လမ်းနာမည် စက္ကူ စာရွက် စာအုပ်
ကားဂိတ်များ
ဗဟန်း ၃လမ်း အသွားရှိပြီး အပြန်မရှိတဲ့ မင်းလမ်း
ယောက်လမ်း လမ်းဆုံ စက်မှု ၁
တဏှာတူးဖို့ ဓါးနဲ့ အကြိမ်းခံရတဲ့ အကြောက်တရားနဲ့
ဖောက်ပြန်ဖို့ စောက်ကန်ခံရ
နွားတွေလို စိတ်အေးလက်အေး နှစ်ကူးကြ
အခုဆို ဘာဖြစ်နေလဲ သိပ်မစဉ်းစားတော့ဘူး
ဘူးသီးကို ခူးမဲ့လူတွေထဲ ငါ့ကြက်သွန်ဥကလေးကို
အာပုတ်စော်အနံ ခံပြီး ငါက စား
စားဝတ်နေရေးအတွက် စောစောအိပ်ပြီး စောစောထ
ကားပေါ်ကို အိုကြီးအိုမတွေနဲ့ စောစောအလုတက်
စောစော အလုအရက်ဆင်းပြီး စောစော သေကြ
ငါကလဲ စိတ်ဝင်စား ချင်ယောင်ဆောင်ပြီး
သိကြားမင်း ကို ပျားရည်ထုတ်ထုတ်ကြွေး
ပျားဘုရင်မကြီး ဖိုက်လိုက်လို့ ပျားလုပ်သားတွေ တဖွဲဖွဲကြွေကျ
ယဉ်ကျေးမှုအရ ခေါင်းငုံ့ လျှောက်ပြီး နောက်ဆုတ်ကြရင်
ယဉ်ကျေးမှုအရ ခေါင်းပေါ်ကကျော်လျှောက်ပြီး ရှေ့ကိုတိုးကြရတယ်ဆိုတာ
နီလေးပြောခဲ့ဖူးသလား
လောလောဆယ် ဈေးကွက်ရှာဖွေရေးက လမ်းခွဲသွားတဲ့ မှတ်တိုင်မှာ
မီးကအမြဲ အနီနဲ့အ၀ါ
လမ်းတွေပေါ်မှာ ဆပ်ပြာတွေအလုအယက် ရောင်းကြ
စားသုံးသူတွေ ခေါင်းမပါတာကလွဲလို့
သွားတွေသွေးကြ
တစ်ကိုယ်လုံးချွတ်ကြည့်ရင်တောင် သွားကြီးပဲရှိကြ
ငါ့အကြောင်းကို ငါမပြောပဲ မနေနိုင်ပါဘူးဆိုတဲ့ မိန်းမပါးစပ်နဲ့ ယောကျာ်း
ငါ့အကြောင်းကို သူတို့ မပြောပဲ မနေနိုင်ပါဘူးဆိုတဲ့ ယောကျာ်းပါးစပ်နဲ့ မိန်းမ
အဲ့ဒီ့နှစ်ယောက်ကို အခန်းစဉ်ထဲ အတူတူထည့်
ဘယ်သူ့အကြောင်းမှမကြားရတော့တဲ့
ဘူးသီးဟင်းခါးကို အသုတ်သယ်ဆီက နဲနဲတောင်း
လမ်းနာမည်ဟောင်းလောင်းပေါ်မှာ လမ်းလိုက်ကြ လမ်းလိုက်ကြ
လိုက်ကန်းပြောက်တဲ့ လိုက်လမ်းများ ကား နေကြ လမ်းများ
nelay
No comments:
Post a Comment