Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, February 23, 2009

စာမျက်နှာ ၂၈



ငါကတော့
လူမသိတဲ့ကြမ်းပြင်မှာ
ကုတ်ဖဲ့တက်လာတဲ့
နတ်သားတပါးလို့
ခံယူထားတာပဲ


ငါကို မြင်ကြတော့
လူမရှိတဲ့ဥယျာဉ်မှာ
ကုတ်ဖဲ့စားနေတဲ့
လူမဝါးတဲ့ အသီးအဖြစ်
သူတို့ခံယူကြပြန်တယ်


ငါကိုက လှနေခဲ့တာ
စကားလုံးတွေနဲ့တွဲပြီး
လျှောက်နေရင်း
သုံးရာသီဓါတ်တိုင်ပေါ်က
ကျီးကိုမျက်စောင်းထိုးမိရာက
ငါ့ကိုလိုက်ဆိတ်လိုက်တာလွန်ရော


ငါကိုက မှန်တွေရောင်းနေမိတာ
ဒါမှမဟုတ်
လူတိုင်းကိုမှန်ကြည့်စေချင်တာ
သူတို့က ငါ့ကိုပြဒါးအထင်နဲ့
လာလာညှိကြတော့
ငါက မသိမသာပြုံးမိတာပါ
နှင်းတွေကိုရွှဲရော . . .


ငါကတော့
သမုဒယသစ္စာကို
လည်မှာဆွဲပြီး ရေထဲခုန်ချခဲ့တာပဲ
မုသားစကားတွေ အမြှုပ်ထပြီး
စီးပွားဖြစ်ဆိုတဲ့ အကြောင်းအရာတွေ
မိုးမှောင်ခဲ့တာလဲ ငါမမြင်


ငါ့သခင်က တက်တချက်ခေါက်တယ်
မင်းမှာခြေတွေလက်တွေပြောက်နေသတဲ့
ငါကတော့
ကြောင်တွေလိုလိပ်တွေလို
ထီလက်မှတ်လိုနှင်းဆီပန်းလို
ကြယ်ကလေးတွေလိုသစ်ပင်လို
ထင်တာပဲ . . .


ငါ့ကိုလူတွေကမျက်နှာဖုံးလှလှလေး
ချုပ်မပေးဖြစ်ခဲ့ဘူး
ဒါပေမဲ့ ငါလူတွေကို
မျက်နှာဖုံးလှလှလေး
ချုပ်ပေးချင်သားလား


ငါကိုက အလှကြိုက်နေခဲ့တာ
အော် ... နှလုံးသားတခု
အမေကတိုက်ခဲ့တယ်
ရင်ထဲက ကလီစာတွေ
အကောင် မကိုက်အောင်တဲ့
လုံးပါးပါးလာတဲ့
ဒီနှလုံးသားလဲ
အငွေ့ပျံလွယ်တဲ့ရာသီထဲ . . .
အမေ နောက်တခုလောက်
ထပ်တိုက်ပါအုံးလား . . .
(အမေကလက်ခါပြတယ်)


ငါ့မှာဘဲလေးတကောင်ရှိတယ်
ငါ့ဘဲလေးကအဟောင်းကလေး
သူ့ဟာသူကူးနေ၊ခတ်နေတာနဲ့
ငါ့ကိုမကြည့်အားဘူး
ငါက အထီးမဟုတ်လား


ငါ့မိုးတိမ်မှာ အပ်ခြည်နဲ့မိုးစက်တွေ
သီတွဲထားတယ် တိုလို့တွဲလောင်းနဲ့
ဦးခေါင်းရှည်တဲ့လူတော့
ဝင်တိုက်မိမှာပဲ
ဒါမှမဟုတ်
လည်ပင်းနဲ့ငြိလိမ့်မယ်


ငါ့ကို သံသယထီးနဲ့ဆောင်းပြီ
ကာကွယ်နိုင်ပါတယ်
ငါကတော့ ပကတိ
တို့လို့တွဲလောင်းပဲ
ငါကမဟောင်းတဲ့ ညကို
လမင်းကြယ်သီး ချုပ်နေတာလေ


