Pages

Saturday, October 12, 2013

ရုပ်သံ လောက ချစ်စရာ့ စောက်တလွဲများ

ရုပ်သံ လောက ချစ်စရာ့ စောက်တလွဲများ



မြင်မြင်ရာ ကို လေ နဲ့ ပစ် လိုက် လို့ အသံ ကြားရတယ်
မချစ်သော်လဲ အောင့်ထားရတဲ့ ဖျော်ဖြေပေးရန် ပညာပေးရန် ပြန်ကြားပေးရန်
ရန်တွေများလာလို့ Record ခလုတ်တွေပိတ်ခဲ့တယ်
ဝန်းထမ်းဘ၀ဟာ reflector တွေ
နေပူမှာလှမ်းထားမှ အရောင်တွေပြန်ပြန်ပြန်ပြန်ပြန်ပြန် ပျံ
ဝါသနာ တစ်လုတ် အတွက် အစာငတ်ခံ ထားတဲ့ အစာအိမ် အမှောင်ခန်းတွေ
လှည်းတန်း မီးပွိုင့်အလယ်မှာ အပေါ့ သွားသလို media ဆိုတာ လက်ညှိုးထိုးဖို့ထင်သာမြင်သာ
လက်ချိုးရေထားတဲ့ ရုပ်သံ ကလေး ခြောက်တီးခြောက်ချက်ကိုပဲ စောက်ပြစ်ပြောဖို့ 
ည ၇နာရီ ဆိုလဲ ကြည့် 
ည ၆နာရီ ဆိုလဲ ကြည့်
ည ၉နာရီ ဆိုလဲ ကြည့်ည
၁၀နာရီ ဆိုလဲ ကြည့်
ကြည့်ကြည့်ကြည့် အစာ ငတ်ခံပြီး ကြည့်
ကြည့်စရာမရှိတဲ့ ဒီလောကမှာ TV ရောဂါပိုးတွေ ထုတ်လုပ်ထားတယ်
ချောင်းဆိုးပြီးရင်ကြပ် နေရင် ရင်ချောင်စေဖို့ ရိုက်ကူးရေးတွေ ထပ်တိုးထားတယ်
ဘတ်စ်ကား ပေါ်မှာ စောက်အကြီးကြီး နဲ့ ရင်ဘတ်ပေါ်က တံဆိပ်တွေကို ကြည့်
ကိုယ့်သေတွင်း မှာ ကိုယ်တူးထားတဲ့ ၀ါသနာ ကို စောက်ရှက်မရှိတဲ့ မျက်နှာနဲ့ ထုတ်ထုတ်ဖြီးရတယ်
လေချဉ်တွေ တက်လာတဲ့ ညနေများဆို အတိတ်ကာလကို ရိုက်ကူးရေးဖျက်ဖျက်ပြီး 
လှည်းတန်း ဂုံးတံတား အသစ်ကြီးက နေ ခုန် ချ ခုန် ချ ခုန် ချ
၈နာရီ ကျော်သွားတဲ့ သတင်းမှာ ခြေ နှစ်ချောင်း မပါရင် မပြီးတဲ့ ဆယ်လီဘယ်တီ အတင်းတွေ
ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ က ရုပ်သံလိုင်းကလေးတွေ ဟိုစုဒီစု
ဘာ စောက်စည်း စောက်ကမ်းမှ မသဒီစရာကို 
လူကြီး အတု တွေ ထုပ်ထုပ်ပြီး နေရာတိုင်းမှာ လ တွေ ပွင့်ပွင့် ၀ါစေဖို့
ဝန်းထမ်း အသစ်တွေ စုစု ထားတယ် 
နည်းကျ လမ်းကျ ဘယ်သူ့ အဖေခေါ်ရမလဲ မျက်နှာ ငယ်ငယ် ထားနဲ့
ဝေလီဝေလင်းမှာ ထထ ယောင် နေတဲ့ စိတ်ကျ အိပ်မက် တွေပါ
စောက်ပြစ် ပြောတဲ့ CONSERVATIVE တွေ စုစု လာလို့
ကျီးကန်းကို ရေချိုး ပေးဖို့ ဆပ်ပြာကုန်နေတယ်


nelay

No comments: