Pages

Friday, March 15, 2013

တွမ်တီဖိုး ဆဲလ်ဗန်း ဒူး ချွန် နေတဲ့ အသံ

တွမ်တီဖိုး ဆဲလ်ဗန်း ဒူး ချွန် နေတဲ့ အသံ


ဆက်တင်ကို အကြီးကြီး ဖွင့်ထား ရတယ်
မျက်မမြင်တွေ ၀င်နိုင်အောင်လို့
အလင်းတံခါးမှာ စာတန်းထိုးထားတယ်
‘‘တစ်သောင်း ဖိုး ငါးလုံး
ရောင်းမဲ့ စကားလုံးတွေ အပိုင်မယူရ’’
မကျက်သေးမှာ စိုးလို့ ပြန်ပြန်နွေးစား နေရတဲ့ စိတ်ဓါတ်တွေမို့လား
မနက်ခင်းမှာ ထမင်းရှင်တွေ သက်တောင့်သက်သာရှိဖို့
ရေဗုံးတွေဖြည့် အခင်းကြီး အခင်းလေးတွေ လဲ ရှင်းထားရတယ်
လက်ဆေးဇလုံ ထဲမှာဆိုတော့ ဟင်းနှစ်တွေနဲ့ အဆီတ၀င်းဝင်း
မျက်နှာကျက် က ပိုးတွေကိုလဲ ရှင်းပြီး အခန်းလင်းထားပါ့မယ်
လေသံကိုလည်း မှန်နိုင်အောင်လို့
သွေးရောက်နေတဲ့ နထင်မှာလဲ ခေတ်ဆိုတဲ့ စကားလုံးကို ကြီးကြီးထားပါ့မယ်
တပည့်တော်ရဲ့ ၀ုန်း ခနဲ တစ်ခါ ဘုံး ကနဲ တစ်လှည့်
အတက်အကျတွေ မြန်မြန်နေလို့  အကြောင်းမပြည့်စုံတဲ့ တရားကို
ဗလာစာရွက်ပေါ်မှာ အလုံး ငါးဆယ် ရေးထားပါတယ်
လမ်းတည်ရာ ပက်လက်ဖေါင်းပေါ်က ကွမ်းနှစ်ယာလောက်ဝါးမိရင်
ကယ်ဆယ်ရေးတွေ လုပ်ချင်လာလို့ မပြီးသေးတဲ့ တံတားပေါ်က ခုန်ချခဲ့တယ်
လက်မပါတဲ့ နှုတ်ဆက်ခြင်းတွေနဲ့
အထက်အောက် ကင်းကွာနေတဲ့ ကြိယာဝိသေသနများ
အိပ်စက်ခြင်းကို အနိုင်ယူလိုက်တဲ့ ညစောင့်တပ်မတော်ကြီးက
သွားတုတပ် ထားတဲ့ အမှောင်ကိုများ ပုံပြောပြနေရတယ်



nelay

No comments: