Pages

Saturday, November 3, 2012

ဖုတ်သွင်းရထား နဲ့ မဟူရာ ဘူတာ

ဖုတ်သွင်းရထား နဲ့ မဟူရာ ဘူတာ



လွန်ခဲ့တဲ့ တစ်နှစ်လောက်က မိတ္တူကူးနဲ့ မုန့်ဝယ်ဖို့ကို ကမ္ဘာကြီး ပြိုတဲ့ အထိ ထမ်းဆောင်ဖို့ပဲ တွေးတွေးနေတဲ့ ကောင်
အတွေးတွေ ဂျောင်ထိုးပြီး ကထဲ က အမှောင်မှာ သာတဲ့ လ ကိုတောင် လှောင်ချင်နေတဲ့ ကောင်
ဘတ် ဘတ် ဘတ် ဘတ် ဘတ် ဘတ်စ် ကားပေါ်မှာ အနားကပ်လာတိုင်း ခါချ ပုတ်ချ ခါချ လူရည် မ၀သေး တဲ့ ဘတ် ဘတ် ဘတ် ဘတ် ဘတ် ဘတ်စ် ကားပေါ်မှာ တန်းတွေ ခါတိုင်းချတိုင်း လူတွေ လွှင့်လွှင့် နေတဲ့ ကောင်
မအေ ဘေး လေးတွေ အကြွေးမအမ်းနိုင်တိုင်း ငါ့ဘ၀တွေကို ပတ်တာ အိတ်ထဲက ထုတ်ထုတ်အမ်း စုတ်စုတ် အမ်း ပုတ်ပုတ်အမ်း မပြောရဲ မဆိုရဲနဲ့ ဘရိတ်အုပ်ထားတဲ့ မိသံ ဖသံ ဆူညံနေတဲ့ စောက်ကလေး အသံ တွေ
လမ်းဘေး ဈေးသည်ကြားက တစ်ရာတန်တွေထဲမှာ ငါ့ခြေရာ ငါ့မျက်နှာ ငါ့စေတနဲ့ ဘယာကြော်တွေ တူး တူး တူး တူး တူး ဘုရား ဘုရား ဘုရား အစက ပြန်စ အပြန်ကစကြ လေ မ၀သေးတဲ့ ရုပ်ခွက်တွေနဲ့ လက်တွေယားလို့ ကုတ် ကုတ် ကုတ် ကုတ် ထားတဲ့ အမြှီးတွေ မှားမှားမှား စုပ်
ဓါတ်တိုင်အောက်က ဆိုက်ကားသမားနဲ့ ပခုံးပေါ်က ကြောင် မြောင်ထဲမှာ ညှောင်နေတဲ့ လေသံအပွ
ဦးလေးဒေါ်ဒေါ်မမ ကြွရောက်လာကြတဲ့ လူကြီးလူကောင်း ဧည့်သင်္ခါ ပရိတ်သတ် အပေါင်းကြီးတို့
မိတ္တူကူးဖို့ မုန့်ဝယ်ဖို့နဲ့ အိပ်မက်တွေကောင်းကောင်း မက်ကြစေဖို့ ငါ့ဂေါင်းထဲမှာ ဘာတွေ ဘာတွေ ဘာတွေဖြစ် ဖြစ် ဖြစ် ဖြစ် ဖြစ် နေ အသက် အသက် အသက် မွေးပြီးဝမ်းကျောင်း ကြောင်တောင်တောင်တွေဖန်ဆင်းဖို့ လက်မဖြစ်ဖြစ် ခြေမဖြစ်ဖြစ် စုပ်လို့ မ၀တဲ့ ကောင်
မိုးကောင်းကင်ကို လက်ညှိုးထိုး ပင်လယ်ကြီးကို လက်ညှိုးထိုး မြေကြီးပေါ်က မကြွတဲ့ အရောင်နဲ့
ပါးစပ်တွေဖြဲဖြဲပြီး ပြောင် တိုက်ဆိုင်မှုတွေခွဲထုတ် အစားထိုးပြီး ပြန်ပြန် ချုပ် ငါ့လက်ချုပ်ရာတွေ ငါ့လက်ချုပ်ရာတွေ မလိုချင်ဘူး မကြိုက်ဘူး မသိချင်ဘူး ငါ့အတွက် ငါ့အတွက် မိုးပေါ်မှာ ပန်းခင်းကြီးတွေ ပွင့် မြေကြီးအောက်မှာ အသေ ပန်းတွေလွှင့် ငါ့ကိုယ်ငါ အစားထိုးလို့ ပြန်ပြန်ချုပ်
မိတ္တူကူးဖို့ မုန့်ဝယ်ဖို့ အစတွေ မူး အမူးတွေစ အဖြေတွေရ အမေးတွေပြန် ငါ့အနေ ငါ့အထား ငါ့စကားနဲ့ ငါ့စက္ကူတွေ ပုရွက်ဆိပ်တွေတက် ပုရွက်ဆိပ်တွေဆင်း ပိုက် ပိုက် ပိုက် ပိုက် ပိုက် ကွန်ထဲမှာ ငွေမိ လူတွေမိ မိန်းမတွေမိ မိ မိ မိ မိ မိ မိမဆုံးမသားတွေ အလုပ်ရလို့ အဟုတ်တွေပြ အပြတွေဟုတ် ငွေမရတဲ့ ရုပ်နဲ့ ကမ်းနဖူးမှာလေတွေတိုက်လို့ လိပ်ပြာလွှင့်အောင် အသံကုန်အော်လိုက်မယ် ….
ငါ့တံခါးဝမှာ လာမရပ်ကြနဲ့ ငါ့တံခါးပေါက်ကို လာမခေါက်ကြနဲ့ ငါ့တံခါးဘောင်မှာ ငါ့ကိုခေါ်ဖို့ ငါ့ကိုအော်ဖို့ ငါ့နာမည်ကို မှတ်ပုံတင်ထဲကဖျက်လိုက်ကြဖို့ သန်းခေါင်းစာရင်းမှာ လူလိုနေလို့ ခြေသုတ်ခုံပေါ်က စောက်ရူးတွေကို ခေါ်ထုတ်သွားပါ မုန့်ကြွေးပါ ရေတိုက်ပါ စောက်ကြီး စောက်ကျယ်များများ ပြောပါ ငါအိပ်နေတုန်း မိုးဇက်ရောက်လာ ငါ့ လည်ကို သူလှီးသွားလို့ သွေးတွေထွက် ကြမ်းခင်းတွေပေ မီးအလင်းရောင်တွေ သေကုန်ကြလို့ ငါ့ကိုထွန်းပါ ငါ့ကိုညှိပါ ငါ့ကို အိပ်ယာခင်းအဟောင်းကြီးပေါ်က ဆွဲချ ဘတ် ဘတ် ဘတ် ဘတ် ဘတ် ဘတ်စ် ကားပေါ်မှာ ဖင်ကိုင်ဖို့ကြိုးစားနေတဲ့ ဟိုကောင်တွေ ဆေးရုံရောက်ရင် နှာခေါင်းထဲမှာ ပိုက်တပ်ပြီး ဘုရား ဘုရား ဖြစ်ဖြစ် တရား တရား ဖြစ်ဖြစ် စည်းနဲ့ ကမ်းနဲ့ စည်းပြီး ကန်း ခိုင်းလိုက်မယ် စာလည်းရှည်ပြီး အဖွားလဲ သေပြီ လူ့လက်ဖျံထဲက အရိုးကို ငါက မျက်စောင်းထိုးမိလို့ အစားမကြွေး ရေမတိုက် ဘယ်သူနဲ့မှ မတူတဲ့ အမှိုက်ကို ပုန်းထဲကိုထည့် သုံးစားမရတဲ့ ငါက လေးစားမရတဲ့ သူ့ကို ငါးရိုးတွေကြွေး မစူးနိုင်တဲ့ မျက်လုံးတွေနဲ့ ဒေါင့်ပစ်လိုက်တဲ့ အစာမှာ ငါ့ကိုယ်ငါ နှစ်ချပ်ခွာလို့ ဒီဘူတာမှာ မဟူရာလိုက်တယ် ။




nelay

No comments: