုးတစ်ချောင်းနဲ့
မိုးလင်းမိုးချုပ်ညဥ့်နက်ခဲ့ဖူးတယ်
ငါ့ရင်ထဲကဒုက္ခသည်စခန်းကလည်း
နာတာရှည်ရောဂါတွေနဲ့ပြည့်နှက်လို ...။

နင့်အစိုးရအတွက်နဲ့ ငါကဒုက္ခသည်ဖြစ်ရတာ
အပျက်မကိုမွေးထုတ်နေသလိုပဲ ....
လူနာဆောင်မှာ အဆင့်အတန်းဆိုတဲ့
ခုခံအားကသိသိသာသာကိုကျ ...
ငါပြန်ထမရတော့ဘူး ....။

အဲလိုနဲ့ငါ့အဆုပ်ထဲဟိုက်ဒရိုဂျင်တွေပြည့်နှက်လို့
ခဏခဏကိုယ်ဝန်ပျက်ကျခဲ့ရ
နောက်ဆုံးတော့လည်း
အနံ့လေးတစ်စက်တစ်လေများကျန်လေမလားဆိုပြီး
မော့
မော့
ကြည့်ရတာ ............

အော် .........
ခရေ ရနံ့ဆောင်သွားတဲ့ ....
ကျီးမိုက်ကလေးတောင်
အိမ်ပြန်ချိန် မငိုတတ်တော့ဘူး .... ။


အမည်မဲ့ + နီလေး
 
 
 
 
 
 
 
 
 

မဟာအဆိပ် လမ်း






 


ဟိုး ........ ငယ်ငယ်တုန်းက
ညညဆို
ပင်လယ်ကြီးက
အဆိပ်တွေသောက်သောက်လာတယ်
အဆိပ်တွေဝါးဝါးလာတယ်
ငါ့ကို အဆိပ်ကြေတွေ ခွံ့ခွံ့ကြွေးပြီး
အဆိပ်ရနံ့တွေနဲ့ ဆုံးမရိုက်နှက်
ညပျက်ဟာ နက်နက်လာတယ်။

လပြည့်ည ...
အဆိပ် လေ ခေါင်ခေါင်မှာထားခဲ့ပြီး
ပင်လယ်ကြီးဟာ
ဟိုး ......... အဝေးကို
ခဏခဏထွက်ထွက်သွားတယ် ။

ဒီလိုနဲ့
ရေကူးတတ်တဲ့အရွယ်ရောက်တော့

မနက်မနက်ဆို
မြစ်ကျယ်ကြီးကပွက်ပွက်ဆူ ...
အဆိပ်တွေတိုက်တယ်
အဆိပ်တွေစားတယ်
အပြစ်တွေချချကြွေးပြီး
အဆိပ်တွေသောင်ထွန်းတယ်။

ငါ့ကိုပိတ်ဆို့သွားတဲ့
အဆိပ်ဒိုက်တွေ
အဲဒီမှာ ...
အဆိပ်စမ်းကလေးစီးမရတော့ဘူး ။

ဟိုး ...... နေ၀င်ချိန်မှာ
အဆိပ်ရေဆန်ထဲ
ကိုယ့်ဝမ်းပေါ်ကိုယ်ရပ်ပြီးလှော်လာတဲ့လှေကလေး
ဇင်ယော်ကိုအဆိပ်ကြွေးပြီး
ဝမ်းတွင်းအဆိပ်တွေခပ်ခပ်ထုတ် ...
သူမမြှုပ်အောင်
တိုက်ပွဲဝင်အဆိပ်လွှင့်နေအုံးမယ် .... ။



nelay









ယုန်စကား

 ယုန်စကား


ဟာ .........
ငါ့လိပ်ပြာငါတောင်
တခါတခါမယုံရတာ
ငါက
ဘယ်သူ့စကားယုံရမှာလဲ .... ။




nelay




Thursday, March 11, 2010

နတ်ပျိုမ အတွက်ကဗျာပျို့အန်ခြင်း


 


နတ်ပျိုမ အတွက်ကဗျာပျို့အန်ခြင်း

နင့်ကောင်းကင်မှာ
ကြယ်ကြွေတယ်ဆို ...
အတုကြီးလားငါမသိပေမဲ့ ...
မွန်မြတ်ဆုံး ဆုတစ်ခုကိုတောင်း
ဆောင်းမရောက်ခင် နင်အောင်မြင်ပျိုမြစ်ပါစေကြောင်း ...။

ငါ့ရင်ဘတ်ပေါ်ဖြတ်ကြွေသွားတဲ့ ကြယ်
နင်တစ်ယောက် အောင်မြင်ပါစေကွယ် ...။

မြက်ခင်းပေါ်က နှလုံးသွေးတဖုံ
တလျှပ်လျှပ်ခုန်နေသေးတယ်
အခုတော့
ကြယ်တွေခဏခဏကြွေလဲ ငါမဖြုံတော့ဘူး ...။

ခရေပင်တွေအများကြီးစိုက်ပျိုးပေမဲ့
ခရေတွေပွင့်လို့ကုန်
ရောင်းလို့ကုန်
ကြွေလို့ကုန်
ရနံ့တွေစားသုံးလို့ကုန်သွားတယ် ... ။

မျက်ရေသေဆုံးခြင်းနဲ့ ကြယ်သေကို
စနေ ငါ ...
ကောင်းကင်ပေါ် ပြန်ကပ်ပေးလိုက်တယ် ... ။

လပြည့်နေ့မှာ ...
နင်ဘယ်လိုနေလဲ ငါမတွေးတော့ဘူး ...။

အုတ်ဂူထဲကဆောင်းနဲ့
အပြင်ကဆောင်း ဘာကွာလဲ
ငါ အတိုင်းအထွာမတတ်ခဲ့ ....။

မြက်ခင်းကိုတိုင်တည်ပါတယ်
မနက်ခင်းကို အလွမ်းမပျိုးတော့ဘူး
ငါ့ကို စကားသတ်ခွင့်ပြုပါ ...။

ကန်ဘောင်တခြမ်းကို ငါဖြတ်သိမ်းထားလဲ
လပျက်ညဟာ နင့်ခေါင်းပေါ်မှာ
သေလျှက်လင်း ...
အဆိပ်တွေခင်းကျင်းထားတဲ့ ရင်ခွင်နွေဦးမှာ
နင်မေ့သွားတဲ့ ငါ့မွေးဖွားသေဆုံးခြင်းရှိတယ် ...။

နင်နဲ့ငါ့ရဲ့ကြိုး
ကြိုးပီသစွာ ပြတ်တောက်ထိုးစိုက် ....
ဘ၀က အပျက်မရင်ခွင်လောက်မမိုက်တော့ဘူး ...။

မြက်ခင်းပေါ်က အခြောက်မလေးရေ ...
သတ္တိနဲ့မာယာကို အလှဲအလှယ်လုပ်လိုက်တာလား ...

ဒါဆို
ငါ့ကိုစစ်သူကြီးလို့ခေါ်ပြီး နောက်လိုက်မပါတဲ့
ဒေါင်းယောင်ဆောင် ကျီးမဲတွေကြား
ခန္ဓာကိုအဆိပ်ကြွေးပြီး
ငါ့ဝိဥာဉ်အား အလင်းသေခွင့်ပြုပါ ...။


nelay











Monday, March 8, 2010

နိုးထလာတဲ့ ပွင့်ငုံ့တော


 

နိုးထလာတဲ့ ပွင့်ငုံ့တော
 

နင်ဟာငါ့ကောင်းကင်တခုလုံး ခွာချသွားပြီးမှ
ငါ့ကိုဘာလို့ အမျိုးမျိုး ငိုပြရတာလဲ တိမ်ပျို

နေလုံးတွေ တီရှပ်ပေါ်မှာ ကောက်ယူချယ်သထားတာပဲ
ငါ့ကိုဘာလို့ အစိမ်းလိုက် မုန်းပြချင်ရတာလဲ ကမ္ဘာရယ်
တညို့ညို့ အုပ်ဆိုင်ပြီးမှ . . .
ငါဆိုတဲ့သက်တန့်က ကွေးလာခဲ့ရတာပါ

မင်းနှုတ်ခမ်းလေးဆူပြမှ ရေတံခွန်တွေ . . .
ငါ့ရွာကိုတိုက်စားသွားရတာလေ
စွန်တကောင်ရဲ့ မျက်လုံးအောက်မှာ . . .
ပန်းခင်းကြီးတခုလုံးပျောက်ဆုံးသွားပြီ

ပွင့်တောရဲ့ ဘယ်ဖက်ပါးပြင်က အမှတ်လေးဟာ . . .
ငါတမ်းတမ်းတတ အမှတ်ရနေတဲ့ အငုံ့လေး တခုပေါ့
ပြန်ပြန်တွေးတိုင်း ခြေရောလက်ရော လိမ်နေခဲ့တာ
ကြည့်တဲ့သူတိုင်းမရှင်းကြဘူး . . .

ပြောမရဆိုမရ ပတ်တီးပရဗွနဲ့
ငါ့ပါးစပ်တွေ ချစ်တယ်ကြီးပဲ လှိမ့်လှိမ့်ထွက်နေတယ်
တိုက်တွေကုန်းရုးံ ထလာပြီးလေ
ဟေမာန်တောကို ငုံ့ကြည့်တော့မယ် နွေနှင်း . . .

နင့်အမြင်တွေ ရှင်းအောင် နင့်မျက်နှာပေါ်က
ဆံနွယ်လှလှတွေ ငါ့ဘ၀နဲ့ယူငင်ရှင်းပါရစေ
အနီရောင် မြက်ခင်းတွေ ကြီးထွားလာလိုက်တာ
ငါ့ပြတင်းမှာ မွှန်းကြပ်အောင် စိမ်းနေကြပြီ

ငါ့ကိုယ်ငါပြန်မမြင်ရဘူး ပွင့်ငုံ့ . . .
လေတွေအဟုန်လိုက် တိုက်နေကြပြီး . . . 
နွေနှင်းရယ် . . . ။




nelay



 


ဗဟိုကွဲအား

ဗဟိုကွဲအား


ဆောင်းခေတ်က ပေးခဲ့တဲ့
မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပဲ။
တစ်ယောက်တည်းနေရတဲ့ ငါ့ကို
ဘယ်သူနဲ့မှ မနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား...။

နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်။

အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။

ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ..
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။

မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။



တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ 




 http://taryarminwaimemorial.blogspot.com/2007/08/blog-post_9837.html

တစ်ယောက်တည်းစကားပြောခြင်း (နေမျိုး)




တစ်ယောက်တည်းစကားပြောခြင်း (နေမျိုး) 




မြို့ကြီးရဲ့သွေးတွေ အကုန်စုပ်ယူမယ့် ကြမ်းပိုးတစ်ကောင်
ကျနော် ဖမ်းမိခဲ့တယ်၊ အိပ်ရာထဲမှာ
ဘုံဘိုင်က ရေမလာဘူး (တစ်နှစ်ကျော်ပြီ)
သူမက ကျနော်ကို လွမ်းပြီးမငိုဘူး (တစ်နှစ်ကျော်ပြီ)
ညစာစားဖို့ အကြောင်းကြားတဲ့သံကြိုးစာဝင်လာတယ်
ဗာဒံပင်က သူချုပ်တည်းထားခဲ့သမျှကို တစ်ရွက်ပြီးတစ်ရွက် ခြွေချလို့
မရေးရသေးတဲ့ ၀တုထဲက ဇာတ်ကောင်တွေ စကားပြောနေကြ
''ဒါဆို . . . လူကြီးမင်းက ကျနော့်အဖေပေါ့၊ တွေ့ရတာဝမ်းသာပါတယ်'' တဲ့
ကျနော်တို့ မုန်တိုင်းကို လေညင်းဖြစ်အောင် ခွဲစိတ်အောင်မြင်ခဲ့ကြပြီ
အစီရင်ခံစာတစ်စောင်မှာ ဖတ်ရတယ်
အဝေးမှာ ကြယ်တွေအူနေကြရဲ့
ကျနော်လည်ချောင်းတွေ ယားလာတယ်မိတ်ဆွေ
ဆင်တစ်ကောင်ကို ဘယ်မြွေမှ ကုန်အောင်မျိုနိုင်မှာမဟုတ်ဘူးလို့
ကျနော့်ကို ပြောပြနေတာလား အာဖရိက
ဧပြီလပြီးရင် ဧပြီလမလာဘူး
မစတာဂျွန် (၀မ်းနည်းပါတယ်) မင်းကို ငါမသိဘူး
ကျနော် ငတ်မွတ်ခဲ့ဖူးပုံကို အရသာရှိရှိပြန်ပြောနိုင်ပါပြီ
ဒိုင်ယာရီထဲမှာ အချက်ပေးခေါင်းလောင်းတွေမြည်ကြ
ငွေစကူတွေဆီက အနံ့တထောင်းထောင်းရနေပေါ့
ကျနော့်မှာ ငွေစကူမရှိ
စီးကရက်တစ်လိပ်ကို မီးညှိပြီး ငြင်းပယ်ဖို့ ကြိုးစားကြည့်မိပြန်ပေါ့
ငြိမ်သက်ခြင်းဟာ ဇာတ်ညွှန်းနှစ်ခုကို
တစ်ပြိုင်တည်းသရုပ်ဆောင်ရာရောက်သတဲ့
ပျောက်ဆုံးသွားတဲ့ဖခင်တွေအတွက် သင်္ဘောတစ်စီး ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ သင်္ဘောတစ်စီးအတွက် ရေငုပ်သမားတွေ ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ ရေငုပ်သမားတွေအတွက် လင်းပိုင်များထွက်ခွာခဲ့ပါပြီ
ရောမမြို့ကြီး နှင်းတွေထဲမှာ ငြိမ်တိတ်နေချိန်
ကျနော်ဟာ တယောတစ်လက်ထိုးနေခဲ့တယ်။


နေမျိုး

မိမိကိုယ်ကို ဖျော်ဖြေတင်ဆက်မှု (နေမျိုး)

မိမိကိုယ်ကို ဖျော်ဖြေတင်ဆက်မှု (နေမျိုး)


သူဟာ
ဆိတ်အုပ်တွေကို နေ့စဉ်ကျောင်းခဲ့တယ်
နောက်တော့
နှစ်ကာလတွေကို သူ့ရင်ဘတ်ထဲမှာကျောင်းခဲ့တယ်
ပြီးတော့
စာရွက်တွေကို စကားလုံးတွေပေါ်မှာ ကျောင်းခဲ့သပေါ့
သူဟာ
မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ချစ်ခဲ့တယ်
အင်း . . . စကားလုံးတွေကိုလည်း သူချစ်ခဲ့တာပါပဲ
''ထွီ'' ဆိုတဲ့စကားလုံးနဲ့ ''ဒေ၀ီ'' ဆိုတဲ့ မိန်းမကိုအချစ်ဆုံးတဲ့
ဘီယာလှည်းကြီး တအီအီမောင်းနေတယ်
ဘယ်မှာရပ်ရမလဲဆိုတာ မသိဘူး
သူက
သူ့ဂေဟာရှေ့မှာ ရပ်ခိုင်းလိုက်ရဲ့
လူ့အလိုကို နတ်မလိုက်နိုင်ဘူးဆိုပေမယ့်
နတ်တွေအလိုကို သူလိုက်ခဲ့ပါတယ်
သူဟာ
ကမာစစ်ကြီးများအကြောင်းကို ဖတ်ရူပြီးငိုကြွေးခဲ့တယ်
ချာလီချက်ပလင်အတုပတိကို ဖတ်ပြီးတော့လည်း ငိုကြွေးတာပဲ
ရှိသမျှပြောင်အောင်ရူံးတဲ့ ဖဲဝိုင်းမှာ သူဟာတေးသီရဲ့
'ဘာမှမရှိတော့ဘူး . . .  ဘာမှ မရှိတော့ဘူး . . . ' တဲ့
သူဟာ
ဧကရာဇ်ကြီးများဆီကိုစာရေးပြီး ညစာစားဖို့ ဖိတ်ကြားတတ်တယ်
တဆက်တည်းမှာပဲ သူ ညစာမစားရသေးကြောင်းလည်း ဖော်ပြတတ်ရဲ့
ဒါပေမယ့်လည်း သူ့စာတွေက စာတိုက်ပုံးထဲမှာ ဆွေးမြည့်သွားမြဲ
အသင့်တွေးခေါ်ပြီး ဘ၀အဓိပာယ်များလိုသလောက်ရပြီ
သူဟာ . . .  စီးပွားရေးဘက်ကို အဲသလို ခြေဦးလှည့်ခဲ့တယ်
ဘယ်လိုပြောရမလဲ . . . ကံနည်းတယ်
မော်ဒန်ကဗျာနဲ့အတူ နားမလည်ခြင်းတွေ ခေတ်စားလာတယ်
ဘုံပြသနာတွေအပေါ်မှာ သူဟာ အမြဲစိတ်ဝင်စားနေဆဲ
လူဝကြီးတွေရဲ့အိမ်ကို သူအလွတ်ကျက်မှတ်ထားတတ်တယ်
မိမိကိုယ်ကို ယုံကြည်ရခြင်းဟာ အကောင်းမွန်ဆုံးအရသာတဲ့
သေချာစွာပြောလေတယ်
ချိုမြိန်သောပြစ်ဒဏ်ဆိုတဲ့ပြဇာတ်မှာ
သူကိုယ်တိုင်ပါဝင်ကပြ အသုံးတော်ခံခဲ့ပါတယ်
ဒီလိုနဲ့ . . .
လူတစ်ယောက်ဟာ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး
စာအုပ်တစ်အုပ်ဟာ မြို့တစ်မြို့ဖြစ်ကာ
မြို့တစ်မြို့ဟာ ဆူပါနိုဗာ တစ်ခုဖြစ်ခဲ့လေတယ်။


နေမျိုး


ဆူပါနိုဗာ = ကြယ်ပေါက်ကွဲမှု၊ ကြယ်သစ်မွေးဖွားခြင်း





-----------------------------------


ကဗျာမရေးနိုင်တဲ့ကာလတွေမှာ ကဗျာလိုက်ဖတ်ဖြစ်တယ်
သိပ်ကြိုက်ခဲ့တဲ့ကဗျာတွေကို ကဗျာချစ်သူတွေဆီ
ငါ့သွေးကြောတွေကို ဖောက်ထုတ်ကာမျှဝေတယ် . . .

မင်းပြုံးနေရင် တော်ပါပြီ . . .

Sunday, March 7, 2010

ခရေမှတ်စု


ခရေမှတ်စု

………………
…….
……………..
……..

ရွာကျနေတဲ့ အမှောင်တွေကို ဖြေးဖြေးရှုရှိက် ပုံတူညများစွာကို ဖြတ်သန်းလာခဲ့တယ်။
လမ်းမထက်က စိတ်စွတ်ကြောင်းမှာ … ငါ့စိတ်တွေ ငါဒရွတ်တိုက်ဆွဲလာခဲ့တာ မာကျူရီမီးရောင်အောက်မှာ အထင်းသား။



‘‘အမျိုးသားပြန်လည်သန်စွမ်းရေး’’ ဆိုင်းဘုတ်ကိုမြင်မှ … လမ်းတွေအတော်ပြောက်ခဲ့တာကို မေ့ထားတာ ပြန်သတိရလာတယ်။ ငါ့ကိုယ်ပေါ်တစ်ဝက် လမ်းမထက်မှာ ပုံလျှက်တစ်ဝက်ဖြစ်နေတဲ့ စိတ်က မှိုန်လျှော့အားနည်းနေတဲ့ မျက်လုံးနဲ့ ငါ့ကိုကြည့်တယ်။ ပြီးတော့ ဆိုင်းဘုတ်ကိုကြည့်တယ်။
သူ့ပါးစပ်က စကားလုံးတလုံး ထွက်ကျလာတယ်။ အမှောင်တွေရောထားတဲ့လေပြေတွေကြားထဲက ကျွန်တော်တယောက်သာ သူ့ပြောတဲ့ စကားလုံးကို ပီပီသသကြားလိုက်ရတယ် … ။

‘‘အစနှင့်အဆုံး’’



သူဟာ ပန်းတစ်ပွင့်ဆိုလျှင် ပန်းတစ်ပွင့်မဟုတ်တာပိုသေချာသွားခဲ့တယ်။ ပန်းဟန်ဆောင်ထားတဲ့ စိတ်ခရေပွင့်တွေဆို ပိုမှန်လိမ့်မယ်။ ဒီနေရာမှာ စန္ဒာယား သံကို ထည့်လိုက်ရင်ပိုကောင်းလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တင်စားတော့မဲ့ စကားလုံးတွေက မလုံလောက်တော့လို့ပါ။ အနုပညာရဲ့ အမြင့်မားဆုံး ဂီတထဲက ဘယ်တူရိယာမှယှဉ်လို့မရတဲ့ စန္ဒာယား သံနဲ့ဆို အနည်းငယ်လုံလောက်သွားလိမ့်မယ် … ။ မိန်းမတိုင်းဟာ မိခင်ဖြစ်မလာခဲ့ပေမဲ့ မိခင်မေတ္တာဟာ မိန်းမတွေမှာပဲရှိတယ်ဆိုတာ …

ကျွန်တော် တယောတစ်လက်ကို ကောက်ကိုင်လိုက်တယ်။ ကျွန်တော်တယော မထိုးတတ်ခဲ့ပါဘူး ။
(သွားရောင်းစားမလို့)

မိဘတိုင်းက သားသမီးအပေါ် အရမ်းမျှော်လင့်ထားတယ်လို့ တချို့ကပြောတယ် ။ တချို့က သားသမီးတွေက မိဘတွေအပေါ် အရမ်းမျှော်လင့်ထားတယ်လို့ပြောတယ်။ မိသားစုဘ၀ဆိုတာ မျှော်လင့်တာတွေကို ဖြစ်လာဖို့ ပေါင်းစုဖြစ်တည်ထားတဲ့ မိုးတွင်းကာလ ကောက်ရိုးအသိုက်ကလေးပါပဲ ။ အမြဲပြုစုပျိုးထောင်ဖို့ ကောက်ရိုးမျှင်ကလေးတွေတော့လိုတာပေါ့။ ကျွန်တော်လေ ကျွန်တော်ဟာ ကျွန်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းကို မိတ်ဆွေတွေ သူငယ်ချင်းတွေကို ပြောပြချင်တယ်။ ကျွန်တော်မပြောဖြစ်ခဲ့ပါဘူး။
(အသံဝင်နေလို့)


ကျွန်တော် သက်တန့်မှတ်စု တစ်ခု လက်ဆောင်ရခဲ့တယ်။ အမည်နာမ အမျိုးမျိုးခေါ်ဝေါ်တဲ့ မိန်းကလေးတစ်ယောက်ဆီကပေါ့ ။
(ခွေး မ ၀က် မ)


အဲဒီ့မှတ်စု စာအုပ်ကလေးထဲမှာ ကျွန်တော်ဟာ ကျွန်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းကို ပြောပြနိုင်ခဲ့တယ်။ ကျွန်တော် ဘ၀မှာ ရှင်းလင်းလတ်ဆတ်သွားလိုက်တာ မြက်ခင်းတွေ သူတို့ကိုယ်ပေါ်က နှင်းခက်တွေကို ခါထုတ်လိုက်သလိုပါပဲ … ။ ဘယ်သူမှမသိကြဘူး ။
(ဘယ်သိမလဲ)
...

ခွေးတစ်ကောင် စွဲစွဲငင်ငင် အူ လိုက်တာကိုပဲ အမှောင်အတွက် သိပ်လိုက်ဖက်တဲ့ ဂီတတစ်မျိုးလားလို့ လမ်းပေါ်က စိတ်ကိုကျွန်တော်မေးကြည့်တယ်။ သူက တိတ်နေတယ်။ ဘာမှပြောစရာ စကားမရှိတော့လို့လား။ မပြောချင်တာလား။ ကျွန်တော်ပြန်မမေးမိပါဘူး။ တခါတလေ လူဆိုတာထက် စိတ်ဆိုတဲ့ သတ္တ၀ါတွေက ဆွံ့အမှုံတေနေကြတာ မဟုတ်လား။ နောက်အနည်းငယ်ကြာတော့ ကျွန်တော်သတိထားမိတယ်။ ကျွန်တော်လမ်းလျှောက်နေတာလား ခရီးတော့အတော်ပေါက်လာခဲ့တယ် ဒါပေမဲ့ ကျွန်တော့်စိတ်ထဲရပ်နေတယ်လို့ပဲထင်နေခဲ့တာ နောက်မှသေချာကျွန်တော်သိလိုက်ရတယ် ။ ကျွန်တော် အသေအချာကို ဒီနေရာမှာရပ်နေခဲ့တာပါ။ ကျွန်တော့်ခြေထောက်အောက်ကလမ်းတွေက သူ့အလိုလိုရွေ့နေကြတာလေ။ ကျွန်တော့်ကို လမ်းတွေက လမ်းလျှောက်ရင်း ခရီးဖေါက်ခဲ့ကြတာပေါ့။
(ကျွန်တော်က ခြောက်လမ်းသွားကြီးပါ)

အမှန်တော့ ကျွန်တော်တို့ မွေးကထဲက ရပ်နေခဲ့ကြတာပါ။ လမ်းတွေက ရွေ့နေ ကမ္ဘာကြီးက လည်နေတာကိုသတိမထားမိတော့ပဲ ကျွန်တော်တို့လမ်းလျှောက်တယ်လို့ပဲ လူတွေထင်နေခဲ့ကြတာလေ။ ကျွန်တော် ငိုကြွေးခဲ့တယ် ကျွန်တော့်မျက်လုံးတွေမဟုတ်ပါဘူး။ မျက်ရည်တွေမဟုတ်ပါဘူး။ ကျွန်တော့် စိတ်တွေ ….

 သွေ့ခြောက်သွားတဲ့ သူမ မျက်ရည်တွေသာ ရနံ့ရှိမယ်ဆိုရင် ခရေ ရနံ့ရမလား ဒါဆို ကျွန်တော် ရင်ဘတ်အောက်က ဥတုပျိုလေးထဲမှာ ဖန်ကြုပ်လေးနဲ့ ရနံ့တွေ ဖမ်းလှောင်သိမ်းထားလိုက်မယ်။ မငိုပါနဲ့တော့ကွာ မင်းသောက ကိုဘေးလူတစ်ယောက်က မျက်ရည်တွေနဲ့အားပေးနေလို့လဲ အပိုပါပဲ။ သောကကို ကျွန်တော်တို့ သိမ်းထုတ်မေ့ပျောက်ဖို့ အသင့်ဖြစ်ရင် အားယူပျံတက်လာမဲ့ မနက်ခင်းနေရောင်တွေနဲ့ ဘ၀မှာ ပျော်ရွှင်မှုတွေရှိလာအုံးမဲ့ မျှော်လင့်ချက်နဲ့ ရွက်လွှင့်နေကြအုံးမယ်။

Middle in no where

ဘယ်မှန်းမသိတဲ့ အလယ်ခေါင်တည့်တည့်မှာ ကျွန်တော်ရောက်နေတယ်။ သေချာလား ကျွန်တော်ရောက်နေတာ ။ ဘာကိုမှမရှိတော့တဲ့ ပစ္စုပန်အခွံသက်သက်ကြီးသာ ပိုင်ဆိုင်မှုကို ပုံသဏာန်အမျိုးမျိုးနဲ့ ဖွဲ့အိမ်ထားကြ။





nelay














'' မြက်သေ ''



'' မြက်သေ ''

 



မြက်ခင်းကျယ်ကြီးပေါ်လှဲ အိပ်ယုံနဲ့ ကောင်းကင်ကြီးကိုကြည့်လို့ရရင်
ငါတော့အပြီးအပိုင် မြက်ခင်းပဲဖြစ်ချင်တော့တယ် ......

လောကသစ္စာ ကျမ်းသစ္စာ အရာရာနဲ့ ငါ့ကိုချုပ်လုပ်ချင်တယ်ပေါ့
ဇကောရဲ့အစွန်းတဖက်မှာ ငါလိမ့်ပေမဲ့ အတ္တနဲ့အပြီးအပိုင်မံထားတယ်
ဟန်ဆောင်ခြင်းအတတ်ကို ငါတတ်ပေမဲ့ ငါ့မျက်နှာမှာအဖုံးမပါဘူး
ရိုးအီစရာ ဖြစ်စဉ်ကြီးကိုနေ့တိုင်ပြုလုပ်နေကြတာ ဘာလို့ရီပြနေရတာလဲ
တိုက်ပေါ်ကခုန်ချသွားတဲ့ ငါ့ချစ်သူအတွက် ငါဝမ်းနည်းရမှာလား
အလကားပါ သေနတ်နဲ့ နထင်ကိုတေ့ပြီးမှ သေနတ်မပစ်တတ်တဲ့ ကောင်လေ
စိတ်ရှုးပေါက်တဲ့ စကားတွေဆိုတာ အမှန်တရားကဆင်းသက်လာတာ သူတို့သိပုံမရဘူး
ရေတစ်ဘူးတော့ကုန်အောင်သောက်နိုင်မယ်ထင်ပါတယ်။
ငါ့ကိုယ်ငါမြက်ခင်းဖြစ်ဖို့ကြိုးစားတာ ဒါပါနဲ့ဆို ၉နှစ် ...
ဘဝဖြစ်တည်မှုရဲ့ အကြောင်းတွေငါ့ကိုကောင်းကောင်းထောင်းခြေပြီပြီ
မလွမ်းလောက်တော့တဲ့ သန္ဓေအကြောင်းကို ငါ့ပါးစပ်မှာပေါင်းပြီးမပြောပါရစေနဲ့တော့
တသက်လုံးလိုချင်လို့မဆုံးနိုင်တဲ့ အတ္တတွေဘယ်တော့မှကွာကျနိုင်မှာတဲ့လဲ
မြေမြုပ်ဖို့ ပေါက်တူးတလက်ကို အရင်တူးရှာရအုံးမယ် .....
ပိုးစုန်းကြူးလောက်မှ လင်းအားမရှိတော့တဲ့ ဘဝကို အပြီးသတ်လိုက်ဖို့
နံနက်ခင်းလှောင်ရီသံတွေကို ကြောက်နေရတုန်းပဲ ...။

နောက်ဆုံး ... ဖိနပ်ကိုဖွဖွချွတ် ဘောင်ဘီးကိုတိုတိုခေါက်ပြီး တလှမ်းချင်းငါဆင်းသွားလိုက်တယ်
အင်းယားရဲ့ခြေရင်းဆိုတာ ဒါပဲလား ဘာမှသိပ်ထူးထူးဆန်းဆန်းကြီးတော့မဟုတ်ပါဘူးလေ ....
သိပ်လှတယ်ဆိုတဲ့ အင်းယားအပေါ်ပိုင်းတွေလဲ ပါးစပ်ဆော့ပြီး လှနေကြတာနေမှာ ....
စပယ်ယာတယောက်ပြောသလိုပေါ့ ဘဝဆိုတာ ရှင်သန်ခြင်းလမ်းမများတဲ့
ငါကတော့ လမ်းမလျှောက်နိုင်တဲ့သူဆိုတော့ ဘဝကိုမရှင်သန်ချင်ဘူး
အဆုံးသတ်ကိုကြိုသိရက်နဲ့ ပြောနေကြတာ အကျိုးရှိဖို့အတွက်လား ဘယ်သူ့အတွက်လဲ
ကိုယ့်အတွက်ကိုယ်လုပ်နေကြတာပဲလေ .... ဒါဆိုဘာလို့ အဆုံးသတ်မှာကြောက်နေတာလဲ
အားလုံးနီးပါးက ကိုယ်ဖက်ကိုယ်ရပ်ပြီး စာအုပ်ဖတ်နေကြတာပဲ
လောကကြီးကိုတခုခုပေးဆပ်ဖို့တဲ့လား ... လောကကြီးက ဘာတခုမှမလိုချင်တာ မသိကြဘူး ...
လောကကြီးကဘာကိုမှမလိုတော့ဘူး ... ။
ဒါနဲ့များ နောက်ဘဝကူးကောင်းအောင် ဆုတွေတောင်းနေကြသေးတယ်
နောက်တကြိမ်လူပြန်ဖြစ်မှာမရှက်ဘူးလား ... မသေချာမှုတွေကို စွဲပြီးသေနေကြရတာပဲလေ . . .
ငါတို့မျှော်လင့်တာ ဒီလို ရှင်သန်ခြင်းတွေလား .....

