Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, August 11, 2015

ရာဇဂြိုလ် ဆိုင်းဘုတ်ရှေ့မှာ ခွေးဟောင်နေတယ်



မင်းကိုးကွယ်တဲ့ဘုရားပုံဆွဲကြိုးကလေးကို
မင့်ရင်ညွှန့်ကြားအမြတ်တနိုးဆွဲထားတဲ့
မိန်းမက
ငါ့နာမည်ကိုကြားဖူးနားဝတွေထဲလိုက်မေးနေတယ်
မင်းတို့အသိုင်းအဝိုင်းထဲက
ကြားဖူးနားဝနာမည်တွေထဲ
ငါပါမလာအောင်
ငါရွေးလျှောက်တဲ့လမ်းက
လူနည်းလွန်းတယ်
ဒါမို့
မင်းတို့ကြားဖူးနားဝတွေလဲ
ငါ့လမ်းမှာမရှိဘူး
တိတ်ဆိတ်တဲ့အသံတွေက
ဆူညံလွန်းလို့
ငါ့မှာဂီတဖြစ်ရတယ်
အသံမကြားရတာကြာလွန်းလို့
လိုက်ရှာနေလဲ
အသံကကိုယ့်ဆီပြန်လာမယ်
ထင်နေကြတုန်းပဲလား
ဘယ်တော့မှပြန်မလာတဲ့အသံကို
မင်းတို့အသိုင်းအဝိုင်းက
ကြိုးအစုံနဲ့တီးနေကြပြန်တယ်
ငါမမြင်ပေမယ့်
ငါ့ဆီလာတဲ့လေထဲမှာ
ဗလာကျင်းတဲ့ခံစားမှုအငွေ့အသက်ပဲ
ငါရှုရှိုက်လိုက်မိတယ်
ဖြစ်တည်ခြင်းဟာနှောင့်နှေးလွန်းလို့
လိပ်ပြာဘဝကိုပြောင်းပြီး
ပန်းချီကားထဲအပြီးအပိုင်ဝင်အိပ်နေလိုက်တယ်
အခန်းသုညကနေ
နောက်တစ်ခန်းကူးလဲ
မင်းကြားဖူးနားဝငါ့နာမည်က
အခန်းထဲကိုဘယ်တော့မှမဝင်ခဲ့ဘူး
မင်းရင်ညွှန့်ပေါ်ကဘုရားပုံဆွဲကြိုးမှာရော
ငါ့နာမည်ထိုးထားသေးလား



nelay





ကျမ က နှမ်းဆီ ပါ မောင်



မြေကြီးပေါ်ကို ကုန်းရုံးပြီးတက်လာတော့
သူတို့လက်တွေထဲမှာ အသီးတွေပါလာတယ်
သူတို့အသီးတွေဟာ သူတို့ကိုစိုက်ပျိုးတဲ့သူတွေအတွက်
ကျေးဇူးဆပ်ဖို့ လှပသပ်ရပ်ထိုက်တန်တဲ့ ဝဋ်ကြွေးတွေပါတဲ့

သူ့အဖေက နှမ်းခင်း ကိုစိုက်တယ်
သူ့အမေက နှမ်းခင်း ကိုရေလောင်းတယ်
သူ့အစ်ကိုကြီးက နှမ်းစေ့တွေအခြောက်လှမ်းတယ်
သူ့ညီမလေးကတော့ နှမ်းစေ့တွေ ပြာသတဲ့
သူ့မောင်လတ်ကတော့ နှမ်းဆီထုတ်တယ်လေ
သူ့မောင်ငယ်ကတော့ နှမ်းဖြူးပေးတယ်
သူမကတော့ နှမ်းဆီ ရောင်းတယ်လေ

ထုံးစံအတိုင်း ၄ ကြောင်းမြောက်ကို ပြန်ကောက်ရရင်
ကျေးဇူးဆပ်ဖို့ သူတို့ဝမ်းတွေ လှလှပပ ဝလင်ခဲ့တဲ့ နှမ်း
အဲ့ဒီ့ နှမ်းကို သူမက ဘယ်တော့မှ မမေ့ဘူးတဲ့
ဒါကြောင့် သူ့ကိုယ်သူတောင် တစ်ခါ တစ်ခါ နှမ်းဆီ လို့ပြောသတဲ့
သူမရောင်းခဲ့တဲ့ အရာကို သူမ ကျေးဇူးဆပ်တဲ့အနေနဲ့
သူ့ဘ၀ သူမမေ့အောင် ခေါ်ဝေါ်သတဲ့လေ

မြူတွေရှင်းလင်းတဲ့ ညနေခင်းမှာ
အဝေးက ငှက်ကလေးတွေ အိပ်တန်းတက်လို့အော်နေတဲ့အသံနဲ့အတူ
သူမရောင်းနေကြ နှမ်းဆီ ဆိုင်ကလေး သိမ်းလို့ အိမ်ပြန်လာချိန်
ကြည်နူးလှပနေတဲ့ ဖုန်တွေဝေ့နေတဲ့ လမ်းချိုးကလေးတစ်နေရာမှာ
ကျမ …….. မောင် နဲ့ ဝင်ဆောင့် (ဝါ) ဝင်တိုက်မိ ခဲ့လေရဲ့။



nelay





ကောင်းကင် အနီ



တိတ်ဆိတ်တဲ့ မျက်နှာမှာ
အရေပြားမပါတဲ့ အပြုံးကိုတွေ့ရတယ်

ကလေးတစ်ယောက်က အား လို့အော်နေတာ
ငုံ့ကြည့်လိုက်တော့
သူရူးတစ်ယောက်ရဲ့တေးသွားကိုတွေ့ရတယ်

စိတ္တဇဟာ ခိုင်မာလာတော့
ပန်းတွေဟာ Time Lapse နဲ့ပွင့်လာတယ်

အခွံထဲက နာမ်တွေဆွဲထုတ်လိုက်တော့
အမှောင်ထဲမှာ အိမ်တွေပဲ တွေ့ရတယ်

သူတို့တွေပြောပြောနေတဲ့ စကားတွေဟာ
အနာဂတ် အနာထုတ်ကုန်တွေပဲဖြစ်ကြတယ်

မျက်လုံးကို အကျယ်ကြီးမှိတ်ထားပေမယ့်
ငါ့ကိုယ်ငါ ကျိန်းစပ်အောင်တွေ့နေရတယ်

ရေတွေရဲ့အဖျားဟာကျဉ်းမြောင်းသေးသွယ်သလောက်
လှိုင်းတွေရဲ့ ဒဏ်ရာဟာ ပြင်းထန်မောက်မာလွန်းတယ်

မရှိတော့ဘူးအထင်နဲ့ ထွက်သွားပေမယ့်
တကယ်တော့ကမ္ဘာတည်သ၍ ရှိနေတယ်
ကမ္ဘာမတည်ရင်လဲ ရှိနေအုံးမယ်

ရှု့မျှော်ခင်းတွေ လှပဆန်းကြယ်သလောက်
ရထားပေါ်မှာ အိမ်သာတံခါးမဖွင့်တတ်တဲ့ လူကိုတွေ့တော့
ငါ့ဘေးမှာထိုင်နေတဲ့ မင်းကိုလွမ်းလာတယ်

အမြစ်တွေခိုင်မာလာတော့
ကျောက်ဆောင်တွေ ပြိုပျက်ကုန်တယ်

သစ်သီးအကောင်းတွေအတွက်
သစ်သီးအပုပ်တွေ လှလှပပ ပုပ်ပေးရတယ်

ဂျူပီတာမှာ လိုက်ရှာတယ်
စေတန်မှာ လိုက်ရှာတယ်
မာကျူရီမှာ လိုက်ရှာတယ်
နက္ခတ် ထဲမှာမပါတဲ့
ကမ္ဘာပေါ်မှာ မေ့မျောခြင်းနဲ့လိုက်ရှာတယ်

ဒုက္ခိတဟာခိုင်မာလာတော့
ရယ်သံတွေပိုကျယ်လာပြီး
ငိုသံတွေခမ်းကုန်ကြတယ်

ငါ့သား ငါ့တိတ်ဆိတ်ခြင်းကိုမြင်ရပြီလား
ပခုံးပေါ်တင်ထားတဲ့လက်တွေဖယ်ပြီး
မဆုံးသောလမ်းကိုလျှောက်တော့မယ်ပေါ့

နံရံတွေဟာဘယ်ဘဝကရေစက်ကြောင့်
အသံတွေကိုပြန်လွှင့်နိုင်ကြတာလဲ

နားကွဲမတတ်အော်ခဲ့တဲ့ အသံတွေ
တစ်စက်ကလေးတောင် မအက်ခဲ့ရပါပဲ
ကောင်းကင်ဟာ နီ ခဲ့တယ်


nelay