မြို့တွေ ခွဲျပျစ်ချော်ရည်တို့ တလိမ့်လိမ့် တအုန်းအုန်း
ပုတ်သင်ညိုနဲ့ လိပ် မိုျးစပ်တဲ့ ပုတ်သင်လိပ်တွေ
ချန်ပီယံဖြစ်တာတောင် လိပ်ထဲမှာ ချန်ပီယံဖြစ်ရသတဲ့ကွာ
တောက်...
ဒီ စောရဂုဏ်ပြုပွဲမှာ..ခွေးတွေ တဝေါဝေါ အူနေလိုက်ပုံများ
ဘဇူကာအမြောက်သံလို့ ဒိန်းလဒိန်းဒိန်း ပြိန်းပြိတ်အမှောင်ကျည်နဲ့
ပစ်ခွင်း အလင်းတွေ တစ်ကောင်ပြီးတစ်ကောင်ကျ
ဖွတ်ဖွတ်ကြေ အရိုးနဲ့အရေ အမည်ခံကျန်ရုံ ကြံကြတော့
ပြန်မယ်
အလံတွေ ဆယ်ဘူတာကြိုကြိုပြီး ခိုျးတဲ့ ရထား
စိတ်ကောလက်ပါ အကုန်ချပြီး ခပ်အေးအေးသွားနေဆဲ
မစုန်ချင်တဲ့ အဆန်ဘူတာတွေ ကျီးတဖုတ်ဖုတ်..
အဆန်သမားတို့
အမှောင်ကျည်ရှောင်ရင်း ခွဲျပျစ်ချော်ရည်ပူနင်းလို့
လိပ်တွေနောက် ခြေတပေါင်ကိုျး မမီမကန်း...
အူသံအန်ဖတ်တွေကြား တဘိုင်းဘိုင်း အလဲလဲအပြိုပြို...
icy (၄-၃-၂၀၁၂)
credit ot mmcp

























No comments:
Post a Comment