Pages

Saturday, May 16, 2009

ကိုယ်ပူနေတယ် တစ်ရာ့တစ်ဆယ်



လက်ထဲမှာပါလာသမျှကို ချခင်းလိုက်တာတောင် တိမ်တွေက မလုံလောက်ချင်ဘူး
အမြင်အာရုံကို ရှု့ခင်းကနေ ခွာခဲ့ပါတယ် လေပြေတွေက အခုထိ ခါးနေတုန်းပဲ
အနမ်းတွေနဲ့ အလွမ်းတွေကို တိတ်ဆိတ်ခြင်းနဲ့ ထုတ်ပိုးပြီး ပေးခဲ့တာပါ
ဟိုရောက်လို့ ဖွင့်ကြည့်လိုက်တော့ မုန်းတိုင်းတွေ နဲ့ ဓါးတွေ အော်ဟစ်လိုက်တာလွန်ရော
ဘယ်လိုလုပ်ပြီး ပွင့်လာခဲ့တဲ့ ပန်းတွေလဲ အဆိပ်ရှိတယ် ပြောလိုက်ယုံနဲ့
အလျှင်အမြန် ကြွေချပေးနေရတဲ့ စိတ်တွေမဟုတ်လား
ကိုယ့်အပွင့်နဲ့ကိုယ်
ကိုယ့်အသီးနဲ့ကိုယ်
ကိုယ့်အရွက်နဲ့ကိုယ်
ကိုယ့်အခေါက်နဲ့ကိုယ်
ကိုယ့်အစိုဓါတ်နဲ့ကိုယ်
ကိုယ့်ရနံ့နဲ့ကိုယ်
ကိုယ့်ကိုယ် ကိုယ် မြေသြဇာလုပ်နေရတာမို့
မြေကြီးထဲမှာ ပျော်တယ်
ဒီလိုလဲ မဟုတ်ပါဘူး
အခါးဓါတ်ကို အနက်ရောင်လို့ထင်နေမိတော့ လမ်းတွေကိုသာ သကြားခပ်ချင်မိတယ်
အလှပြဖို့အတွက် ပြေး နေခဲ့တဲ့ တိမ်တိုက်တွေမှ မဟုတ်တာ
တစ်ခုပဲ …
မိုး ဆိုတာ ပြောင်းပြန် မရွာတတ်ဘူးလေ ….
ဒါနဲ့ပဲ တိမ်ဥ ကလေးကို မြေကြီးထဲ ထည့်စိုက်လိုက်တယ် …



nelay





No comments: