Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Friday, August 20, 2010

ဇီဇဝါ ဝင်္ကပါ


nickbleb dehty4m




ငါ့ရဲ့ကွေးကောက်တဲ့ ဆံပင်တွေကြားမှာ
မနေ့တနေ့က ပျက်ကျလာတဲ့ လေယာဉ်ပျံကိုဝှက်ထားတယ်
ငါနဲနဲချင်း စားသုံးနေတဲ့ စက္ကန့်တွေထဲမှာ
ပြောလို့မကုန်နိုင်တဲ့ မွန်းကြပ်မှုကိန်းဂဏာန်းတွေ ပြေးလွှားနေကြတယ်


အသိတရားမျက်ဝန်းထဲမှာ ရပ်နေတဲ့ အရှုံးကျောက်စာတွေဟာ
လျှောက်လာသမျှ အနက်ရောင်မြို့များဆီက ကပ်ပါးပိုးတွေပဲ
လောကနီတိထဲက ဆံပင်အနီရောင်နဲ့ မိန်းမ
တချိန်ကငါ့မိန်းမဖြစ်ခဲ့ရင် ငါ့နာမည်ပြောင်းဖို့
ဘယ်နတ်ဘုရားဆီမှခွင့်တောင်းမနေဘူး


ဒီလိုထွက်သွားတိုင်းသာ နှင်းဖြူတွေနဲ့ စိုထိုင်းဆမများဘူးဆိုရင်
ငါ့အလုပ်ငါလုပ်ပြီး နံရိုးနောက်က ထိုးထိုးဟောင်နေတဲ့
သန္ဓယုတ်ကိုအစာကြွေးနေရအုံးမယ်


ယင်နားစာ မနက်ဦးဆီက
ဦးခေါင်းပြောက်လို့ ရှာနေတဲ့ ကတ်ကြေးတွေ
နှလုံးရောဂါနဲ့ ဖခင်အိုကြီးကို အသံတိတ်လုပ်ကြံခဲ့တဲ့ သမီးက
ငါ့အရွက်ခြောက်များကြားမှာ တအုံတနွေးနွေး


ဆေးကြွေးမှားတဲ့ အရိပ်လက္ခဏာနဲ့
ငါ့အိတ်ကပ်တွေက ကားခပြန်တောင်းတိုင်း
အလွမ်းတွေ ပြည့်လျှံလောင်မြိုက်ဖူးတယ်


ဖုန်ထလို့ရေဖြန်းလိုက်တဲ့ မျက်နှာ
ငါ့ကဗျာထဲက ကမ်းနဖူးပေါ်မှာ သိုက်တူးတဲ့ ကျီးတအုပ်ကို
ချုပ်မရတဲ့ ငါ့ရင်ဘတ်ပျိုက နှလုံးသားတွေ လက်ဆောင်ပေးနေပါတယ်


မနေ့က သိမ်းထားတဲ့ ငါ့မြို့စုဗူးလေး ကျန်းမာရေးမကောင်းလို့
သူ့ကိုယ်သူ ပြန်ကုဖို့ သူ့ကိုယ်သူ ရိုက်ရိုက်ခွဲနေလိုက်တာ
သူမလိုချင်တဲ့ အောင်မြင်မှုအတုတွေပဲ ထွက်ကျလာလို့
အောင်မြင်မှုငတ်နေတဲ့ သူ့မြို့ပျိုမလေးကို ခေါ်ပေးချင်နေလိုက်တာ
ဘယ်လို ........ ဘယ်ပုံ ......... ဘယ်အသံမှ မကြား .................


တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့
မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ
ငါတော့မော့ကြည့်ဖို့ မျက်လုံးနဲ့ ဦးခေါင်းကို ဇလုံထဲမှာ
မွှေနှောက် အနာဂတ်ခြောက်အိပ်မက်နဲ့
လင်းမရဥယျာဉ်ထဲမှာ ပန်းဦးတွေ မပွင့်ဖူးတော့တာ ဆန်းသလား


ငါဟာလူတွေကြားက ပြန်လာပြီးတိုင်းလူညှီစော်ကိုနှစ်ခြိုက်စွာရှုရှိုက်
ငါပြန်အန်လိုက်တဲ့ အိပ်မက်ဆိုးတွေ ကမ်းပုတ်တဲ့လှိုင်းကို
အတ္တဝမ်းကွဲ သံနဲ့ အကြိမ်ပေါင်းများစွာ နားဆင်နေရတယ်


သံယောဇဉ်အထွေးလိုက်ခွေလိမ်ထားတဲ့ အသိုက်အမြုံကလေးဟာ အိမ်ဖြစ်ခဲ့ရင်
ငါ့ခေတ်ငါ့အခါမှာ တမျှင်ချင်းစီရှင်းထွက်သွားတဲ့ ကြိုးတွေက
ငါတော်လို့လား …………….. ငါညံ့လို့လား …………….
အမေကမီးဖိုချောင်ထဲမှာ သူထမ်းထားတဲ့ နေလုံးကိုလွှတ်ချပြီး
အိမ်ရှေ့ဧည့်ခန်းထဲမှာ သကြားမပါတဲ့ မေ့ဆေးခါးကြီးတခွက်ကိုသောက်နေတယ်
အဖေက ကျည်ဆံကုန်နေတဲ့ ငါ့ကို လက်ဆွဲပြီး ဂျူးတွေနဲ့ တန်းစီခိုင်းထားတယ်
ဟစ်တလာရဲ့ လက်ဖြောင့်အဆိပ်ငွေ့တွေက ပြန်နေကြ ငါ့လမ်းကလေးပေါ်က
ရေမှုံနဲ့ဖုန်မှုံတွေရောထားတဲ့ ရနံ့ငွေ့တွေဖြစ်တယ်
အချင်းချင်းပြန်စားကြတဲ့ ပွဲမှာ လတ်လတ်ဆတ်ဆတ်ရီသံတွေမှောင်လာတယ်
အားလုံးပြီးသွားပါပြီ အမှန်တော့ အားလုံးအစကိုပြန်ရောက်သွားတာ


၁။ နငခညေျိြူံတိေု်ူလဖခာတမြန်ုေိူ့်ေျိ
၂။ နငတသမ့ေျိုူိခလာဖထုြူြ့တူုဒုယာခထာူုြ
၃။ ုြ့ြိုူငြကငနတြင်ဖိုူခြလယာဖုူြ်ုူတနြုမ၍သစငိြသ်ေုူ


အဖြေရှာတဲ့လူတွေသေကုန်ပြီ
အမေးတွေနဲ့ ကြိုးတင်းနေတဲ့ ရပ်ဝန်းမှာ
ကလေးတွေကို ခေါ်မလာနဲ့ အားလုံး မီးရှို့ချလိုက်
ငါတို့အမှားပေါ်က အဖြူစက်ကလေးကို လောင်မြိုက်ချလိုက်
ကျမ်းကျိန်တယ်ဆိုတာ ဖောက်ဖျက်မဲ့လူတွေအတွက်ပဲလိုအပ်တာပါ


မနေ့တနေ့ကကျွန်ဘဝနဲ့ ဒီနေ့မနက်ဖြန်ကျွန်ဘဝ
ငါ့ကလေး ငါပြန်ခိုးနေရတဲ့ဘဝမှာ
အစိမ်းက ငါ့ကို မျက်ရည်ကျစေတယ်
အစိမ်းက ငါ့ကို မွဲခြောက်စေတယ်
အစိမ်းက ငါ့ကို သေစေတယ်


ဆပ်ပြာပူဖောင်းကလေးရေ ပေါ့ပါးမယ်ဆိုရင်
ဇီဇဝါဝင်္ကပါထဲ ငါ့ကိုလမ်းကြုံခေါ်သွားစမ်းပါကွာ ။



nelay







zoe chen







No comments: