ကောင်းကင်ရဲ့ ဘာသာဗေဒမှာ
ပျံမရ သန်းမရ
စာရေးလိုက်တယ်
မိုးတိမ်
ဘုရားရှိခိုးဖို့နဲ့
ထမင်းစားဖို့
လက်တွေ လှိုင်းဘာသာစကား
သင် ကြား နေတယ်
ပါးစပ်ထဲကမြွေကို ခေါက် သိမ်း
အစုလိုက်အပြုံလိုက် စိမ်း သွားတဲ့
လူဘာသာစကားကို
ပျက်ရယ်ပြုခြင်းနဲ့မျိုချ
မသေချာခြင်းတွေ သွားပြီ
.
. ကျ
.
ကြွေ
အရှေ့ဥယျာဉ်ထဲမှာ
မြောက်အရပ်က
ပန်းပျိုးအလင်္ကာနဲ့ မျက်နှာတွေ
ရှည်လာတဲ့
တယောအိုထိုးပြီး
ရေ ကြွေး နေပုံက
… ….
…… …..
… ဟူး …
ဇီဇ၀ါညဦးမှာ ပန်းဘာသာစကားနဲ့
နှလုံးသား အသက်အိုပေါ်က
မြက်ပျိုတို့ရေ …
ဘာသာဂီတနဲ့
ဝိဥာဉ်ကို
ချွတ်
ချ
အမြစ်တွေလှုပ် မရ ရုန်းမရ
ရေခေါင် မိုးအောက်
အမြစ်တွေခြောက်
သုံးယံပြောက်တဲ့ နေ
လက်ချောင်း အရှည်များနဲ့
အပွင့်ပျိုးတဲ့ မျက်နှာတွေ
ငါ့အမြစ်တွေကို
... မထိနဲ့ … မထိနဲ့ …
စုန်းသာသာနဲ့ တိမ်တွေ က
ရေတွေ ……ရွာလာတိုင်း……. ရေတွေ
မျက်ရည် အစွယ်ကျိုး
လွတ်သွားတဲ့လေဖြစ်တည်မှုမှာ ။၁
အမြစ်တွေရေ၀သွားပြီ ။၂
ယုံတမ်းစကားထဲက နံရံကပ်စက္ကူတွေ ။၃
သုံးမရတော့ဘူး ။၎
ရေအိုင်သွားတဲ့ အမြစ်တွေပုတ် ။၅
အလွတ်ကျက်မှတ်ထားသလိုတော့မဟုတ်ဘူး ။၆
ကစားစရာအရုပ်တွေနဲ့
မျက်နှာခြစ်ရထွေးပိုက်
အလွမ်းမရှိတဲ့
ခေတ်မိုက်ထဲမှာ
အနက်ရောင် ဘာသာစကားနဲ့
လူတစ်ယောက်
အနီရောင်ရောဂါနဲ့
ခြောက်ခြားမှုတွေ ဖန်းဆင်း
ပျိုးသောက်
ကမ်းနဖူးတွေပြောက်… ။
nelay
No comments:
Post a Comment