Thursday, August 5, 2010
စိတ်တံတိုင်း
စထွက်ကထဲက အတောင်တွေခြွေခဲ့တယ်
ငါတို့ကလူ
ကိုယ့်လမ်းကိုယ်ဖောက်ပြီး
ကိုယ့်အဆိပ်ကိုယ်သောက်တယ်
ခင်ဗျားလူကောင်းစစ်စစ်ပါလို့ လာလိမ်မနေနဲ့
နားရွက်နောက်က နတ်ဆိုးတစ်ကောင်
ခင်ဗျားကို အပိတ်အဖွင့် လုပ်နေတယ်
သင်ကြားရေးရဲ့ ထိန်းချုပ်မှုအောက်မှာ
စာ သေတယ် အညွှန့်ကျိုးတယ်
စိတ်မာယာရဲ့ ထိန်းချုပ်မှုအောက်မှာ
ပညာ သေတယ် အတွေး ခမ်းတယ်
သေဆုံးခြင်းရဲ့ အကြောင်းတရားမှာ
စာတန်းထိုးတွေတက်လာသလိုမျိုးမဟုတ်ဘူး
မနက်ခင်းပေါင်းများစွာရဲ့အစ
De`javu ပေါင်းများစွာရဲ့ သန္ဓေသား
ငါ့ကို ဒီနွံထဲမှာ အလိုမတူပဲ အသေနှစ်ထားပါ
ဆောင်းရာသီမတိုင်ခင်အထိ
ကမ္ဘာကြီးကို အနွေးထည်ချွတ်မပေးနဲ့
ချွေးတွေနဲ့ အအေးပတ်ခဲ့ရင်
ဖယောင်းတိုင်ထွန်းလို့တတ်နိုင်သလောက်ဆုတောင်းကြပါ
သန့်ရှင်းတဲ့ပျော်ရွှင်မှုအသိုက်အမြုံဆိုတာ
တိမ်ဖုံးနေတဲ့ရပ်ဝန်းအသေတစ်ခုကို
ခွန်အားပြည့်တဲ့မျှားတစ်စင်းက
ထွင်းဖောက်ခွင်းလိုက်တဲ့ နံရံအပေါက်တစ်ခု
ငါ့ စိတ်တွေကို စားသုံးလိုက်တဲ့
စာမျက်နှာဟာ accident တစ်ခုနဲ့ဆေးရုံပေါ်ရောက်နေတယ်
တံတိုင်းခြားလို့ ငိုကြွေးသံကို သွေးသွင်းစရာမလိုဘူးဆိုရင်
ပေးဆပ်ခြင်းရဲ့အလွန်မှာ စမ်းရေတွေ မီးတောက်နေခဲ့တယ်
ငါ့ကို ခြောက်တဲ့ တောမှာ ရှေးလူတွေ သေခဲ့ဖူးပြီ
အင်္ကျီတထည်ရဲ့ လုံခြုံမှု အရှက်တရားကို
တက်မက်လွန်းတဲ့ လူသားတွေ
ဗုဒ္ဓရဲ့နံရိုးတစ်ချောင်းကို ခုတုံးလုပ်ပြီ
ရာသီပျိုတိုင်းမှာ လမင်းကို အူနေကြတယ်
စိတ်တွေရဲ့ စွဲငင်အားမှာ အတ္တတွေကုတ်ဖဲ့တက်လာသလား
မျက်နှာကိုရေထဲနှစ်ပြီး သစ္စာတရားတွေ အန်ထုတ်ကြည့်စမ်းပါ
ဆံပင်မကျန်တဲ့ လမ်းတခုထဲက
စကားလုံးတွေမြှုပ်ထားတဲ့ အသိဥာဏ်ကို
လွတ်မြောက်ခြင်းအလွန်မှာ
လှောင်အိမ်တွေ စောင့်ကြိုနေကြတယ်
လေယာဉ်ပေါ်မှာ သေနတ်သံတွေကြားလား
ဒီကောင် မသေသေးဘူး
တိမ်တွေပျက်ကျသွားပြီ
စာမလိုက်နိုင်တဲ့ ခင်ဗျားရော ကျနော်ရော
ဗိုက်ပြည့်ဖို့ လေရှုနေရတယ်
အဆင့်အတန်း ချုပ်ရိုးပြတ်နဲ့
ငါ့ကို တိုင်းတာချင်ရင်
ပြတင်းတံခါးက ခုန်ချလာတဲ့
နေရောင်ခြည်ကိုဖမ်းသလိုမျိုး ရူးနေလိမ့်မယ်
မျက်နှာဖုံးတို့ရေ …
လူဖြစ်ရတာ ပင်ပန်းခြင်း
လူဖြစ်ရတာ ပင်ပန်းခဲ့ကြောင်း
လူဖြစ်ရတာ ပင်ပန်းမည်ဖြစ်ကြောင်း
မှန်ထဲမှာ စကားပြောတဲ့
မှုတ်သုန်ဆန်ဆန် မျက်ဝန်းတွေအကြောင်းကို
လူမဖြစ်သေးတဲ့ ကလေးက သစ်ရွက်ကြွေတိုင်း
လှောင်ရီနေလိမ့်အုံးမယ်
မြေပြင်မှာ မင်းကို ပြောင်းလဲဖို့
တိမ်တွေ ခိုစီးနေတဲ့ ခင်ဗျားက
နွယ်တွေလို စိတ်ကူးနေရော့ သလား
ငါကုတ်ဖဲ့တက်လာတဲ့ တံတိုင်းတစ်ခုမှာ
ဘဲကလေးက အကြောက်တရားနဲ့
တိမ်တွေမှိုင်းတဲ့ အရပ်မှာ နေရစ်ခဲ့တော့
အစစ်အမှန်မဟုတ်တဲ့ ထီးတစ်လက်အောက်မှာ
မိုးလုံဖို့ ကူးခဲ့တဲ့ စိတ်ကို
အရှင်လတ်လတ်မြေမြှုပ်ပစ်တာပဲ
သေရင် နတ်ကောင်းဖြစ်ချင်တဲ့စိတ်ကူး
သေရင် နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ကူးတွေလဲ
ရေကူးနေတဲ့ ပင်လယ်ထဲမှာ
အခုလောလောဆယ်
တစ္ဆေဘ၀မှာ ဆုတောင်းနေရစ်တော့
ကိုးနာရီခွဲပြီ စိတ်တို့ရေ …….
အသက်ဦးပိုင်းမှာ ဖြုန်းခဲ့တဲ့ စိတ်တွေ
သဲနာရီရဲ့ နောက်ဆုံး သဲတပွင့်မှာ
ကြောက်လှန့်ခြင်းကို အဖေါ်ပြုဖို့
အမှောင်ကို ခဏငှားလာခဲ့ပါ
ငါ့ကိုယ်ငါ ခွင့်ပြုလိုက်တဲ့ တံတိုင်းပေါ်က
စိတ်ထဲကို ခုန်ချလိုက်ပြီ …. ။
nelay
Saturday, July 31, 2010
သတိမရိုင်းရ
ဘာသာမလိုတဲ့ သက်တန့်ကို
ရှု့ခင်းအသေပေါ်က ကြည့်ရတာလှတယ်
ရေမှုန်တွေပါပဲ ငါ့မှာသာ အလင်းယိုင်ခဲ့ရ
မလှပါဘူး။
ကျီးက ငါ့ဂုတ်ပေါ်မှာ
လာမနားတော့တဲ့ ခြေရာ
စူး …. ခနဲ ….
ငါ့ကိုယ်ငါ ခပ်တည်တည်နဲ့ခြိမ်းခြောက်လိုက်တယ်
ကံတရားဆိုတာ လခစား မနက်တို့ရဲ့ ရာဇ၀င်မှာ
မနပ်မှန်တဲ့ သောကတပွဲကို ကျိတ်မှိတ်ကျော်ဖြတ်တာ
ကတော် ဖြစ်ဖို့ ကတော်
ကပွဲမှာ ဂီတကို ပျော်တော်ဆက်
တာဝန်အရ ငါက ဟက်ဟက်ပက်ပက်ရီလိုက်ရတယ်
မနက်တိုင်းမျက်နှာသစ်နေရတာ ပျင်းလာပြီ
လက်ဖျံသွေးကြောကိုစမ်းကြည့်တော့
ပုံမှန်ဟာသတွေ ထွက်ကျလာတယ်
တော်သင့်ပြီ လူ့လောက
ကျောက်နံရံပေါ်က အရိုင်းကောင်းတွေရဲ့
ဆေးရေးပန်းချီကို အဖြေရှာတာတော်သင့်ပြီ
မတန်မရာ အိပ်မက်တွေသွားကြားညှပ်ပြီး
သင်္ချိုင်းအတုပေါ်မှာ ငါမအိပ်လိုတော့ဘူး
ညကိုဖွင့်ချလိုက်ရင် ငှက်မဲတွေ
အတောင်ပြောက်တဲ့အမှောင်ထဲ
ရှန်သန်ခြင်းကိုရှာဖွေနေလိမ့်မယ်
အပိုင်းတွေ အဆက်တွေ ချုပ်ရာတွေ
ရောင်းကုန်မဟုတ်တဲ့ ရေပါးစက္ကူလိပ်ထဲမှာ
ပျော်ရွှင်ခြင်းက လောင်မြိုက်နေတယ်
အဲဒီ့ ပျော်ရွှင်မှုတွေဟာ ငါ့ကို မပျော်ရွှင်စေခဲ့ဘူး
ပျော်ရွှင်မှုရဲ့ တကယ့်အနှစ်ဆိုတာ
ရုန်းကန်မှုရဲ့ဒဏ်ရာ
တောက်ပစွာ သေဆုံးထားတဲ့
အရှုံးတွေ အိုင်ထွန်းထားခြင်းဖြစ်တယ် ။
မျှော်လင့်ချက် အူတိုင်တည့်တည့်က
ကြယ်အရိပ်ဟာ ပျော်ရွှင်ခြင်းကို
လှပဟန်ဆောင်မှုနဲ့ လောင်းရိပ်ချထားခြင်းလို့
ငါ့နှလုံးသားက ငါ့စိတ်ကို အကြိမ်ကြိမ်ထိုးဆွနေတော့တယ် ။
nelay
အခွံ
အိမ်ကို ပြန်လာတော့
အမေက မရှိတော့ဘူး
အိမ် ...
အိမ်ကိုပြန်လာတော့
အဖေ့ကို မတွေ့တော့ဘူး
အိမ် ...
အိမ်ကို ပြန်လာတော့
အမ ကထွက်သွားပြီ
အိမ် ...
အိမ်ကိုပြန်လာတော့
ငါ့ကိုမတွေ့တော့ဘူး ...
အိမ် ...
အိမ်ကိုပြန်လာတော့
အိမ်
မရှိတော့ဘူးလေ ။
nelay
x.X.x.x.X.x.X.x.X.x.x.X.x.X.x.X.x.x.X.x.X.
shell
home
when i come back home
mother is no more ...
home
when i come back home
cant see dad anymore
home
when i come back home
my sis already left house
home
when i come back home
i cant find myself
home
when i come back home
home
which is no more
(trs by nt)
Nyi Thit
အမေ
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။
သျှစ်မှူးကျော်
~ ထူးအိမ်သင် ~
ခေတ်သစ် ၁၉ ဂျူလိုင်
အပြင်မထွက်ရအမိန့်နဲ့ ပိုလှောင်တယ်
ကော့နက်ရှင်တွေလဲနှေးမယ်
လမ်းဘေးဈေးသည်တွေလဲ ရှင်းမယ်
မြို့လယ်ခေါင်မှာ သံစူးကြိုးတွေထားမယ်
ဥသြဆွဲသံဆို မီးသတ်ကားတောင် မအူရဘူး
ဘုရားသွားချင်ရင် သွေးဆေးကန်ဖက်မှာ လူရှင်းလို့
ကဗျာရေးမယ်ဆို န ငယ်ကိုအရင်နေ့ကထက်ရှောင်ရတယ်
ဟိုအမကြီးပြောတာ ….
ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်မကျစေချင်ဘူးတဲ့
ကော့နက်ရှင်တွေလဲနှေးလိုက်တာဗျာ
အရင်နေ့လို ဖလန်းဖလန်းမထတော့ဘူး
ငါဘာတွေလုပ်နေလဲ ငါ့အမေရင်ကျိုးမှာစိုးလို့
ဂျူလိုင် ၁၉မှာ ရုံးမပိတ်ဘူးလို့ ညာရတယ်
တီဗီထဲမှာ ကြည့်ပါအမေ လွမ်းသူ့ပန်းခွေဆိုတာ အဲလိုမျိုး
ငါ့သူငယ်ချင်းတွေတောင် ညညသွားနေကြတဲ့ မာဆက်ကိုတောင်
အကြောင်းအမျိုးမျိုးပြပြီး ရှောင်ကြတယ်
အနှစ်၄၀ကြာ မိုးတွေလဲ ရွာတယ်
မနက်ဖြန်ဘာဖြစ်ဖြစ် ငါ့သူငယ်ချင်းတွေ
ဂိမ်းကစားနေတာကောင်းပါတယ် ။
nelay
ဇီဇဝါ ဝင်္ကပါ
မနေ့တနေ့က ပျက်ကျလာတဲ့ လေယာဉ်ပျံကိုဝှက်ထားတယ်
ငါနဲနဲချင်း စားသုံးနေတဲ့ စက္ကန့်တွေထဲမှာ
ပြောလို့မကုန်နိုင်တဲ့ မွန်းကြပ်မှုကိန်းဂဏာန်းတွေ ပြေးလွှားနေကြတယ်
အသိတရားမျက်ဝန်းထဲမှာ ရပ်နေတဲ့ အရှုံးကျောက်စာတွေဟာ
လျှောက်လာသမျှ အနက်ရောင်မြို့များဆီက ကပ်ပါးပိုးတွေပဲ
လောကနီတိထဲက ဆံပင်အနီရောင်နဲ့ မိန်းမ
တချိန်ကငါ့မိန်းမဖြစ်ခဲ့ရင် ငါ့နာမည်ပြောင်းဖို့
ဘယ်နတ်ဘုရားဆီမှခွင့်တောင်းမနေဘူး
ဒီလိုထွက်သွားတိုင်းသာ နှင်းဖြူတွေနဲ့ စိုထိုင်းဆမများဘူးဆိုရင်
ငါ့အလုပ်ငါလုပ်ပြီး နံရိုးနောက်က ထိုးထိုးဟောင်နေတဲ့
သန္ဓယုတ်ကိုအစာကြွေးနေရအုံးမယ်
ယင်နားစာ မနက်ဦးဆီက
ဦးခေါင်းပြောက်လို့ ရှာနေတဲ့ ကတ်ကြေးတွေ
နှလုံးရောဂါနဲ့ ဖခင်အိုကြီးကို အသံတိတ်လုပ်ကြံခဲ့တဲ့ သမီးက
ငါ့အရွက်ခြောက်များကြားမှာ တအုံတနွေးနွေး
ဆေးကြွေးမှားတဲ့ အရိပ်လက္ခဏာနဲ့
ငါ့အိတ်ကပ်တွေက ကားခပြန်တောင်းတိုင်း
အလွမ်းတွေ ပြည့်လျှံလောင်မြိုက်ဖူးတယ်
ဖုန်ထလို့ရေဖြန်းလိုက်တဲ့ မျက်နှာ
ငါ့ကဗျာထဲက ကမ်းနဖူးပေါ်မှာ သိုက်တူးတဲ့ ကျီးတအုပ်ကို
ချုပ်မရတဲ့ ငါ့ရင်ဘတ်ပျိုက နှလုံးသားတွေ လက်ဆောင်ပေးနေပါတယ်
မနေ့က သိမ်းထားတဲ့ ငါ့မြို့စုဗူးလေး ကျန်းမာရေးမကောင်းလို့
သူ့ကိုယ်သူ ပြန်ကုဖို့ သူ့ကိုယ်သူ ရိုက်ရိုက်ခွဲနေလိုက်တာ
သူမလိုချင်တဲ့ အောင်မြင်မှုအတုတွေပဲ ထွက်ကျလာလို့
အောင်မြင်မှုငတ်နေတဲ့ သူ့မြို့ပျိုမလေးကို ခေါ်ပေးချင်နေလိုက်တာ
ဘယ်လို ........ ဘယ်ပုံ ......... ဘယ်အသံမှ မကြား .................
