Pages

Friday, November 25, 2011

ဆေး






ဆေး

ဘာတွေလဲ .... ဒီနေရာမှာ စ ပြီး .... ဒီ .... နေ ... ရာ ... မှာ ... ပြန် ... ဆုံး .... ဘာတွေလဲ .... သစ်ပင် ... အရုပ် ... စက္ကူ ... ဘာတွေလဲ ... ဘာတွေလဲ .... မျက် .... မ .... မြင် ... နဲ့ ..... ဆေး ... လိပ် .... တို ..... ဘာတွေလဲ ... ပလုံစီ နေတဲ့ .... လင်္ကာ တွေ ... ရှုရှိုက် ..... ဘာတွေလဲ ... နှာခေါင်းပေါက်ထဲက .... ကြည်ဆံတွေ .... ဘာတွေလဲ ..... အိမ် ..... သာ .... နံရံပေါ်က ပင့်ကူတွေ .... ဘာတွေလဲ .... iNt3rNeT မသုံးဖူးလို့ .... ငါ့ကိုမသိဘူး .... ဘာတွေလဲ … စာအုပ်မဖတ်ဖူးလို့ ... သူ့ကိုမသိဘူး …. ဘာတွေလဲ …. TV မကြည့်ဖူးလို့ …. ကျော်သူ ဆိုတာ မသိဘူး …. ဘာတွေလဲ … ဘာတွေလဲ ….. မသိဘူး … ဘာတွေလဲ …. သူ့မျက်လုံး သူငယ်အိမ်ထဲမှာ….. ဘာတွေလဲ ….. ငါ့ကိုယ်ငါပြန်ပြန်တွေ့တွေ့နေရလို့ ….. ဘာတွေလဲ ….. ငါဆိုတာ တကယ်ရှိတယ်ဆိုတာ ….. ဘာတွေလဲ …..သိလိုက်ရတယ် … ဘာတွေလဲ ….. သစ်ပင်မစိုက်ဘူးလို့ ….. အမြစ်တွေရှိတယ်ဆိုတာ မသိဘူး …. ဘာတွေလဲ …… လမ်းပေါ်က ဖုန်တွေ မြောက်မြောက်တက်သွားမှ လေရှိတယ်ဆိုတာ ကြိတ်မှိတ်ပြီး ယုံလိုက်ရတယ် …. ဘာတွေလဲ မသိဘူး …. နောက်တစ်ဆင့်တက်သွားပြီလား ….. ဘာတွေလဲ ….. ဆံပင်တွေထဲမှာ မျက်လုံးတွေ ၀ှက်ထားတယ် …. ဘာတွေလဲ …. ဘာတွေလဲ …. အုပ် ….. စု …… လိုက် …… ကြီး ဘာတွေလဲ …. တြိဂံ တွေ လား …. ဘာတွေလဲ …. လက်ငါးချောင်းပူးပူး ….. ဘာတွေလဲ ….. လိုက်တာမြင်မှ ….. ဘာတွေလဲ ….. ဘာသာတရား ….. ဘာတွေလဲ ….. ရှိတယ် ….. ဘာတွေလဲ ….. အဲယားကွန်း က လေတွေ အေးကုန်ပြီလား ….. ဘာတွေလဲ ….. အတွင်းခံ … ….. ဘာတွေလဲ ….. ထဲမှာ … ….. ဘာတွေလဲ ….. စကားလုံးတွေ …. ….. ဘာတွေလဲ ….. ၀ှက်ဝှက်ထား ….. ဘာတွေလဲ ….. အထီးနဲ့ အမ ….. ဘာတွေလဲ ….. ကို ….. ဘာတွေလဲ ….. မယုံကြည်တော့ဘူး ။ ….. ဘာတွေလဲ ….. ။


nelay




Wednesday, November 23, 2011

လူရှင် ကမ္ဘာကြား လူသေ






လူရှင် ကမ္ဘာကြား လူသေ




ကမ္ဘာကြီးပေါ်ကို ဖိတ်စာ မပါပဲ ငါတို့ရောက်လာပြီးမှ
ငါတို့ အချင်းချင်း စားသုံးနေရတဲ့ ဧည်ခံပွဲတစ်ခုမှာ
ဘယ်သူ့ ဧည်ခံပွဲလဲ မသိရှိရပါပဲနဲ့
ငါတို့ အချင်းချင်း အမုန်းပွားလိုက်ကြတယ်
သိပ်ကိုလှပတဲ့ အခန်းအနားပါပဲ ယုန်ငယ် …..

