Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, May 6, 2014

ပညာတတ် လူမလေး ခွေးမခန့်



သူ့တစ်မျိုးလုံးမှာ သူ့တစ်ယောက်ထဲ ဘွဲ့ရလို့ တစ်မျိုးလုံးက ဖူးဖူး မှုတ်တယ်
သူကလဲ သူ့တစ်မျိုးလုံး ကို ဖူးဖူး ပြန်မှုတ်တယ်
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေက အစ သိန်းစိန်ရဲ့ နွားနို့အဆုံး
မြန်မာ့သမိုင်း ကို အာဂုံဆောင် နိုင်တဲ့ အထာနဲ့ သူ့ကိုယ်သူ မော်လို့ကြွားလို့
Discovery Channel ကြည့်ပြီး National Geographic မှာ ပါချင်တဲ့ စိတ်နဲ့
ကျောက်စာတွေကို တစ်ဖြဲနှစ်ဖြဲ သူဖတ်တယ်
လူငယ်တွေဆိုတာ သံပါတ်ရုပ်တွေ ဖျက်စီးဖို့ မွေးလာတဲ့ ကစားစရာတွေ
လူကြီးတွေဆိုတာ ဘယ်တော့မှ ပြင်မရတော့တဲ့ သံပါတ်ရုပ်တွေ
သူ့စာအုပ် နောက်ကျောအဖုံးက စာတိုပတ်စ ကို
ကလေးတွေ ကြားအောင် အကျယ်ကြီး ဖတ်ပြတယ်
နွေလည်ခေါင် ညခင်းတွေဆီက ပြတင်းပေါက်မှာ ဖြူးနေတဲ့လေညှင်းကို
သူ့ကျောဟင်းလင်းပြင်ပေါ်က ကန္တာရအေးစေဖို့ သူ့တစ်ကိုယ်စာအကျယ်ကြီးဖွင့်ထားတယ်
သူ့အမေက လှမ်းခေါ်ရင် မကြားချင်ယောင်ဆောင်တဲ့ အထာကို
သူ့စာအုပ်ထဲက ထွက်ထွက်ဆဲနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မကြားအောင်လဲ ဖင်ခုထိုင်တယ်
တစ်ခါတလေများ သူ့ပညာတတ် ငယ်ပေါင်းကြီးဖေါ်တွေနဲ့ တွေ့ပြီဆို
အဖေ သေတာကိုလဲ မေ့ အဘိုး သေတာကိုလဲ မေ့ သူ့ညီတွေ ဖာခန်းရောက်တာကိုလဲမေ့
မနက်မနက် ဝရီယ ရှိရှိ ကျိုးနေတဲ့ ကော်လံကို လည်ဂုတ်သားပေါ်သပ်သပ်ရပ်ရပ်တင်ပြီး
၇နာရီ မထိုးခင်ကထဲက တက်ကြွတဲ့ ကျွန် စိတ်ရဲ့ အာရုံကြောတွေက သူ့ရှေးဟောင်း ရုံးတော်ကြီးဆီခေါ်တယ်
မြင်မြင်ဖူးသမျှ ထဲမှာ သူ့ဘ၀ ကြီးက သိပ်ကိုလှနေတဲ့ အရာနဲ့ လမ်းမှာ ရှိရှိသမျှ ခွေးတွေကိုသူကန်တယ်
ရုံးတော်ကြီးကိုရောက်ရင်များ သူ့ကိုယ်သူ သမ္မ အလုပ်ကြီးဆယ်မျိုးလောက်လုပ်နေရတဲ့အထာနဲ့
ကော်ဖီဖျော်လိုက် မိတ္တူကူးလိုက် ဖဲရိုက်လိုက်နဲ့ ဦးနုခေတ်က လွတ်လပ်ရေးမျိုး သူ့လူကြီးရှေ့မှာ သူလုပ်ပြတယ်
သူတို့မျိုးရိုးက အမိမြေကိုချစ်တယ် ဆိုတဲ့ လူတွေကြီးပဲဆိုပြီ သေလို့ရှိရင်တောင် ဒီနိုင်ငံထဲက မထင်မရှား သင်းချိုင်းကုန်းလေးမှာ လာလာ သေကြတယ်
မျိုးကြီးရိုးကြီးဆိုတော့ သူ့ဘေးအိမ်က ဆိုက်ကားသမားလဲ သူ့ကိုခံမပြောရဲ
သူ့အနောက်အိမ်က အကြော်သည်လဲ သူ့ကို ပြန်မပက်ရဲ
ကုန်ကုန်ပြောမယ် ရပ်ကွက်လူကြီးထက် သူ့အဖေက ၄တန်းလောက် ပိုတက်ခဲ့တယ်ဆိုတဲ့အထာနဲ့
သူ့ကိုယ်သူ ပညာတတ် လူမလေး ခွေးမခန့် အဖြစ်မခံနိုင်ဘူးတဲ့



nelay