Pages

Saturday, November 3, 2012

ဦးနှောက်တဲ့ အသက်ရှု တံ

ဦးနှောက်တဲ့ အသက်ရှု တံ


အရင်တုန်းက လို အိုး အဟောင်းကြီးနဲ့ မရှုဘူး
သွားလေရာ သံချေးကိုက်နေတဲ့ အပ်တွေကိုမသုံးဘူး
သွားရည်တွေ ကျတိုင်း လိုက်ထိစပ်တွယ်ညှိမနေဘူး
ဦးနှောက်တွေဟာ ဆေးကို တကယ်အလိုရှိလို့
အားဆေး ဆိုပြီး ညာညာ တိုက်နေကြ
ငါ့ကိုယ်ငါ လုံခြုံမှုကို ငါ့ကိုယ်ငါ ထက်တန်ဖိုးထားလို့
ဆေးသမားဟာ ဦးနှောက်ကို ဖောက်စားဖို့ကြောက်ရွံ့နေတယ်
သတ္တိမရှိတဲ့ ပညာတတ်တွေရဲ့ အပ်ချောင်းထဲမှာ
ဆေးသမားဟာ ဥာဏ်မရှိသလို လွှန့်လူးမနေဘူး …
တစ်ရွက်ခြင်းစီဟာ သန့်ရှင်းလတ်ဆတ်လွန်းလို့ …
ဦးနှောက်ကြီးဟာ အဟာရတချို့ကိုဖယ်ထုတ်ထားရတယ် …
ဒါဟာ ဆေးသမားလောက် ဥာဏ်ရှိတဲ့ ဆေးသမားမျိုးကို
ဘာလို့ ဒေါက်တာဘွဲ့ထူးတွေ မပေးနိုင်တာလဲ …
ဆေးသမား ကောင်းစွာ ငြင်းဆန်ခဲ့ပါတယ် ….
ပညာရှိဖို့ထက် ဦးနှောက်ရှိဖို့ကို ဆေးသမားက

ကောင်းစွာဦးစားပေးလိုက်လေရဲ့ …
ဘိုးဘွားတွေရဲ့ ဆယ်နှစ်ရာသီမတိုက်ထားတဲ့ သွားကြားကအမျှင်ကို
ဆေးသမားကကောင်းကောင်းကလေးဆွဲထုတ်ခဲ့တယ်
ငါမသေဘူး ငါမရူးဘူး ငါနောက်မလိုက်ဘူး
ငါဟာ သူတို့တွေ အသက်ရှုထုတ်လိုက်တဲ့အနံ့ကိုမခံမရပ်နိုင်လွန်းလို့
ဆေးသမားအဖြစ်နဲ့ နှာခေါင်းတွေကို သန့်စင်တဲ့လေနဲ့ လုံခြုံမှုပေးခဲ့တယ်။
ဆေးသမားမှာ အမှန်တွေအမှားတွေရှိဖို့ မလိုအပ်လွန်းလို့
ဘေးမှာထိုင်ပြီး စောက်ခြောက်သီချင်းတွေနားထောင်နေတဲ့ကောင်ကိုစားလိုက်တယ်
အရိုးတွေဟာခါးလွန်းလှလို့ ဦးနှောက်ကြီးကထွေးထုတ်လိုက်တယ်
ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး ဒါမပြီးသေးဘူး


nelay

No comments: