Pages

Thursday, December 26, 2013

(((သိုင်းပြောင်းပြန်/ပြန်ပြောင်းသိုင်း))) ထွဏ်းသွေးအိမ်/သုအိုင်စံ, digital poetry by nelay



ထွဏ်းသွေးအိမ်/သုအိုင်စံ ရဲ့ ကဗျာ နဲ့ အိုင်ဒီယာ ကို ကြိုက် လို့ ဒီလို ပြန်လုပ်ထားတယ် 
Inspired from A'karikz Yannaing သုအိုင်စံ

မူရင်း ကဗျာ လင့် ..........
https://www.facebook.com/photo.php?fbid=723966440947346&set=a.523138071030185.129309.100000019910408&type=1&relevant_count=1

.....................................................

ပုံကို အကြည် ကြည့်ချင်တဲ့ လူတွေ အောက်က လင့်ကို ဒိုးပါ ။
http://www.flickr.com/photos/nelynn/11551473986/

...............................................................

(((သိုင်းပြောင်းပြန်/ပြန်ပြောင်းသိုင်း)))

စပါးတွေလည်း ထွက်တယ်
ငါတို့ ထမင်းငတ်နေတုန်း
စစ်သားတွေလည်း ထွက်တယ်
ငါတို့ မလုံခြုံတုန်း
ရဲသားတွေလည်း ထွက်တယ်
ငါတို့ ခြောက်ခြားနေရတုန်း

ကျောက်စိမ်းတွေလည်း ထွက်တယ်
ငါတို့ မပိုင်တော့ဘူး
ဓါတ်ငွေ့တွေလည်း ထွက်တယ်
ငါတို့ မပိုင်တော့ဘူး
ကျွန်းသစ်တွေလည်း ထွက်တယ်
ငါတို့ မပိုင်တော့ဘူး

စပါးတွေ အသိမ်အဖျင်း များလာတဲ့အခါ
အဲဒါတွေကို ငါတို့ ပိုင်တယ်
စစ်သားတွေ ပို နည်းလာတဲ့အခါ
ငါတို့ဘဝ ပို လုံခြုံလာတယ်
ရဲသားတွေ လာဒ်ယူ နည်းလာတဲ့အခါ
ငါတို့ဘဝ လိပ်ပြာ ပိုသန့်လာတယ်

ကျောက်စိမ်းတွေက ဘာအရောင်လဲ
ငါတို့ တိုင်းပြည်ကြီးကို
ငါတို့ ဘယ်တော့ ပြန်ပိုင်မလဲ
ဓါတ်ငွေ့တွေကို ဘယ်လို သုံးရလဲ
ငါတို့ တိုင်းပြည်ကြီးကို
ငါတို့ ဘယ်တော့ ပြန်ပိုင်မလဲ
ကျွန်းသစ်တွေက ဘယ်လို မီးမွှေးရလဲ
ငါတို့ တိုင်းပြည်ကြီးကို
ငါတို့ ဘယ်တော့ ပြန်ပိုင်မလဲ

အခွံပဲ ကျန်တော့တဲ့အခါ
ငါတို့ တိုင်းပြည်ကြီးကို ငါတို့ ပြန်ပိုင်မယ်
(မြန်မာပြည်) လား (ပြည်မာမြန်) လား
ငါတို့ တိုင်းပြည်ကြီးဟာ
(ပြည်မာမြန်) လား( မြန်မာပြည်) လား
ငါတို့ တိုင်းပြည်ကြီးကို ငါတို့ ပြန်ပိုင်မယ်
အခွံပဲ ကျန်တော့တဲ့အခါ

ငါတို့ဟာ
ပြောင်းပြန်သမားတွေပဲ
ပြန်ပြောင်းသမားတွေပဲ
ငါတို့ဟာ
သိုင်းပြောင်းပြန်ကို ကျွမ်းကျင်တယ်
ပြန်ပြောင်းသိုင်းကို ကျွမ်းကျင်တယ်
ငါတို့ တိုင်းပြည်ကြီးဟာ (မြန်မာပြည်) ပဲ
ငါတို့ တိုင်းပြည်ကြီးကို (ပြည်မာမြန်) လို့လည်း ခေါ်ရဲ့
(တရုတ်အသံထွက်လိုလို/ကုလားအသံထွက်လိုလိုနဲ့)။

ထွဏ်းသွေးအိမ်(၂၅-၁၂-၂၀၁၃)သုအိုင်စံ၊


မြူ

မြူ


နှုတ်ခမ်းဖျားမှာ ကွဲနေတဲ့ အနာကို လျှာနဲ့ပြန်လျှက်ရင်း တမ်းတတယ်
ရင်ထဲက အခိုးအငွေ့ကို လာရာ လမ်းတစ်လျှောက် အန်ချထားတယ်
ဇီဇ၀ါပန်းတွေဟာ  အငမ်းမရ ရှုရှိုက်ရင်း တစ်ကိုယ်လုံး ဖြူစွတ်ထား
လက်နှစ်ဖက်နဲ့ ရုန်းကန် ဖယ်ရှားရင်း အမြင်အာရုံဟာေ၀၀ါးလို့
အရိပ်တွေဟာ အေးစက်တဲ့ ငါ့လက်ကို ဆွဲယူသွားကြတယ်
အလင်းရောင်ဟာ အရိပ်တွေနဲ့ စစ်ထုတ်လိုက်လို့ အားဖျော့နေတဲ့အကြည့်နဲ့ လင်းတယ်
လေတိုးသံထဲမှာ လေတိုးသံ လို့ တိကျတဲ့ အရသာတစ်ခုဟာ ငါ့မျက်နှာပေါ်ဝဲကျထားတယ်
ဒီနေရာမှာ နွေးထွေးချိုမြိန်ခြင်းတွေ ပြင်းပြတောက်လောင်တဲ့ မျှော်လင့်ခြင်းတွေ မရှိဘူး
ဒီအငွေ့အသက်နဲ့ ဒီကျောရိုးထဲက ဆာလောင်ခြင်းဟာ ဖြတ်သန်းသွားဖို့ပဲ
မီးတောက်မီးလျှံကို တိတ်ဆိတ်ခြင်းက ၀ါးမျိုနေတဲ့ ပုံစံဟာ
တစ်ယောက်ကိုတစ်ယောက်ဖက်ထားလို့ မနွေးနိုင်ဘူး
အဲ့ဒီ့ အရေပြားတွေ ပေါ်က ရေဓါတ်မရှိတော့တဲ့ မျက်လုံးတွေ တောင်လည်မြောက်လည် လည်ကြ
စိတ်တွေနဲ့ အားယူ ပွေ့ဖက် လိုက်တဲ့အခါ ဟာ ကနဲ ဟာ သွားတဲ့ ဟင်းလင်းပြင်းတစ်ခုဟာ ….. ‘‘ဟာ’’
သူ့နာမည်ခေါ်ပြီ ကြိုဆိုလိုက်ပေမယ့် သူပါမလာတဲ့ အေးစက်ခြင်းတွေက
ဘယ်ကိုမှ ထွက်မသွားတော့မယ် ဧည့်သည်ကြီးတွေ
အမှောင်နဲ့ အလင်းကြားမှာ ထင်ထင်ရှားရှား မြင်နေရတဲ့ အမှတ်သား
ငါမင်းကို ရှုရှိုက်ခွင့် များရရင် ငါ့ အဆုတ်ထဲက ချစ်ခြင်းတရားနဲ့ အော်ခေါ်လိုက်ချင်တယ်
‘‘မြူ”




nelay

Friday, December 13, 2013

ဒီဇင်ဘာ စကား

ဒီဇင်ဘာ စကား

မျက်တောင် မခတ် ပဲ ကြည့်နေတဲ့ စိတ်ကို အများသုံး အိမ်သာထဲ ရေဆွဲချထားတယ်
အဲ့ဒီ့ နေ့က အကြီးအကျယ် သတင်းဆိုတဲ့ အကျယ်ကြီး သတင်းကို ပြန်ကြားရတော့
လက်ထဲက မကုန်ခင်တောက် ပစ်လိုက်တဲ့ ဆေးလိပ်တောင် ပြန်နှမျော သွားတယ်
စက္ကူကုန်နေလို့  ဒီအတိုင်း မကုန်းပဲ ပြန်ထွက်လာတဲ့ လူတွေ
ငါပဲ မသိချင်ယောင်ဆောင်ပြီး ကြည့်နေရတာ ကိုယ့်ကိုယ်ကိုယ် မလုံ သလိုလို
Page နံပါတ် ၂၃ ကို ကလစ် လိုက်တော့ ကဗျာဆရာမတွေ ကဗျာလောကထဲ
အုံလိုက်ကျင်းလိုက် ၀င်လာကြတယ် ငါလဲ လှတာနဲ့ ကြည့်နေရတာပါပဲ ပြီးမှ
ကျောကုန်းပေါ်ထွက်နေတဲ့ အဆူးတွေ ကို အသာ သပ်ချ
မနေ့တုန်းက ငါတွေ့ဖူးသမျှ လူတွေထဲ သူ့ကိုယ်သူ
စိတ်ချမ်းသာချင် ယောင်ဆောင်ထားတဲ့ လူကို ငါတော်တော် ခေါ်ယူရတယ်
သူ့မျက်နှာမှာ ပေါက် နေတဲ့ ဆံပင်တွေကို ငါ့မှာ စိတ်ရှည်ရှည်ဖီးပေးဖို့လေ
ဒါနဲ့ပဲ ဆောင်းတွင်း ကို ရောက်လာတော့တယ် ဆောင်းတွင်းရောက်လာတော့ ဘာဖြစ်ရမှာလဲ
အသားပတ်တာပေါ့ အသားပတ်တော့ စိတ်တွေ ခြောက်ကပ်ကပ်နဲ့ အရိပ်မကျတဲ့ သစ်ပင်အောက်
သွားထိုင်နေလိုက်မှ ဆောင်းဒဏ်က နည်းနည်း သက်သာ သွားတယ်
I saw myself …. In you. ဆိုတဲ့ အသုံးအနှုန်းကို မိန်းမတွေကို ပြောရင် သိပ်ကြိုက်ကြတာပဲ
ဒါနဲ့ ငါလဲ ဒီနာမည်နဲ့ ကွန်ဒုံး ထုတ်မယ် ဆိုတော့ လူကြီးတွေက ငါ့ကို ၀ိုင်းတားလိုက်ကြတာ
ငါလဲ လူကြီးတွေကို ဗွေမယူပါဘူး ဒီလိုလုပ်လိုက်ရင် အဲ့ မိန်းမကြိုက်တဲ့ အသုံးအနှုန်းကြီးနဲ့
သူတို့ဘယ်လုပ်စားလို့ရတော့မလဲ ခေတ်အဆက်ဆက် နတ်သက်ကြွေခြင်းနဲ့
အိန်ဂျယ်တွေပြုတ်ကျလာခြင်းကို ပြတဲ့ အကွက် ကြီးကို ငါက အားအားယားယား တိုင်းနေမိတာလား
စောစော က မှ လက်ဆေးပြီး ထလာတော့ အဲ့ အကွက်ကြီးကို တံမြက်စည်းလှဲသွားကြပြီလေ
ငါလဲ တော်တော်လေး စိတ်ထိခိုက်သွားတာနဲ့ သောက်ထားတဲ့ ဘီယာတွေ ကို ရည်းစားဟောင်းတွေရဲ့
အိမ်ရှေ့တွေမှာ သွားသွားပေါက်နေတာ နှစ်ပေါက်တော့မယ် ဆရာဝန်ကတော့ ပြောပါတယ်
မင်းမှာ ဆီးရောဂါမရှိပါဘူးတဲ့ အစက ငါလဲ မင်းတို့လိုပဲ အမေတွေကို သိပ်ချစ်
မိန်းမတွေကို သိပ်ချစ်တာပေါ့ ချစ်တာမှ မင်းတို့ထက်တောင် ပိုသေးတယ်
မယုံရင်သေသွားတဲ့ ငါ့ကြောင်အနက်လေးကို မေးကြည့်



nelay

Friday, November 29, 2013

ငါမျိုး ငါရိုး

ငါမျိုး ငါရိုး


သူ့ကိုယ်သူ ရှင်ပြီ ထင်ပြီး သေသေ နေရတဲ့ အမျိုး
တောမှာ ဂျိုကျိုးနားရွက်ပဲ့ နဲ့ အာရုံတက်တိုင်း တွန်တွန် နေတတ်တဲ့ အရိုး

အဆွေတွေ အပေါင်း နဲ့ အနုတ် နဲ့ အမြှောက် နဲ့ စားစား နေရတဲ့ အမျိုး
နိဗ္ဗာန်သာ ရောက်မယ် ဆိုရင် အရိုးတွေ အကုန်ဖယ်ပြီး အသားတွေကြီး လှူမယ်ဆိုတဲ့ အရိုး

အရိုး ကိုသာ လာမထိ ရင် အမျိုးတွေကို တစ်သက်လုံး အရိုးထဲ လှောင်ထားမယ် ဆိုတဲ့ အမျိုး
ယဉ်ယဉ်နဲ့ကျေးကျေးနဲ့ ရိုးရိုးနဲ့ရာရာနဲ့ အတွဲလိုက်ဖြုတ်ထားတဲ့ အရိုး rhyme တွေဘယ်တော့မှ မကျိုးတဲ့ အရိုး

ဇာတိမာန်တွေ တစ်ကွင်းလုံး ထက်သန်စေဖို့ အားအားရှိတိုင်း အားယားနေတဲ့ မျိုးချစ်ကြီးတွေ ကွေးအောင် ကနေကြတဲ့ အမျိုး
အမျိုးတွေ သာ ခေါ်မယ် ဆိုရင် အရိုးတွေ ကျေလို့ အရေခမ်းခမ်း အကန်းကမ္ဘာမှာတစ်သက်တာ ထာဝရနေမယ်ဆိုတဲ့ အရိုး

အပြောင်းနဲ့ အလဲကို ပါးစပ်ကသာ အကြိုထောက်ပြီး အိမ်အောက်က ကြမ်းပြင်မှာ သူ့အမေလင်တွေဝှက်ဝှက်ထားတဲ့ အမျိုး
သူ့ကိုယ်သူ ရိုးလှ ပြီ အထင်နဲ့ နိုင်ငံတကာ က ၀င်လာသမျှ ကို လက်အုပ်ချီပြီ ထိုင်ထိုင်ဆဲနေတတ်တဲ့ အရိုး

ဂေါင်းတွေသာ စက်နိုးလို့ရရင် ဘာ ဂေါင်းက ဆွဲဆွဲ အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး
သူ့အမေကလဲရိုး သူ့အဖေကလဲရိုး သူ့ညီရိုး သူ့ညီမရိုး
အရိုးပေါ်အရေတင်ရုပ်နဲ့ အရိုး Family အထုတ်ကို TV တွေပေါ်တက်တက် ဖြည်ပြနေတဲ့ အရိုး

နေထွက်တာကို အကြီးကြီး အော်ရယ်ပြီးမှ လ ထွက်မှာ ကြောက်လို့ တစ်မျိုးလုံး ၀ါးလုံးခေါင်းထဲ ၀င်ဝင်ပုန်းနေတတ်တဲ့ အမျိုး
သူ့စိတ်ကို သူမနိုးခင် သူ့အရိုးကို သူချိုးပြီး သူလဲပဲ နိဗ္ဗာန်မှန်းလို့ သူ့တစ်မျိုးလုံးကို အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ လှူခဲ့တယ်



nelay

Tuesday, November 26, 2013

အိမ်ထမင်း အိမ်ဟင်း

အိမ်ထမင်း အိမ်ဟင်း


ခြေထောက်လက်ထောက် ဆေးပြီးပါပြီ ငါ့ ကို ကြွေးမယ့် ထမင်းထဲမှာ အဆိပ်ပါသလား အဆီပါသလား
ကမ္ဘာမြေပေါ် ဥက္ကာခဲ ကျလို့ စတော်ဘယ်ရီ သီးတွေ မဲ ကုန် ရတယ် ဆို TV ကို ပိတ်လိုက်စမ်း ပါ
ထမင်းစားနေရင် Digital အသုံးအနှုန်းတွေ ဝှေ့ဝှေ့ ၀င်လာသမျှ ကို မဖမ်းနိုင်ဘူး
ငါ့ ကိုယ် ငါ ဆောက်တည်ရာ မရ ဖြစ်နေရတဲ့ ကြားထဲ ဟင်းရည်တွေ က ဘာလို့ ဒီလောက်တောင် ပူနေရသလဲ
ငါ နဲ့ ငါ ကြားက ချုပ်ရိုး ကြောင်းကို ဖြေ ပြီး စားပြီး သမျှ ကို ရှင်း ရမယ် ဆိုတော့ မင်း မျက်နှာ က ဘာဖြစ်သွား တာလဲ
ငါ့ ကိုပြောစမ်းပါ ငါ့ ကိုပြောစမ်းပါ ငါ့ ကို ပြောစမ်းပါ အဲ့ဒီ နေ့ က ဘာ ဟင်းနဲ့ စားခဲ့သလဲ
ဟို လမ်းဘေး က ၀က်သားဟင်းကို Social network ပေါ်မှာ သာကူစေ့သံကောင်နဲ့ ရောပြီး စားခဲ့တယ် လို့ဖြေစမ်းပါ ဖြေစမ်းပါ အဲဒီလို ဖား ချင်တဲ့ မျက်နှာနဲ့ များ စားပွဲထိုးလေးကို ပိတ်ပိတ် ဟောက်နေရတယ် လို့
မိမဆုံးမ ဖမဆုံးမ ရာသီဥတုကြီးက ဘယ်လိုကြီးမှန်းမသိဘူး ဒီအချိန် ကြက်ဟင်းခါးသီးလေး တို့ လိုက်ရရင်ကောင်းမှာ စက်ပစ္စည်းဆိုတာ ပျက်တတ်တဲ့ သဘော ရှိနေတော့ မေမြို့ ကိုလဲ မပြင်နဲ့တော့ ဒီဇင်ဘာကိုလဲ မဖြုတ်လဲနဲ့တော့
အလကား လာချပေးတဲ့ ငပိရည်တို့စရာ ထဲက မချစ်စုတွေပဲ တို့စားလိုက်ပါတော့
ပလတ်စတစ် အိတ်ထဲ ကြက်သွန်ကြော်တွေ သိပ် များနေတဲ့ ငါးကျည်း ကြပ်တိုက် ကို 3D ရုပ်ရှင်ရုံထဲဖောက်စား
ဟင်းဆိုတာ ပြောင်းဖူးအစေ့ကလေးတွေနွာပြီး ပြုတ်ထားတာရယ် မြေပဲပြုတ် အခွံခွာ ပြုတ်ထားတာရယ် လက်ဖက်ဆီစိမ်လေးရယ် ငါးနီတူခြောက်ကလေးရယ် ဆတ်သားခြောက်ကလေးရယ် ကြက်သွန်ဖြူရယ် ဒညင်းသီးရယ် ငရုတ်သီးရယ် ရောထားလဲ ဖြစ်တာပဲ
ငါတော့ ဒီလ ကုန်ရင် အိမ်ခဏပြန်အုံးမယ် ထမင်းအိုး တည်ထား ၆ နှစ် လောက်ရှိတော့မယ်
ငါထင်ပါတယ် အားလုံး သိုးကုန်ပြီ ဆိုတာ
မတတ်နိုင်ဘူး နံရိုးပေါင်း တစ်ပွဲ ၀ယ်ပြီး ငါ့ နှစ်ကာလ များကို ကြွေးရတော့မှာပဲ



nelay 

Saturday, November 23, 2013

မင်းကိုငါမချစ်တော့ဘူး

မင်းကိုငါမချစ်တော့ဘူး


ငါ့ကိုချစ်သေးရဲ့လား
နေ၀င်သွားတဲ့ အဖူးတွေနောက် မခူးခင်ရောက်လာမယ့် ပြိုပျက်ခြင်းတွေ
ဒါတွေ ငါမသိခြင်း
စောင့်ရှောက်ခဲ့တဲ့ မြောက်လေမှာ စိတ်တည်ခြင်းကိုရှာ
အမှန်တိုင်းပဲ ငါ့ကိုချစ်သေးရဲ့လား
မမှန်ချင်လဲနေပါ လေနှင်ရာ အငွေ့အသက်နဲ့ အသက်ဆက်ခဲ့တဲ့ မင်းရဲ့ မင်းအပြုံးတွေ
အနက်ရောင် ပြောင်းခဲ့တဲ့ ပျော်ရွှင်ခြင်းကိုတွေ့ပြီလား အကျယ်ကြီး အော်လိုက်စမ်းပါ
ဒီနေရာမှာ ငါ့ကိုချစ်သေးရဲ့လား
ပိတ်ထားတဲ့ကြားက မလင်းလာမဲ့ အသံကို ဂီတ ပုံစံအောက်မှာ ကဗျာဆန်ဆန်ကျဆုံးပြဖို့
လက်ခုပ်သံတွေ ပြောင်းပြန် ပြန်ရောက်လာမယ့် အဲ့နေရာမှာ ငါ့ကိုစောင့်နေရဲသေးလား
စိတ်ချလက်ချ ငါ့ကိုချစ်သေးရဲ့လား
ရွေးခဲ့တဲ့ လမ်းမှာ တိမ်လွှာတွေ ကြေမွနေလို့ ဖုန်တကာ့ အလယ်မှာ ကြုံရာတွေနဲ့အကြောင်းကြားဖို့
ယုံတယ်မယုံဘူးတွေ မှန်ထဲမှာ မှန်ရှေ့မှာ မင်းနဲ့ မင်း အကြိမ်ကြိမ် ငြင်းထားပါသလား
ငါ့ကိုချစ်သေးရဲ့လား
ဝိုး …. အို … အိုးးးး …. ၀ိုး …. အို …. အိုးးးးး
ထုတ်ဖော်မပြောခင် ကိုင်ထားတာတွေ လွှတ်ချလိုက်ဖို့ ရောက်ပြီ
ဒါတွေ ငါမသိခြင်း
စပါးကျီထဲမှာ ပိုင်ဆိုင်ခြင်း မရှိတဲ့ လုံခြုံမှုကိုရှာ
ငါ့ကိုချစ်သေးရဲ့လား
မေးစရာမလိုတဲ့ မေးခွန်းတွေ နံရံပေါ်မှာ သုတ်လိမ်းထားပြီး ငါတို့လှလှကြီး ထိုင်ကြည့်ကြမယ်
မင်းကိုငါမချစ်တော့ဘူး




nelay

Wednesday, November 13, 2013

လုံး လုံး လုံး

လုံး လုံး လုံး

November 12, 2013 at 11:41am
 
နောက်ပြီး
မနက်က လုံး
မြွေတွေ နဲ့ လုံး
ကားတွေ နဲ့ လုံး
Facebook နဲ့ လုံး
လူတွေ နဲ့ လုံး
စက်တွေ နဲ့ လုံး
လွှတ်တော် နဲ့ လုံး
ဘာမပြော ညာမပြော လုံး
နောက်ပြီး နေ့လည်ရောက်တော့ လုံး
လည်ပင်း အောက် က
ဘယ်တော့မှ မတပ် တဲ့ ကြယ်သီးကို
ဘာလို့ တပ် ထားကြတာလဲ
ကြယ်သီး ကို လဲ လုံး
စောက် လုပ်ကို လဲ လုံး
မီး ကို လဲ လုံး
ကဗျာ ကို လဲ လုံး
ကလေး တွေနဲ့ လုံး
မျက်လုံး တွေနဲ့ လုံး
လက် တွေနဲ့ လုံး
နောက်ပြီး ည ရောက် လာတော့ လုံး
အမှောင် ကို လုံး
မီးရောင် ကို လုံး
လမ်းဘေး ဆိုင်တွေနဲ့ လုံး
ဘီယာနဲ့ လုံး
အရက်နဲ့ လုံး
ဆေးလိပ်နဲ့ လုံး
လူကြီး လူကောင်းတွေနဲ့ လုံး
ဟို လူ့ နဲ့ လုံး
လူတော်တွေနဲ့ လုံး
ဒီ လူ့ နဲ့ လုံး
အပျက်မ နဲ့ လုံး
ပခြုတ်အိမ် နဲ့ လုံး
စာသားတွေ နဲ့ လုံး
စာလုံးတွေ နဲ့ လုံး
ဟို ကောင်မ နဲ့ လုံး
ဒီ ကောင်မ နဲ့ လုံး
ပါးစပ် တွေ နဲ့ လုံး
lycan တွေ နဲ့ လုံး
မင်း အမေ နဲ့ လုံး
ဘုရား နဲ့ လုံး
တရား နဲ့ လုံး
Schema နဲ့ လုံး
သမ္မတကြီးနဲ့ လုံး
Nyctophilia နဲ့ လုံး
နောက်ပြီး
ငါ့ ကိုယ် ငါ လုံး ထားရတယ်

nelay

ငါ့ ကြက်ဥ ကို ဘယ်သူနေရာ ရွှေ့သွားသလဲ

ငါ့ ကြက်ဥ ကို ဘယ်သူနေရာ ရွှေ့သွားသလဲ

November 4, 2013 at 1:51pm 

ဒုက္ခိတ တွေ ပတ်ပတ်လည် ၀ိုင်းနေတဲ့ ကြက်ဥကြော်မှာ ငရုတ်ကောင်း မှုန့် နဲနဲ ဖြူးထားတဲ့ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်းကို လမ်းဘေးမှာပဲ လုပ်တယ်ပေါ့ အဝေးပြေး လမ်း မကြီး ပေါ် ကျကွဲ သွားတဲ့ တောကြက်ဥထဲ လမ်းပြပလိပ် ရဲ့ ၀ီစီ သံဟာ echo သံနဲ့ အဝေးကြီးကိုပါသွားတယ်ပေါ့ လေယာဉ်ပျံပေါ် က ပစ်ချ လိုက်တဲ့ ကြက်ဥ ဟာ လေတိုက်နှုန်း 35 percent မှာ အကောင်ပေါက်လာတယ် ပျံတယ် ပျံတယ် ပျံတယ် တောဘဲ တွေ လို ပျံတယ် ပျံတယ် ပျံတယ် ပျံတယ် နဂါးတွေ လို ပျံတယ် ပျံတယ် ပျံတယ် ပျံတယ် ရွာက နွားကြီး လို ပျံတယ် ဒယ်အိုးထဲ မှာ ပိုးလိုးပက်လက် လန် လို့ ကြက်ဥကြော် ဟာ ပျံတယ် ဒါဟာ အစမ်းလေ့ကျင့် ရေး လုပ်နေတာ မဟုတ်ကြောင်း မပူသေးတဲ့ စားအုန်းဆီ ကို ပြောရတယ်ပေါ့ ကြက်ဥကြော်ကို အကြောင်းပြ ပြီး လွမ်းပြ နေတဲ့ မိန်းမတွေ ကြက်ဥကြော်ကို အကြောင်းပြ ပြီး ငိုပြနေတဲ့ ယောက်ကျားတွေ ကြက်ဥဟာ ကျောက်ဒိုး ပစ်လို့ ဂေါင် ထိသွားတဲ့အခါ ကွဲ သွားတဲ့ အရသာ အတိုင်းပဲ သမိုင်းထဲမှာ ကြက်ဥကို ကြော် ရီနေးဆန်း ခေတ်ထဲမှာ ကြက်ဥ ကို ကြော် ကျောင်း မှာ ကြက်ဥကို ကြော် တက္ကသိုလ် မှာ ကြက်ဥ ကို ကြော် ရထားပေါ်မှာ ကြက်ဥ ကို ကြော် တူး နံ့ တွေဟာ မဲနက်လို့ ဇွန်းပေါ်မှာ ကပ်ကုန်ပြီ အစာအိမ်ထဲမှာ ကပ်ကုန်ပြီ ဦးနှောက်ထဲမှာ ကပ်ကုန်ပြီး ခွာ မရတဲ့ အမှေး ပါး ပါး လေး ကို ကြက်ဥ အကာ ပေါ် က အတင်း ခွာ နေတယ်ပေါ့ လေးခွ ထဲ ထည့် ပစ်ဖို့ ကြက်ဥ ကို ဖွဖွ ကလေး ကိုင် ထည့်လိုက်တယ်ပေါ့ မကျက်တကျက် ပြုတ်ထားတဲ့ ကာကျက် ထဲမှာ အနှစ်ဆိုတာ လေ သလပ် မခံရဖို့ အမြဲစိမ်းသစ်တော တွေနဲ့ အုပ်ထားရတယ် လည်ပင်းမှာ ကြိုးတပ်ပြီး ကြက်ဥ တွေနဲ့ လမ်းလျှောက်ထွက် ကြတဲ့ အခါ အသိတွေ့ ရင် လက်ဆောင်ပေးဖို့ ကြက်ဥ ကိုလဲ ကြော်ထား ရတယ်ပေါ့ ငါ့ ကြော်ခါ နီး ကြက်ဥကို ဘယ်သူတွေက နေရာရွှေ့ လိုက်ကြသလဲ ဟေ့



nelay

ဘိလပ်မြေ

ဘိလပ်မြေ

October 26, 2013 at 2:17pm 

တောင်ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို ပြုံးပြ နေသလား
မြောက်ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို က ပြ နေသလား
အရှေ့ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို စိတ်ကောက် နေသလား
အနောက်ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို ဆုတောင်း နေသလား
အရှေ့ဖက် မုခ် မှာ အလှူခံကြီးများ ငါ့ကို ကြည့်ပြီး တစ်ယောက်ကို တစ်ယောက် စောက်တင်းချ နေကြတယ်
အနောက်ဖက်မုခ် က တံမြက်စည်း များ ငါ့ကိုကြည့်ပြီး အမှိုက်ဖွနေကြတယ်
တောင်ဖက်မုခ် က ရေဘုံဘိုင်တွေ ငါ့ ကိုကြည့်ပြီး လျှံ နေလိုက်ကြတာာာ
မြောက်ဖက်မုခ် က ပန်းတွေ ငါ့ ကို ကြည့်ပြီး ကြွေ
ရွှေ နာမ် ငွေ နာမ် နဲ့ ငါ့ ကိုယ်ပေါ်က ယတြာပန်းတွေ ပုရွက်ဆိပ်တက်လို့ ငါ့မှာယားးးးး
ငါ့ ကို အသက်သွင်းပြီး ရွှေချထားဖို့ ဘယ်အခြောက် တွေ အလုပ်ရှုပ်နေကြသလဲ
နာမည်မကြီးတဲ့ ငါ့မှာ မှန်ဘောင်ရှေ့ က သော့ ခလောက် ကိုသာ ငေးးးး
အုန်းပွဲ ငှက်ပျောပွဲ နဲ့ ဝေး နေတဲ့ ကာလ များဟာ ငါ့ အသဲကို ပိုးဆိုးပက်စက်ခွဲလွန်းတယ်
ငါ့ ကိုယ်ငါ Still ဖမ်းထား ရတာ ညောင်း ညောင်းလာလို့ ငါ့ကိုယ် ငါ ခြွေချ .....
ငါ့အသား တွေ ပွ သွားပြီး ငါ့ အသား ကို ဒီကောင်တွေ ခိုးခိုး ထားတဲ့ ဘိလပ်မြေ က အခုမှ ပေါ်ပေါ်လာလို့
ငါ့မှာသာ ဟိုမရောက် ဒီမရောက် မုခ်ဦး ကြီး က ဘိလပ်မြေ အရုပ်ကြီးကို ဖြစ်လို့
သဲများသွားတဲ့ အသားတွေ ပွပွ ကျလာ တိုင်း ထုံးတွေကို ဖွေးးးးး



nelay 

သူဟာ စောက်ကျင့်

သူဟာ စောက်ကျင့်

October 23, 2013 at 1:09pm 


သူဟာ စာမေးပွဲ ဖြေပြီး စာမေးပွဲ ခန်းထဲက ထွက်လျှင် ဘယ်တော့မှ အဖြေလွှာ ပြန်တိုက်ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ ။

သူဟာ လမ်းမှာ သူ့နာမည်ကို မခေါ် မချင် ဘယ်တော့မှ စောက်ဖက်လုပ်ပြီး ပြန်လှည့်ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ ။

သူဟာ သူမဆက်ဆံချင်တဲ့ အသိုင်းအ၀ိုင်း အတွင်းမှ ထွက်လာအပြီး ဘယ်တော့မှ ယောင်လို့တောင် ဟန်ဆောင် ပြုံးပြ တတ်တဲ့ စောက်ကျင့် မရှိပါ ။

သူဟာ အိပ်သာ တက်အပြီး ရေ ပြန်ဖြည့် တတ်တဲ့ စောက်ကျင့် မရှိပါ။

သူဟာ Post တစ်ခု တင် အပြီး တစ် သ သ ပြန် ပြန် ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ။

သူဟာ ဘာသာစကားနဲ့ ပတ်သက်ပြီး စောက်ကြီးစောက်ကျယ်တွေ ပြောတတ်တဲ့ လူတွေ ကို စောက်ထင်ကြီး တဲ့ စောက်အကျင့် မရှိပါ ။

သူဟာ ဆေးလိပ်သောက်ပြီး တံထွေးကို ဘယ်တော့မှ ပြန် မျို ချ တတ်တဲ့ စောက်ကျင့် မရှိပါ ။

သူဟာ မနက် မနက် အိပ်ယာ ထ နေခြင်း ဘာမှာ စောက် အဓိပ္ပါယ် သိပ်ရှိနေတယ်လို့ ခံစား ရခြင်း စောက်ကျင့် မရှိပါ ။




nelay

သူစိမ်း

သူစိမ်း

October 18, 2013 at 4:27pm 

မင်း စာလုံးပေါင်းလဲ ငါမကြည့်
ငါ့ စာလုံးပေါင်းလဲ မင်း မသိ
မင်း နာမည်လဲ ငါ Click မနှိပ်
ငါ့ နာမည်လဲ မင်း Click မနှိပ်
မင်း ပြောသံဆိုသံတွေ ငါ ကျော်သွား
ငါ့ ပြောသံဆိုသံတွေ မင်း ကျော်သွား
မင်း ရုပ် ငါ မကြည့်
ငါ့ ရုပ် မင်း မကြည့်
မင်း အသံတွေ ငါ ကျယ်လို့
ငါ့ အသံတွေ မင်း ကျယ်
မင်း တက်တူးကို ငါ မကြိုက်
ငါ့ တက်တူးကို မင်း မကြိုက်
မင်း Code ကို ငါ မသုံး
ငါ့ Code ကို မင်း မသုံး
မင်း About မှာ ငါ မပါ
ငါ့ About မှာ မင်း မပါ
မင်း နွယ် ကို ငါ မ ငင်
ငါ့ နွယ် ကို မင်း မ ခင်
မင်း Post ကို ငါ မ Like
ငါ့ Post ကို မင်း မ Like
မင်း Digital ကို ငါ ထွေးထုတ်
ငါ့ Digital ကို မင်း ထွေးထုတ်
မင်း အလေအလွင့် ကို ငါ မမက်မော
ငါ့ အလေအလွင့် ကို မင်း မမက်မော
မင်း သူစိမ်း ကို ငါ ချစ်လို့
ငါ့ သူစိမ်း ကို မင်း ချစ်တယ်


nelay

ပညာရေး အသုံးအနှုန်း

ပညာရေး အသုံးအနှုန်း

October 18, 2013 at 4:22pm 

ရှစ် တန်း လဲ အရေး မကြီး ဘူး
ကိုး တန်း လဲ အရေး မကြီး ဘူး
ခြောက် တန်း လဲ အရေး မကြီး ဘူး
ငါး တန်း လဲ အရေး မကြီးဘူး
သုံး တန်း လဲ အရေး မကြီးဘူး
လေး တန်း လဲ အရေး မကြီးဘူး
နှစ် တန်း လဲ အရေး မကြီးဘူး
ခုနစ် တန်း လဲ အရေး မကြီးဘူး
တစ် တန်း လဲ အရေး မကြီးဘူး
ဆယ် တန်း လဲ အရေး မကြီးဘူး
အရေး အကြီး ဆုံး က
မသိရင် မှတ်ထား
မူလ တန်း ဟ



nelay 

မင်္ဂလာရေး ကူညီမှုအသင်းကြီး

မင်္ဂလာရေး ကူညီမှုအသင်းကြီး

October 18, 2013 at 4:17pm  

ငါ သာ အမွေ ရ လို့ ကတော့
ဟို ကျော်သူ ဆိုတဲ့ ဘဲ ကြီး လို မှုတ်ဆိတ် မွှေး အရှည်ထား
ရောင်ကြီးဘွေ ကို စွေ့ နေအောင် ထုံးပြီးးး ....
ဘိတ်သိတ် ဆရာယောင်ယောင် MC ယောင်ယောင်
ဟို နက္ခတ် ကြည့် ဒီ နက္ခတ် ကြည့်
ဟို စာရွက်လှန် ဒီ စာရွက်လှန်
မင်္ဂလာ မဆောင် နိုင်တဲ့
တောသားတွေ
ခွက်ပြောက်တွေ
သူတောင်းစားတွေ
ဟိုတယ်ပေါ်က အလေ အလွှင့် အမှိုက်သရိုက်တွေ
ဆွေမကြည့်မျိုးမကြည့် ဟာ တွေ
အလေနတ်တော တွေ
အဖေမနိုင်အမေမနိုင်တွေ
ခိုးရာလိုက်ပြေး ဆင်းရဲသားတွေ
လက်ဖေ့ရည်သောက်ချင်နေတဲ့ တရားရုံးက၀န်ထမ်းတွေ
ဆွေမရှိမမျိုးမရှိ ကြွက်စုတ်တွေ
ဂေါ်မစွန်တဲ့ အပျိုပုတ်ကြီး လူပျိုပုတ်ကြီးတွေ
ဘယ်တော့မှမပြည့်လာတဲ့ ငွေကိုစုနေတဲ့ ၀န်ထမ်း လဒတွေ
ဘုန်းကြီးကို အလုပ်ရှုပ်အောင်လုပ်ဖို့ကြံနေတဲ့ကောင်တွေကောင်မတွေ
မိဘ သဘောမတူတဲ့ နန့်နန့်တက်ဆပ်ဆလူးတွေ
ဟန်ပြ ဆောင်ချင်တဲ့ ကြာကူလီတွေ
အဲဒါတွေ အားလုံးကို
မင်္ဂလာရေး ကူညီမှုအသင်းကြီး ဆိုပြီး
ရွာလုံးကျွတ် မြို့လုံးကျွတ်အောင် မင်္ဂလာ ဆောင်ပေးလိုက်အုံးမှာ
ဒါနဲ့ ဗုံး ကွဲ သွားတော့တာပါပဲ



nelay

နေကွယ်တိမ်

နေကွယ်တိမ်

October 13, 2013 at 6:01am
 
တကယ် တော့
တိမ်တိုက် တွေ ဟာ
ငါတို့ ကို ကောင်းကောင်း နင်းပြီး
လွှင့် နေခဲ့တာ ပေါ့ .....
ငါ တို့ မှာ သာ
သူတို့ ခြေဖ၀ါး အောက် မှာ
ရွှဲရွှဲ ကိုစို လို့


nelay

ငါ ကော်ပီ ငါ ပေ့စ်

ငါ ကော်ပီ ငါ ပေ့စ်

October 13, 2013 at 6:00am
 
ကွန်ပြူတာ ထဲ မှာ ငါ က ကွန်ထရိုး စီ Ctrl+C (copy) ကို နှိပ် လိုက်တယ်
ကွန်ပြူတာ ရှေ့ က ငါ က ထ လာတော့ ကွန်ထရိုး စီ Ctrl+C (copy) ကြီးက
ငါ့ လက်ထဲ အလိုလို ပါ လာ ရော
ငါလဲ ဘယ်နေရာ မှာ ကွန်ထရိုး ဗီ Ctrl+V (paste) ချ ရမလဲ လိုက်ရှာ နေရော
ဒီလိုနဲ့ ကွန်ထရိုး စီ Ctrl+C (copy) ကြီးကိုင်ပြီး ငါလျှောက်သွား နေရင်း
ကွန်ပြူတာ နား ငါ ပြန် ရောက် လာတယ်
ဒါနဲ့ ငါလဲ ကွန်ပြူတာ ထဲ ကွန်ထရိုး ဗီ Ctrl+V (paste) ကြီး ချ လိုက်တော့ တာပါပဲ


nelay

Saturday, October 12, 2013

Software

Software

ပန်းတွေ ငုံ့ ပြီးပွင့်ကြ 
ပန်းတွေ မော့ ပြီးပွင့်ကြ
ပန်းတွေ ဘယ်ဖက် စောင်း ပြီးပွင့်ကြ
ပန်းတွေ ညာဖက် စောင်း ပြီးပွင့်ကြ
ပန်းတွေ မငုံ့ မစောင်း ပွင့်ကြ
ပန်းတွေ ပွင့်ချင် သလို ပွင့်ကြ 
ပျားတွေ သေချင် သလို သေကြ ~ 

nelay

လူ

လူ


သူ့ဆီ ကနေ ယူလာတယ်
ရပ်ကွက် ကနေ ယူလာတယ်
အိမ် ကနေ ယူလာတယ်
သူငယ်ချင်းဆီ ကနေ ယူလာတယ်
ဈေးထဲ ကနေ ၀ယ်လာတယ်
လမ်းပေါ် ကနေ ၀ယ်လာတယ်
စူပါမားကပ် ကြီးတွေ ကနေ ၀ယ်လာတယ်
နိုင်ငံခြား ကနေ ၀ယ်လာတယ်
လမ်းဒေါင့် ကနေ ၀ယ်လာတယ်
အဲ့နေရာ မှာ လာ ထားတယ်
အိမ် မှာ လာ ထားတယ်
ခန္ဓာ ထဲ မှာ လာ ထားတယ်
စိတ် ထဲ မှာ လာ ထားတယ်
လမ်းဒေါင့် ထဲ မှာ လာထားတယ်
အနာဂတ်ထဲ မှာ လာ ထားတယ်
အတိတ်ထဲ မှာ လာ ထားတယ်
အခု ထဲ မှာ လာ ထားတယ်
လူ ထဲမှာ လာ ထားတယ်
စာအုပ် ထဲမှာ လာ ထားတယ်
ကဗျာ ထဲမှာ လာ ထားတယ်


nelay

ရုပ်သံ လောက ချစ်စရာ့ စောက်တလွဲများ

ရုပ်သံ လောက ချစ်စရာ့ စောက်တလွဲများ



မြင်မြင်ရာ ကို လေ နဲ့ ပစ် လိုက် လို့ အသံ ကြားရတယ်
မချစ်သော်လဲ အောင့်ထားရတဲ့ ဖျော်ဖြေပေးရန် ပညာပေးရန် ပြန်ကြားပေးရန်
ရန်တွေများလာလို့ Record ခလုတ်တွေပိတ်ခဲ့တယ်
ဝန်းထမ်းဘ၀ဟာ reflector တွေ
နေပူမှာလှမ်းထားမှ အရောင်တွေပြန်ပြန်ပြန်ပြန်ပြန်ပြန် ပျံ
ဝါသနာ တစ်လုတ် အတွက် အစာငတ်ခံ ထားတဲ့ အစာအိမ် အမှောင်ခန်းတွေ
လှည်းတန်း မီးပွိုင့်အလယ်မှာ အပေါ့ သွားသလို media ဆိုတာ လက်ညှိုးထိုးဖို့ထင်သာမြင်သာ
လက်ချိုးရေထားတဲ့ ရုပ်သံ ကလေး ခြောက်တီးခြောက်ချက်ကိုပဲ စောက်ပြစ်ပြောဖို့ 
ည ၇နာရီ ဆိုလဲ ကြည့် 
ည ၆နာရီ ဆိုလဲ ကြည့်
ည ၉နာရီ ဆိုလဲ ကြည့်ည
၁၀နာရီ ဆိုလဲ ကြည့်
ကြည့်ကြည့်ကြည့် အစာ ငတ်ခံပြီး ကြည့်
ကြည့်စရာမရှိတဲ့ ဒီလောကမှာ TV ရောဂါပိုးတွေ ထုတ်လုပ်ထားတယ်
ချောင်းဆိုးပြီးရင်ကြပ် နေရင် ရင်ချောင်စေဖို့ ရိုက်ကူးရေးတွေ ထပ်တိုးထားတယ်
ဘတ်စ်ကား ပေါ်မှာ စောက်အကြီးကြီး နဲ့ ရင်ဘတ်ပေါ်က တံဆိပ်တွေကို ကြည့်
ကိုယ့်သေတွင်း မှာ ကိုယ်တူးထားတဲ့ ၀ါသနာ ကို စောက်ရှက်မရှိတဲ့ မျက်နှာနဲ့ ထုတ်ထုတ်ဖြီးရတယ်
လေချဉ်တွေ တက်လာတဲ့ ညနေများဆို အတိတ်ကာလကို ရိုက်ကူးရေးဖျက်ဖျက်ပြီး 
လှည်းတန်း ဂုံးတံတား အသစ်ကြီးက နေ ခုန် ချ ခုန် ချ ခုန် ချ
၈နာရီ ကျော်သွားတဲ့ သတင်းမှာ ခြေ နှစ်ချောင်း မပါရင် မပြီးတဲ့ ဆယ်လီဘယ်တီ အတင်းတွေ
ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ က ရုပ်သံလိုင်းကလေးတွေ ဟိုစုဒီစု
ဘာ စောက်စည်း စောက်ကမ်းမှ မသဒီစရာကို 
လူကြီး အတု တွေ ထုပ်ထုပ်ပြီး နေရာတိုင်းမှာ လ တွေ ပွင့်ပွင့် ၀ါစေဖို့
ဝန်းထမ်း အသစ်တွေ စုစု ထားတယ် 
နည်းကျ လမ်းကျ ဘယ်သူ့ အဖေခေါ်ရမလဲ မျက်နှာ ငယ်ငယ် ထားနဲ့
ဝေလီဝေလင်းမှာ ထထ ယောင် နေတဲ့ စိတ်ကျ အိပ်မက် တွေပါ
စောက်ပြစ် ပြောတဲ့ CONSERVATIVE တွေ စုစု လာလို့
ကျီးကန်းကို ရေချိုး ပေးဖို့ ဆပ်ပြာကုန်နေတယ်


nelay

Goverment

Goverment 



ဘာပြုလို့ 
ရန်ကုန် မြို့ကြီး ကို 
backup လုပ်ပြီး


နေပြည်တော် Version ကို
ပြောင်း သုံးကြတာလဲ

အော် 
virus ကိုက်မှာ
ကြောက်လို့ 





nelay

လက်သမားစာ

လက်သမားစာ
လွန်ပူ
ဂွ
လွှ
ကျားလျှာ
တူ
သံ
ကျဉ်တွယ်
မူလီ
ပတ်တာ
မျောက်လက်
ပေကြိုး
ကော်ပတ်အနု
ဝက်အူလှည့်
ရေချိန်
ဆောက်
သံမှို
နတ်
ပက်လက်ယာ
ဆောက်ပြား
ကော်ပတ်အကြမ်း
ဆောက်လုံး
ကော်ပတ်
နှစ်တစ်လက်မ
ဒုတ်
သွပ်
နှီး
ဝါး
ညှပ်
ထရိုင်စကေး
ဓါးစောင်း
ချိန်သီး
ရေချိန်
မီတာ
လေဆာ
စနပ်ဂရစ်
သစ်သား
လွှစာ
ရွှေဘော်

nelay

Sunday, September 15, 2013

ပူစီဖေါင်း



ပူစီဖေါင်း






ခင်ဗျား မှုတ်ထားတဲ့ လေ တွေ နဲ့
ပူစီ ဖေါင်း ကြီး က ကြီးကြီး လာတယ်
ကြီးကြီး လာတဲ့ ပူစီ ဖေါင်းကြီး က လှတယ်မဟုတ်လား

''ဖေါင်းးးးးးးးးးးးးးး''
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ
ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား




nelay

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ



မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ







ဒါဟာ SYRIA ကို အသွားအပြန်လုပ်နေတဲ့ သူ့စိတ်ကူးတွေကို ခါထုတ်လိုက်တယ်
တကယ်လို့ သူ့မှာ သတင်းဓါတ်ပုံ အခိုင်အလုံ မရှိခဲ့ရင် ဘယ်လိုလုပ်မှာလဲ
မာလီဆိုင်းလပ်ကို ခေါ်ပြီး က ခိုင်းမှာလား
သူဟာ Digital Drug နဲ့ အဆိပ်သင့်ရာကနေ နိုးလာတဲ့ zombie တစ်ကောင်ဖြစ်တယ်
သူနဲ့ ဘယ်နှစ်ပေ ပတ်လည် ကို သွားမကပ် မိစေနဲ့ ဆီရီးယား က ဘိုင်အိုဝက်ပွန် တွေ အန်ထုတ်လိမ့်မယ်
သတင်းဖတ်ရာ ကနေ ခဏရပ် ပြီး ကလေး ကို နို့တိုက်တယ် သေးတည် တယ်
ဒါဟာ aphasia ရဲ့ အစ ဆိုတာ သူသိသိကြီးနဲ့ ဆိုတေး ဆိုတဲ့ ငနဲ ရဲ့ သီချင်းကို အိမ်ရှေ့မှာ အကျယ်ကြီးဖွင့်ဖွင့်ထားတယ်
နောက်ဖေး မီးဖိုချောင်ထဲက အိုဘားမားရဲ့ ရုံးခန်းကို အိမ်လာလည်တဲ့ လူတိုင်း သူခေါ်ပြတယ်
စစ်အစိုးရကိုလဲ မုန်းသတဲ့လေ
ဆာလာတဲ့ အခါတိုင်း ကျနေတဲ့ စိတ်ကို ဇွန်း နဲ့ ခရင်း နဲ့ မှ သူက သပ်သပ်ရပ်ရပ် စားတတ်သေးတယ်
ရှော့တိလေးတွေ နဲ့ ဂေါ်ဖီပုတ် ကြွေးတဲ့ သူ့ အိမ်နောက် က ၀က်ခြံထဲမှာလဲ သူက စိတ်အပန်းဖြေ ထွက်လို့ ခေါင်းပေါ်က ပျံ သွားတဲ့ Thai လေယာဉ်ကိုလဲ ထိုင်ဆဲနေသေးတယ်
ငါတော့ သူ နမ်းနမ်း ပြနေတဲ့ သံကြိုးတွေနဲ့ မိန်းမ ကို သိပ်မုန်း တာပဲ လို့ ဆိုတော့
သူ က meditation လ တိုင်း ထိုင်ဖို့ ငါ့ အတွက် junction Square က 3D လက်မှတ်တစ်စောင်မှာ ခဲ့ပေးတယ်
ပုတ်ပုတ် ထုတ်နေတဲ့ သူ့ အတွေးဟာ သိပ်ထူးဆန်းဖို့ ကောင်းတာပဲ
ကိုယ်ဝန် သည် တွေ ကို လက်ညှိုး မထိုး မိဖို့ ငါ အတန်တန် တားပါသေးတယ်
ဆွဲ နေတဲ့ စိတ် ဟာ swag တွေ ရှုတဲ့ ဆေးထဲက ပိုးမွှားတွေ ပါပဲ
ခေတ်တွေ ပြောင်းတာကို သူ ကြိတ်မှိတ် လက်ခံ လိုက်သလို သူ ပြောင်းခဲ့တဲ့ ခေတ်ကိုလဲ သူ စမြုပ် ပျံ တတ်လို့ မမောနိုင်ဘူး
ဟို ဖက် ရပ် ကွက် နဲ့ ဒီ ဖက် ရပ် ကွက် သူတို့ ခေတ်တုန်း က ရန် ဖြစ်တာကို ရွှေတိဂုံ မှာ ရွှေ ပြား ကပ် သလို ၀င်းလို့ ထိန်လို့ သူပြောနေရရင် ငါ တောင် လမ်းဘေး ကိုယ်စားပြု ဖခင်တွေ ကို သတိရတယ်
တိမ် တွေ ဟာ စောက်ဖောင်းထု ချင် စရာကောင်းအောင် သိပ်လှတာပဲ
monarchist ဆိုတာ သူ့ လို လူတွေ အတွက် ပါတဲ့ သူ့ အိမ်ခြံ တံခါး ၀ မှာ ကြေးပြား အထူကြီး ကို သံနဲ့ စွဲအောင် နာနာ ရိုက်လို့ ကပ် ထားပြီး ကြေးပြား ပေါ်မှာ correction pen အရေ အဖြူကြီး ကို ပြစ်ပြစ် ခဲခဲ အထူကြီး နဲ့ ရေးထားတယ်
ခါတိုင်းလိုပဲ သူစား နေကြ အရာတွေထဲက စိတ်တိုင်းမကျတာတွေကို ထွေးထုတ်တယ်
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်
Homosexual တွေ အကြောင်းကို သူက homonym ပါပါ ငြင်းခုန်နေရရင် ပဲ သူ့ကိုယ်သူ ခေတ်မှီလာသလို ယုံကြည်မှုတွေရှိလို့
ဖွင့်ထားတဲ့ စာအုပ်ထဲက စာကြောင်းတစ်ချို့ကို သူရွတ်ရွတ်နေကြ Facebook ပေါ်က Group တစ်ချို့မှာ သူတင်တယ်
အများဆုံး တင်တာ ကတော့ A person who never made a mistake never tried anything new. Albert Einstein ဆိုတာတို့ Even if you are a minority of one, the truth is the truth. Mahatma Gandhi ဆိုတာတို့ The empires of the future are the empires of the mind. Winston Churchill ဆိုတာတို့
သူ သဘာဝကိုက အိပ်ယာ ၀င်စရာ မလို သလို နိုးစရာ လဲ မလိုဘူး
ဒီခရီးနဲ့ ဒီခရီးကို အချင်းချင်း ပြန်စားချင်ကြတဲ့ လမ်းပေါ်ကို သူသိပ်ထွက်လေ့မရှိဘူး
မြင်းခွာရွက်တွေ အဖို့တော့ သူ့စိတ် ဓါတ်ဟာ မုန့်ဟင်းခါးပဲ
မကြာမကြာ သူ့ကိုယ်သူ တခြား သူတွေ နဲ့ မတူဘူး ဆိုပြီး မတူအောင် လုပ်ထားတာတွေ ထုတ်ပြတတ်တယ်
သူ့ကို လူတွေက Like များများ လုပ်ပေးမှ နောက်ကွယ်မှာလဲ နေသာ ထိုင်သာ ရှိတယ်
သူ့မှာ ဦးနှောက် မပါ တာကလွဲလို့
သူက သေမထူးနေမထူးပဲ ဆိုတဲ့ စကားပုံကို သိပ်ကြိုက်တယ်







nelay

MA MA (EXO-K) Misheard Lyrics in Myanmar transform to poem by nelay

MA MA (EXO-K) Misheard Lyrics in Myanmar
transform to poem by nelay

Kpop က EXO ဆိုတဲ့ အဖွဲ့ တစ်ဖွဲ့ရဲ့ သူ့ချစ်တဲ့ မြန်မာပြည်က Fan တစ်ယောက်လုပ်ထားတဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က တင်ထားတဲ့ Exo video လေးကိုကြည့်မိထားတယ် ….. အဲ့ဒီ ပုံစံမျိုးက အခြား Kpop တွေကို မြန်မာလူငယ်တွေ ရီစရာအဖြစ်နဲ့ တင်တင်ထားတာ တွေ့ရပါတယ် …. ကျနော်လဲ ရီခဲ့ဟားခဲ့တာပါပဲ ….. အခု ဒီတစ်ပုဒ် နားထောင်မိတော့ ဘာကိုသွားတွေ့လဲ ဆို စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာစကားတစ်ခုနဲ့ တစ်ခုရဲ့ဆက်နွယ်ပုံမျိုးပဲ ….. ငယ်ငယ်က ဂျပန်စာတက်တော့ အသံထွက်တွေကို မြန်မာသံနဲ့ လိုက်မှတ်ဖူးတယ် စောက်တလွဲတွေပဲ ရီရတာပေါ့ …. EXO Fan တွေကလဲ သူတို့ဘာသာစကား မတတ်ပေးမဲ့ သီချင်းကို ရူးကြတဲ့ အခါလိုက်ဆိုဖို့ အားထုတ်ကြရတယ် အဲလိုအားထုတ်ရာကနေ အသံထွက်တွေ လိုက်မှတ်လိုက်ဆိုပုံပဲ အဓိကက ဆယ်ကျော်သက်လူငယ်တွေ ဆိုတော့ ကိုးရီးယားလို သင်ဖို့ကလဲ မဖြစ်နိုင်သေးတော့ သူတို့အားကျတဲ့ သူတို့စိတ်ကူးထဲက သူရဲကောင်းတွေရဲ့ သီချင်းတွေကို အဲလိုလုပ်လိုက်ဆိုကြတာပါ နောက်ပြီး online စတုန်းက ဘားဂလိ လို ရေးကြတယ် အခုလဲ အဲလို အသံထွက်ပုံစံနဲ့ ရေးနေကြတုန်းပဲ အရင်တုန်း ကျနော်လဲ ကဗျာတစ်ပုဒ်ကို ဘားဂလိ လိုရေးဖူးတယ် အဲလိုပုံစံနဲ့ အခု ဘာသာပြန်ကလဲ ထူးဆန်းတယ် သူတို့ဘာသာစကားနဲ့ဆိုရင် အဓိပ္ပါယ် ရှိချင်ရှိနေမှာပါ ….. အဲလိုပဲ ကျနော်တို့ ဘာသာစကားပြောင်းလိုက်တော့ ပိုလို့တောင် အဓိပ္ပါယ် ရှိသွားတဲ့ အပြင် ကဗျာတစ်ပုဒ်အသွင်နဲ့ ကျနော်ပြန်ခံစားကြည့်ပါတယ် ကဗျာတစ်ပုဒ်အနေနဲ့ ပြန်ခံစားတော့လဲ ကျနော့်အနေနဲ့ တော်တော်ထိထိမိမိရှိလှတယ် ….. စာသားဖတ်ရှု့ခံစားနေတဲ့ လူဟာ လုံးဝ အဆက်ပြတ်ပြီး စဉ်းစားခြင်း အဆင့်ကိုတန်းရောက်တယ် …. ရုတ်တရက် ဖတ်နေရင်း ကိုယ်သိတဲ့ ကိုယ့်ဘာသာစကား အဓိပ္ပါယ်ပေါ်တဲ့ နေရာရောက်ရင် လူက လင်းကနဲဖြစ်သွားတယ် …. အဲလိုဆက်ဖတ်နေရင်းနဲ့ ချက်ခြင်းဆိုသလို လမ်းစပြောက်သွားတာပဲ …. အဲဒီ့ အရသာဟာ ဦးနှောက်ကိုလှုပ်နှိုးရာက တဆင့် အဲ့ဒီ့ခံစားချက်ကို နှလုံးသားကပါ မသိမသာကြိုက်နှစ်သက်လာတော့တာပါပဲ ….. မူရင်း ဘာသာပြန်တဲ့ လူကိုလဲ Credit ပေးပါတယ် …. အဲ့ဒီ့ EXO video ထဲက စာသားတွေကို ပြန်ကူးရိုက်ပြီး ကဗျာထဲထည့် အပိုဒ်ခွဲ တိုက်ရိုက် စီထားလိုက်ပါတယ် (မည် ဆိုတဲ့နေရာကို ည်ည်ည်ည်ည် လို့အနည်းငယ်ပြောင်းထားသည်မှလွဲ၍) …. မူရင်း EXO video ကိုလဲ ပြန်တင်ပေးလိုက်ပါတယ် …. တစ်မျိုးကတော့ ဟာသလို ခွက်ထိုးခွက်လှန်ရီနိုင်သလို နောက်တမျိုး ကတော့ ကဗျာလို ဘာသာစကားနဲ့ စိတ်လှုပ်ရှားဖွယ် ရောလျှက်ခံစားကြရမှာပါ


MA MA


Cat List …. Cat List
Shoot အနားနီး မော့စ် အနားနီး မော့စ်
Fatherless, Motherless
နောင်ဝဏ္ဏ ခဲနဲ့ ပေါက် မည်ည်ည်ည်ည်ည်
eel upon a chair
ရွှေမျှော် ဟန်နီ god ဂါထာ
ကြွက်မ super girl အော်ပြီးဆော့
မြူတွေ ကာကြည့်မှန်း 
မမ အင်ကြင်းနဲ့ ခဲ ထည့်ထား ဖက်ကြော
ဝယ်စားတာ သူလေ သားလာ ချောင်းလို့ကြည့်
အာရုဏ်လာတော့ ခြေချော်ပြီဟ နင်းခဲ့ ကျုံးထဲ Hacking Energy
အိမ်ရှင် Donald Sarah ကတော့ ၀က်ပုတ် အီးခြောက်ခိုး
ဘယ်လိုအားနှင့် မသွား အီးတို့ကို
တူရွင်းတိုလေး ချဲ့ လို့ ဆားကငံ၏ မဖင်ကုန်း
အိမ်မြောင်ရဲ့ ခါးများအလယ်ကောင် ချွန်တွန်း
ဆောရီး ကတုံး အာဂျူရှိ
ခုချိန် ဘာကို ဘယ်သို့ ပို့ လို့ထား
အီဂျစ်မှ ကျောက်ခဲ ….
ဦးရီး ဒေါ် အိစံ နွံထဲမှာ ကျွတ် ဟ ကြည့်ဟ နင့် car
Sotong ဟကြည့်ဟ နင် Car
ဆာတိုင်း ဟကြည့်ဟ နင့် Car
Up & down ရှိလဲ ငရွှီး ငမူး Lee Min Ho
BaekHyun ဆိုအိတ်သူခိုး … Baekho နင် အတင်းသာခိုး
အစ်မလေးယုံ မမ မမ
အော်ကျယ်ကောင် ပုချောဦးလေး ဆွဲထားနို့ မို့ ကြာမှာ ကြိုးကွင်းက ချော်
ရုပ်က အီလို့ မဏ္ဍပ် တက်ကြည့် နေခဲ့တော့ မခေါ်
ဒီကောင်လေး စိန်တုံးကို ကန်ကျုံးလို့ သားသားထမ်းပို့ အကို အော်မှ
Sulli ဒီမှာ နားရင်းအုပ်လို့ အစမ်းသပ်ခံ ballpen
နာရီ Kai စွပ်လို့ …. ဘယ်လိုမှ သော့ဟဲ့ကျိုး
ဦးရီးက အင်္ဂါနေ့ Super girl အုပ်ပြီးနေကော
စောင်ခြုံပါနှင့်ကော
မန္တန်ကို စုန်းတွေ ခြောက်ဖို့ နှစ်ကြိမ်မြောက်
ဟန့်ခဲ့ ဦးလေး ကိုဦးကို
ဓါးမဓါးကို ဆောင်လို့ ရောင်းတုန်းတဲ့
တို့တွေ ခေတ်ကို ရှေ့သာမျှော်
ဦးလင်း ဒေါ်အိစံ noodle မာကြွပ် …. ဟတ်ချီး အား နဂါး
Sotong ဟတ်ချီးအား နဂါး
စာတမ်း ဟတ်ချီးအား နဂါး
အပေါ်ခြုံ ရှိလဲ ဓါးရှည်နဲ့ မူး ဟစ်တတ်လို့
ဘကွန်း စွတ်အိပ်တာကို ….. ဘကွန်းပြောင်တတ်တာကို
အစ်မလေးယုံ မမ မမ
(Dance Break)
ကျွတ်ခိုး၊ ကျုပ် key ခိုး …. စာဥကို ၀က်ကြီးခိုး
ဟေ့ကောင် ကြုံကြိုက်ရင် အားနေယား
ထိုးဝါးကျော်လို့ မမ မမ မမ မမ တန်းပတ်
ကဲသာကဲ မမ မမ မမ မမ Rolling back
BaekHyun ကြီးလို့ ပြောလို့ နှာနုကို ဆောင့်ထိုး
ဟေ့ကောင် ဖဲအိမ်ဒိုး အားနေယား
ထိုးဝါးကျော်လို့ မမ မမ မမ မမ တန်းပတ်
!!!!!!! ရဲ !!!!!!!!
Kill this! Kill this! (မမ)
Shoot အနားနီး mouse …. အနားနီး mouse (မမ)
Headless mouthless (မမ)
နောင်ဝဏ္ဏ ခဲနဲ့ ပေါက် မည်ည်ည်ည်ည်ည် (မမ)
ဆန်းငွေဟာတော့ ကြွက်ကြီးကို ဖားထင်
နာရီတွေလဲ ခံစား အာပုံ
ရဲကြီးဆဲလို့ အိမ်မြောင်လူတွေ မှန်ထွင်းခိုး
ကဲ ကျုပ် ဘောလုံး မဦးမယ့် ဘော်ဒါ ကင်ပွန်း စားတာ နင့်
မိုးသူ ဟန့်ခဲ့ ဦးစုစု အိမ်သာမျော
ဦးရီးတော့ အိပ်စမ်း …. နုနု မကြူ အားကြီးအားနဲ့ က
Sotong အားကြီးအားနဲ့က
Sir Rum အားကြီးအားနဲ့က
အာ ဖွတ် မျှော့ ရှိလဲ ဓါးရှည် နဲ့ မူးဟစ်နေလို့
ဘကွန်း ဆို အိမ်သာခိုး …. ဘကွန်း ဖြောင် သံသူခိုး
အစ်မလေးယုံ မမ မမ
Careless Careless
ရှုပ်တယ် annoying maths … annoying maths
Handle this … Mandalays’
နောင်ဝဏ္ဏ ခဲနဲ့ ပေါက်မည်ည်ည်ည်ည်ည်ည်


EXO-K
Post Translated by S.Moon
transform to poem by nelay



ဒါက youtube ကလင့်နဲ့ သူတို့ရဲ့ ခံယူချက် စာသားတွေပါ

[HD] EXO-K MAMA (Misheard Lyrics in Myanmar)

Published on Jul 6, 2012
Singer : EXO-K, Song : MAMA (Misheard Myanmar Lyrics by: S.Moon)  မူရင်းစာသားများကို ဒီ music video များမှာကြည့်ပါ။ (click "show more") EXO-K : http://www.youtube.com/watch?v=JSr8VC... EXO-M : http://www.youtube.com/watch?v=ngSWBp...

(အပျော်အပျက် ရီစရာသက်သက် ရေးထားခြင်းသာဖြစ်ပါသည်။)



(The content music is owned by SM Entertainment. I do not own any of these.)
Uploader Comments (Dozenists EXO)
Dozenists EXO 1 year ago
မှတ်ချက်။ ။ဖန်တီးသူများသည် Kpop fan များဖြစ်ပါသည်။ သို့ ဖြစ်ပါ၍ Kpop ကို နှက်သော misheard များ ဖန်တီးသည်ဟု တစ်လွဲစွပ်စွဲနေကြခြင်းများ ရပ်တန့် ကြပါကုန်။ အပျော်သက်သက်သာ ဖြစ်ကြောင်း အခါတစ်ရာမက လူတိုင်းစေ့လိုက်ပြောလဲ သဘောပေါက်ကြမည်ဟု မထင်ပါ။ တင်ဆက်သူများကိုပါ မကောင်းသောသူများအဖြစ် လူများအမြင်တွင် ထင်မြင်စေနိုင်သော comment/post များ pls don't post. ကျွန်ုပ်တို့ သည် EXO အဖွဲ့ နှင့် Kpop ကို အားပေးကြောင်း အတိအလင်း ကြေညာပါသည်။ အပင်မြင့်လျှင် လေတိုက်ခံရသည်ဖြစ်၍ Kpop ကို တချို့ က ဖဲ့ကြသည်မှာ မဆန်းပါ။ :)