Pages

Saturday, November 3, 2012

အမုန်း

အမုန်း


အချစ်
သွေးကိုချစ်တယ်
အလှတရားဟာမှောင်လွန်းလှလို့
ဘ၀ကိုတိုးတိုးကလေးရယ်မိတယ်
ခွေးတွေနဲ့ကစားစရာတွေလက်ချိုးရေထားတဲ့မျက်လုံးတွေ
တိုက်ခန်းနံပါတ်ကိုပြောပြောပြီးလက်မပေါ်ကခရုခွေတွေကိုနာနာခေါက်နေရ
အချစ်
ဗုဒ္ဓကိုချစ်တယ်
တရားဟာမှောင်လွန်းလှလို့
လောကကိုတိုးတိုးကလေးရယ်မိတယ်
ခြေလှမ်းတွေနဲ့အသက်ရှုသံတွေသောက်တော်ရေအိုးထဲကပိုးကောင်တွေ
ခုနစ်ရက်နံပါတ်ကိုဟောဟောပြီးကြက်သွေးရောင်ပေါ်ကအစွန်းတွေကိုနာနာကလေးချွတ်နေရ
အချစ်
လိင်အပေးအယူနဲ့မိန်းမကိုချစ်တယ်
အခန်းဟာမှောင်လွန်းလှလို့
ရမ္မက်ဟာတိုးတိုးကလေးရယ်မိတယ်
အရေပြားတွေနဲ့ငွေကြေးတွေအဆင့်မြင့်အိပ်မက်ထဲကတစ်ခါသုံးဘ၀တွေ
မိဘနံပါတ်ကိုတွက်ချက်ပြီးလှောင်အိမ်ပေါ်ကကျောက်တုံးကိုဓါးတွေထက်အောင်သွေးသွေးနေရ
အချစ်
မသန့်စင်ခြင်းကိုချစ်တယ်
သန့်စင်ခြင်းဟာမှောင်လွန်းလှလို့
အလင်းကိုတိုးတိုးကလေးရယ်မိတယ်
ပ၀ါအနားသားတွေမျက်နှာဖုံးတွေဖန်ပုလင်းထဲကလိပ်ပြာတွေ
လူသေနံပါတ်ကိုရေတွက်ပြီးမြက်ခင်းပေါ်ကမြက်ကိုအပေါက်တွေဖြစ်အောင်တူးတူးနေရ
အချစ်
စိတ်ကိုချစ်တယ်
အမှောင်ဟာစိတ်လွန်းလှလို့
အသိဥာဏ်ကိုတိုးတိုးကလေးရယ်မိတယ်
စိမ့်ထွက်လာတဲ့နံရံတွေမျှတတဲ့အရှုံးတွေစိတ်ထဲကအပိုလွှမ်းမိုးထားတဲ့အရာတွေ
စိတ်နံပါတ်ကိုရေတွက်ပြီးတပ်ဆင်ထားတဲ့အရာတွေကိုစိတ်ပေါ်မတက်အောင်ခွာခွာချနေရ
အမုန်း
အချစ်တွေကိုမုန်းတယ်။



nelay

No comments: