Pages

Friday, December 13, 2013

ဒီဇင်ဘာ စကား

ဒီဇင်ဘာ စကား

မျက်တောင် မခတ် ပဲ ကြည့်နေတဲ့ စိတ်ကို အများသုံး အိမ်သာထဲ ရေဆွဲချထားတယ်
အဲ့ဒီ့ နေ့က အကြီးအကျယ် သတင်းဆိုတဲ့ အကျယ်ကြီး သတင်းကို ပြန်ကြားရတော့
လက်ထဲက မကုန်ခင်တောက် ပစ်လိုက်တဲ့ ဆေးလိပ်တောင် ပြန်နှမျော သွားတယ်
စက္ကူကုန်နေလို့  ဒီအတိုင်း မကုန်းပဲ ပြန်ထွက်လာတဲ့ လူတွေ
ငါပဲ မသိချင်ယောင်ဆောင်ပြီး ကြည့်နေရတာ ကိုယ့်ကိုယ်ကိုယ် မလုံ သလိုလို
Page နံပါတ် ၂၃ ကို ကလစ် လိုက်တော့ ကဗျာဆရာမတွေ ကဗျာလောကထဲ
အုံလိုက်ကျင်းလိုက် ၀င်လာကြတယ် ငါလဲ လှတာနဲ့ ကြည့်နေရတာပါပဲ ပြီးမှ
ကျောကုန်းပေါ်ထွက်နေတဲ့ အဆူးတွေ ကို အသာ သပ်ချ
မနေ့တုန်းက ငါတွေ့ဖူးသမျှ လူတွေထဲ သူ့ကိုယ်သူ
စိတ်ချမ်းသာချင် ယောင်ဆောင်ထားတဲ့ လူကို ငါတော်တော် ခေါ်ယူရတယ်
သူ့မျက်နှာမှာ ပေါက် နေတဲ့ ဆံပင်တွေကို ငါ့မှာ စိတ်ရှည်ရှည်ဖီးပေးဖို့လေ
ဒါနဲ့ပဲ ဆောင်းတွင်း ကို ရောက်လာတော့တယ် ဆောင်းတွင်းရောက်လာတော့ ဘာဖြစ်ရမှာလဲ
အသားပတ်တာပေါ့ အသားပတ်တော့ စိတ်တွေ ခြောက်ကပ်ကပ်နဲ့ အရိပ်မကျတဲ့ သစ်ပင်အောက်
သွားထိုင်နေလိုက်မှ ဆောင်းဒဏ်က နည်းနည်း သက်သာ သွားတယ်
I saw myself …. In you. ဆိုတဲ့ အသုံးအနှုန်းကို မိန်းမတွေကို ပြောရင် သိပ်ကြိုက်ကြတာပဲ
ဒါနဲ့ ငါလဲ ဒီနာမည်နဲ့ ကွန်ဒုံး ထုတ်မယ် ဆိုတော့ လူကြီးတွေက ငါ့ကို ၀ိုင်းတားလိုက်ကြတာ
ငါလဲ လူကြီးတွေကို ဗွေမယူပါဘူး ဒီလိုလုပ်လိုက်ရင် အဲ့ မိန်းမကြိုက်တဲ့ အသုံးအနှုန်းကြီးနဲ့
သူတို့ဘယ်လုပ်စားလို့ရတော့မလဲ ခေတ်အဆက်ဆက် နတ်သက်ကြွေခြင်းနဲ့
အိန်ဂျယ်တွေပြုတ်ကျလာခြင်းကို ပြတဲ့ အကွက် ကြီးကို ငါက အားအားယားယား တိုင်းနေမိတာလား
စောစော က မှ လက်ဆေးပြီး ထလာတော့ အဲ့ အကွက်ကြီးကို တံမြက်စည်းလှဲသွားကြပြီလေ
ငါလဲ တော်တော်လေး စိတ်ထိခိုက်သွားတာနဲ့ သောက်ထားတဲ့ ဘီယာတွေ ကို ရည်းစားဟောင်းတွေရဲ့
အိမ်ရှေ့တွေမှာ သွားသွားပေါက်နေတာ နှစ်ပေါက်တော့မယ် ဆရာဝန်ကတော့ ပြောပါတယ်
မင်းမှာ ဆီးရောဂါမရှိပါဘူးတဲ့ အစက ငါလဲ မင်းတို့လိုပဲ အမေတွေကို သိပ်ချစ်
မိန်းမတွေကို သိပ်ချစ်တာပေါ့ ချစ်တာမှ မင်းတို့ထက်တောင် ပိုသေးတယ်
မယုံရင်သေသွားတဲ့ ငါ့ကြောင်အနက်လေးကို မေးကြည့်



nelay

No comments: