Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, December 12, 2017

ညနေ ၃နာရီ အဆိပ်ပင်ကို ရေလောင်းရန်ဂျူတီ



သိကြားမင်းက အဆိပ်ပင်ကို ရေလောင်းလိုက်တဲ့အခါ
အနံ့မပါတဲ့ ပန်းတွေပွင့်လာကြတယ်

တစ်ချိန်က မိုးသစ်တောမှာ ငါလဲပန်းအထင်နဲ့ မျော
မိုးသစ်တောကို ကျောခိုင်းထွက်လာတော့
လွင်ပြင်ထက်မှာ နေမင်းနဲ့စကားပြောမိတုန်း
အဆိပ်ခွက်လဲ ရေအထင်နဲ့သောက်ရတာပဲ

ဇီဇဝါပင်ဟာ ငါ့ဘဝတစ်ခုလုံးစုတ်ယူစားသုံး
မသေရုံထွေးထုတ်လိုက်တဲ့နောက်
အစကိုပြန်ပြန်ရောက်နေတဲ့ ငါက
အဆိပ်လင်္ကာ တေးရူးတစ်ပုဒ်
ထွေးထုတ်လိုက်တဲ့ အရာကို
၇ နှစ်နေပြီး ပြန်မျိုချင်တဲ့
ဖုန်းသံမျိုးကို စာအသေမျိုးကို
ဘယ်နတ်ဆိုးအလင်္ကာကျမ်းထဲက
အဆိပ်တော် ဝိဉာဉ်မျိုးနဲ့ ငါ ကပြရမလဲ

မျက်ကန်းကို နားထဲ အက်ဆစ်လောင်းပေး
မုဆိုးမကိုအပျိုလိုပြန်ချုပ်ပြီးရောင်းစား

မနေ့ကအဖန်တစ်ရာ ငရဲကို
ငါ့အာခေါင်ထဲလောင်းထည့်

ငါ့ဘာသာတွေရဲရဲကြီးထွက်လာတော့မှ
ငါ့ကို “ဘာ’’ ကြီး အကြောင်းတရားလာပြလို့ရော
အဲ့ဒီ့ ကိုယ်ပြောက်စိတ်ဓါတ်တွေကမတိုးတော့ဘူး

ကျောက်ဆောင်ကြားမှာ အိပ်နေတဲ့ ပင်လယ်ဟာ
နေ့ရူးတွေရဲ့ လေနဲ့ တဝုန်းဝုန်းနိုးလာတယ်

မင့်ရွှေဖြစ်စဉ်ငွေဖြစ်စဉ်တွေရဲ့ကြား
အကြောင်း မကြား ဘာမကြား
ငါ့ဖုန်းထဲ ခုန်ဝင်ရအောင်
ငါကလဲ အဆိပ်စားပြီးကြီးလာတဲ့အပင်ပါ

ညောင်ပင်လိုစိတ်ဓါတ်တွေနဲ့
ရှေးလွန်လေပြီးသော အတွေးအခေါ်မျိုးနဲ့
ငါ့အခေါင်းပေါ်များ ပန်းလာကြဲနေကြသလား
ငါကလဲမသေခင်ထဲ ပျိုးထားတဲ့ အဆိပ်ပင်ပါ

နေ့အိပ်မက်မျိုးမှာ အစာဝအောင်းစားပြီး
ညဖက် စီးကရက်တိုတွေစိုက်ပျိုးနေတဲ့ကောင်လေ

ငါ့အဆိပ် နံရံမှာ graffiti ရေးရုံလောက်နဲ့
ငါ့နံရံတွေ ရုပ်ပျက်ဆင်းပျက် ကွဲအက်မယ်ထင်နေသလား

ငါမလာခင်ကထဲက ငါ့နေရာငါ့ဝေဆာမှုကို
မိုးထားတဲ့ နံရံစစ်စစ်တွေပါကွာ

မင့်မလဲ တစ်ဘဝလုံးသာကုန်သွားတယ်
အဲ့ဒီ့ကို သွားသွားပြီး ဘာမှမရကြပါလား

မင့်ရှာရှာနေတဲ့ ဘာမှမရှိခြင်းဆိုတာလေးတောင်
မင်းမရခဲ့ရှာဘူးနော်

ငါ့ ဆီလာရင်တော့ ငါက မင့်ကို
ငါ့ရယ်သံတွေထုတ်ပိုးထားတဲ့
အဆိပ်ပင်လယ်တစ်ခု လက်ဆောင် ပေးနိုင်ပါတယ်

ဒါနဲ့
ညနေ ၃နာရီ အဆိပ်ပင်ကို ရေလောင်းရန်က
မင့် ဂျူတီ။



nelay





Wednesday, March 8, 2017

ရာသီအမြဲလာနေတဲ့ စိတ်ဓာတ်တွေ



မြို့ထဲကို ရာသီအမြဲလာနေတဲ့ စိတ်ဓာတ်တွေ ဝင်လာတဲ့အခါ
သူတော်ကောင်းတရားတွေလဲ အသံပြောက် ဓမ္မကိုကျင့်ကြံရ
မိုးညှင်းပင်ကြီးတွေလဲ ရာသီမဝင်ခင်ထဲက အရိုးအပြိုင်းပြိုင်းထရ
နံရံအက်ကွဲကြောင်းထဲက ရာသီလာနေတဲ့ စိတ်ဓာတ်တွေယိုထွက်လာကြ
လမ်းမပေါ်က စိတ်ဓာတ်တွေ ရာသီလာရာဖက်ကိုမျက်နှာမူကြ

အိပ်တန်းပျံငှက်တွေလဲ အထက်တန်းစား ရာသီလာစိတ်တွေပေါ်ဖြတ်ပျံကြ
မကိုင်ချင်တဲ့ ဖုန်းသံတွေလဲ ရာသီလာခြင်းနဲ့အတူ ဆူးရှညံစီကြ
လော်စပီကာထဲ ကနေ ရာသီလာနေတဲ့ စိတ်ဓာတ်တွေကုတ်ဖဲ့ထွက်လာ
နားမကြားတဲ့ညနေတွေလဲ ရာသီလာရာအသံအောက် နာကျင်ပြ
မဲမဲမြင်ရာလိုက်ဟောင် နေတဲ့ရာသီလာခြင်းစိတ်ဓာတ်တွေကို
လိုက်ကာအနက်ရောင်ခဏချပြီး ဒီခေါင်းစဉ်တွေကို Bold တင်လိုက်တယ်

ခင်ဗျား သိလား ရာသီလာနေတဲ့ စိတ်တွေဟာ
သူတို့ကိုယ်သူတို့ ရာသီလာနေမှန်းမသိကြဘူး
ခင်ဗျားသိမှာပါ ရာသီလာဖူးတဲ့လူတိုင်းတော့ သိမယ်မထင်ဘူး
ဒါကြောင့် အထက်ဘုရားရော အောက်ဘုရားရော ရာသီလာခြင်းကို ဖန်းဆင်းခဲ့တာ

ရာသီလာနေတဲ့ စိတ်တွေထဲမှာ 
မဟာပထဝီမြေကြီးကို လှုပ်ခါနိုင်တဲ့ 
ရှုပ်ထွေးမှုတွေရှိတယ်

ရာသီလာတဲ့စိတ်ဓာတ်ဆိုတာ 
ကိုယ့်ဗိုက်ကိုယ်ဓားနဲ့ခွဲ အူတွေထုတ်ပြီး 
တခြားလူကိုလိုက်ပတ်နေတာ

တကယ်လို့များခင်ဗျားဘဝမှာ 
ရာသီလာဖူးတဲ့သူတစ်ယောက်ယောက်နဲ့
စကားစမည်ပြောခွင့်ကြုံရင် မေးကြည့်စမ်းပါ

မီးပွိုင့်တွေဟာ စိမ်းနေရာက
ရုတ်တရက်နီသွားတယ်

ဘာလက္ခဏာတွေပြသလဲ
အဲ့ဒီရာသီလာနေတဲ့အရူးစိတ်ဓာတ်တွေထဲ

ရာသီလာခြင်းမှာအတုတွေအစစ်တွေမရှိဘူး
ခင်ဗျားဖက်မှာနေဝင်သလိုကျုပ်တို့ဖက်မှာလဲဒီလိုပဲ

ဟိုးအရင်က ရာသီလာနေတဲ့စိတ်ဓာတ်ကပြောတယ် 
သူ့ဆီဘာစာမှမရောက်ပါဘူးတဲ့ 
တကယ်တော့ 
အဲ့လိုစိတ်ဓာတ်တွေဆီ 
ဘာစာမှပို့ဖို့မကြိုးစားခဲ့ဘူး

ကိုယ့်ဘဝထဲက နိုင်ငံရေး လူမှုရေး
စီးပွားရေး စားရေး ဝတ်ရေး တွေနှုတ်ပြီး 
ကျန်တာကို ဟိုးပင်လယ်စပ်က တောင်ဂုံးလေးပေါ်တင်ခဲ့တယ်
ဒါလဲရာသီလာနေတဲ့ စိတ်ဓာတ်တွေနဲ့ဝေးရာအထင်နဲ့ပေါ့

ငါကတော့အဲ့ဒီ့စိတ်ဓာတ်တွေနဲ့ နှစ်အနည်းငယ်အထိ
လွတ်မြောက်အုံးမယ်မထင်ဘူး

ခင်ဗျားရော ရာသီလာနေသေးလား



nelay