ပြာ
မနှစ်တုန်းက
ရှင်းစရာတွေနဲ့ ပြစရာတွေ
ဘယ်လူ့ဘုံက ကဝေပျိုနဲ့
မင်းနှလုံးသားထဲ ဗုဒ္ဓဟူး
မထူးနိုင်ဘူး
ခြေစွတ်အိမ်ထဲက နှလုံးခုန်သံနဲ့
နှုတ်ခမ်းနီထုတ်ထုတ်စိုးနေတဲ့ ငါးမူးမပြည့်တဲ့ လ
သူတို့ရပ်ကွက်ထဲမှာ
မင်းလိုပေါ့တဲ့ပူဖောင်းတွေ ဖောက်ကြ
မျက်နှာအသိကလေးနဲ့ ထွက်ပြ
လက်ကလေးကာပြီးရှက်ပြ
ကျပ်စေ့ကလေး မင်းက
တချိန်လုံး ပန်းကြီးဘဲဖြစ်ပြ
ငါ့အနားက လျှာကို လာပြီးကြည့်ကြ
အဖြူရည်ဆိုင်ထဲက မီးတောက်တွေနဲ့
မင်းနှလုံးသားကိုလမ်းပြ မိုးပေါ်မှာကတဲ့ညက
မီးအခန်းကိုရှင်းကြ
တဘဝစာ နောက်ပစ်လဲခဲ့တဲ့
မင်းလက်ဖဝါးနုနုပေါ်က
ရွှေသီရိရောင် မှင်နီရာကလေးနဲ့
သူတို့တွေကခြစ်ကြ
ငှက်ကလေးတွေလို ညနက်နက်ထဲမှာ
မြတ်နိုးပြယုံနဲ့ ခိုးခိုးခစ်ခစ် ရီကြ
သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ
သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ
ဟာသ ဆို တာ
ဒီလိုး) မျိုးလား
ဒီလို (း မျိုးလား
မြေပုံပေါ်မှာ လက်ကလေးထောက်ပြီး
ဒီလောက်ကလေးပဲ ဝေးတာပါလို့
ရိုးရိုးကလေး ပြုံးပြသွားတဲ့
ပစ္စုပ္ပ္ပန် မလေးရဲ့အဖြေကို မင်းက
စကြဝဠာထမ်းပြီး အိပ်မက်တွေဘဲ မက်ပြ
ညနေတုန်းက လက်ထဲနွေးခဲ့သမျှ
နောက်တစ်နေ့ အသေကောင်လိုပုတ်ပွ
စိတ်ကူးတွေနဲ့ မျက်နှာရူးကြ
သန်းခေါင်မကျော်ခင် ငါထ က လိုက်တဲ့ အရုပ်နဲ့
ကြိုးရှုပ်သွားတဲ့ ကျောက်ဆောင်ပေါ်မှာ
ဒီတေးသွားက မင်းကိုပြာချ ။
nelay
No comments:
Post a Comment