ငါ့ကိုမသတ်နိုင်တဲ့ ဇာတ်ကောင်များနဲ့
ငါ့မျက်နှာပေါ်က အလိုမတူပဲ အိမ်ယာဖွဲ့နေတဲ့ မိတ်ကပ်တွေ
ဆံနွယ်ဖျားက ခြေရာမပေါ်တဲ့ ပျက်လုံးတွေ
ရယ်သွင်စူးရှ သူအိုကြီးရဲ့ အယောင်ဆောင်ကျောရိုးတွေ
လက်ဖဝါးတွေ ဖိသိပ်လွန်းလို့ ရပ်တန့်သွားတဲ့ အသက်ရှုသံတွေ
သေလွန်မှ အရိုးသြဇာနဲ့ စိုက်ပျိုးအုံးမဲ့ သောက အညွှန့်စုတ်တွေ
သွေးအခြေတွေသုတ်ပြီး သေကြမဲ့လမ်းမှာ
သက်တောင့်သက်သာဖြစ်ဖို့ ရွေးခြယ်လွန်း နေကြပုံက
အသက်ငင်နေတဲ့ သစ်ပင်ကို
ရေးလက်စ ကဗျာတွေ မပြီးသေးခင်
ဆေးထထယူနေရတဲ့ တစ်ဖက်သတ်ခြင်းနဲ့
အစွန်းရောက်ကြည်လင်မှုမျိုးတွေပါပဲ
လက်ချောင်းတွေအောက်က အရေကြောင်းတွေ ငိုနေလွန်းလို့
ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး
ရာသီဥတုလုပ်နေကြတာလဲ
ငါ့ကိုယ်ငါလွမ်းလွန်းလို့ နံရံပေါ်က သမိုင်းတွေစုတ်စုတ်ဖြဲပြီး ထွေးထုတ်
ဘယ်တော့မှ မဟုတ်တော့တဲ့ ‘‘ဟ’’ လုံးကြီးကို
လူနင်ရာ ရပ်ကွက်မှာ အကြီးကြီးထုတ်ပြီး ချိတ်ထားရအုံးမယ်
သိပ်စရာမရှိတော့တဲ့ အိုင်ထဲက ဖားကို
မှုန့်လုံးကြီးတွေပဲ သကြားကပ်ကပ်ပြီး ကြွေးနေရတာ
ငြီးငွေ့လှတယ်လို့ မဆိုသာတော့ပါဘူး
စိတ်ကိုက အပေါက်တွေ ဖေါက်ပြီးသားမို့
ဘယ်လို မိုးတွေ ရွာသွန်းလို့ ပျိုးနေပါစေ
ကြိုးကလေး တစ်ချောင်းနဲ့ နောက်နေတဲ့ ရတုကိုများ
ကိုးခေါက်အော်ပြီး ခါးပုံစ တွေသိပ်ကြပ်လွန်းလို့
သွေးမလျှောက်တော့တဲ့လမ်းတွေပေါ်ပဲ
ဒွိခန္ဓာပရုတ်လုံးကြီးကို ပစ်ပစ်လှဲ ချင်နေတော့တယ် ။

nelay
No comments:
Post a Comment