Pages

Tuesday, November 26, 2013

အိမ်ထမင်း အိမ်ဟင်း

အိမ်ထမင်း အိမ်ဟင်း


ခြေထောက်လက်ထောက် ဆေးပြီးပါပြီ ငါ့ ကို ကြွေးမယ့် ထမင်းထဲမှာ အဆိပ်ပါသလား အဆီပါသလား
ကမ္ဘာမြေပေါ် ဥက္ကာခဲ ကျလို့ စတော်ဘယ်ရီ သီးတွေ မဲ ကုန် ရတယ် ဆို TV ကို ပိတ်လိုက်စမ်း ပါ
ထမင်းစားနေရင် Digital အသုံးအနှုန်းတွေ ဝှေ့ဝှေ့ ၀င်လာသမျှ ကို မဖမ်းနိုင်ဘူး
ငါ့ ကိုယ် ငါ ဆောက်တည်ရာ မရ ဖြစ်နေရတဲ့ ကြားထဲ ဟင်းရည်တွေ က ဘာလို့ ဒီလောက်တောင် ပူနေရသလဲ
ငါ နဲ့ ငါ ကြားက ချုပ်ရိုး ကြောင်းကို ဖြေ ပြီး စားပြီး သမျှ ကို ရှင်း ရမယ် ဆိုတော့ မင်း မျက်နှာ က ဘာဖြစ်သွား တာလဲ
ငါ့ ကိုပြောစမ်းပါ ငါ့ ကိုပြောစမ်းပါ ငါ့ ကို ပြောစမ်းပါ အဲ့ဒီ နေ့ က ဘာ ဟင်းနဲ့ စားခဲ့သလဲ
ဟို လမ်းဘေး က ၀က်သားဟင်းကို Social network ပေါ်မှာ သာကူစေ့သံကောင်နဲ့ ရောပြီး စားခဲ့တယ် လို့ဖြေစမ်းပါ ဖြေစမ်းပါ အဲဒီလို ဖား ချင်တဲ့ မျက်နှာနဲ့ များ စားပွဲထိုးလေးကို ပိတ်ပိတ် ဟောက်နေရတယ် လို့
မိမဆုံးမ ဖမဆုံးမ ရာသီဥတုကြီးက ဘယ်လိုကြီးမှန်းမသိဘူး ဒီအချိန် ကြက်ဟင်းခါးသီးလေး တို့ လိုက်ရရင်ကောင်းမှာ စက်ပစ္စည်းဆိုတာ ပျက်တတ်တဲ့ သဘော ရှိနေတော့ မေမြို့ ကိုလဲ မပြင်နဲ့တော့ ဒီဇင်ဘာကိုလဲ မဖြုတ်လဲနဲ့တော့
အလကား လာချပေးတဲ့ ငပိရည်တို့စရာ ထဲက မချစ်စုတွေပဲ တို့စားလိုက်ပါတော့
ပလတ်စတစ် အိတ်ထဲ ကြက်သွန်ကြော်တွေ သိပ် များနေတဲ့ ငါးကျည်း ကြပ်တိုက် ကို 3D ရုပ်ရှင်ရုံထဲဖောက်စား
ဟင်းဆိုတာ ပြောင်းဖူးအစေ့ကလေးတွေနွာပြီး ပြုတ်ထားတာရယ် မြေပဲပြုတ် အခွံခွာ ပြုတ်ထားတာရယ် လက်ဖက်ဆီစိမ်လေးရယ် ငါးနီတူခြောက်ကလေးရယ် ဆတ်သားခြောက်ကလေးရယ် ကြက်သွန်ဖြူရယ် ဒညင်းသီးရယ် ငရုတ်သီးရယ် ရောထားလဲ ဖြစ်တာပဲ
ငါတော့ ဒီလ ကုန်ရင် အိမ်ခဏပြန်အုံးမယ် ထမင်းအိုး တည်ထား ၆ နှစ် လောက်ရှိတော့မယ်
ငါထင်ပါတယ် အားလုံး သိုးကုန်ပြီ ဆိုတာ
မတတ်နိုင်ဘူး နံရိုးပေါင်း တစ်ပွဲ ၀ယ်ပြီး ငါ့ နှစ်ကာလ များကို ကြွေးရတော့မှာပဲ



nelay 

No comments: