Pages

Saturday, November 3, 2012

မိုးရာသီ (မြန်မာသံစဉ်)






မိုးရာသီ (မြန်မာသံစဉ်)


လေ သံ အမှန်က ဒီလို ……

ရထား အပင်ပေါ်မှာ အကျိုးပြု မီးခိုးတွေက အူလို့
သောက်သုံးရေလိုနေတဲ့ မျက်နှာထားများနဲ့
လမထွက်တဲ့ ဟင်းလင်းပြင်မှာ
ခွေးတွေလဲ အူလို့ ဆူကြတယ်

ဘယ်လောက်ပြောပြော အမှတ်မရှိတဲ့ ကျည်တောက်တွေ
ရပ်အကျိုး ရွာအကျိုး သယ်ပိုးကြဖို့
စနေနေ့တိုင်း ထထလှဲနေတဲ့
ဥပုတ်သည်ကြီး လည်မှာ ဘာတွေများဆွဲထားပါ လိမ့်ကွယ်

ရေကျော်အရပ်မှာ လေးနေခဲ့တဲ့ ပဲဟင်း အရေကျဲတွေ ကရော
မွေးခါစ တောအုပ်ထဲက မီးတွေကိုပဲ မွှေးမွှေးနေကြသလား

ငါချွတ်ခဲ့တဲ့ စွတ်ကျယ် ဂျိုင်းအပြဲကလေး
ဘယ်နားမှာများ တင် မိခဲ့သလဲ

ကြားဖူးချင်ယောင်ဆောင်ခဲ့တဲ့ လေသံထဲမှာ
အရှေ့ရိုးမက မိုးတွေပဲ သွေးတိုး နေရတယ်

ဂျာနယ်ထဲမှာ ပါနေကြ စကားလုံးတွေကို ချက်ကြွေးပြီး
ဧည့်ခံရမယ်ဆိုရင် ဘုန်းကြီးတွေ အီနေကြမှာ စိုးတယ်

လေတွေများ အစမ်း တိုက်မိ လိုက်သလား
ဘာကိုများ သေသေချာချာကြားချင်နေတဲ့
အသိဥာဏ် အပိုင်း အစ တွေလဲ

လက်မဦးသေးခင်က
ကျောက်ဒိုးတွေကြီး ပိုက်ပိုက်ပြီး
င နဲ့ ငါ ကိုများ Patterns တွေခွဲခွဲပြီး စီစီထားတာလား

မိုးကောင်းတုန်းမှာ စာအုပ်တွေ ထုတ်ထားကြပြီး
မြစ်ကျိုးတုန်းမှာ လှေလုပ်စီးကြမဲ့ စက္ကူလှေတွေ
အများကြီး …. အများကြီး …. အများကြီး

ပျော်ပျော်ကြီးကို လက်ခတ် မှန်မှန်နဲ့ ညံ လိုက်ပါတယ်

ကတို့ ခ တွေ ကျန်အောင်လို့
တစ်ကောင် အော်တိုင်း လိုက်လိုက် အော်နေတဲ့ ဖားတွေ
ငါ့ အိမ်ရှေ့ ပိန်းပင်အောက်မှာ ငယ်သံပါအောင် ဆူကြတယ်

မိုးတွင်း အခါမို့
ရေမငတ်အောင်လို့ ပေါင်ပေါ်အောင် လိပ်တင်ထားတဲ့ အတွေးကို
ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ

စိတ်လိုလက်ရ လေမလည်နိုင်တဲ့
ဒီလို ဥတုရာသီမျိုးမှာ
ရွာနေတဲ့မိုးကို ငါက လက်ဆိပ်တက်အောင်သာ
ဆိတ်လိုက်ချင်ရဲ့လေ

ငယ်ငယ်ထဲက မ၀ ခဲ့တဲ့ ရာထူးကို
သေခါနီးမှ ၀ ၀ လင်လင် စို့စို့နေကြတဲ့
ဝက်အိုကလေးတွေ ကြောင့် ခွေးအိုမကြီး မျက်နှာတောင်
ပိန် လို့ ချုန်း လို့

ပုတ် လို့ ခတ် လို့ ရိုက်ခတ်လာတဲ့ လှိုင်းတွေက
သေလောက်အောင်မာတဲ့ ကျောက်ဆောင်တွေကို
စား ….. စား …… စား …… စား

နွံနစ်သွားတဲ့ ပတ္တမြားတွေ အပင်ပေါက်လာတော့
ရထားလမ်းပေါ် ရေကျော်ထားတဲ့ အထာ နဲ့
သွေးထဲမှာ ဂျာနယ်လစ်စ် အတု တွေ ရောရောပြီး
Ethic တွေ အလပ်ဂျစ် ဖြစ်နေကြတယ်

ကုရာနတ္ထိ ဆေးမရှိပါပဲ

မိုးရာသီမှာ ပိုးပေါင်းစုံထ တဲ့ စုံတောမြိုင်ကြီးထဲ
Intro ကို စန္ဒရားသံ လေးလေးကြီးနဲ့
ကျနော် ချစ်သော မိုးရာသီ ဆိုပြီး စန္ဒရားလှထွဋ် စတိုင်နဲ့
ငါက မြန်မာသံလေးလေးကြီးကို ညည်းလိုက်လေရဲ့ ။




nelay






No comments: