Pages

Friday, March 15, 2013

သူ့လို လူ

သူ့လို လူ

သူက လူယုံတွေ နဲ့ မပေါင်းတော့ဘူး
သူ့မှာ ခဏခဏ အသတ်ခံရလို့
အခု သူက လူရံတွေ နဲ့ ပဲပေါင်းတော့တယ်
သူ့မှာ စာအုပ်ကြားထဲ ညှပ်ညှပ်ထားတဲ့ အရွက်တွေ ပဲ ခဏခဏထုတ်ကြည့် နေရလို့ ….
စာအုပ်ကြားထဲက အရွက်ကလေးတောင် ခမ်းခြောက်သွားတယ် …
အတွေ့ဆိုတာ
တစ်စုံတစ်ယောက် ခေါင်းပေါ်က ပန်ထားတဲ့ အကြည့်တွေ ကိုဆိုလိုတာလား
သိချင်တယ်
သူ့မှာ မြတ်နိုးခြင်းနဲ့ ပတ်သက်လို့ စိတ္တဇ က ခိုင်မာနေသလား
သူ့ကို ခြင် မကိုက်ဘူး ကြွက် မကိုက်ဘူး ….
အာရုံတွေ ကိုက်နေတယ်




nelay

No comments: