Pages

Thursday, September 29, 2011

ခေါင်းမရှိတဲ့ စကားပုံများ





ခေါင်းမရှိတဲ့ စကားပုံများ


ဟူးးးးးး

ဘာတွေလာပြောနေမှန်းမသိဘူး

အဖက်မတန်လို့ ရေတောင်မဆေးမိ
နဲနဲနံတော့ ဒညင်းသီးပဲ

လေးလုံးပေါင်းလို့မှ တစ်ဒေါင်မပြည့်

လူထင်ကြီးခံချင်လို့များ

နာမည်ကြီးစာမျက်နှာပေါ် စာတွေလိုက်ကပ်နေလို့လဲဖြစ်မလာ

အရည်နဲ့ အဖတ်ကို သတ်သတ်စီခွဲပြီး

သူ့ကို လှုပ်တိုက်
ဆေးမတိုးတဲ့ အမှိုက်ဆိုတော့ ဒိုက်သာသာ
နုနုထွဋ်ထွဋ် ငါ့ခြေမကလေးကိုလာကိုက်ပါ
ယားဒယ်
ယားဒယ်
ယားဒယ်

သူ့ဦးနှောက် ၃ကျပ်တန်နဲ့ကုတ်ပြီး

မြင်မကောင်းတော့တဲ့ မျက်နှာကို

ငါ့ဘာသာတရားနဲ့ မာန်မဲလိုက်မယ်

လူခေါ်ခေါင်းလောင် နှိပ်ပြီးမှ

သင်ခဲ့သမျှ ပညာတွေလဲ ပညာမစစ်လာတော့
လူဖြစ်ရက်နဲ့ အမြှီးကောက်ခဲ့ရတယ်မဟုတ်လား
ဟူးးးးးး

ဘာတွေလာပြောနေမှန်းမသိဘူး

ငါ့အခန်းအောက်က သူ့အခန်းပျက်နဲ့

ကလေးတွေကို မမြင်အောင်ဝှက်ထားတဲ့
သွေးပျက်ပျက်နဲ့ ငါ့စကား သူ ရ

လိုင်းကားတွေ ကြပ်ပါတယ်ဆိုမှ
ကလေးကလဲ ချီထားရသေးတယ်
ဟူးးးးးး
ဘာတွေလာပြောနေမှန်းမသိဘူး
တချို့ကလဲမကြိုက်ကြ
တကယ်လို့များ အရေးအခင်းဖြစ်ရင်
ဒီလိုကောင်တွေကို ငါအရင် ခေါင်းဖြတ်သတ်မယ် ။






nelay



1 comment:

ဆောင်းယွန်းလ said...

သင်ခဲ့သမျှ ပညာတွေလဲ ပညာမစစ်လာတော့
လူဖြစ်ရက်နဲ့ အမြှီးကောက်ခဲ့ရတယ်မဟုတ်လား
ဟူးးးးးး