မီးခိုး လိပ်ပြာ
ဟေ့ အနက်ရောင် တို့ရဲ့သခင်မ ...
နင့်ခြေလှမ်းတွေ ပြတ်ကြောင်း
အရိပ်တွေခြွေပြီး
ဆုတောင်းလို့ လျှောက်
ဝိဥာဉ်တွေ သောက်မဲ့ ကြိုးတစ်ချောင်းနဲ့
တနင်္ဂနွေနေ့ နေ့လည် ၂နာရီ ၉စက္ကန့် အလွန်မှာ
ကျုပ်စနေကောင်ရဲ့
အနက်ရောင်လမ်းတွေထဲ လိပ်ပြာတွေ
အော်ဟစ်သောင်းကြမ်းနေတယ်
ဟောင်းနွမ်းဆုံး ဂူအိုကို
အနက်ရောင် နှင်းဆီတို့နဲ့ ဖူးမျှော်ဦးခိုက်
ရုပ်ခန္ဓာ အနီသဏ္ဍာန်နဲ့
နှလုံးသားထဲက အမှောင်ဆုံးဟန်ကို ကျုပ်ပိုင်စိုးလို့
နထင်သွေးကြောနားက သွေးအိပ်မက်အကြောင်း
ကျုပ်ကောင်းကောင်းကြားနာလိုက်ပါရဲ့
အခြေမထူးတဲ့ ရာသီဦးတစ်ခုကုန်လွန်သွားခဲ့ရင်
ကြက်ခြေခတ်တွေ နှိပ်ပြီး ကျုပ်အနီရောင်ကို ခိုးယူခြေမွ
အမှောင်
ပျို နတ်ဘုရားမက
ကျပ်မပြည့်တဲ့ စစ်သူကြီးကို စီးလို့
အငှားမယားနဲ့ ပုဝါပါးပါးမှာ ကျုပ်အနီရောင်နဲ့ ၀င်းပပျိုမြစ်
မေတ္တာတော်တွေပို့ယူခြစ်ထုတ်လို့ သွေးပုတ်တွေနဲ့
အဆိပ်ထုတ်ခဲ့ပါတယ်
အိပ်မက်တွေ ပြောက်ဆုံးကုန်လို့
နောက်ဆုံးဆိုတဲ့
NOvEmBer အနက်ရောင် ပန်းဘုရင်မကလေးနဲ့
ကျုပ်ခူးယူလို့ သတ်ခဲ့ပါတယ်
ပိတ်လှောင်ထားတဲ့ လူနာ အခန်းအိုကြီးရဲ့ဘေး
ရမ္မက်ဆန္ဒတွေနဲ့ အနက်ရောင်သစ္စာကိုဖေါက်ခဲ့ဖူးပြီမဟုတ်လား
၎နာရီစကားတွေနဲ့ ခြံတံခါးဝက ကလေးတစ်ယောက်ကို
သခင်ရွှေမိက ဘာပန်းတွေနဲ့များ ပစ်ပေါက်လိုက်ပါသလဲ
ကျုပ်မြင်နေသမျှ နှလုံးသားထဲက နံရံတွေအလွန်မှာ
ချိတ်ဆွဲထားတဲ့ သူငယ်တော်တွေ အမှောင်စီးချက်နဲ့
က ကွက်တွေ ပျက်ယွင်းလို့ ၉ကြိုးကို တင်းခဲ့ပါတယ်
စန္ဒရားသံတွေကြောက်လို့ စန္ဒရားအောက်ဝင်ပုန်း
ပျော်ရွှင်ခြင်းတွေ ပစ်ကြွေးနေရအုံးမဲ့ နရီ
မျက်ရည်တွေ တည်ခင်းထားတဲ့ ပွဲတော်အမှီမှာ
သခင်မပြန်လာခဲ့ရင် အနက်ရောင်တွေကိုသတ်လို့
ဆိပ်ဖလူးပန်းတွေနဲ့ အမြစ်ရှည်နေရအုံးမယ်
ဘာများ ခံပြီး
ကျုပ်ကိုသောက်သုံး
ရာဇ၀င်ထဲက မျက်လုံးတွေနဲ့
အောင်ပွဲတွေကို ခိုးယူနေအုံးမယ့်
မီး …………… ခိုး …….. လုံး …… တွေ …… ။
nelay
artwork by nelay
No comments:
Post a Comment