Pages

Thursday, May 16, 2013

ရာစုသွေးသစ် ခေါ်တဲ့ ပွဲ

ရာစုသွေးသစ် ခေါ်တဲ့ ပွဲ
 
 
ဒီရာစု ဟာ
နတ်ဆိုးတွေ မြေပေါ်မှာ
စည်သံ ညံအောင် တီးခုန်မြူးမဲ့
သွေးသံရဲရဲ ညီတဲ့ ပွဲ ....

ဆုတောင်း သံတွေ ဘုန်းကံ နိမ့်လို့
အာ ခေါင် ခြောက်ရင် သောက်ကြရမဲ့
သွေးခွက်တွေ ကျဲထားတဲ့ ပွဲ ...

သတိ ကို တူး ထားလို့ ငရဲမှာ
အရေပြားလန်သွားတဲ့ အသားနဲ့
ဘုရား တွေကို ဘုရား နဲ့ သာ
ညီညီညာညာ ''တ'' ကြရမဲ့ ပွဲ ...

အဖေရော အမေရော
သွေးရော သားရော
ဖက်တွယ်ထားတဲ့ နှလုံးသားကို
အစိမ်း လိုက် ယူ ဆွဲ ခြေမွ ထားတဲ့ ပွဲ …

ကမ္ဘာ့ လေယာဉ်ပျံဘေးက
စေတန် ကြိုတဲ့ တေးကို
ဘယ် သတ္တ၀ါ လူသူထူးက
ဆာ လောင်နေတဲ့ စိတ်နဲ့
ဟင်းးးးးးးးးးးးးးးးးးးးး …..
ဒီ ပွဲ ကို များ ဘာလို့ ကျယ် လောင်စွာ
အော် အော် ခေါ် နေ ရတာလဲ ….

nelay

No comments: