ပုံပြင်ပေါ်မှာ ဇီဇ၀ါ
ဒီလိုပုံစံနဲ့တော့
ငါ့အလွန်က
ဖိတ်စာတွေအား ကြည်လင်အေးမြ
အရောင်ချွတ်ထားတဲ့ နံနက်ခင်းအလှနဲ့
မလွတ်လပ်ချင်ဘူး
လက်သည်းခွံပေါ်က
ခရုကမာနဲ့ ပွတ်သတ်ရယ်မော
နှောင်ကမ္ဘာမအိုခင် အခါက
ခြေရင်းမှာ ၀တ်ဆင်းသွားမဲ့
အလုံပိတ် နံရံတွေ
ငါ့လမ်းကလေး အော်နေတုန်းကများ
ရင်ဘတ်ပေါ်တင်ထားတဲ့ လက်ကိုဖြုတ်ပြီး
အဆံမပါတဲ့ အံစာတုံးတွေ ပစ်ကြဲအုံးမယ်
ဘာတွေပဲဖြစ်ဖြစ်လို့ ဘယ်လောက်ဝေးဝေး
အရိပ်တွေ မမြင်နိုင်တဲ့ အရပ်ကနေ
လက်ကမ်းထားတဲ့ ရိုးပြတ်တောကို
မေလ အပေါ်က ကြယ်ခက်တွေဆွဲလို့
ငါ့စိတ်ကို အလျားလိုက် မီးညှိလိုက်ပြီ ဇီဇ၀ါ
တံခါးပေါက်တွေမှာ သော့တွေငတ်နေလို့များ
နားရွက်နှစ်ဖက်အရှေ့က
အာရုံကြောတွေ စွန့်အ နေကြသလား
ကျွဲပခုံးထနေတဲ့ ငါ့ဗဟို ကျောလယ်ထဲက
ဒေါင်းလိုက်စီးနေတဲ့မြစ်
အသက်ရှင်ခြင်း အထူးပြုတွေနဲ့ ဘာကိုများသွေးလို့
ဓါး လုပ်ချင်နေကြသလဲ
ကိုယ်ဝတ်ရုံကို ည တွေနဲ့ တသားထဲကျအောင်
စကားလုံးတွေကြီး ခါးခါးချနေရတဲ့ ငှက်မဟုတ်လား
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ
ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား
ထာဝရဆိုတဲ့ ငါတို့ စာအုပ်ထဲက
ငါမဟုတ်တဲ့ အကြောင်းအရာတွေ
ငါ့အကြောင်းများ ထထပြောနေကြသလား
ဆေးထိုးအပ်ထဲမှာ ထားခဲ့ပါပြီ
နောင်လာမဲ့ ဇီဇ၀ါပန်းအိုပင်ကြီး နဘေးက
ဆေးသောက်ချိန်မေ့နေတဲ့ နာရီအသေကြီးလဲ
ကိုယ့်ကိုယ် အစိမ်းဝါးနေရတာနဲ့
သွားတွေ မပေါက်နိုင်တော့ဘူး
မုတ်သုန်နောက်က ပုံပြင်တစ်ပုဒ်
ထိုင်ခုန်ပေါ်က ထလာတဲ့ ကျောက်သေရုပ်တွေနဲ့
ဇီဇ၀ါ ပန်းခင်းကြီးကို စကားလုံးတွေသင်ကြား
ပုံရိပ်ယောင်တွေရဲ့ အလှမွေးငါးတွေ
အပေါ်နှုတ်ခမ်းမှာ ပေကျံနေတဲ့
အတိတ်လက်ကောက်ဝတ်က သွေးတစ်စ ကို
အံဆွဲထဲက လျှာတွေထုတ်ပြီး
အရသာခံလိုတဲ့ မိုးသောက်ယံရဲ့ နတ်ဆိုးတွေ
nelay
No comments:
Post a Comment