တိတ်ဆိတ်ခြင်းအသံတွေ
ပင်လယ်ဆီကရောက်လာ
မင်းသာ ငါ့မျက်ရည်ကျရာ
ဟိုးဝေးဝေးက မိုးကောင်းကင်
အချစ်နဲ့ပျော်ရွှင်ခြင်း
မင်းသာ ထာဝရ
လင်းလက်မဆုံးတဲ့
ငါ့သမုဒယသစ္စာအလင်း
အနားမှာရာသီသုံးခု
မင်းရှိနေတဲ့ဥတုတိုင်းမှာ
သေမင်းကိုမမှုတဲ့
မနက်ဖြန်တွေရှိလိမ့်အုံးမယ်
ကမ်းပါးအထက်ကစိတ်မှာ
မင်းနဲ့ငါ့ရဲ့လိပ်ပြာထိသံကို
ဗဟုလောကအလွန်က
လမင်းစက်သီးနဲ့ဆွဲတင်ကြမယ်
ပြန်မကျစတမ်း
မိုးပေါ်ပျံရအောင်
တိမ်ခိုးမဲတွေတွဲခိုရင်
ငါနားတိုးလို့ဖက်ထားစမ်းပါ
ဒီမျက်မမြင်ကောင်က
စိတ်အလွန်နယ်မှာ
မင့်အတွက်လှောင်အိမ်ကိုဖောက်မဲ့
ရနံ့ပျိုးတဲ့သက်တန့်ဒါးကိုသွေးနေတယ်
ကိုင်းကိုင်းလေးကွေးလို့
ပြုံးလိုက်စမ်းပါ
ဒီအပြုံးနဲ့တင်ငါ့ခွန်အား
စစ်သံမကြားခင်
ရန်သူတွေသေစေရမယ်
အတိတ်ထဲက ဒါးနဲ့ခွဲပြီးထွက်
ဒတိတိယိုနေတဲ့ သွေးအေးတွေ
ပစ္စုပ္ပန်မှာ နှင်းအထွေးတွေနဲ့
အနာဂတ်သွေးမိုက်တွေသောက်ကြရအောင်
ငါ့ကိုမဖောက်ပြားဖို့မတောင်းဆိုပါဘူး
မင်းဟာလဲနှလုံးသားနဲ့လူ
ငါကလဲလက်ထိပ်မုန်းတဲ့သူ
အကျဉ်းဆန်တဲ့ဘဝမျိုးတွေ
ဘယ်တော့မှငါတို့ဝင်မတိုးဘူး
ဒါပေမဲ့
ငါ့သွေးကြောထဲမှာ
မင်းဟာထာဝရဆန်တဲ့မြစ်လေးစင်း
နှလုံးသားရပ်ဝန်းမှာ
ဘယ်သောင်မှအထွန်းမခံနိုင်ဘူး
ဒါမို့
ယခုကစ
ငါ့ဥတုအလှမှာ
သက်တန့်ပေါ်ကနက္ခတ်ပျော်တဲ့
ချစ်တတ်ခြင်းရဲ့ရေတံခွန်ပျံဟာ
မကြာခင် . . .
နဂါးအကောင်တသောင်းအောင်းတဲ့စမ်းမှ
. . .
ဝုန်းဝုန်းဒိုင်းဒိုင်း . . .
. . . .
မင်းဖက်ထားစမ်းပါ
ငါ့သက်တန့်လေးကို . . . ။
nelay
No comments:
Post a Comment