Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Wednesday, February 27, 2013
မရိုးသား တဲ့ ကဗျာ ဆရာ
ဒါမို့ ငါ့ ကို မရိုးသား တဲ့ ကဗျာ ဆရာလို့ ခေါ်ပါ
ဘာလို့ ဆို မရိုးသား ခြင်းဟာလဲ ခံစားချက် ပေါ်မှာ ရိုးသားခြင်းထက်
ခက်ခက်ခဲခဲ၊ နာနာကျင်ကျင် လင်းပွင့်ရလို့
ဟ ပြသနာပဲ ငါ လူနားမလည် တဲ့ ကဗျာ ဆရာ
ဒါမို့ ငါ့ ကို လူနားမလည် တဲ့ ကဗျာ ဆရာလို့ ခေါ်ပါ
ဘာလို့ ဆို လူနားမလည် ခြင်းဟာလဲ ခံစားချက် ပေါ်မှာ လူနားလည်ခြင်းထက်
ခက်ခက်ခဲခဲ၊ နာနာကျင်ကျင် လင်းပွင့်ရလို့
(ဝါ)
အသိဉာဏ် ရှိတဲ့ လူတွေ အတွက် ကျိုးပမ်း အားထုတ် မှုဆိုတာ လူဖြစ်တည်ခြင်း
လူ့ဖြစ်တည်ခြင်းမှာ စဉ်းစားတွေး ခေါ်ခြင်းမပါတဲ့
လူ့အသိဉာဏ်နိမ့် ကျဖို့ အတွက် အလွယ်ကူဆုံး အနုပညာစာသား
အဆင့် အတန်းရှိတဲ့ လူနားမလည်တဲ့ ကဗျာများ မှာလဲ
ခံစားချက် နက်နက်ရှိုင်းရှိုင်းနဲ့ ပိုမို ဖွံ့ဖြိုး ကြတယ် ။
ဒါမို့ ငါ့ကို စောက်သုံးမကျတဲ့ ကဗျာ လို့ ခေါ်ပါ
စောက်သုံး မကျဖို့ အပိုပါလာတဲ့ နှလုံးသား တစ်စုံဟာလဲ
ခံစားချက် အပြည့်နဲ့ စောက်သုံး မကျ စွာ ခုန်ခုန် နေရတယ်
ကျေးဇူးပြုပြီး ငါ စောက်သုံးမကျတဲ့ ကဗျာ ~
ကိုရီးယား ရုပ်ရှင် မြန်မာစာတန်းထိုး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
အရုပ်ထောင်ပစ်လို့ ငါက ဂေါင်ထိသွားရင်တောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဒီကောင်က သူ့ အလှည့်ကျရင် စည်းကမ်းအမျိုးမျိုးထုတ်နေတဲ့ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ကျွင်းစိမ်လို့ တစ်ထွာနှစ်ထွာ တိုင်းရင်တောင် သူ့လက်ကို
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဘောလုံးကန်လို့ ဒီကောင်က တခြားလူကို တွန်းရင် ဘာမှမဖြစ်ဘူး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
လမ်းထဲက အပျိုတွေနဲ့ ထုတ်စီးထိုး လို့ စည်းမကျော်တာကိုလဲ
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ချက်ထိုးလို့ ဒီကောင့်အလှည့်ကျ တစ်ကွက်မှား သွားရင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး
သက်တမ်း တိုးတဲ့ ကိစ္စ
ကိုယ့် သေး နံ့ ကို ကိုယ် ပြန် မှတ်မိလိုက် သလို
သစ်ပင် အရင်းက အနံ့က ငါ့ အနံ့မဟုတ်မှန်း ငါ ပြန်ပြန် သိလိုက်တယ်
စိတ်မချမ်းသာလို့ မော့မော့ သောက်လိုက်ရတဲ့ ရထားပေါ်က အသံကို
ငါ မမြင်အောင်များ ဝှက်ထားကြသလား
အဝေးကြီးမှာ စီးမဲ့ လှေက မျော…. မျော …. မျော ….
တိတ်တိတ်ကလေးပဲ သူ့မျက်နှာပေါ်က ဆင်းခဲ့ပါတယ်
ဘယ်လို ထုဆစ်လိုက်မှန်းမသိတဲ့ ရုပ်ထုကို
ပိုးရယ် ….. ငါ့ကိုယ်ပေါ်တက်လာတဲ့ အတွေးကို
မျိုးစေ့မမှန်တဲ့ ရထားသံခပ်ကြမ်းကြမ်း ကလေးနဲ့
လမ်းမှား မှာ ငါစောင့်လို့ ငါ မှန်မှန်ကန်ကန်လျှောက်နေပါ့မယ်
ငါ မရောက်ဖူးတဲ့ နာရီတစ်ခြမ်းအလွန်က နေ့ထူးနေ့မြတ်များမှာ
ရန်ကုန်တစ်ဝက်ကိုစားစားသွားတဲ့ နာမဝိသေသနများ ရှင်သန်နေသေးရဲ့လား
အသက်တို သွားတဲ့ စွယ်တော်ရွက်တွေရော
နေရောင် အထိမခံပဲ ဘယ်စာအုပ်ကြားမှာ ခြောက်ကုန်ကြပြီလဲ
မနက်ခင်းမှာ နေလှန်ထားတဲ့ အဝတ်တွေ
နေ့လည်ခင်းမှာ အိပ်မရတဲ့ ငှက်တွေ
ညနေဆောင်းလို့ အဝေးပြေးသွားတဲ့ လမ်းမတွေ
ဘယ်ကားနဲ့များ ငါ့ကို ခိုးပြေးသွားလို့ ဒီရောက်နေတာလဲ
ဖုန်းနံပါတ်ကို ဘယ်မိတ်ဆွေကိုမှ မပေးထားလို့
မလှဘူးလား ပြဇာတ်ဆိုတာ ပြထားရုံနဲ့ ဇာတ်ဘယ်ဖြစ်လာမလဲ
နေလုံးကြီးရယ်
ရထားကြီးရယ်
လမင်းကလေးရယ်
ဘယ်တော့မှ အချိန်မကုန်တဲ့ နာရီ စုဗူးကြီးရယ်
စကားမပီတဲ့ ငါ့ကို နှင်းဆီတွေ ထပ်ပြီး မတိုက်ပါနဲ့တော့လား
မင်းသိမ်းထားတဲ့ အသိုက်ပျက်နိဒါန်းနဲ့ ဘဝပျက်နိဂုံးကို
လွှတ်တော် က ပယ်ချလိုက်လို့ သဲကြိုးကို ပြန်ပြန်ဆက်နေတာလား
ရေ များ များ သောက်ပါကွာ ဒါမှ သေး များ များ ပေါက်မှာပေါ့ ။




