Pages

Wednesday, November 13, 2013

ငါ့ ကြက်ဥ ကို ဘယ်သူနေရာ ရွှေ့သွားသလဲ

ငါ့ ကြက်ဥ ကို ဘယ်သူနေရာ ရွှေ့သွားသလဲ

November 4, 2013 at 1:51pm 

ဒုက္ခိတ တွေ ပတ်ပတ်လည် ၀ိုင်းနေတဲ့ ကြက်ဥကြော်မှာ ငရုတ်ကောင်း မှုန့် နဲနဲ ဖြူးထားတဲ့ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်းကို လမ်းဘေးမှာပဲ လုပ်တယ်ပေါ့ အဝေးပြေး လမ်း မကြီး ပေါ် ကျကွဲ သွားတဲ့ တောကြက်ဥထဲ လမ်းပြပလိပ် ရဲ့ ၀ီစီ သံဟာ echo သံနဲ့ အဝေးကြီးကိုပါသွားတယ်ပေါ့ လေယာဉ်ပျံပေါ် က ပစ်ချ လိုက်တဲ့ ကြက်ဥ ဟာ လေတိုက်နှုန်း 35 percent မှာ အကောင်ပေါက်လာတယ် ပျံတယ် ပျံတယ် ပျံတယ် တောဘဲ တွေ လို ပျံတယ် ပျံတယ် ပျံတယ် ပျံတယ် နဂါးတွေ လို ပျံတယ် ပျံတယ် ပျံတယ် ပျံတယ် ရွာက နွားကြီး လို ပျံတယ် ဒယ်အိုးထဲ မှာ ပိုးလိုးပက်လက် လန် လို့ ကြက်ဥကြော် ဟာ ပျံတယ် ဒါဟာ အစမ်းလေ့ကျင့် ရေး လုပ်နေတာ မဟုတ်ကြောင်း မပူသေးတဲ့ စားအုန်းဆီ ကို ပြောရတယ်ပေါ့ ကြက်ဥကြော်ကို အကြောင်းပြ ပြီး လွမ်းပြ နေတဲ့ မိန်းမတွေ ကြက်ဥကြော်ကို အကြောင်းပြ ပြီး ငိုပြနေတဲ့ ယောက်ကျားတွေ ကြက်ဥဟာ ကျောက်ဒိုး ပစ်လို့ ဂေါင် ထိသွားတဲ့အခါ ကွဲ သွားတဲ့ အရသာ အတိုင်းပဲ သမိုင်းထဲမှာ ကြက်ဥကို ကြော် ရီနေးဆန်း ခေတ်ထဲမှာ ကြက်ဥ ကို ကြော် ကျောင်း မှာ ကြက်ဥကို ကြော် တက္ကသိုလ် မှာ ကြက်ဥ ကို ကြော် ရထားပေါ်မှာ ကြက်ဥ ကို ကြော် တူး နံ့ တွေဟာ မဲနက်လို့ ဇွန်းပေါ်မှာ ကပ်ကုန်ပြီ အစာအိမ်ထဲမှာ ကပ်ကုန်ပြီ ဦးနှောက်ထဲမှာ ကပ်ကုန်ပြီး ခွာ မရတဲ့ အမှေး ပါး ပါး လေး ကို ကြက်ဥ အကာ ပေါ် က အတင်း ခွာ နေတယ်ပေါ့ လေးခွ ထဲ ထည့် ပစ်ဖို့ ကြက်ဥ ကို ဖွဖွ ကလေး ကိုင် ထည့်လိုက်တယ်ပေါ့ မကျက်တကျက် ပြုတ်ထားတဲ့ ကာကျက် ထဲမှာ အနှစ်ဆိုတာ လေ သလပ် မခံရဖို့ အမြဲစိမ်းသစ်တော တွေနဲ့ အုပ်ထားရတယ် လည်ပင်းမှာ ကြိုးတပ်ပြီး ကြက်ဥ တွေနဲ့ လမ်းလျှောက်ထွက် ကြတဲ့ အခါ အသိတွေ့ ရင် လက်ဆောင်ပေးဖို့ ကြက်ဥ ကိုလဲ ကြော်ထား ရတယ်ပေါ့ ငါ့ ကြော်ခါ နီး ကြက်ဥကို ဘယ်သူတွေက နေရာရွှေ့ လိုက်ကြသလဲ ဟေ့



nelay

No comments: