ချော့ကလက် တွင်း
လက်ယာ မျက်ဝန်းညိုနားက ကြယ်
အိပ်စက်ခြင်းနဲ့ မွှေးမြနေတဲ့ ငယ်
ဒီကမ္ဘာ ခရီးအလယ်က ခရမ်းရောင် ဥယျာဉ်တော်ကို
ရုပ်လုံးဂီတ လက်ဝဲနရီ ပီသ ပျိုမြစ်
လူ့အခြေစစ်စေတဲ့ နွယ်
စနေပြဒါးသံနဲ့ ခြည်ငင်ဆွဲစုတ်
ဒွိ ခန္ဓာ ပရုတ်လုံးကို
ဂူငြိမ်ရာ ရေကမုတ်နဲ့ မြှုပ်ရအုံးမယ်
ပန်းလည်တိုင်တော် အရေပြားအောက်က
အသေ ခရေ စမ်းထဲမှာ
ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို
ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ …
ငယ်ကမ္ဘာ အိမ်ဦးပေါ်က ပန်းမေတွေ ပွင့်ဦးပျိုခဲ့ရင်
ငါ့နှလုံးသားကို အားသွင်းလို့ ပြန်ပြန်ခုန်မြူး
ခမောက်နဲ့ ခရင်းကို နေစရာပြုလို့
ငိုနေရအုံးမယ် …
ခြောက်ခြားမှု သစ္စာတစ်ခက်နဲ့
ရေစိုရောင် ပြည်လမ်းပေါ်က
ခရေပင်တွေကြားထဲ ငါဝှက်လို့ထားခဲ့ပါ့မယ် ….
နေမ၀င်ခင် လင်းတဲ့ အကြည့်တည်စေဖို့
မုတ္တမသွေးကြောနဲ့ ပညာရှင်တွေစုရုံး
ကမ္ဘာ့သစ်အိုပင်ကြီး ပျိုမြစ်လာအုံးမယ်
ခန္ဓာကိုယ် ကျူပ်
တူးဆွခြစ်ထုတ်လို့
မြေကြီးတွေ
ဘယ်အဆံနဲ့
ဘယ်အသီး
စက္ကူ အမြစ်ရှုပ်နဲ့ ကြည်ဆံကို ထုတ်လိပ်လို့ ကျူပ်ရှုရှိုက်
Supernova အငယ်စားလေး ပေါက်ကွဲပစ်လိုက်မယ်
တိမ်နုတွေ ငင်ချီသွားတဲ့ ငှက်ကို
သတ္တုမြစ်ဖျား အလွန်က
နှုတ်ခမ်းရိုးရိုးကလေးနဲ့ တွန်းချလိုက်တယ်
အသွားတစ်လမ်း အပြန်တစ်လမ်း
လက်ဖ၀ါးနုနုပေါ်က ရေစက်ဥကလေးတွေ
အပြန်အသွားနဲ့ ကျူပ်လမ်းမှာ နားခဲ့ကြတယ် ….
ဒီလိုသာ လေမတိုက်ခဲ့ဘူး
လက်ဝဲ ရှုပုံမျိုးနဲ့ လေအ
အကြောင်းအရာတွေ သန္ဓတည်မိရာက
မြတ်တော်ပြေဘုရားမှာ
ခြေရာလှလှကလေးကို ဂူသွင်းမြှုပ်နှံ
ခတ်တ္တာပန်းတွေ လင်းကနဲ့ ပွင့်ဝေလန်းသွားမယ် ….
ဘေးကမ္ဘာ ပြောစကားအခြေနဲ့
ဆူးလေ သံဆူးကြိုးနားက
ရွှေရည် မိုးဦးကို ကျူပ်တို့ အတူ
ဖ၀ါးလက်ပျိုနှစ်ခုနဲ့ ဖမ်းဆုတ်
တကောင်း အထက်နားက
ခေါ်ရာဝတီမှာ သနပ်ခါးဖောင်တွေ ပျက်ခဲ့ဖူးပြီ ….
နတ်ဘုရားတို့ နွယ်ခြည်ငင်တဲ့ ရာဇ၀င်ဆိုးမှာ
အချစ်ကို အိပ်ဆေးတိုက်
စစ်တောင်းတံတားအောက်က ဒိုက်တွေပါပဲ ….
ကလေးရယ်
အပင်ကိုမျိုချ
လမ်းကို ပြာချပြီးမှ
ပုတ်သွားတဲ့ ကြီးရင့်မှုကို
ပတ်ဝန်းကျင်နဲ့ အဆိပ်သင့်လို့
ကျွံဝင်သွားတဲ့ ခလုတ်တွေထဲ
မမြင်ဖူးတဲ့ အတိတ်အိုနဲ့
အနီရောင် ပြတိုက် အသေပေါ်က
ဇီဇ၀ါဥယျာဉ်ထဲမှာ ချော့ကလက်တွေတွင်းတူးလို့
မင်းဘာကို မြှုပ် ………. ။
nelay
No comments:
Post a Comment