ဟောဟို ဝေးဝေးကိုကြည့်လိုက်တိုင်း
အရိုင်းအစိုင်းတွေ မွေးဖွားကြီးပြင်း
လူ့နိုင်ငံအိုကြီး ပျက်စီးပါစေကြောင်း
အရိုးနန်းဆောင်ထက်က ခန်းနားရှင်းလင်းခြင်းနဲ့
အမိုက်မှောင်ခန်းမှာ သားသတ်ပွဲတွေ ကျင်းကျင်းပပ …

အရေတွန့်နေတဲ့ လက်အိုထဲက
စစ်ပွဲတွေခင်းနေတဲ့ ဦးနှောက်အိုကြီးတစ်ခုကို
ကလေးတွေက မုတ်သုန်မိုးနဲ့ ချိုးချိုးနေခဲ့တဲ့ ရာဇ၀င်တွေ …. အ ….

ဘယ်ဆီမှာလဲ ငွေရောင် အနားသတ်နဲ့
အသွားထက်ထက် မိန့်ခွန်းတော်တွေ

လစ်လျှူရှုခြင်း အတတ်ကို တတ်မြောက်ခဲ့ပြီနောက်
သားသမီးတွေ ပြောက်ခဲ့ပါပြီ အဖေ …..

ဘယ်တုန်းကမှ  မ တ ခဲ့ဘူးတဲ့ ရတနာသုံးပါးမို့
လူတွေဖွားဖွားနေတဲ့ အရပ်မှာ ပြိတ္တာတွေကြီး မြင်မြင်နေရတယ်

ဘာစကားကိုစစ်ထုတ် မန်းမှုတ် ဈာန်လျှော
လူအိုကြီးတွေ လစ်လျှူရှုထားလို့
လူမိုက်သွားတဲ့ ကလေးငယ် ကလေးတွေ
ပြန်ပြန် သတ်လို့ သေသွားတဲ့ လူအိုကြီးတွေ

ပရိုမီးသီရပ် လက်ထဲက မီးဒုတ်ကိုဆွဲလုမိမှတော့
ရန်ကုန်မြို့ နေပြည်တော်ရုံမှာ အပြာကားပြသလိုဖြစ်နေမှာပေါ့

ငါ့ကမ္ဘာပေါ်မှာ ငါ့ကိုယ်ငါ လှမ်းခေါ်လို့
ပြန်မထူးနိုင်တော့ပါဘူး

လူကိုလူတွေပြန်ပြန်လုယက်
စိတ်ကို စိတ်တွေပြန်ပြန်လုယက်
လူကိုလူတွေပြန်ပြန်စားသုံး
စိတ်ကို စိတ်တွေပြန်ပြန်စားသုံး

မရှင်နိုင်

မကြားနိုင်

မသေနိုင်





nelay


 

Wednesday, November 16, 2011

ပုံပြင်ပေါ်မှာ ဇီဇ၀ါ




ပုံပြင်ပေါ်မှာ ဇီဇ၀ါ


ဒီလိုပုံစံနဲ့တော့
ငါ့အလွန်က
ဖိတ်စာတွေအား ကြည်လင်အေးမြ
အရောင်ချွတ်ထားတဲ့ နံနက်ခင်းအလှနဲ့
မလွတ်လပ်ချင်ဘူး

လက်သည်းခွံပေါ်က
ခရုကမာနဲ့ ပွတ်သတ်ရယ်မော
နှောင်ကမ္ဘာမအိုခင် အခါက
ခြေရင်းမှာ ၀တ်ဆင်းသွားမဲ့
အလုံပိတ် နံရံတွေ

ငါ့လမ်းကလေး အော်နေတုန်းကများ
ရင်ဘတ်ပေါ်တင်ထားတဲ့ လက်ကိုဖြုတ်ပြီး
အဆံမပါတဲ့ အံစာတုံးတွေ ပစ်ကြဲအုံးမယ်