ဟန်ဆောင်ကောင်းတဲ့လူ့လောကကြီးရေ ....
နင့်အိမ်ရှေ့ကမြက်ခင်းစိမ်းစိမ်းပေါ်မှာ ငါချီးစိမ်းစိမ်းတွေတအားပန်းနေပြီးလေ ....
ငါဟာအစွမ်းကုန်အော်ငိုနေတယ်ဆိုတာ နင်မသိဟန်ဆောင်နေနိုင်လိုက်တာ ......
ဘလိုင်းဂျန်နရေးရှင်း ရဲ့အမှုံအမွှားလေးထဲမှာလဲ ငါကိုယ်တိုင်ပါဝင်ခဲ့တယ်ဆိုတာ
ဂဏာန်းကြီးတွေရှေ့က သုညကြီးကြီးခေါင်းဆောင်မှုတွေ လစ်လျှူရှုထားရက်နိုင်လိုက်တာ ....
ငါဟာအစွမ်းကုန်ရွံ့စရာကောင်းနေပြီး မဟုတ်လား .....

လူတွေဟာသေဖို့ဘာလို့ဟန်ဆောင်နေကြရတာလဲ စောစောသေတာနဲ့ နောက်ကျသေတာပဲကွာတယ် ...
မြက်ခင်းဖြစ်ချင်တဲ့ ဆန္ဒတွေ ငါ့တကိုယ်လုံးကုတ်ဖဲ့တက်လာလိုက်တာ လုံးလုံးကိုနီရဲနေတာငါတွေ့တယ်
ငါဖြစ်ချင်တဲ့ မြက်ခင်းတွေငါ့အပေါ် ရဲတင်းစွာဖုန်းအုပ်လိုက်တာလေ ....
ရေခဲရိုက်ပြီးသာ ညီညူးမှုတွေနဲ့ ငါ့ကိုငါပြည့်ကြပ်အောင် အလုံပိတ်လိုက်ကြတာ
ဟန်ဆောင်ယုံကြည်မှုတွေက ငါ့နံရံနဲ့ကပ်လျှက်မှာ နေ သာနေလိုက်တာ ... ငါကိုမသိတဲ့အတိုင်းပဲ ...
တစ်ရွက်ကြွေပြီးရင်တော့ နောက်ရွက်သစ်တွေဆက်တိုက်ထွက်လာအုံးမှာပါပဲ
ခြေရာတခုရဲ့ အဆုံးဟာ ခြေရာတခုရဲ့အစပါပဲ .... နောက်နေ့တခုရဲ့ နံနက်ခင်းတွေဟာ မနေ့ကလိုပါပဲ .... ။
ဒါပေမဲ့ အတိတ်ရဲ့ကြွေအံကိုတော့ ဒီနေ့ပြန်ခေါက်ချင်လို့ဘယ်ရတော့မလဲ .... သေခြင်းတရားက Ctrl + Z ပြန်လုပ်လို့မရဘူးလေ .... ။
ဘုရားသခင်ကတရားမျှတလား
ကိုယ်ကျင့်အဘိဓမ္မာ ကရောလူတွေတကယ်လိုက်နာနိုင်လို့လား
ကံဆိုတာကရော အလေးချိန်ညီရဲ့လား
မေတ္တာတရားဆိုတာကရော ဘယ်လောက်ထိစိတ်ချမ်းမြေ့မှုပေးသလဲ
လူ့ဘဝဆိုတာ အဖြူအမဲတွေနဲ့ဖွဲ့စည်းထားတာလား
ဘာသာတရားရဲ့အဆုံးသတ်ကရော အေးငြိမ်းစွာ သေတတ်ဖို့လား
နင်ဒို့ကို ငါဟန်ဆောင်ခေါင်းငြိမ့်ပြမနေချင်တော့ဘူး လူတွေဘာကြောင့်အသက်ရှင်ချင်သလဲဆိုတဲ့အကြောင်းကို
နင်ဒို့မေ့ထားသလို ငါမမေ့ထားနိုင်ဘူး ....
''မနက်ဖြန်တော့ငါမသေလောက်သေးပါဘူး ဟာ''
မနက်ဖြန်တွေသေချာချာရှိနေလိမ့်မယ်လို့ နင်ဒို့ယုံကြည်သလို ငါမယုံကြည်နိုင်ဘူး ....
လောဘတွေဆက်တိုက် တိုက်ခိုက်နေသလိုမျိုး ငါဆက်မတိုက်ခိုက်ချင်တော့ဘူး
ငါအမှန်တကယ်ဖြစ်ချင်နေတာက
သံယောဇဉ်ရှိဖို့ မဟုတ်ဘူး
တရားတော်တွေမဟုတ်ဘူး
ကိုယ်ကျင့်အဘိဓမ္မာ မဟုတ်ဘူး
စည်းဇိမ် မဟုတ်ဘူး
စားသောက်စရာတွေမဟုတ်ဘူး
ဇိမ်ခံအရာအစုံအလင်နဲ့မဟုတ်ဘူး
အောင်မြင်ကျော်ကြားဖို့မဟုတ်ဘူး
ဖီးလိမ်ပြင်ဆင်ပြီး သေဖို့လဲမဟုတ်ဘူး
ဟန်ဆောင်အပြုံးတွေနဲ့ ငါ့ကိုသနားဖို့လဲမဟုတ်ဘူး
အခုချိန်မှာ .....
ငါ့ကိုယ်မှာရှိနေတဲ့ အသွေးအသားတွေ စိတ်ကူးတွေကို မြက်ခင်းထဲမြေမြုပ်လိုက်ဖို့ပဲ
ခြည်နှောင်တင်းကြပ်မှုတွေနဲ့ အသက်ဆက်မရှင်ချင်တော့လို့ပါ
ဟန်ဆောင်လိမ်ညာမနေချင်တော့လို့ပါ
ပူလောင်ခြင်းနေရောင်အောက်မှာမနေချင်တော့လို့ပါ
ငါ့မျက်ရည် ငါ့ဟန်ဆောင်မှုကိုမထိန်းချုပ်နိုင်သလို
ငါ့မြက်ခင်းဖြစ်ချင်စိတ်ကို မတားစီးနိုင်တော့လို့ပါ
ငါ့အတိတ်ကိုကြည့်ပြီး ငါကြေကွဲမနေချင်တော့လို့ပါ
ပေါက်ကွဲတော့မဲ့ အနူမြူပေါင်းအိုးကို ငါ့ကုတင်အောက်ထဲဆွဲသွင်းပြီး
နံရံမှာထွန်းထားတဲ့ ခပ်မှိုန်မှိုန် ဖယောင်းတိုင်မီးတွေအားလုံး မှိတ်ပြစ်လိုက်ဖို့ပဲ
အမှန်တကယ်လိုအပ်နေတာ .... ။

