Pages

Wednesday, September 21, 2011

ဂိမ်းကစားနေတဲ့ E တုံး




ဂိမ်းကစားနေတဲ့ E တုံး




သူအစာကြေချ လိုက်တဲ့အခါ
တွင်းနက်ထဲပြုတ်ကျသွားတဲ့ မင်းက
E တုံးပေါ်မှာ ခနော်ခနဲ့စိတ်နဲ့ဘာတွေပြောနေတာလဲ

သူတောက်ချ လိုက်တဲ့အခါ
တွင်းနက်ထဲကျသွားတဲ့ ဆေးလိပ်တိုကို
မရင့်ကျက်သေးတဲ့ အနံ့နဲ့ မင်းက
E တုံးတွေကြားထဲ စက္ကူတွေ လိုက်လိုက်ရှုနေတာလား

သူသွန်ချ လိုက်တဲ့အခါ
တွင်းနက်နက်ထဲ ရွဲစိုသွားတဲ့ မင်းက
E တုံးတွေဖက် မိုးပေါ်ကို လက်ကလေးထောင်ပြီး
ဆဲရေးတိုင်းထွာနေတာလား

ဘာသာစကားမှမတူတာပဲ
နတ်ကြီးတဲ့ ခလုတ်ကလေးနဲ့
နားကပ်ဝတ်ထားတဲ့ အမှောင်ကို
အနာတွေဖုံးထားတဲ့ အလင်းက
ပြဋ္ဌာန်းထားသမျှကို ပေါ့ပျက်ပျက်အတွေးအခေါ်နဲ့
မင်းအတွက် Game Over လေးကပ်ပေးလိုက်တယ်


nelay

No comments: