Pages

Thursday, September 29, 2011

ခေါင်းမရှိတဲ့ စကားပုံများ





ခေါင်းမရှိတဲ့ စကားပုံများ


ဟူးးးးးး

ဘာတွေလာပြောနေမှန်းမသိဘူး

အဖက်မတန်လို့ ရေတောင်မဆေးမိ
နဲနဲနံတော့ ဒညင်းသီးပဲ

လေးလုံးပေါင်းလို့မှ တစ်ဒေါင်မပြည့်

လူထင်ကြီးခံချင်လို့များ

နာမည်ကြီးစာမျက်နှာပေါ် စာတွေလိုက်ကပ်နေလို့လဲဖြစ်မလာ

အရည်နဲ့ အဖတ်ကို သတ်သတ်စီခွဲပြီး

သူ့ကို လှုပ်တိုက်
ဆေးမတိုးတဲ့ အမှိုက်ဆိုတော့ ဒိုက်သာသာ
နုနုထွဋ်ထွဋ် ငါ့ခြေမကလေးကိုလာကိုက်ပါ
ယားဒယ်
ယားဒယ်
ယားဒယ်

သူ့ဦးနှောက် ၃ကျပ်တန်နဲ့ကုတ်ပြီး

မြင်မကောင်းတော့တဲ့ မျက်နှာကို

ငါ့ဘာသာတရားနဲ့ မာန်မဲလိုက်မယ်

လူခေါ်ခေါင်းလောင် နှိပ်ပြီးမှ

သင်ခဲ့သမျှ ပညာတွေလဲ ပညာမစစ်လာတော့
လူဖြစ်ရက်နဲ့ အမြှီးကောက်ခဲ့ရတယ်မဟုတ်လား
ဟူးးးးးး

ဘာတွေလာပြောနေမှန်းမသိဘူး

ငါ့အခန်းအောက်က သူ့အခန်းပျက်နဲ့

ကလေးတွေကို မမြင်အောင်ဝှက်ထားတဲ့
သွေးပျက်ပျက်နဲ့ ငါ့စကား သူ ရ

လိုင်းကားတွေ ကြပ်ပါတယ်ဆိုမှ
ကလေးကလဲ ချီထားရသေးတယ်
ဟူးးးးးး
ဘာတွေလာပြောနေမှန်းမသိဘူး
တချို့ကလဲမကြိုက်ကြ
တကယ်လို့များ အရေးအခင်းဖြစ်ရင်
ဒီလိုကောင်တွေကို ငါအရင် ခေါင်းဖြတ်သတ်မယ် ။






nelay



Wednesday, September 21, 2011

မျက်နှာပေါ်ကအရေပြားများကို အတတ်နိုင်ဆုံး ပေါ့စတစ် အနေအထားဖြစ်အောင် ပြုပြင်ခဲ့ပါ




မျက်နှာပေါ်ကအရေပြားများကို အတတ်နိုင်ဆုံး
ပေါ့စတစ် အနေအထားဖြစ်အောင် ပြုပြင်ခဲ့ပါ




ငါ့လက်ကို ငါဆေးကျောသန့်စင်လို့ ရယ်မော
ဆံနွယ်တွေ ပသတ်ဖြတ်တောက်
ပြောင်စင်အောင် အတ္တတွေရှည်ကျ
အပိုစကားအခြေနဲ့
ဘယ်တော့မှ ဖြစ်မလာတဲ့ ကတိစကားအသေတွေကို
ယုံကြည်နိုင်ဖို့ဝေးလွန်းလှလို့ ဂတုံးရိတ်ပြီး
ငါတို့စိတ်တွေ အတုံးအရုံးအဆုံးသတ်
အကြည့်ချင်းဆုံတဲ့ ရဂုဏ်ရမ္မက်တစ်ခုကို
အချိန်မသိ နရီ မသိ လက်ပတ်ထားတဲ့ ချုပ်ရိုးကြောင်းပေါ်က
ဘ၀ဟုခေါ်သော လက်တံ အတိုကလေးကို ဖြုတ်ပြီး
ငါကိုင်ထားသမျှကို လွတ်ချလိုက်ပြီ မိုးတိမ် …..

အပေါ်ကွဲ အောက်လွဲ နေတဲ့ လက်တံအရှည်များကို
ပျက်ရယ်ပြုပြီး မင်္ဂလာခန်းမကြီးက ထွက်လာတဲ့စုံတွဲကို
သမုဒယသစ္စာနဲ့ ပစ်ပေါက် ငါ့ဟင်းလင်းပြင်ပတ်လည်က
ခြောက်ယောက်ကို အိပ်မက်ဆိုးနဲ့ တံခါးခေါက်လို့ နိုးလိုက်ပါတယ်

ဥာဏ်မမှီလို့မထမ်းနိုင်တဲ့
ဘကုံး တစ်ခု နှစ်ခု သုံးခု လိုက်ကာ ကောက်စုလို့ သီတွဲ ၀လုံးတွေ
နာမည်ပျက်ကလေးရှိနေလို့ သူ့အမေပြောထားတဲ့ ငါ့ကိုလမ်းမှာတွေ့ရင်ရှောင်ဖို့
အရေပျော်စိတ်ကူးနဲ့ အချစ်ဆိုတာကို သက်သေပြုရအုံးမယ်
အဲ့ဒီရေတွင်းအိုကြီးနဘေးက နေကြာပန်းတွေနေ၀င်သွားခဲ့ရင်
မင်္ဂလာပွဲတွေကို မလွတ်မြောက်နိုင်အောင် ငါပြေးလွှား
ပြီးဆုံးခြင်းဟာ အစရှာမရတဲ့ သံယောဇဉ် တေးသွားတစ်ခုပါပဲ။

ဂတုံးတုံးပြီးရင် ပြီးသွားပြီ လို့ထင်
မင်္ဂလာဆောင်ပြီးရင် ပြီးသွားပြီ လို့ထင်
ဘယ်အရာရာ ရပြီးရင် ပြီးသွားပြီ လို့ထင်
နားလည်မှုရှိ ပြီးရင် ပြီးသွားပြီ လို့ထင်
ဒီနေ့ထမင်းစား ပြီးရင် ပြီးသွားပြီ လို့ထင်
တောင်ထိပ်ရောက်သွား ပြီးရင် ပြီးသွားပြီ လို့ထင်
ထင်ပြီးသွားတဲ့ ဆံပင်တွေ ပြန်ပြန်ညှပ်နေ
ဆောင်ပြီးသွားတဲ့ မင်္ဂလာတွေ ပြန်ပြန်ဆောင်နေ
ရပြီးသွားတဲ့ အရာရာတွေ ပြန်ပြန်ရနေ
ရှိပြီးသွားတဲ့ နားလည်မှုတွေ ပြန်ပြန်ရှိနေ
စားပြီးသွားတဲ့ ထမင်းတွေ ဒီနေ့ နေ
ထိပ်တက်သွားတဲ့ တောင်တွေ ပြန်ဆင်းလာ
အညိုရောင်စက္ကူ အိတ်ကလေးနဲ့
လက်ထဲသေသေချာချာထည့်ပေးလိုက်တဲ့ မနက်ဖြန်များဟာ
တဖြေးဖြေး နီးကပ်မလာတဲ့ လျှော့နည်းမှု ကိန်းဂဏာန်းတွေပါပဲ ။

မျက်နှာပေါ်ကအရေပြားများကို အတတ်နိုင်ဆုံး ပေါ့စတစ် အနေအထားဖြစ်အောင် ပြုပြင်ခဲ့ပြီး
ဘယ်ဖက်ရင်အုံအောက်က ဆွဲထုတ်လိုက်တဲ့ နှလုံးသွေးကြောထဲမှာ ပြောင်းပြန်စီးနေတဲ့ ဆေးလိပ်ကို မီးညှိလိုက်တယ် ။
လေသံမာမာနဲ့( ငါ့ကို ဘယ်ကောင်မှ မတားကြနဲ့) လို့ လူလယ်ခေါင်အော်ပြောနေတဲ့သူက သူ့ကို ဘယ်သူမှမတားပါပဲ
သူကိုယ်တိုင်သူ့ကိုတားနေတဲ့ အားငယ်စိတ်နဲ့ အကုန်လွန်သွားတဲ့ အမွှေးတိုင်တွေ ပါပဲ ။
ရေစိုနေတဲ့ ကုတ်အင်္ကျီအမဲထဲက ထုတ်ပေးလိုက်တဲ့ (ဒီမှာထွက်လမ်းတွေအများကြီးရှိတယ်) ဆိုတဲ့ လက်မှတ်တစ်စောင်က
ဘယ်သူ့ကို ပိုင်ရှင်တော်ရမလဲ စိတ်ကူးနဲ့ ရေတွေ နူးသွားခဲ့ပါတယ်။ ခင်ဗျားသိမှာပါ။
တခါတရံ အဝေးပြေးလမ်းမကြီတွေဟာ ဘာသာပြန်မှားယွင်းတတ်ကြလေရဲ့။
လေးစားမှုမရှိခြင်းဟာ ကျန်တဲ့လမ်းတွေ ပိတ်ထားကြတဲ့ တစ်လမ်းသွား ဟွန်းသံကင်းမဲ့ဇုန်။
ငါတို့ဘ၀မှာ အရေးလုပ်စရာတွေအများကြီးရှိတယ်။
ဒါပေမဲ့ အရေးလုပ်စရာတွေ အများကြီးက ငါတို့ဘ၀ မှမဟုတ်တာပဲ မိုးတိမ် …. ။

ပြန်ခါနီးနှုတ်ဆက်ကြရင် အချင်းချင်းပွေ့ဖက်လို့ ပွေ့ဖက်ကြပါ။
ဒါတွေက နောက်တွေ့ရမှာမဟုတ်တော့တဲ့ ကြက်လည်လှီး ဘူးသီး ကာလသားချက်တွေပါပဲ ။




nelay




ချော့ကလက် တွင်း





ချော့ကလက် တွင်း



လက်ယာ မျက်ဝန်းညိုနားက ကြယ်
အိပ်စက်ခြင်းနဲ့ မွှေးမြနေတဲ့ ငယ်
ဒီကမ္ဘာ ခရီးအလယ်က ခရမ်းရောင် ဥယျာဉ်တော်ကို
ရုပ်လုံးဂီတ လက်ဝဲနရီ ပီသ ပျိုမြစ်
လူ့အခြေစစ်စေတဲ့ နွယ်

စနေပြဒါးသံနဲ့ ခြည်ငင်ဆွဲစုတ်
ဒွိ ခန္ဓာ ပရုတ်လုံးကို
ဂူငြိမ်ရာ ရေကမုတ်နဲ့ မြှုပ်ရအုံးမယ်

ပန်းလည်တိုင်တော် အရေပြားအောက်က
အသေ ခရေ စမ်းထဲမှာ
ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို
ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ …

ငယ်ကမ္ဘာ အိမ်ဦးပေါ်က ပန်းမေတွေ ပွင့်ဦးပျိုခဲ့ရင်
ငါ့နှလုံးသားကို အားသွင်းလို့ ပြန်ပြန်ခုန်မြူး
ခမောက်နဲ့ ခရင်းကို နေစရာပြုလို့
ငိုနေရအုံးမယ် …

ခြောက်ခြားမှု သစ္စာတစ်ခက်နဲ့
ရေစိုရောင် ပြည်လမ်းပေါ်က
ခရေပင်တွေကြားထဲ ငါဝှက်လို့ထားခဲ့ပါ့မယ် ….

နေမ၀င်ခင် လင်းတဲ့ အကြည့်တည်စေဖို့
မုတ္တမသွေးကြောနဲ့ ပညာရှင်တွေစုရုံး
ကမ္ဘာ့သစ်အိုပင်ကြီး ပျိုမြစ်လာအုံးမယ်

ခန္ဓာကိုယ် ကျူပ်
တူးဆွခြစ်ထုတ်လို့
မြေကြီးတွေ
ဘယ်အဆံနဲ့
ဘယ်အသီး
စက္ကူ အမြစ်ရှုပ်နဲ့ ကြည်ဆံကို ထုတ်လိပ်လို့ ကျူပ်ရှုရှိုက်
Supernova အငယ်စားလေး ပေါက်ကွဲပစ်လိုက်မယ်

တိမ်နုတွေ ငင်ချီသွားတဲ့ ငှက်ကို
သတ္တုမြစ်ဖျား အလွန်က
နှုတ်ခမ်းရိုးရိုးကလေးနဲ့ တွန်းချလိုက်တယ်

အသွားတစ်လမ်း အပြန်တစ်လမ်း
လက်ဖ၀ါးနုနုပေါ်က ရေစက်ဥကလေးတွေ
အပြန်အသွားနဲ့ ကျူပ်လမ်းမှာ နားခဲ့ကြတယ် ….

ဒီလိုသာ လေမတိုက်ခဲ့ဘူး
လက်ဝဲ ရှုပုံမျိုးနဲ့ လေအ
အကြောင်းအရာတွေ သန္ဓတည်မိရာက
မြတ်တော်ပြေဘုရားမှာ
ခြေရာလှလှကလေးကို ဂူသွင်းမြှုပ်နှံ
ခတ်တ္တာပန်းတွေ လင်းကနဲ့ ပွင့်ဝေလန်းသွားမယ် ….

ဘေးကမ္ဘာ ပြောစကားအခြေနဲ့
ဆူးလေ သံဆူးကြိုးနားက
ရွှေရည် မိုးဦးကို ကျူပ်တို့ အတူ
ဖ၀ါးလက်ပျိုနှစ်ခုနဲ့ ဖမ်းဆုတ်
တကောင်း အထက်နားက
ခေါ်ရာဝတီမှာ သနပ်ခါးဖောင်တွေ ပျက်ခဲ့ဖူးပြီ ….

နတ်ဘုရားတို့ နွယ်ခြည်ငင်တဲ့ ရာဇ၀င်ဆိုးမှာ
အချစ်ကို အိပ်ဆေးတိုက်
စစ်တောင်းတံတားအောက်က ဒိုက်တွေပါပဲ ….

ကလေးရယ်
အပင်ကိုမျိုချ
လမ်းကို ပြာချပြီးမှ
ပုတ်သွားတဲ့ ကြီးရင့်မှုကို
ပတ်ဝန်းကျင်နဲ့ အဆိပ်သင့်လို့
ကျွံဝင်သွားတဲ့ ခလုတ်တွေထဲ
မမြင်ဖူးတဲ့ အတိတ်အိုနဲ့
အနီရောင် ပြတိုက် အသေပေါ်က
ဇီဇ၀ါဥယျာဉ်ထဲမှာ ချော့ကလက်တွေတွင်းတူးလို့
မင်းဘာကို  မြှုပ် ………. ။




nelay




ရေလောင်းပေးလိုက်တယ် သူငယ်ချင်း




ရေလောင်းပေးလိုက်တယ် သူငယ်ချင်း




ညတစ်ခုရဲ့ အလင်းစီးကြောင်းထဲမှာ
ငါတို့အတွက်ရေရာတဲ့အနာဂတ်တွေရှိတယ်
တစ်နေ့နေ့တော့ မင်းနေချင်တဲ့ ပဲရစ်မြို့ကြီးမှာနေကြမယ်
နေမကောင်းရင် အားငယ်တတ်တဲ့ စိတ်ကိုဖြောက်ပြီး
ငွေမရှိမှာ ပူစရာမလိုတဲ့ အဟာရနဲ့ မွေးဖွားကြမယ်
ငွေကြေး မပါတဲ့ သူငယ်ချင်းကိုတွေ့ရမယ်
မင်းတစ်ယောက် နေမကောင်းဘူးလား
ဟောဒီလက်နဲ့ အလည်ခေါင်တည့်တည့်မှာရပ်နေ
ဘယ်ကိုမှ မကြည့်နဲ့ ငါမျက်လုံးထဲက အနက်အဓိပါယ်တစ်ခုချင်းစီက
ငါတို့ဟာအမြဲသူငယ်ချင်းဘဲ ဆိုတာကို အသေးစိတ်ဖေါ်ပြနေတယ်
ရေတစ်ခွက်လောက်သောက်
ပြီးရင်
ရေမဟုတ်တာတွေလဲ အတူတူသောက်ကြမယ်
ဒါဟာ ညတစ်ခုရဲ့ အလင်းစီးကြောင်းထဲက ချစ်စရာ့ယဉ်ကျေးမှုပဲ
မင်းမယုံရင် ငါ့တို့ရှေ့က ခေါင်းငုတ်လျှောက်သွားတဲ့ မာကျုရီမီးတိုင်တွေကိုမေးကြည့်
ငါတို့ဟာ အမြဲသူငယ်ချင်းတွေပါဘဲ ပြီးတော့ ငါတို့ဟာအမြဲရှိနေဖို့လိုတဲ့ မြက်ပင်တွေ
တစ်ခုခုကို ပြက်လုံးထုတ်ပြီး ငါတို့တွေက ကြီးထွားလာကြတာ
မင်းမှတ်မိသေးရဲ့လား နှစ်ကာလတွေကို နင်းခြေပြီး
မစစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဟားတိုက်ခဲ့တာလေ
ဒါက မင်းသိပ်ကြိုက်တဲ့ ကဇွန်းပလိန်း တစ်ပွဲလို အဆိပ်အတောက်ကင်းတယ်
ငါ့ကဗျာတွေအပေါ် မနာလိုတဲ့ မင်းစိတ်ကို မှိုကလေးတွေသေးသေးစိတ်ပြီးမွှေကြော်လိုက်
ပြီးရင် ငါတို့ နှလုံးသားချင်းပိုနီးအောင် ဘယ်သူတွေဘာပြောပြော တင်းတင်းဖက်ထားလိုက်မယ်
ငါ့ကျောပြင်ပေါ်က မြစ်တစ်စင်းဟာ မင်းမျက်ဝန်းထဲက မြစ်ဦးတစ်ခုပါပဲ
ညတစ်ခုရဲ့အလင်းစီးကြောင်းထဲကနေ ငါတို့နှုတ်ဆက်
နံနက်ခင်းကို ရင်ဆိုင် ထိုးနှက်လိုက်ကြမယ်




nelay


လော်ဗျာစုတ်




လော်ဗျာစုတ်


စကားပုံတွေကို ကဗျာ လုပ် မင်းက တရုတ်လား
ပန်ကာဖွင့်ပြီး ချွေးပြန် ခြေသံတွေကို
အသွား ၁၀၀
အပြန် ၁၀၀ နဲ့
၅၀တန် မစီးနိုင်ရင် လူစော်နံတယ်
ကဲ
အခုဘယ်လို လုပ်မလဲ
လော်စပီကာ ကို ဘယ်ခွက်ပြောက်က တီထွင်ခဲ့တာလဲ
မကောင်းဘူး ဒီလောကမှာ
ဘယ်ဘုရားမှ လော်စပီကာနဲ့ တရားမဟောဘူး
ခွက်ပြောက်တွေက နာမ်နဲ့ရုပ်ဝေးနေလို့ အော်ပြောနေရတာ
ကြောက်စရာအကောင်းဆုံး မင်းအမေရဲ့စကားသံတွေ
ဆုတောင်းနဲ့သာ သူတောင်းစားတွေပေါပေါလာတယ်
သေရင်အလွမ်းခံချင်ကြတဲ့ သတ္တ၀ါတွေထဲ
ငါ့သူတောင်းစားမလေးကိုလွမ်းပါသည်
သေခါနီးနှုတ်ဆက်ကြတဲ့ လူတွေကို
မြုပ်စရာတွင်းမရှိ ရှို့စရာမီးမရှိ
လက်ထဲမှာကိုင်ထားတာက ဘုရားပန်းအိုး
ဖနောင့်နဲ့ပေါက်ပြီး အော်ဆဲနေတာက သူ့ကလေးကို
ခွဲခွဲခြားခြားမသိတဲ့ media တွေထဲ ဒီ media ကသိုးနေတယ်
ငါ့တစ်ရာတန်လေး သူများလုမှာ စိတ်တဲ့စိုးနဲ့
ကြားတဲ့သူပဲရတဲ့ အမျှ
ကြားကြားသမျှ ကို ပို့
မကြားတဲ့ကောင်တွေ မရကြတဲ့ အိမ်စာနဲ့
လော်စပီကာကို ထွေးခံလုပ် အိမ်သာအောင် အရေစုတ်မယ်



nelay

ကြွေစရာ ကမ္ဘာ မရှိတဲ့ ကြယ်

ကြွေစရာ ကမ္ဘာ မရှိတဲ့ ကြယ်


Htut Htake

ကြွေစရာ ကမ္ဘာ မရှိတဲ့ ကြယ် .....
တွယ်စရာ နေရာ မရှိတဲ့ နွယ် .....ခိုလှုံရာ ရင်ခွင်ပျောက် ဘ၀မို့ ..... ဒီကာရံတွေ နည်းနည်း ခါးတယ်.... ဒါ ငါ့ ၂၀၁၀ ..September 2, 2010 at 10:34pm

Ne Lynn
အလဲ့ .... ဆယ်စုနှစ်အလွန်က ရင်ဘတ်မျိုးနဲ့ ခိုးခိုးပြီးကြွေနေရတဲ့အခါ ... ခြေချစရာ စကြာဝဠာပြောက်လို့ အလွမ်းတွေသောက်ပြီးမှ ပြန်လာခဲ့မယ် ငါ့ ညကို ၂၀၀၉ တွေ ၀င်မလာစေနဲ့ ... ။
September 2, 2010 at 10:41pm

Htut Htake
နွေကန္တာဆီ လက်ပစ်ကူးသလို
ရင်ခွင်အဟောင်းဆီ အပြုံးအသစ်တွေ ဝေဆာ မလာသေးသရွေ့တော့
၂၀၀၉ တွေ အရည်မဖျော်လိုက်ပါနဲ့...
ဒီသံယောဇဉ်လက်ကျန်..
မနက်ဖြန် ဆက်ရန် ချွေတာရဦးမယ်..
ငါ့ ၂၀၁၀ ခေါင်းပါးလွန်းတယ်...
September 2, 2010 at 10:53pm


Ne Lynn
ခေါင်းပေါ်က နှလုံးသားတွေ ဦးတည်ညွှတ်တွား အလွမ်းတွေ oneway တက်လာခဲ့တဲ့အခါ မေ့မျောခြင်းတိုင်းပြည်မှာ ထုံထိုင်းမှုတစ်စုံတစ်ရာနဲ့ လိပ်ပြာလှောင်ခဲ့တဲ့ အပြုံးအိမ်ကလေးကို လူသိရှင်ကြား ရင်ခွင်ထဲထိုးထိုးသိမ်းထားလ
ိုက်တယ် ...
.
နှစ်
.
ထောင့်
.
တစ်
.
ဆယ်
.
.
.
September 2, 2010 at 10:58pm

Htut Htake
ရင်ခွင်ထဲ ထိုးထိုးသိမ်းထားတာတွေ...
ပြည့်အံ ထွက်လျှံ စီးကျ ယိုဖိတ်တဲ့အခါ အိပ်မက်တွေတောင် တခြမ်းစောင်းတယ်...
မမှောင်ဘဲ အလင်းမဲ့ ညမှာ... ကာရံတွေ အာခေါင်ခြောက်လို့ သံစဉ်တွေ အအေးမိတယ်... ငါ့ခေါင်းပေါ်က ငါ့နှလုံးသား နာဖျားရပြီ ငါ့ ၂၀၁၀...
September 2, 2010 at 11:08pm

မြိုင်ရာဇာ တာတေ
ဘုရားသခင်ရဲ့ အလိုတော်လား ... ရှောင်လို့မလွှဲနိုင်တဲ့ ကံတရားလား ... ငါ့မေ့ပစ်ထားချင်တဲ့ ၂၀၁၀ ...
September 2, 2010 at 11:09pm

ဂျစ်ပစီ မိုးတိမ်
ကြွေစရာ . . တွယ်စရာ . . ခိုလှုံစရာ . . ရှာရင်း ရှာရင်း
မင်းကို သတိရတယ် ငါ့ရဲ့ အလုံးစုံသော ညဟိုး . . . က . . နဂါးငွေးတန်းရယ်
September 2, 2010 at 11:10pm

Ne Lynn
အသစ်တွေထပ် မသိုးတော့ဘူး
အရွက်တွေက ကြွေဖို့ပဲ ငိုရှိုက်ခဲ့
လေပြေလာရင် ခြေရာတွေ ရနံ့လှိုင်လွန်းလို့
သစ်အိုပင်ခြေရင်း ...
စကြာဝဠာကြွေမှာကို ငါစောင့်ရင်း နေခဲ့မယ် ၂၀၁၀ ...
September 2, 2010 at 11:17pm

Htut Htake
မနက်ဖြန်တွေ လှမ်းလာဖို့ ဒီတညကို တံခါးပိတ်ရဦးမယ်.....
စိတ်ရဲ့ စေစားရာ အတွေးစတွေ အဆုံးသတ်ခဲ့ရင်တောင်
ငါ့အိပ်မက်ထဲထိ စကြာဝဋ္ဌာ အကြွေစောင့်နေပါ့မယ် ငါ့ ၂၀၁၀ ရယ်...
September 2, 2010 at 11:33pm

ဂျစ်ပစီ မိုးတိမ်
ငါ ထမ်းပိုးထားတဲ စကြာဝဠာ နင့်နာမည်ကို ငါမေ့နေ
ကမ္ဘာတွေ အသိန်းသိန်း ကြွေပြီးတာတောင်မှ
နင်က ကဗ္မည်းမထိုးရသေးဘူးလား
ငါရေတွက်တတ်သမျှ ဂဏန်းတွေ အထပ်ထပ် ဖြစ်နေပြီ
September 2, 2010 at 11:39pm

Gwa Sar
လိုချင်စရာတွေ ပေါပေါလာတယ်...
အသက်ရှုရတာ မောမောလာတယ်...
မြင်သမျှရယ်
တွေ့သမျှရယ်
လောဘအလယ် ဒေါသကြွယ်နေတဲ့
နှစ်...ထောင့်...တစ်...ဆယ်.....
September 3, 2010 at 7:07am



-------------------------------------------
ကိုထွဋ်ထိပ် status အဟောင်းလေးတစ်ခုကို fb ရဲ့ အသစ်ပြောင်းထား app တစ်ခုကြောင့် ပြန်လည်တွေ့ရှိပြီး collage လေးလုပ်ထားပါတယ်။ အပေါ်ဆုံးအပိုဒ်က status ဖြစ်ပြီး ကျန်တာများက ကွန့်မန့်တွေဖြစ်ပါတယ် ။


ဂိမ်းကစားနေတဲ့ E တုံး




ဂိမ်းကစားနေတဲ့ E တုံး




သူအစာကြေချ လိုက်တဲ့အခါ
တွင်းနက်ထဲပြုတ်ကျသွားတဲ့ မင်းက
E တုံးပေါ်မှာ ခနော်ခနဲ့စိတ်နဲ့ဘာတွေပြောနေတာလဲ

သူတောက်ချ လိုက်တဲ့အခါ
တွင်းနက်ထဲကျသွားတဲ့ ဆေးလိပ်တိုကို
မရင့်ကျက်သေးတဲ့ အနံ့နဲ့ မင်းက
E တုံးတွေကြားထဲ စက္ကူတွေ လိုက်လိုက်ရှုနေတာလား

သူသွန်ချ လိုက်တဲ့အခါ
တွင်းနက်နက်ထဲ ရွဲစိုသွားတဲ့ မင်းက
E တုံးတွေဖက် မိုးပေါ်ကို လက်ကလေးထောင်ပြီး
ဆဲရေးတိုင်းထွာနေတာလား

ဘာသာစကားမှမတူတာပဲ
နတ်ကြီးတဲ့ ခလုတ်ကလေးနဲ့
နားကပ်ဝတ်ထားတဲ့ အမှောင်ကို
အနာတွေဖုံးထားတဲ့ အလင်းက
ပြဋ္ဌာန်းထားသမျှကို ပေါ့ပျက်ပျက်အတွေးအခေါ်နဲ့
မင်းအတွက် Game Over လေးကပ်ပေးလိုက်တယ်


nelay

Monday, September 19, 2011

မြင်ကွင်း လူ ယောက်

မြင်ကွင်း
လူ
ယောက်


ကောင်းကင်ရဲ့ ဘာသာဗေဒမှာ
ပျံမရ သန်းမရ
စာရေးလိုက်တယ်
မိုးတိမ်



ဘုရားရှိခိုးဖို့နဲ
ထမင်းစားဖို့
လက်တွေ လှိုင်းဘာသာစကား
သင် ကြား နေတယ်



ပါးစပ်ထဲကမြွေကို ခေါက် သိမ်း
အစုလိုက်အပြုံလိုက် စိမ်း သွားတဲ့
လူဘာသာစကားကို
ပျက်ရယ်ပြုခြင်းနဲ့မျိုချ
မသေချာခြင်းတွေ သွားပြီ
.
. ကျ
.
ကြွေ


အရှေ့ဥယျာဉ်ထဲမှာ
မြောက်အရပ်က
ပန်းပျိုးအလင်္ကာနဲ့ မျက်နှာတွေ

ရှည်လာတဲ့
တယောအိုထိုးပြီး
ရေ ကြွေး နေပုံက
......

..........

........... ဟူး ..........


ဇီဇ၀ါညဦးမှာ ပန်းဘာသာစကားနဲ့
နှလုံးသား အသက်အိုပေါ်က
မြက်ပျိုတို့ရေ .........
ဘာသာဂီတနဲ့
ဝိဥာဉ်ကို
ချွတ်
ချ
အမြစ်တွေလှုပ် မရ ရုန်းမရ


ရေခေါင် မိုးအောက်
အမြစ်တွေခြောက်
သုံးယံပြောက်တဲ့ နေ
လက်ချောင်း အရှည်များနဲ့
အပွင့်ပျိုးတဲ့ မျက်နှာတွေ
ငါ့အမြစ်တွေကို
... မထိနဲ့ ......... မထိနဲ့ ........


စုန်းသာသာနဲ့ တိမ်တွေ က
ရေတွေ ....... ရွာလာတိုင်း....... ရေတွေ
မျက်ရည် အစွယ်ကျိုး


လွတ်သွားတဲ့လေဖြစ်တည်မှုမှာ ။၁
အမြစ်တွေရေ၀သွားပြီ ။၂
ယုံတမ်းစကားထဲက နံရံကပ်စက္ကူတွေ ။၃
သုံးမရတော့ဘူး ။၎
ရေအိုင်သွားတဲ့ အမြစ်တွေပုတ် ။၅
အလွတ်ကျက်မှတ်ထားသလိုတော့မဟုတ်ဘူး ။၆


ကစားစရာအရုပ်တွေနဲ့
မျက်နှာခြစ်ရထွေးပိုက်
အလွမ်းမရှိတဲ့
ခေတ်မိုက်ထဲမှာ
အနက်ရောင် ဘာသာစကားနဲ့
လူတစ်ယောက်
အနီရောင်ရောဂါနဲ့
ခြောက်ခြားမှုတွေ ဖန်းဆင်း
ပျိုးသောက်
ကမ်းနဖူးတွေပြောက်..... ။









nelay

May 30, 2010