ဘာတွေပဲဖြစ်ဖြစ်လို့ ဘယ်လောက်ဝေးဝေး
အရိပ်တွေ မမြင်နိုင်တဲ့ အရပ်ကနေ
လက်ကမ်းထားတဲ့ ရိုးပြတ်တောကို
မေလ အပေါ်က ကြယ်ခက်တွေဆွဲလို့
ငါ့စိတ်ကို အလျားလိုက် မီးညှိလိုက်ပြီ ဇီဇ၀ါ

တံခါးပေါက်တွေမှာ သော့တွေငတ်နေလို့များ
နားရွက်နှစ်ဖက်အရှေ့က
အာရုံကြောတွေ စွန့်အ နေကြသလား
ကျွဲပခုံးထနေတဲ့ ငါ့ဗဟို ကျောလယ်ထဲက
ဒေါင်းလိုက်စီးနေတဲ့မြစ်
အသက်ရှင်ခြင်း အထူးပြုတွေနဲ့ ဘာကိုများသွေးလို့
ဓါး လုပ်ချင်နေကြသလဲ

ကိုယ်ဝတ်ရုံကို ည တွေနဲ့ တသားထဲကျအောင်
စကားလုံးတွေကြီး ခါးခါးချနေရတဲ့ ငှက်မဟုတ်လား

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ
ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား

ထာဝရဆိုတဲ့ ငါတို့ စာအုပ်ထဲက
ငါမဟုတ်တဲ့ အကြောင်းအရာတွေ
ငါ့အကြောင်းများ ထထပြောနေကြသလား
ဆေးထိုးအပ်ထဲမှာ ထားခဲ့ပါပြီ

နောင်လာမဲ့ ဇီဇ၀ါပန်းအိုပင်ကြီး နဘေးက
ဆေးသောက်ချိန်မေ့နေတဲ့ နာရီအသေကြီးလဲ
ကိုယ့်ကိုယ် အစိမ်းဝါးနေရတာနဲ့
သွားတွေ မပေါက်နိုင်တော့ဘူး

မုတ်သုန်နောက်က ပုံပြင်တစ်ပုဒ်
ထိုင်ခုန်ပေါ်က ထလာတဲ့ ကျောက်သေရုပ်တွေနဲ့
ဇီဇ၀ါ ပန်းခင်းကြီးကို စကားလုံးတွေသင်ကြား
ပုံရိပ်ယောင်တွေရဲ့ အလှမွေးငါးတွေ

အပေါ်နှုတ်ခမ်းမှာ ပေကျံနေတဲ့
အတိတ်လက်ကောက်ဝတ်က သွေးတစ်စ ကို
အံဆွဲထဲက လျှာတွေထုတ်ပြီး
အရသာခံလိုတဲ့ မိုးသောက်ယံရဲ့ နတ်ဆိုးတွေ





nelay





Saturday, November 12, 2011

ဓာတုဗေဒ




ဓာတုဗေဒ




မျက်နှာသစ်ပြီး သွားတွေဖွင့်လိုက်တော့ ပြတင်းပေါက်တွေမရှိတော့ဘူး
သားတွေနဲ့ သမီးတွေ ကိုနေလင်း မနက်ခင်းဆိုတာ သော့တွေရဲ့အိပ်စက်ခြင်း
အိုဗာတင်းပါ ဆရာမ ကာဗွန်ဒိုင်အောက်ဆိုဒ် ကို ခပ်၀၀ ဗိုက်ထဲ အတင်းလောင်းလောင်းထည့်နေရ
လမ်းပေါ်မှာ လမ်းပေါ်မှာ ခွေးတွေမရှိတော့ဘူး ပလာတာပဲကွာ နာရီတွေအမြှီးညှပ်နေလို့လား
သစ်ခြောက်ပင်ပေါ်က ငါးတွေကိုခူးခဲ့ပါ မျက်လုံးရှုမရတော့လို့ စကားလုံးတွေနဲ့ပဲ လိင်ဆက်ဆံနေရ
ဒါမျိုးတွေကြီးပဲလို့ ဒေဂျာဗူးကိုပြောပေးပါ ကျပ်စေ့တွေနင်နေလို့လား ပြောင်းပြန် စစ်ခက်တွေနဲ့ မုတ်ဆိတ်
အကျားအကျား အကွက်အကွက် နဲနဲကလေး လွန်နေတာကလွဲလို့ ကိုနေလင်းရယ် အင်္ဂါပါ
ပြဒါး သံ ဖြိုး ဟီးဟီး ဟားဟား ညီမကအကြီး ကျနော်က အငယ်
ဝတ်စံတွေ နှစ်လုံးပေါက် စံပယ်ပန်းတွေ ပျော့စိကွေး စိတ် စိတ်မရှည်တော့ဘူး
ချိတ် ဆိတ် ဘ မ အ ကိုးကိုးကိုး ခေါင်းသုံးလုံးနဲ့ ကိုး စိတ်ကုန်ခြင်း အရူး တန်ဖိုးရှိတဲ့ အချိန်
အလကား အားအားယားယား အသစ် အသစ် အဟောင်း အဟောင်း အသောင်းရော
ဖဲပြား ပဲပြား ညစ်ပတ်ပေပွ ကော်လံပေါ်မှာ သနားပါတယ် ငါ့အစ်ကိုကြီး လေးခွ ငါးခွ သုံးခွ
ကျောက်ဆည် ဖရုံသီး မျက်နှာသစ်ပြီး အဟောင်းအတိုင်း အဟောင်းအတိုင်း ဘာမှမထူးဘူး စောက်ရူး
လေးလေးစားစား ယဉ်ယဉ်ကျေးကျေး ပညာတတ် လူလိမ် မာ အစိုးရ ဥပဒေ စာအုပ်စာအုပ်
အိုဗာတင်းပါ ဆရာမ သွေးတွေခြောက်သွား ခြောက်တွေသွေးသွား ဒါလေးများ ပေါင်မုန့် စတော်ဘယ်ရီ
ငါတို့တုန်းက ငါတို့တုန်းက ငါတို့တုန်းက ငါအရင်လုပ်ခဲ့တာ ငါအရင်လုပ်ခဲ့တာ ငါအရင်လုပ်ခဲ့တာ

အရေမရ အရေမရ အရေမရ အဖတ်မရ အဖတ်မရ အဖတ်မရ ရှစ် ရှစ် ရှစ် ရှစ် ရှစ် ရှစ် ရှစ် ရှစ်
ဓါတ်ခွဲခန်းထဲက အကြည်ရောင် အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး အိုး ။




nelay


Thursday, November 10, 2011

မီးခိုး လိပ်ပြာ







မီးခိုး လိပ်ပြာ



ဟေ့ အနက်ရောင် တို့ရဲ့သခင်မ ...
နင့်ခြေလှမ်းတွေ ပြတ်ကြောင်း
အရိပ်တွေခြွေပြီး
ဆုတောင်းလို့ လျှောက်

ဝိဥာဉ်တွေ သောက်မဲ့ ကြိုးတစ်ချောင်းနဲ့
တနင်္ဂနွေနေ့ နေ့လည် ၂နာရီ ၉စက္ကန့် အလွန်မှာ
ကျုပ်စနေကောင်ရဲ့
အနက်ရောင်လမ်းတွေထဲ လိပ်ပြာတွေ
အော်ဟစ်သောင်းကြမ်းနေတယ်

ဟောင်းနွမ်းဆုံး ဂူအိုကို
အနက်ရောင် နှင်းဆီတို့နဲ့ ဖူးမျှော်ဦးခိုက်

ရုပ်ခန္ဓာ အနီသဏ္ဍာန်နဲ့
နှလုံးသားထဲက အမှောင်ဆုံးဟန်ကို ကျုပ်ပိုင်စိုးလို့
နထင်သွေးကြောနားက သွေးအိပ်မက်အကြောင်း
ကျုပ်ကောင်းကောင်းကြားနာလိုက်ပါရဲ့

အခြေမထူးတဲ့ ရာသီဦးတစ်ခုကုန်လွန်သွားခဲ့ရင်
ကြက်ခြေခတ်တွေ နှိပ်ပြီး ကျုပ်အနီရောင်ကို ခိုးယူခြေမွ
အမှောင်
ပျို နတ်ဘုရားမက
ကျပ်မပြည့်တဲ့ စစ်သူကြီးကို စီးလို့
အငှားမယားနဲ့ ပုဝါပါးပါးမှာ ကျုပ်အနီရောင်နဲ့ ၀င်းပပျိုမြစ်
မေတ္တာတော်တွေပို့ယူခြစ်ထုတ်လို့ သွေးပုတ်တွေနဲ့
အဆိပ်ထုတ်ခဲ့ပါတယ်

အိပ်မက်တွေ ပြောက်ဆုံးကုန်လို့
နောက်ဆုံးဆိုတဲ့
NOvEmBer အနက်ရောင် ပန်းဘုရင်မကလေးနဲ့
ကျုပ်ခူးယူလို့ သတ်ခဲ့ပါတယ်

ပိတ်လှောင်ထားတဲ့ လူနာ အခန်းအိုကြီးရဲ့ဘေး
ရမ္မက်ဆန္ဒတွေနဲ့ အနက်ရောင်သစ္စာကိုဖေါက်ခဲ့ဖူးပြီမဟုတ်လား

၎နာရီစကားတွေနဲ့ ခြံတံခါးဝက ကလေးတစ်ယောက်ကို
သခင်ရွှေမိက ဘာပန်းတွေနဲ့များ ပစ်ပေါက်လိုက်ပါသလဲ
ကျုပ်မြင်နေသမျှ နှလုံးသားထဲက နံရံတွေအလွန်မှာ
ချိတ်ဆွဲထားတဲ့ သူငယ်တော်တွေ အမှောင်စီးချက်နဲ့
က ကွက်တွေ ပျက်ယွင်းလို့  ၉ကြိုးကို တင်းခဲ့ပါတယ်

စန္ဒရားသံတွေကြောက်လို့ စန္ဒရားအောက်ဝင်ပုန်း
ပျော်ရွှင်ခြင်းတွေ ပစ်ကြွေးနေရအုံးမဲ့ နရီ
မျက်ရည်တွေ တည်ခင်းထားတဲ့ ပွဲတော်အမှီမှာ
သခင်မပြန်လာခဲ့ရင် အနက်ရောင်တွေကိုသတ်လို့
ဆိပ်ဖလူးပန်းတွေနဲ့ အမြစ်ရှည်နေရအုံးမယ်

ဘာများ ခံပြီး
ကျုပ်ကိုသောက်သုံး
ရာဇ၀င်ထဲက မျက်လုံးတွေနဲ့
အောင်ပွဲတွေကို ခိုးယူနေအုံးမယ့်
မီး …………… ခိုး …….. လုံး …… တွေ …… ။





nelay



 
 artwork by nelay

Tuesday, November 1, 2011

မျက်လုံးရှေ့က အနက်ရောင် ပ၀ါများ







မျက်လုံးရှေ့က အနက်ရောင် ပ၀ါများ




နေမင်းကို ကျောခိုင်း တယ်ဆိုတာ
အရပ်လေးမျက်နှာကို ကျောခိုင်းလိုက်တာ
ကိုယ်ရေးကိုယ်တာ စကားလုံးများ
အများနှင့်သက်ဆိုင်သော ပါဒများ
လိုက်လံဖတ်ရှု့နေရသော ခေါင်းတစ်လုံးကို
ကဗျာ
ဂျင်းဘောင်းဘီ ဇစ် ပွင့်နေတဲ့ စာအုပ်များနဲ့
အောက်သိုးသိုး အတွင်းခံ ခေတ်မှာ
အရေဟောင်းတွေ ချွတ်ပြီး
ပေါ်ပြူလာဖြစ်သမျှကို လိုက်လိုက်လုပ်ယူနေကြ

လိင်အသားပေး ဂီတနဲ့ အိပ်မက်မရှိတဲ့ ဂီတ
လင် မြန်မြန်ရတဲ့ ခေတ်ဆိုတော့
ဒါနဲ့စကားမစပ်
ပညာဆိုတာဘာလို့ သင်ယူရသလဲဆိုတာက
ဒဏ်ရာဆုတွေအရနည်းဖို့
ထွားကြိုင်းလာရင် မိုက်ရိုင်းဖို့
ကြိုတင် သင်ကြားခြင်း

ဒါဆို
မိဘဖြစ်နည်းနဲ့ သားသမီးဖြစ်နည်းအတွက် တက္ကသိုလ်တွေထားသင့်တယ်
ဒါတောင် ကျောင်းပြေးပြီး အရက်ဆိုင်နဲ့ ဖာခန်းတွေလိမ့်နေရင်တော့
ပထမတွေကြီးလိမ့်လိမ့်ရနေတဲ့ ငါ့သမီးအလိမ္မာလေးအတွက်
ဒုက္ခ

အခုတော့
လူ့နှံကောင်တွေက လိင်ဆက်ဆံပြီးရင်
ဇာတ်တူသားကို စားပစ်ကြတယ်
အခုတော့
လူ့ကြောင်တွေက ကိုယ့်သားသမီးနီတာရဲတွေကို
မီးတွင်းထဲမှာ စားပစ်ကြတယ်

အခုပြောနေတာ လွန်ခဲ့တဲ့ ဟိုးရှေးရှေးတုန်းက စောက်ရူးတွေ
ပေးအပ်လိုက်တဲ့ အောက်သိုးသိုး အတွင်းခံဘောင်းဘီးတွေ
အခုဝတ်ဆင်ထားရတဲ့ လူ ဆိုတဲ့ သတ္တ၀ါတွေ

တစ်ချိန်က စောက်ရူးလို့အပြော ခံရတဲ့
မင်းလဲလူ ငါလဲလူ အတူတူချင်း
မင်းလဲနာ ငါလဲနာ အတူတူချင်း တောင်
မင်းက ပိုနာပြနေရအောင် ဆေးရုံပေါ်က
ကုလားမတွေ ကလေးမွေးသလို ပိုအော်ပြနေတာလား

တစ်သက်လုံး ဘာမှမမြင်ရတဲ့ အသိုင်းအ၀ိုင်း အကောင်းစားကြီးထဲမှာ
တစ်သက်လုံး သေနေတဲ့အတွက် သေရင်တောင် အသနားခံချင်ကြ
ဒီလို ဖြစ်မျိုးက ရုပ်ရှင်ထဲမှာပဲတွေ့ဖူးမှာပေါ့
ဒါက မင်းအတွက် အနုပညာ ရသတစ်ခုပေးရင်
အိမ်မှာပေါက်ပေါက်စား ဒူးနန့်ပြီးကြည့်နေလိုက်

မျက်လုံးတွေကို အ၀တ်အမဲတွေ စည်းစည်းထားပြီး
ရန်ကုန်မြို့ လယ်ခေါင်မှာ လမ်းသလားနေတဲ့ သတ္တ၀ါတွေက
သူတို့အချင်းချင်းတိုက်မိကြရင် မမြင်မစမ်းနဲ့
အချင်းချင်း ပြန်ပြန် ဆဲနေတဲ့ စောက်တွေပျံမကျအောင်စီးကားနေတယ်

ပျက်စီးခြင်း အပါး တစ်သန်းလောက် ရွာကျနေလဲ
မြက်ခင်းတွေ စိမ်းလန်းပါစေ မြက်ဖျားပေါ်က ရေစက်တွေကြည်အေးစိမ့်စေ
ဆုတောင်သံတွေကို လော်စပီကာထဲက ငါမကြားနိုင်တဲ့အရပ်မှာ
အော်ကြီးဟစ်ကျယ် လမ်းသလားနေကြသလား

ခေတ်ကိုထင်ဟပ်စေဖို့တဲ့လား အရောင်မတောက်တော့တဲ့
ကြေးခေတ်က သေးအိုးကို ဘယ်လိုများ တိုက်ကာချွတ်ချွတ်
မကျွတ်မလွတ်နိုင်တဲ့ မိတဆိုးမလေးရဲ့ သားဆိုတော့
ဘုရားဖူးထွက်ဖို့ ဘုရားကို အရင်လိမ်တတ်ရတယ်
ငါး ပါးစပ်ထဲက သွားကြားညှပ်နေတဲ့ ခပေါင်းထမင်းတစ်ပွဲနဲ့
ဆပ့်ခုံကို ဖင်မပါတဲ့ ခုန်နဲ့ထိုင်ထိုင်စား ဈေးမဆစ်နဲ့
ပ၀ါအုပ်ပြီးသား အလကားရတဲ့ ငါးပါးသီလ




nelay