ငါလားအမြဲပြုံးနေတတ်တယ်
စိတ်ပါပါမပါပါ
ငါပြုံးနေတတ်ပါတယ်
ငါကိုက စပ်ဖြီးဖြီးကောင်ကို


ငါ့ကို ကတုံးလို့ခေါ်ကြတယ်
ငါ့ခေါင်းကဆံပင်ကို
သူတို့မြင်ပုံမပေါ်ဘူး
ငါကိုက ခပ်တုံးတုံးကိုး


ငါကတော့ လေယာဉ်ပျံကိုမုန်းတယ်
ဘာလို့ဆို ငါသိပ်ပျံချင်ခဲ့တာလေ
ဒီကောင်တွေကငါ့ထက်ဦးသွားလို့
ငါလေယာဉ်သံကိုမကြားချင်ဘူး
နောက်ပြီး
လေတွေတင်လာတဲ့ယာဉ်ကြီးမို့ . . .


ငါ့မှာတိတ်ဆိတ်တဲ့ညတွေရှိခဲ့ဖူးတယ်
ဆူညံတဲ့အလှတွေလဲရှိခဲ့ဖူးတယ်
လူမမှန်တဲ့နေ့တွေလဲရှိခဲ့ဖူးတယ်
ဒါမို့ငါဟာလူဖြစ်ဖို့များတယ်


ငါ့အနီရောင်နဲ့အစိမ်းရောင်
ကြားတရောင်ပြောက်နေတဲ့အခါ
မြို့လယ်ခေါင်လမ်းမှာ
အတိုက်အခိုက်တွေများခဲ့တယ်


ငါ့မှာ မိုးအမြဲအုံ့နေတဲ့ ရာသီဥတုရယ်
နှုတ်ခမ်းဝါဝါနဲ့ဘဲကလေးရယ်
ရေမချိုးရသေးတဲ့မုသားစကားတွေရယ်
စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ်
ငါသယ်ပြီးတက်လာခဲ့တယ်


ငါ့အတွက်ပေးတဲ့လက်ဆောင်မှာ
ရုပ်ရှင်တကားပါတယ်
အသည်းကွဲဇာတ်လမ်းဆိုပါတော့
ဒါပေမဲ့ငါမကြည့်ဖြစ်ခဲ့ဘူး
ငါတမြတ်တနှိုးသိမ်းထားခဲ့လို့လေ


ငါကညတိုင်းကြယ်လေးတွေကိုဦးချတယ်
ပြီးတော့မနက်တိုင်းမျှော်လင့်ခြင်းကိုစားသုံးတယ်
ညရောက်တော့မျှော်လင့်ခြင်းက
ငါ့ကိုစားသုံးတယ်


ငါ့ကိုမြက်ပင်တွေကပြောတယ်
ရေမှန်မှန်လောင်းပါတဲ့
မိုးခေါင်တဲ့ငါ့ကောင်းကင်က
မိုးစက်တွေကိုငါကတ်ကြေးနဲ့
ဖြတ်ချပေးခဲ့တယ်
မြက်ပင်တွေပေါ်ကို


ငါဟာဘာလိုလိုနဲ့
ကျူပင်တွေယိမ်းတဲ့ကမ်းခြေထဲ
တရွေ့ရွေ့တိုးဝင်လာရင်း
ချောင်းငယ်ထဲက
ဒိုက်လုံးလုံးဖြစ်ခဲ့ပြန်တယ်


ငါ့မှာအိပ်စက်ခြင်းဂီတ
စီးဆင်းရာ တိမ်ရနံ့တွေမွှေးလို့
လွမ်းစွတ်ခြင်းကို
လှောင်အိမ်ထဲထည့်
အိပ်ရာဝင်တေးအဖြစ်နားထောင်ခဲ့တယ်


ငါက''သပ်ပုန်''မမှန်တဲ့လူ
အချိုးချ အကြည့်ထဲကလွတ်မြောက်
တကယ်တော့
ငါက ကမ်းနဖူးအောက်က မိုးတိမ်


ငါ့ကိုဘယ်သူမှမသိကြဘူး
လူဆိုတာမွေးကတည်းက
အသိအကျွမ်းတွေမှမဟုတ်ပဲ
သေဆုံးတော့ရောသိစရာမလိုဘူး


ငါပျော်ရွှင်ခြင်းအပေါ်
သံသယရှိခဲ့တယ်
မျက်လုံးတွေမမြင်ရဘူး
တကယ်တော့
ငါ့မျက်လုံးတွေကို
သူတို့မမြင်ကြဘူး


ငါ့ကိုယ်ပေါ်မှာ ၂၅ထစ်ကလွဲလို့
အခုလောလောဆယ်
မျက်နှာကျက်ရှိသေးတယ်
အာခေါင်ထဲကနေ ရင်ထဲ
လက်နဲ့နှိုက်လိုက်ရင်
၂၅ ဂဏာန်းနောက်ပိုင်းတွေတော့
အစီအရီထွက်လာမယ်မထင်ဘူး
ထောင်းခနဲ့ . . .
မနေ့တနေ့က
အောက်သိုးသိုး မုသားတွေ
ရေမချိုးပဲ ထွက်လာလိမ့်မယ်
ခင်ဗျားတို့ရော ဘာနံ့ရလဲ . . . ။



nelay





Monday, February 9, 2009

ဆီမီးခွက်ပြောက်တဲ့ ညက သေခြင်းကိုတွေ့တယ်




ငါ့ရဲ့ ကြည်ဆံပြီးတဲ့ အမျိုးသမီး
ပုံပြင်တွေ တီးခတ်ပြီး
ရေသန့်ဘူးကို အခွံနွာနေလိုက်တာ
မျက်လုံးတွေ ပြုတ်ကျလာတဲ့ မိုးတိမ်


သေခြင်းစကားလုံးများကို
စုဗူးထဲက ပြူးပြူးထွက်လာတဲ့
မပြည့်အိုးများနဲ့ မှောက်လိုက် လှန်လိုက်


ပ …. ဇောက် ကွက် ထဲက ကြွေခဲ့တယ်
တင် … ပါး … ပေါ်မှာ သေခဲ့တယ်
ရင် … ဆာ … နေတဲ့ လူ ထဲက … သွေး ပါ
ဆေးထိုးအပ် ပေးလိုက်ကြပါကွာ နားညီးတယ်


မိုး ပက်လက်ပေါ်က Sugar Box ကိုဖွင့်
ဇက်ကြိုး ပြတ်ပေါ်က အလေ နဲ့ အလွင့်ကို
မြန်မြန်လာကြတဲ့ အရပ်မှာ အိပ်မက်တွေ အနှေးမက်
စိတ်ကူးကို ပုံသေ ဂီတနဲ့ ရောယှက်လို့
မင်းသမီး လည်ခက်ပေါ်က သေနေ့ကို အတည်ပြုလိုက်တယ်


စား ပါ .. ဝါး ပါ … ကြေကြေညက်ညက်
စားပြီးရင် … ဝါး ရ တယ် ဝေေ၀ခက်ခက်


မပျော်မပါးနဲ့ လက်နက်တွေ နားထဲထိုးထိုးသိမ့်ထည့်
ဆရာဝန် ကပြားမလေးရဲ့ မျိုးချစ်ဆေးများ ရက်လွန်သွေးကြောထဲမှာ
နှင်းဆီတွေကြီး လှိမ့်လှိမ့် ပွင့်လို့မဝနိုင်တဲ့ ဆောင်းရာသီရဲ့ ခြေသုတ်ခုံကို
ဆယ့်ကိုးလက်မ တီဗီ ကလေးပေါ်မှာ ရုံတင်ပြသလို့ မဝနိုင်တဲ့ ပိတ်စတွေ


ချစ်သူများနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ကြားက
လင်းတ တွေဆွဲသွားတဲ့ လင်းစွဲ ရက်တွေပေါ်က
ချော့ကလက်တွေကြွေးပြီး မွေးနေရတဲ့ ဒလက စိတ်ဓါတ်တွေ


ရေငုံလို့ မျောလိုက်တဲ့ သစ်ရွက်လှေကလေးပေါ်က
ဘာဘာ ၀ ကို လက်မောင်းပေါ်က ဆီးမီးခွက်နဲ့
စိတ်ဓါတ် ပညာ စည်းပြီးတော့ ကမ်းလိုက်ပါတယ် ။



nelay