Pages

Tuesday, March 6, 2012

သန့်ရှင်းရေး




သန့်ရှင်းရေး


အပျော်လွန်သွားတဲ့ငှက်ကို ဇောက်ထိုးဆွဲပြီး
နားတွေကို ပန်းဆိုးတန်းတံတားအောက်မှာ သွားသွားဆေးနေကြ

ခံတွင်းနံ့ကင်းအောင် သံလမ်းတွေပဲ ချိုးချိုးပြီး ၀ါးစားနေကြ
ဒီမသတီစရာ စကားတွေကို ခင်ဗျားတို့ပဲ ဗိုက်ကလေးပုတ်ပြီးယုံ
ပြီးမှ ငါ့ကို စော်ကားမဲ့ စကားပုံတွေနဲ့ ပညာတွေ နု နေကြပုံက
ရထား မဖြစ်တော့ဘူး။ ရထား မဖြစ်တော့ဘူး။

ကောလဟာလ ကို ဟာလာ လုပ်လိုက်မှ အခြောက်မ လေသံထွက်လာတယ်
အေ့ ….
ပါးစပ်ဖျားမှာ ပန်းတွေတော့ ပွင့်နေတာပဲ … သေချာတယ် …
ခွေးသေးပန်းတွေ … လှတယ် …

ငါ့အိမ်က ဘုရားမှာခူးပြီးတော့ လာလှူမယ် မကြံနဲ့
အိမ်အောက်က ခင်ဗျားအဖေက ထဟောင်လိုက်လို့
မုတ္တမကွေ့မှာ အထုတ်တစ်ထုတ်နဲ့ အင်္ဂလန်တွေကြီး နမ်းနေရမယ်

မုသားတွေကြီးနေလိုက်ပုံများ ခင်ဗျားတို့ နားတွေလဲ ထုံအအနဲ့ သူငယ်နာမစင်
ပဒိုင်းသီးကို ရေစင်အောင်ဆေးပြီး ခင်ဗျားအမေ့လင်က ခင်ဗျားကိုခွန့်ခွန့်ကြွေး
အေ့ ….. လန်းးး … တယ် ..

ဒီနှစ်ထဲမယ် တဇွတ်ထိုး တွေကြီး ပြုတ်ပြုတ်ရောင်းနေကြပုံက
ငတေကိုကြီး လာလာ မာ ခိုင်းနေပုံရတယ်
စော်ကားရတာ အရသာတွေ့နေတဲ့ ခေတ်ကာလသားသမီးတွေ
တံမြက်စည်းကို အနားတွေဖွာနေလွန်းလို့ ညည မအိပ်ပဲ
အသည်းကွဲသီချင်းတွေကြီး ခြင်ထောင်ထဲမှာ ပါဖော့မန့်လုပ်နေကြတယ်
အေ့ ….

စိတ်မရှိပါနဲ့ဗျာ ဘာ ပုံစံတွေ မိုးမိုးထားတဲ့ ဖွတ်တောထဲက
မျိုးကြဲအရိုးကို ဘာပင် တွေပေါက်စေချင်လွန်းလို့
သန့်ရှင်းရေးကြီး လှိမ့်လှိမ့်လူးနေရတဲ့ တွင်းအောင်း စစ်သူကြီးမဟုတ်လား ။



nelay


Monday, March 5, 2012

ဘူတာစောင့်

ဘူတာစောင့်


    ကောင်းကင်ပတ်ကြားအက်ထဲက တအူအူပြိုဆင်းလာကြ
    မြို့တွေ ချွဲပျစ်ချော်ရည်တို့ တလိမ့်လိမ့် တအုန်းအုန်း
    ပုတ်သင်ညိုနဲ့ လိပ် မျိုးစပ်တဲ့ ပုတ်သင်လိပ်တွေ
    ချန်ပီယံဖြစ်တာတောင် လိပ်ထဲမှာ ချန်ပီယံဖြစ်ရသတဲ့ကွာ

    တောက်...

    ဒီ စောရဂုဏ်ပြုပွဲမှာ..ခွေးတွေ တဝေါဝေါ အူနေလိုက်ပုံများ
    ဘဇူကာအမြောက်သံလို့ ဒိန်းလဒိန်းဒိန်း ပြိန်းပြိတ်အမှောင်ကျည်နဲ့
    ပစ်ခွင်း အလင်းတွေ တစ်ကောင်ပြီးတစ်ကောင်ကျ
    ဖွတ်ဖွတ်ကြေ အရိုးနဲ့အရေ အမည်ခံကျန်ရုံ ကြံကြတော့

    ပြန်မယ်

    အလံတွေ ဆယ်ဘူတာကြိုကြိုပြီး ချိုးတဲ့ ရထား
    စိတ်ကောလက်ပါ အကုန်ချပြီး ခပ်အေးအေးသွားနေဆဲ
    မစုန်ချင်တဲ့ အဆန်ဘူတာတွေ ကျီးတဖုတ်ဖုတ်..
    အဆန်သမားတို့
    အမှောင်ကျည်ရှောင်ရင်း ချွဲပျစ်ချော်ရည်ပူနင်းလို့
    လိပ်တွေနောက် ခြေတပေါင်ကျိုး မမီမကန်း...
    အူသံအန်ဖတ်တွေကြား တဘိုင်းဘိုင်း အလဲလဲအပြိုပြို...


    ကျေးဇူး
    icy (၄-၃-၂၀၁၂)



credit ot mmcp

ညစောင့်



ညစောင့်




ငါက
ဝင်လာသမျှ ဘ၀တွေ
ထွက်သွားသမျှ ဘ၀တွေ
ထ ကြည့်လိုက်
ထိုင် ကြည့်လိုက်


ငါ့မှာ
ရေးရမဲ့ ဘ၀တွေ
မရေးရမဲ့ ဘ၀တွေ
ထ ရေးလိုက်
ထိုင် ရေးလိုက်


ငါ့ကို
အားရတဲ့ လူတွေ
အားမရတဲ့ လူတွေ
ထ ဆဲလိုက်
ထိုင် ဆဲလိုက်


ငါ့မှာ
ဖတ်ရမဲ့ စာအုပ်တွေ
မဖတ်ရမဲ့ စာအုပ်တွေ
ထ ဖတ်လိုက်
ထိုင် ဖတ်လိုက်


ငါက
ပြောရမဲ့စကားတွေ
မပြောရမဲ့စကားတွေ
ထ ပြောလိုက်
ထိုင် ပြောလိုက်


ငါ့မှာ
ကြောက်ရမဲ့ တစ္ဆေတွေ
မကြောက်ရမဲ့ တစ္ဆေတွေ
ထ ခြောက်လိုက်
ထိုင် ခြောက်လိုက်


ငါ့ကို
ဟောင်ကြတဲ့ ခွေးတွေ
မဟောင်ကြတဲ့ ခွေးတွေ
ထ ဟောင်လိုက်
ထိုင် ဟောင်လိုက်


ငါ့က
တွက်ရမဲ့ ဂဏာန်းတွေ
မတွက်ရမဲ့ ဂဏာန်းတွေ
ထ တွက်လိုက်
ထိုင် တွက်လိုက်


အော် …
ငါ့မှာ
ဖွင့်ရမဲ့ တံခါးတွေ
မဖွင့်ရမဲ့ တံခါးတွေ
ထ ဖွင့်လိုက်
ထိုင် ဖွင့်လိုက်နဲ့
သောက် မိုးကို လင်းတည်ခဲ့ …. ။





nelay