မြက်ခင်းကျယ်ကြီးပေါ်လှဲ အိပ်ယုံနဲ့ ကောင်းကင်ကြီးကိုကြည့်လို့ရရင်
ငါတော့အပြီးအပိုင် မြက်ခင်းပဲဖြစ်ချင်တော့တယ် ......  







nelay










Saturday, March 6, 2010

စာရွက်ပုံပြင်





စာရွက်ပုံပြင်


စာရွက်တချို့ကိုလုံးခြေလွှင့်ပစ်လိုက်တော့
တချို့က ကောက်ယူဖြန့်ကြည့်ကြတယ်
စာရွက်တချို့ကိုစုတ်ဖြဲဖြန့်ကျဲလိုက်တော့
တချို့က တစစီပြန်ဆက်ကြည့်ကြတယ်
စာရွက်တချို့ကို ငါ မီးမြိုက်လိုက်တယ်
တချို့က ပြာတွေ နောက်ကို
လိုက်ဖမ်းလို့ကောင်းနေတုန်းပဲ ... ။





nelay







သို့ ... ပန်းလိမ္မာ





သို့ ... ပန်းလိမ္မာ





အမျိုးအမည်ခွဲမရတဲ့ ဂြိုလ်သရဖူကို
သင်ခန်းစာမကြည်လင်မှုမျိုးနဲ့
အသဲတစ်ဖက်ကားပြီးစွင့် ...
နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ
အမှောင်ညအိုကို လင်းဝေပစေတယ်။

လွန်ခဲ့သော ပစ္စုပန်များမှာ အလွမ်းမညီမျှမှုနဲ့
ပုန်းကွယ်နေတဲ့ ဦးနှောက်နတ်ဆိုးတွေ
ပထ၀ီမြေကိုလားရာမတူတဲ့ အာရုဏ်တက်မှာ
ငါ့ရင်ဘတ် ...
သတို့သမီးရဲ့ ဒေါက်ဖိနပ်ဆူးသွားခဲ့တယ် ...

မနှုတ်ရက်တော့ဘူး ...
မိုးမခပင်ရဲ့ အတွင်းသားမှာ ခိုတွဲနေတဲ့
ပိုးအိပ်မက်တွေ သဲကန္တာရထဲက မှော်ဆရာကိုလှမ်းခေါ်သလို
လိပ်ပြာမာယာနဲ့ ပန်းပွင့်တွေပြေးဆင်းသွားတဲ့စမ်းထဲ
ဆီးနှင်းတွေအသက်ခြွေဆုတောင်းနေရတယ်။

နှလုံးသားထဲမှာပွင့်နေတဲ့ ပန်းကလေးရယ်
ဝတ်မှုံတွေအတွက်လင်းပွင့်လှည့်ပါ ...
ဘယ်တော့မှတောက်ပမလာတဲ့ကြယ်တစ်လုံးဟာ
ကြယ်တစ်လုံးဖြစ်ခွင့်သေဆုံးခြင်းနဲ့
ပန်းကဗျာကိုရွတ်ဆိုခဲ့လေရဲ့ ... ။





nelay