Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, November 4, 2008

မွေးဖွားခြင်း ဇီဇဝါစိတ်



လက်ဖဝါးမှာ ရွှေလင်ပန်းနှင့်အချင်းဆေးပြီး မွေးဖွားလာတဲ့ သံသယဟာ ပြတင်းအဖြစ် ပဋိသန္ဓေတည်ပြီး ယုံကြည်ခြင်းနဲ့ထွက်ကျလာတယ်။ မွေးဖွားကထဲက ကျောမှာတွယ်အပ်တွေတလျှောက် လူတိုင်းမှာ ဆက်ကြောင်းတွေ မတူခဲ့ကြပြန်ဘူး။ စကြာဝဌာ အက်ကွဲကြောင်းထဲက ကမ္ဘာကို ဥချလိုက်တယ် ဆိုရင်ပဲ သစ္စာတရားတို့ ခမ်းခြောက်ကုန်ကြပြန်တယ်။ နေမင်းကို လော့ကတ်သီးဖွဲ့ စကြာဝဌာ ပကာသန အတုကိုမှ အစစ်မှန်းမသိ ဂြိုလ်ကြီးကိုးလုံးကို လိုက်လံပြသလေရဲ့။ မိုးဆိုတာလဲဖြစ်ပေါ်တယ် ဆောင်းဆိုတာလဲဖြစ်ပေါ်တယ် နွေဆိုတာလဲဖြစ်ပေါ်တယ်။လောင်တီကျူ တခုတည်းနဲ့ ကမ္ဘာကိုသိမ်းပိုက်လိုက်တဲ့ နတ်သမီးဟာ ကိုယ်စောင့်နတ် ၁၂ပါးရှိတယ်ဆိုပဲ။ လမင်းအတွက် အချိန်ကုန်ခဲ့တဲ့ ပင်လယ်ဟာ ဆွဲအားတခုတည်းနဲ့ မွေးဖွားခြင်းအမှုကို ပြီးမြောက်စေတယ်။ လောလောဆယ် ဒီလောက်ပါပဲ ...။
''သမီးမျက်နှာဟာ ကျနော့ကမ္ဘာပါ သခင်မ'' သူတိုးတိုးလေးရွတ်လိုက်တယ် မိုးသံတွေ လေသံတွေ ဖုန်းသည်အထိ စစ်တလင်းညံတဲ့ကြမ်းပြင်ကို လွှမ်းသည်အထိ သူတိုးတိုးလေးရွတ်ပြီးနေပြီဖြစ်တယ်။
''အဖေဟာ သမီးရဲ့ သစ္စာပါ မွေးသဖခင်'' သူမကျယ်လောင်စွာ အော်ဟစ်လိုက်တယ် လည်ချောင်းထဲက ဆိတ်ငြိမ်ရပ်ဝန်းတခု တိုးလျှိုသေဆုံးသွားသည်အထိ သုသာန်ရဲ့ အနက်ဆုံး ညသန်းခေါင် မီးစာငြိမ်းသည်အထိ သူမကျယ်လောင်စွာ အော်ဟစ်ရှိုက်သွင်းပြီးနေပြီဖြစ်တယ်။
တစ်မိနစ်တာ အိပ်မက်ရှည်အတွက် အသက်တစ်ရာစတေးတဲ့ အချိန်ကာလတွေ ဖြူစင်သန့်ရှင်းစွာ မွေးဖွားလာကြပြန်တယ်။
ဟိုး .. အဖြူဆုံး အလင်းဆုံး အသန့်ရှင်းဆုံး မေတ္တာတရားရဲ့ ရက်စက်မှုတွေနဲ့ အသက်ဓါတ်တစ်ခုဟာ အသန့်ရှင်းဆုံး ပြတင်းတခါးဆီမှ ပွင့်ဦးလာခဲ့တယ်။
အချိန်ပိုင်းတခုရဲ့ မညီညွှတ်မှုနဲ့ စွန်းပေရအုံးမယ်ဆိုတဲ့ အသက်ဓါတ်အဖြူလေး တခုအတွက် သူစိုးရိမ်တကြီးတွေးတော သိမြင် နောင်တကြီးတခုကို ဖန်ဆင်းပြီးနေနှင့်ပါပြီ။
နံရံမှာချိတ်ထားတဲ့ အဖြူအမဲ အနာဂတ်တချို့ရယ် အကန့်အကန့်တွေနဲ့ သီဆိုမှုတခုရယ် အနီလွန်နေတဲ့ မီးပွိုင့်တခုရယ် မဆီမဆိုင် ၁နာရီဟာလဲ ချုပ်ရိုးပြေ သွေးစက်တွေနဲ့ ခွဲနေခဲ့တော့တယ်။
''ပြောက်မသွားပါနဲ့ မင်းကိုယ်ငွေ့လေးနဲ့ ဝိဉာဉ်အချပ်လေးဟာ ငါ့ကမ္ဘာပါ အရှင်သခင်'' ရာသီမလွန်ခင် ရင်ကွဲခြင်း အပွင့်ဦးတွေ ထူးခဲ့ကြတယ် အရိပ်ဟောင်းကိုစွန့်လို့ အရိပ်သစ်ကိုခိုလိုက်ကြပြီးဖြစ်တယ်။
''သမီးအခိုးလေး အလှအပဆုံးဖမ်းဆုပ်တာကို မြင်ချင်တာအဖေ့ သစ္စာပါ'' မျက်မမြင်တယောက်ခေါင်းကိုတွင်းတွင်းခါ မိုးတွေလဲ အစီအစဉ်မကြေငြာပဲရွာလာပြီးဖြစ်တယ်။
ထုံးစံအတိုင်း ဇာတ်သိမ်းဟာ ရင်ကွဲမှလှမဲ့ မနက်ဖြန်အဆင်တစ်ထည်လဲ ဖြစ်လို့ နေပါတော့တယ် ...
မထင်မှတ်ထားတဲ့ ရပ်ဝန်းတခုရဲ့ ဆွဲအားဟာ ကားတိုက်ခံရတယ် ရထားကြိတ်ခံရတယ် လေယာဉ်အပျက်ခံရတယ် သင်္ဘောမှောက်ခံရတယ် ဒီအချိန်မှာပဲ မြက်တို့အကိုင်းမရှိမှန်း
ရနံ့မရှိမှန်း အရောင်မရှိမှန်း အပင်မရှိမှန်း စိတ်နှင့် သက်ဆိုင်သောလမ်းကို ကမ်းနဖူးအထိလျှောက်မိလျှက်သားဖြစ်နေခဲ့တော့တယ်။ အဖူးနဲ့ ကမ်းပေါ်မှ ပြုတ်ကျခြင်းအတွက်
မွေးဖွားခြင်း ဒဏ်ရာတို့ ဆက်တိုက်ဆိုသလို ''အဟုန်''ကွဲကြ ၃နာရီ စီးကြောင်းရာ ဟာလဲ သိသိသာသာ ခွဲခံနေရပါတော့တယ် ... ။
နောက်တမနက်ရဲ့ အသစ်ဆိုတာကို မွေးဖွားမဲ့ လက်ချောင်းလေးတို့ဟာ နောက်တစ်ဖန်အသစ်မွေးဖွားဖို့အတွက် မိဘစုံလင်စွာဖြင့် အဖြတ်ခံလိုက်ရတယ် ။ ဇီဇဝါပန်းတို့ရဲ့ ဝိဉာဉ်ထက်မှာ ခြံစည်းရိုးတို့ မွေးဖွားလာရင်း လက်ချောင်းလေးတို့ကို အတုအယောင်အဖြစ် မွေးစားလိုက်ကြပါတော့တယ်။ လောလောဆယ် ဒီမှာပြီးထားနှင့်ပါသည်။



nelay





No comments: