Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, September 15, 2013

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ



ဒါဟာ SYRIA ကို အသွားအပြန်လုပ်နေတဲ့ 
သူ့စိတ်ကူးတွေကို ခါထုတ်လိုက်တယ်

တကယ်လို့ သူ့မှာ သတင်းဓါတ်ပုံ 
အခိုင်အလုံ မရှိခဲ့ရင် ဘယ်လိုလုပ်မှာလဲ
မာလီဆိုင်းလပ်ကို ခေါ်ပြီး က ခိုင်းမှာလား

သူဟာ Digital Drug နဲ့ 
အဆိပ်သင့်ရာကနေ နိုးလာတဲ့ 
zombie တစ်ကောင်ဖြစ်တယ်

သူနဲ့ ဘယ်နှစ်ပေ ပတ်လည် ကို 
သွားမကပ် မိစေနဲ့ 
ဆီရီးယား က ဘိုင်အိုဝက်ပွန် တွေ အန်ထုတ်လိမ့်မယ်

သတင်းဖတ်ရာ ကနေ ခဏရပ် ပြီး 
ကလေး ကို နို့တိုက်တယ် သေးတည် တယ်

ဒါဟာ aphasia ရဲ့ အစ ဆိုတာ သူသိသိကြီးနဲ့ 
ဆိုတေး ဆိုတဲ့ ငနဲ ရဲ့ သီချင်းကို 
အိမ်ရှေ့မှာ အကျယ်ကြီးဖွင့်ဖွင့်ထားတယ်

နောက်ဖေး မီးဖိုချောင်ထဲက အိုဘားမားရဲ့ ရုံးခန်းကို 
အိမ်လာလည်တဲ့ လူတိုင်း သူခေါ်ပြတယ်

စစ်အစိုးရကိုလဲ မုန်းသတဲ့လေ
ဆာလာတဲ့ အခါတိုင်း 
ကျနေတဲ့ စိတ်ကို ဇွန်း နဲ့ ခရင်း နဲ့ မှ 
သူက သပ်သပ်ရပ်ရပ် စားတတ်သေးတယ်

ရှော့တိလေးတွေ နဲ့ ဂေါ်ဖီပုတ် ကြွေးတဲ့ 
သူ့ အိမ်နောက် က ဝက်ခြံထဲမှာလဲ 
သူက စိတ်အပန်းဖြေ ထွက်လို့ 
ခေါင်းပေါ်က ပျံ သွားတဲ့ Thai လေယာဉ်ကိုလဲ 
ထိုင်ဆဲနေသေးတယ်

ငါတော့ သူ နမ်းနမ်း ပြနေတဲ့ သံကြိုးတွေနဲ့ မိန်းမ ကို 
သိပ်မုန်း တာပဲ လို့ ဆိုတော့
သူ က meditation လ တိုင်း ထိုင်ဖို့ 
ငါ့ အတွက် junction Square က 
3D လက်မှတ်တစ်စောင်မှာ ခဲ့ပေးတယ်

ပုတ်ပုတ် ထုတ်နေတဲ့ သူ့ အတွေးဟာ 
သိပ်ထူးဆန်းဖို့ ကောင်းတာပဲ
ကိုယ်ဝန် သည် တွေ ကို လက်ညှိုး မထိုး မိဖို့ 
ငါ အတန်တန် တားပါသေးတယ်

ဆွဲ နေတဲ့ စိတ် ဟာ swag တွေ ရှုတဲ့ 
ဆေးထဲက ပိုးမွှားတွေ ပါပဲ

ခေတ်တွေ ပြောင်းတာကို သူ ကြိတ်မှိတ် လက်ခံ လိုက်သလို 
သူ ပြောင်းခဲ့တဲ့ ခေတ်ကိုလဲ သူ စမြုပ် ပျံ တတ်လို့ မမောနိုင်ဘူး

ဟို ဖက် ရပ် ကွက် နဲ့ ဒီ ဖက် ရပ် ကွက် 
သူတို့ ခေတ်တုန်း က ရန် ဖြစ်တာကို 
ရွှေတိဂုံ မှာ ရွှေ ပြား ကပ် သလို ဝင်းလို့ ထိန်လို့ 
သူပြောနေရရင် ငါ တောင် 
လမ်းဘေး ကိုယ်စားပြု ဖခင်တွေ ကို သတိရတယ်

တိမ် တွေ ဟာ 
စောက်ဖောင်းထု ချင်စရာ
ကောင်းအောင် သိပ်လှတာပဲ

monarchist ဆိုတာ သူ့ လို လူတွေ အတွက် ပါတဲ့ 
သူ့ အိမ်ခြံ တံခါး ၀ မှာ ကြေးပြား အထူကြီး ကို 
သံနဲ့ စွဲအောင် နာနာ ရိုက်လို့ ကပ် ထားပြီး 
ကြေးပြား ပေါ်မှာ correction pen အရေ အဖြူကြီး ကို 
ပြစ်ပြစ် ခဲခဲ အထူကြီး နဲ့ ရေးထားတယ်

ခါတိုင်းလိုပဲ သူစား နေကြ အရာတွေထဲက 
စိတ်တိုင်းမကျတာတွေကို ထွေးထုတ်တယ်
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား 
အရာကိုကို ဆာလာရင် ပြန်စားတယ်

Homosexual တွေ အကြောင်းကို သူက homonym ပါပါ 
ငြင်းခုန်နေရရင် ပဲ သူ့ကိုယ်သူ ခေတ်မှီလာသလို ယုံကြည်မှုတွေရှိလို့

ဖွင့်ထားတဲ့ စာအုပ်ထဲက စာကြောင်းတစ်ချို့ကို 
သူရွတ်ရွတ်နေကြ Facebook ပေါ်က Group တစ်ချို့မှာ သူတင်တယ်

အများဆုံး တင်တာ ကတော့ 
A person who never made a mistake 
never tried anything new. Albert Einstein ဆိုတာတို့ 
Even if you are a minority of one, 
the truth is the truth. Mahatma Gandhi ဆိုတာတို့ 
The empires of the future are the 
empires of the mind. Winston Churchill ဆိုတာတို့

သူ့ သဘာဝကိုက အိပ်ယာ ဝင်စရာ မလို သလို နိုးစရာ လဲ မလိုဘူး
ဒီခရီးနဲ့ ဒီခရီးကို အချင်းချင်း ပြန်စားချင်ကြတဲ့ လမ်းပေါ်ကို သူသိပ်ထွက်လေ့မရှိဘူး

မြင်းခွာရွက်တွေ အဖို့တော့ 
သူ့စိတ် ဓါတ်ဟာ မုန့်ဟင်းခါးပဲ

မကြာမကြာ သူ့ကိုယ်သူ တခြား သူတွေ နဲ့ မတူဘူး ဆိုပြီး 
မတူအောင် လုပ်ထားတာတွေ ထုတ်ပြတတ်တယ်

သူ့ကို လူတွေက Like များများ လုပ်ပေးမှ 
နောက်ကွယ်မှာလဲ နေသာ ထိုင်သာ ရှိတယ်

သူ့မှာ ဦးနှောက် မပါ တာကလွဲလို့
သူက သေမထူးနေမထူးပဲ ဆိုတဲ့ 
စကားပုံကို သိပ်ကြိုက်တယ်



nelay





No comments: