လူရှင် ကမ္ဘာကြား လူသေ
ကမ္ဘာကြီးပေါ်ကို ဖိတ်စာ မပါပဲ ငါတို့ရောက်လာပြီးမှ
ငါတို့ အချင်းချင်း စားသုံးနေရတဲ့ ဧည်ခံပွဲတစ်ခုမှာ
ဘယ်သူ့ ဧည်ခံပွဲလဲ မသိရှိရပါပဲနဲ့
ငါတို့ အချင်းချင်း အမုန်းပွားလိုက်ကြတယ်
သိပ်ကိုလှပတဲ့ အခန်းအနားပါပဲ ယုန်ငယ် …..
ဟောဟို ဝေးဝေးကိုကြည့်လိုက်တိုင်း
အရိုင်းအစိုင်းတွေ မွေးဖွားကြီးပြင်း
လူ့နိုင်ငံအိုကြီး ပျက်စီးပါစေကြောင်း
အရိုးနန်းဆောင်ထက်က ခန်းနားရှင်းလင်းခြင်းနဲ့
အမိုက်မှောင်ခန်းမှာ သားသတ်ပွဲတွေ ကျင်းကျင်းပပ …
အရေတွန့်နေတဲ့ လက်အိုထဲက
စစ်ပွဲတွေခင်းနေတဲ့ ဦးနှောက်အိုကြီးတစ်ခုကို
ကလေးတွေက မုတ်သုန်မိုးနဲ့ ချိုးချိုးနေခဲ့တဲ့ ရာဇ၀င်တွေ …. အ ….
ဘယ်ဆီမှာလဲ ငွေရောင် အနားသတ်နဲ့
အသွားထက်ထက် မိန့်ခွန်းတော်တွေ
လစ်လျှူရှုခြင်း အတတ်ကို တတ်မြောက်ခဲ့ပြီနောက်
သားသမီးတွေ ပြောက်ခဲ့ပါပြီ အဖေ …..
ဘယ်တုန်းကမှ မ တ ခဲ့ဘူးတဲ့ ရတနာသုံးပါးမို့
လူတွေဖွားဖွားနေတဲ့ အရပ်မှာ ပြိတ္တာတွေကြီး မြင်မြင်နေရတယ်
ဘာစကားကိုစစ်ထုတ် မန်းမှုတ် ဈာန်လျှော
လူအိုကြီးတွေ လစ်လျှူရှုထားလို့
လူမိုက်သွားတဲ့ ကလေးငယ် ကလေးတွေ
ပြန်ပြန် သတ်လို့ သေသွားတဲ့ လူအိုကြီးတွေ
ပရိုမီးသီရပ် လက်ထဲက မီးဒုတ်ကိုဆွဲလုမိမှတော့
ရန်ကုန်မြို့ နေပြည်တော်ရုံမှာ အပြာကားပြသလိုဖြစ်နေမှာပေါ့
ငါ့ကမ္ဘာပေါ်မှာ ငါ့ကိုယ်ငါ လှမ်းခေါ်လို့
ပြန်မထူးနိုင်တော့ပါဘူး
လူကိုလူတွေပြန်ပြန်လုယက်
စိတ်ကို စိတ်တွေပြန်ပြန်လုယက်
လူကိုလူတွေပြန်ပြန်စားသုံး
စိတ်ကို စိတ်တွေပြန်ပြန်စားသုံး
မရှင်နိုင်
မကြားနိုင်
မသေနိုင်
nelay
No comments:
Post a Comment