Pages
Wednesday, October 26, 2011
မင်းမျက်ရည်တွေကို သူတို့က ထုတ်ပြီးရောင်းစား ပျော်ပါး
မင်းမျက်ရည်တွေကို သူတို့က ထုတ်ပြီးရောင်းစား ပျော်ပါး
ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်း
ကောင်လေးတစ်ယောက်
ပုဒ်ကလေးတွေ ဆူးဆူးသွားတဲ့ ဒဏ်ရာနဲ့
ထီးမေ့ကျန်ခဲ့တဲ့ ဥာဏ်ကို
လက်နောက်ပစ် အတွေးအခေါ်တွေ အ၀င်မခံနိုင်ဘူး
အသိတရားကို ခွဲခြားဖို့
ခွဲခွာခြင်း မှတ်တိုင်မှာ
ငါတို့ကျောတွေရဲ့ လက်ခလယ်တို့ မအားမလပ်နိုင်
သစ်အိုပင်ကြီးတွေ ထမ်းထမ်းထားရတဲ့
အနက်ရောင်မြွေကြီးကို လျှောက်ဖို့
ငါတို့ခေါင်းမှာ စွတ်ထားတဲ့ ဘီးတွေခွာချ
စိတ္တဇပဲ
လန်းတယ်
မလန်းနိုင်တဲ့ သံတွေကို ပန်းပစ်
ဝါးစားပြီးခါစ သွားများမို့
ပလက်တီနမ်ရောင်နဲ့ ပါးပြောင်နေကြ
ကောင်လေးရဲ့ ရှေ့ဆုံးက စောက်တစ်လုံးကို
သူတို့အာခေါင်ထဲမှာ ဠာန်းကရိုဏ်ကျကျ
ကိုးကွယ်ထားရတဲ့ လက်မှတ်တစ်စောင်
သူတို့အတည်ပြုပြဠာန်းထားခြင်းများကို
နေမ၀င်ခင် အဆိပ်ခပ်လို့ ရယ်မောပျိုမြစ်
အရှေ့မြစ်ကြီးထဲက ဆယ်ယူသမျှကို အသစ်ဖြစ်စေတယ်
အသိအမှတ်ပြုစရာမလိုတဲ့
ဆပ်ပြာပူဖေါင်းတွေ ဖောက်ကြရတဲ့
အိပ်စက်ခြင်းများနဲ့
စောက်ကောင်လေးများ လမ်းထထလျှောက်နေတယ်
nelay
ဗျည်းသံတွေပဲ ပါးစပ်ထဲမှာ ပေကျံ
ဗျည်းသံတွေပဲ ပါးစပ်ထဲမှာ ပေကျံ
ပါးစပ်ထဲမှာ ပြောင်းထည့်ပြီး ပြောရင် သရသံတွေပဲ ပြောနိုင်မှာပေါ့
မြန်မာတော ဇာတ်လမ်းတွေထဲက သူတို့ စိတ်ချမ်းသာဖို့ ရွေးခဲ့ပါတယ်
မကြည့်ဖြစ်တော့တဲ့ ဖျဉ်လိပ်တွေ မီးရှို့ပြီး
အဝေးကို မြင်နေကြပုံစံအတိုင်း အဝေးလိုက်ခြင်း
ဆုတ်ဖြဲထားသမျှကို ပြန်လည် သန့်စင် အသုံးပြုပြီး တစ်ခါသုံး မိတ်ဆွေများအဖြစ်
စကားကြီးစကားကျယ်များ ပြောရန်
သူတို့ဦးနှောက်မြေပုံပေါ်က ပြောင်းပင်များမှ ပြောင်းဖူးစေ့များကို တစ်စေ့ခြင်း ကွန်ယက်
အစီအစဉ်များအား စနစ်တကျ ပျက်ရယ်ပြုပြီး
ခြင်း ၍  ၎င်း မအားမလပ်သည့် ကြားမှ အပုတ်အပွများကို ဟန်လုပ်ဖြီး သွားပြများ
အပိုထွက်ရှိနေသော နားရွက်များနှင့် နှာခေါင်းများကို ညှပ်ပစ်ရန်
သင့်လျှောသော လျှာများ ရှည်ကြလွဲမှား လေသံ
ရှုးနန့်နန့် အချိန်တိုအတွင်း နောက်ပြန်ဆုံးသေခြင်းများ
အလကားရသမျှနှင့် ဘကုံးနှင့်ဝလုံးကို တစ်ဖက်စီထားပြီး ချိန်ကြည့်ရန်
သမာဓိမရှိတော့သော အသေတရားများဖြင့်
နံရံအတွင်းသားများမှ ရေငတ်နေသော ရှုရှိုက်သံအားရမှုကိန်း
မြန်မာစာတန်းထိုး လှလှပပ
ဗိုက်နာခန်းများ ၀မ်းသွားခန်းများ
အရက်နာကျခန်းများ လက်ထိုးအန်ခန်းများ
ကြာကူလီခန်းများ
ခွေယောင်ဆောင်တဲ့ ဘုရင်တွေရဲ့ တစ်ပင်တိုင် အူဟောင်ခန်းများ
အငိုမျက်နှာဖုံး အပြုံးမျက်နှာများ
စာတန်းထိုးခန်းများ
ခေါင်းမပါ လျှာ သွား နား ကန်းနေခြင်း
အယုံသွင်းခံရ နွားခြေရာကောက်ရိုး ဘာသာ
တင်စီးလိုက်တဲ့ ၀မ်းမနာသားများ ရေငတ်နေတဲ့ လယ်ထွန်စက်
nelay
လမ်းနာမည် စက္ကူ စာရွက် စာအုပ်
လမ်းနာမည် စက္ကူ စာရွက် စာအုပ်
ကားဂိတ်များ
ဗဟန်း ၃လမ်း အသွားရှိပြီး အပြန်မရှိတဲ့ မင်းလမ်း
ယောက်လမ်း လမ်းဆုံ စက်မှု ၁
တဏှာတူးဖို့ ဓါးနဲ့ အကြိမ်းခံရတဲ့ အကြောက်တရားနဲ့
ဖောက်ပြန်ဖို့ စောက်ကန်ခံရ
နွားတွေလို စိတ်အေးလက်အေး နှစ်ကူးကြ
အခုဆို ဘာဖြစ်နေလဲ သိပ်မစဉ်းစားတော့ဘူး
ဘူးသီးကို ခူးမဲ့လူတွေထဲ ငါ့ကြက်သွန်ဥကလေးကို
အာပုတ်စော်အနံ ခံပြီး ငါက စား
စားဝတ်နေရေးအတွက် စောစောအိပ်ပြီး စောစောထ
ကားပေါ်ကို အိုကြီးအိုမတွေနဲ့ စောစောအလုတက်
စောစော အလုအရက်ဆင်းပြီး စောစော သေကြ
ငါကလဲ စိတ်ဝင်စား ချင်ယောင်ဆောင်ပြီး
သိကြားမင်း ကို ပျားရည်ထုတ်ထုတ်ကြွေး
ပျားဘုရင်မကြီး ဖိုက်လိုက်လို့ ပျားလုပ်သားတွေ တဖွဲဖွဲကြွေကျ
ယဉ်ကျေးမှုအရ ခေါင်းငုံ့ လျှောက်ပြီး နောက်ဆုတ်ကြရင်
ယဉ်ကျေးမှုအရ ခေါင်းပေါ်ကကျော်လျှောက်ပြီး ရှေ့ကိုတိုးကြရတယ်ဆိုတာ
နီလေးပြောခဲ့ဖူးသလား
လောလောဆယ် ဈေးကွက်ရှာဖွေရေးက လမ်းခွဲသွားတဲ့ မှတ်တိုင်မှာ
မီးကအမြဲ အနီနဲ့အ၀ါ
လမ်းတွေပေါ်မှာ ဆပ်ပြာတွေအလုအယက် ရောင်းကြ
စားသုံးသူတွေ ခေါင်းမပါတာကလွဲလို့
သွားတွေသွေးကြ
တစ်ကိုယ်လုံးချွတ်ကြည့်ရင်တောင် သွားကြီးပဲရှိကြ
ငါ့အကြောင်းကို ငါမပြောပဲ မနေနိုင်ပါဘူးဆိုတဲ့ မိန်းမပါးစပ်နဲ့ ယောကျာ်း
ငါ့အကြောင်းကို သူတို့ မပြောပဲ မနေနိုင်ပါဘူးဆိုတဲ့ ယောကျာ်းပါးစပ်နဲ့ မိန်းမ
အဲ့ဒီ့နှစ်ယောက်ကို အခန်းစဉ်ထဲ အတူတူထည့်
ဘယ်သူ့အကြောင်းမှမကြားရတော့တဲ့
ဘူးသီးဟင်းခါးကို အသုတ်သယ်ဆီက နဲနဲတောင်း
လမ်းနာမည်ဟောင်းလောင်းပေါ်မှာ လမ်းလိုက်ကြ လမ်းလိုက်ကြ
လိုက်ကန်းပြောက်တဲ့ လိုက်လမ်းများ ကား နေကြ လမ်းများ
nelay
Monday, October 24, 2011
အခ အဆ
အခ     အဆ
 ပ     ရ   က       ပ က ရ    သမ
ဆ   သ    မက  ဖ     တ     လ     သ
က    တ  ခ   အ  သမ   က လ    လဆ    သ
ဟ  ဟ  ဟ   ဟ    ဟ
ငသမ    အ ဖ   မ ထ    ပ ခ  သ
ဘ၀  ပ   မ   စ  က Li  k မ   ဖ
သ  မ   လတ  စ   မ    န   မဆ    သ
န  မ၀ သသနမ   က  စ   ပ   ပ  ဖ  သ
ဟ   ဟ    ဟ   ဟ ဟ
စ    ပ  ဖ  ထ   လ   သ   အပ  က တ
 က မ  ရ  သ  ပ လ
အရ  ဖအ   မ   ဖ   ပ      တ    သ     သ  အသမ
သရ အ  သမ   က ထ  မ က တ
  လယ    ပ သ  ဘ  မ   ပ   က     မဆ  က
ဗ     သမ      ပ     ဆ က    က
ဟ   ဟ    ဟ   ဟ  ဟ  ဟ
ပ  မ  တ ရ  ခလ    လ စရသ    သ   သ  ယ  ဇ မ    န
  e a
ျိတ်       က်
ြ  တ်ွေ့ြောင်းေါ်      ယ်ျာံး
   က်ွယှ်ိုြ  တ်ောကိုက်ော
ိုယ်    စ်ြ မ်းျောိးိုက်ံ    က်
ီးားားားး
  ို   ံ  ်ား    ျ  စ္ေ ြး   ုတ္ေ း  ဲ့ေ    ာ
     ေါင်ျးာွးိာု    nျာြး  င့်
ာ  န်ူ   န်ားျးာှးင့ိုင်ော
ိျာောိးိုက်ျိုြးီးြ  စ်   ည်
ာားားိးိ
ိုက်ျိုြး  စ်ွန်ားော      င်ြီိးု့
ြီားှးင်   န်ြိဲု
         ေ     ်ား    ို    ပ်ြိုံး   ပ်
ောဉ်ျံေ   င်္ာြောောငိးုောင်း
ျည်ျးာံးြောက်ုံုးန်ြောင်း
ာားားီးီးီးး
n  l y
--------------------------------------------
အရိပ်တွေ ပေါင်းပြီး ချရေးလိုက်တဲ့ ကဗျာ
Wednesday, October 12, 2011
အရွက်ခြံ
အရွက်ခြံ
သပြေပန်းကို ညမှာ ပန်ပြီး
ခေါင်းမှာ ညံနေတဲ့ အသံနဲ့
နို့ဆီခွက်ကလေးတွေထဲ ထိုးသိပ်စုထည့်
မြင်ဖူးခဲ့တဲ့ အဖြူရောင်ကို .... အ .... မြင်ဖူးခဲ့
ဆူးနေတဲ့ အနာကို ခဏခဏပြန်ကြည်နူး
မကြံကောင်းမစီရာ လုံးဝ မမေ့ဘူး ဖူး
သူတို့တွေ ရယ်သွေး ရွှင်ပြ ညာလက်ဖ၀ါးအောက်က
ငါ့စစ်သူကြီးကိုဆွဲထူလို့ မြင်မြင်ရာကိုဂရုတစိုက်နဲ့
ဘယ်သူတွေကများ နံကြားထောက်ပြီး မိုက်ခဲ့ဖူးလို့လဲ
ပွဲတက်ဖို့ ၀န်လေးနေတဲ့ တခုတရ စုစုထားတဲ့ စိတ်ကိုဖြည်ချ
လာ ......
အေးအေးလူလူထိုင် အဲ့ ကွတ်ပြစ် ယိုင်တီယိုင်တိုင်မှာ
အကြမ်းအိုးလဲမှောက် စကားတွေလျှောက်သွားတဲ့ အရပ်ရောက်ရင်
သွေးဆာနေတဲ့ လေချဉ်ကို အခုလို ငြိမ်းငြိမ်းချမ်းချမ်း တက်
အေး ........ လာ ........ ပြန်ပြီးဆိုလဲ ပြန် ......
အေး ........ လာ ........ မသွားလိုတဲ့လမ်းပေမဲ့
အံ တွေကို ဆုံးအောင် ပေါက်ခဲ့ပြီးမှ အရေပြားထူနေလို့လဲမရ
ဒါက သဘာဝရဲ့ လွတ်လမ်း
ဖွဲ့ဖွဲ့နွဲ့နွဲ့ကြမ်းခဲ့ကြတဲ့ ပိတ်ကားအိုကို ကလေးလိုလို ခွေးလိုလို
ရှေ့ဆုံးတန်းမှာထိုင် မေးတင်ပြီးရေရွတ်လိုမဲ့စကား
ကျောက်သင်ပုန်းနောက်က ကျောင်းသားတွေရော ကြားနိုင်ပါရဲ့လား လို့
တိမ်ခေါ်တဲ့ အသံနဲ့ ခေါင်းလွဲတဲ့ ခြေသုတ်ခုန်ကိုပြန်ပြန်ကြည့်မေး
ဖတ်စာအုပ်ထဲမပါတော့တဲ့ သူတို့အကြောင်းကို စာအုပ်အဟောင်းမှာချချရေး
ဟိုးဝေးဝေးက အနီးဆုံးတွေလဲ ကြည်လင်လို့ ချမ်းမြေ့
အဲ့ဒီ့နေ့ဟာ မင်္ဂလာရှိတဲ့နေ့ ။
nelay