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့
မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ
ငါတော့မော့ကြည့်ဖို့ မျက်လုံးနဲ့ ဦးခေါင်းကို ဇလုံထဲမှာ
မွှေနှောက် အနာဂတ်ခြောက်အိပ်မက်နဲ့
လင်းမရဥယျာဉ်ထဲမှာ ပန်းဦးတွေ မပွင့်ဖူးတော့တာ ဆန်းသလား
ငါဟာလူတွေကြားက ပြန်လာပြီးတိုင်းလူညှီစော်ကိုနှစ်ခြိုက်စွာရှုရှိုက်
ငါပြန်အန်လိုက်တဲ့ အိပ်မက်ဆိုးတွေ ကမ်းပုတ်တဲ့လှိုင်းကို
အတ္တ၀မ်းကွဲ သံနဲ့ အကြိမ်ပေါင်းများစွာ နားဆင်နေရတယ်
သံယောဇဉ်အထွေးလိုက်ခွေလိမ်ထားတဲ့ အသိုက်အမြုံကလေးဟာ အိမ်ဖြစ်ခဲ့ရင်
ငါ့ခေတ်ငါ့အခါမှာ တမျှင်ချင်းစီရှင်းထွက်သွားတဲ့ ကြိုးတွေက
ငါတော်လို့လား …………….. ငါညံ့လို့လား …………….
အမေကမီးဖိုချောင်ထဲမှာ သူထမ်းထားတဲ့ နေလုံးကိုလွှတ်ချပြီး
အိမ်ရှေ့ဧည့်ခန်းထဲမှာ သကြားမပါတဲ့ မေ့ဆေးခါးကြီးတခွက်ကိုသောက်နေတယ်
အဖေက ကျည်ဆံကုန်နေတဲ့ ငါ့ကို လက်ဆွဲပြီး ဂျူးတွေနဲ့ တန်းစီခိုင်းထားတယ်
ဟစ်တလာရဲ့ လက်ဖြောင့်အဆိပ်ငွေ့တွေက ပြန်နေကြ ငါ့လမ်းကလေးပေါ်က
ရေမှုံနဲ့ဖုန်မှုံတွေရောထားတဲ့ ရနံ့ငွေ့တွေဖြစ်တယ်
အချင်းချင်းပြန်စားကြတဲ့ ပွဲမှာ လတ်လတ်ဆတ်ဆတ်ရီသံတွေမှောင်လာတယ်
အားလုံးပြီးသွားပါပြီ အမှန်တော့ အားလုံးအစကိုပြန်ရောက်သွားတာ
၂။ နငတသမ့ျေိုခလာဖထြု့တူုဒုယာခထြာူု
၃။ြိုူ့ငြကငနတင်ြဖိုခြလယာဖြု်ုတနြုမ၍သစငိသြ်ေု
အဖြေရှာတဲ့လူတွေသေကုန်ပြီ
အမေးတွေနဲ့ ကြိုးတင်းနေတဲ့ ရပ်ဝန်းမှာ
ကလေးတွေကို ခေါ်မလာနဲ့ အားလုံး မီးရှို့ချလိုက်
ငါတို့အမှားပေါ်က အဖြူစက်ကလေးကို လောင်မြိုက်ချလိုက်
ကျမ်းကျိန်တယ်ဆိုတာ ဖောက်ဖျက်မဲ့လူတွေအတွက်ပဲလိုအပ်တာပါ
မနေ့တနေ့ကကျွန်ဘဝနဲ့ ဒီနေ့မနက်ဖြန်ကျွန်ဘဝ
ငါ့ကလေး ငါပြန်ခိုးနေရတဲ့ဘဝမှာ
အစိမ်းက ငါ့ကို မျက်ရည်ကျစေတယ်
အစိမ်းက ငါ့ကို မွဲခြောက်စေတယ်
အစိမ်းက ငါ့ကို သေစေတယ်
ဆပ်ပြာပူဖောင်းကလေးရေ ပေါ့ပါးမယ်ဆိုရင်
ဇီဇဝါဝင်္ကပါထဲ ငါ့ကိုလမ်းကြုံခေါ်သွားစမ်းပါကွာ ။
nelay
ဥယျာဉ်ဝှက်အလွမ်း
အစာအိမ်နှစ်ခု အစာခြေဖို့ မေ့နေတဲ့ အဟုန်နဲ့
လူသတ်သမားကို မှန်ထဲမှာ ပြုံးပြခဲ့ကြတယ်
ဒါကို အယုံသွင်းတဲ့ ကံကြမ္မာစက်ဝန်းအတွင်းက
မျက်ရည်စက်တွေ ငါ့လက်ထဲ ပွင့်ကြွေပြတ်ကျ
ပုန်းခိုနေတဲ့ တောအုပ်ထဲက အစိမ်းရောင်ညများ
ပြတင်းတံခါးမှာ ပြတိုက်မျက်နှာဖုံးနဲ့ ရီနေကြတယ်
ဘယ်မလဲ ကဝေ ဘယ်မလဲ
လမင်းရဲ့ မှောင်ရိပ်သာ တောအုပ်ကိုဝါးမျိုမသွားဘူးဆိုရင်
ညနေ ၆နာရီ ကျိန်စာလဲ ငါစောင့်နေကြ လှေကားထစ်များကို
ရေတွက်နမ်းရှိုက်ပေးလိမ့်မယ်
အတွက်အချက်ညံ့တဲ့ လက်ချောင်းများထဲမှာ
ငါ့ကိုသုညက လက်ညှိုးဖြစ်ခွင့်မပေးခဲ့ဘူး
စိတ်သဘောတွေကြီးစိုးသွားတဲ့ အတ္တမှာ
နတ်ဘုရားကိုသတ်တဲ့ ၀ိဥာဉ်က နှစ်ခါပြန်သေရတယ်
တိမ်ဆိုင်တွေ ကိုးကွယ်ရတဲ့ ကဝေစိတ်တွေ
နတ်ဘုရားကို သတ်တဲ့မာယာပန်းဆိပ်တွေလဲ
သွေးကြောထဲက မျက်ရည်အပိုင်းအစများနဲ့
ငါ့အစိမ်းရောင် ပန်ဒိုရာလေးထဲ ကဝေရယ် အမုန်းရယ်ထိခတ်
အမိုက်တရားနဲ့ သီကျူးငွေ့ရှိုက်လို့
အပွင့်တွေ နီမရတော့တဲ့ ၀င်္ကဘာ
အပြုံးတွေဘာလို့ သေချာချင်နေခဲ့
အရှေ့တစ်လမ်းသွား ဥယျာဉ်မှာ အမှောင်က ၀တ်တွားငြိမ်သက်
အပျော်ရောင်နောက်ကျိကျိ ဘ၀ထဲမှာ
လျှပ်ပြက်ယုံကလေး အရသာခံဖို့ ကျောင်းဆင်းပေးတဲ့ညနေတစ်ခုပါ
ငါ့ကိုကျမ်းပြုပြီး သေချာတယ်ဆိုတဲ့ ကံတရားကို
ဟာသမှတ်စုထဲက ကဝေ နင့် လက်မှတ်ထိုးဖို့လက်တွေ
ငါ့အိပ်ကပ်ထဲမှာ နှစ်ခြိုက်နေကြတယ် ။
nelay
စကားနက်
အသက်ဓါတ်ကို ခုန်မင်သေးတဲ့ သူက
သူ့ သက်တန်းတစ်လျှောက် ချုပ်နှောင်လာတဲ့
ဖြူစင်မှု အမှောင်ကို
မီးပုံထဲ ပစ်ထည့်လို့ သူ့ခန္ဓာအနွေးလုံခဲ့တယ်
လက်ကျန်ပန်းကန်ထဲက လက်ဖျံရိုးကို
စုန်းစားမှာကြောက်တဲ့ သိက္ခာ အညစ်အနွမ်းနဲ့
ပုဝါဖြူထုတ်လို့ အမှားကို အမှန်လုပ်ပြီး
တစ်ဘ၀စာငြိမ်းအေးဖို့ ယုန်ဖြူကို သူကြွေးအုံးမယ်
ဝှက်ဖဲထဲက ပြုံးနေတဲ့ အညတရ ရင်ခုန်မှုမျိုးနဲ့
စိတ်ကုန်နေတဲ့ ဂီတကို ၀တ္တရားအရ သူထုတ်တီးလိုက်တယ်
စက္ကူ ငွေ စက္ကူ ငွေ စက္ကူ ငွေ စက္ကူ ငွေ စက္ကူ ငွေ
အပြုံးတွေ ဟိုတုန်းက အခန်းငါးမှာ မျှားခဲ့ဖူးတဲ့ သူ
စိတ်ကူးယဉ် အစီအစဉ်များနဲ့ သွေးကြောထဲကို
ကြယ်တပွင့် အဆိပ်ထိပြီး ကြွေကျသွားတယ်
လှလိုက်တာ ……………………….
လှောင်ချိုင့်ထဲက ပင့်ကူအိမ်မှာ ပန်းတွေပွင့်နေကြပြီ
သူက ငေးမော အမြစ်တွေပြောတဲ့ အထဲမှာ
သမုဒ္ဒရာပေါ်က ခွေးရူးတစ်ကောင် တောင်ဥက္ကလာအမှောင်ထဲ
သူတော်ကောင်း ယောင်ဆောင်နေတယ်
ငါ့ကိုယ်ငါသက်ပြင်းချပစ်လိုက်ရ ………………
ဝေခွဲမရတဲ့ ယုံကြည်မှုနတ်ဘုရားမှာ
လိပ်ပြာအန်ခဲ့မိတဲ့ ဒီနှလုံးသားကို
ကျိန်စာအတိပြီးတဲ့ သံပတ်လှောင်အိမ်ထဲပစ်ချ
လှလိုက်တာ ………………………………….
ဥပမာဆိုကြပါစို့
သူ့မျက်ဝန်း စဉ် တည့်တည့်က
ဒုတိယကမ္ဘာကြီးသာ ငါဖြစ်ခဲ့ရင်
မဖွယ်မရာညကြီးထဲက ပြောဖူးသမျှတွေ
ပြန်အန်ထုတ်တဲ့
မြေကြီးစား သတ္တ၀ါတွေလဲ မြေကြီးဖြစ်လို့
စာအိတ်ထဲက ချိန်ခွင်လျှာက အတွေးအခေါ်မရှိတဲ့
ကိုယ်ပိုင်နာမ်စားကို ထွေးထုတ်ပြီး
နာမ၀ိသေသနတွေနဲ့ ကြိုးမဲ့ ရုပ်သေးလုပ်နေတယ်
ငါသနားမိ …………………………………….
မဟုတ်ပါ ထိုအစီအစဉ်ညံ့ကြောင်း
လက်ခုပ်တီးပြီး အားပေးအုံးမှာမို့
ယုတ်စွအဆုံး ကန့်လန့်ကာချပြီး ဂုဏ်ပြုနိုင်ပါတယ်
ငါ့သချိုင်္င်းအိုပေါ်က လမင်းတစ်ရာကို
မျက်မှန်မပါပဲ ကျိန်ဆိုလိုက်ပါရဲ့ ….
အစဉ်လွဲ စကားနက်တွေထဲ အလင်းနှစ်တွေဝေးလို့
သူမမြင်ရဘူး ….. ငါမမြင်ရဘူး ….
သူမမြင်ရဘူး ….. ငါမမြင်ရဘူး ….
သူမမြင်ရဘူး ….. ငါမမြင်ရဘူး ….။
nelay
လိပ်ပြာလှိုက်သံ
မှတ်ဥာဏ်၏ ကူးလူးယှက်သွယ်ပုံအမှားဖြင့်
နှလုံးသား၌ သွယ်တန်းထားရ၏
အစီအစဉ်များမှာ ထိုသို့လွဲချော်သွားသော
ညရထား၏ ငါ့အံဝှက်ထဲ၌ တိကျစွာခုတ်မောင်းနေကြသည်
လေအေးမှဖြစ်ပေါ်လာသော အသံတို့စွဲငင်ရာမှ
ငါ့မျက်နှာမူရာတိုင်းတွင် လာမည့်၁၄ရက်အလွန်ကို
ညကျိုးအိပ်မက်ထဲမှ မျှား၍မရနိုင်တော့
ထိုရာဇ၀င်အပြစ်ဒဏ်မှဆွဲယူသောအခါ
လမင်းငတ်စွတ်ပုံနောက်ပြန်မျက်နှာအားတွေ့ရ၏
ခရေစမ်းကလေးပေါ်မှာ စက္ကူလှေများနှစ်မြုပ်ကြသည်
ပျော်ဝင်သွားသော ပြာတို့၏ခိုတွယ်ငြိကပ်ပုံမှာ
လိပ်ပြာမျက်နှာအား လက်ဖျံသွေးကြောပေါ်၌ပြန်မြင်ရသူ
သူရူး၏ မဟာရက်ကြမ်း အိပ်မက်အဆန်းကြီးသာဖြစ်ခဲ့သည်
ထိုဆံပင်ညှပ်ဆိုင်အား ငါမရောက်ဖူးခဲ့
ကွေးကောက်သော လက်ချောင်းများဖြင့်သာ
အဆာပြေဖြတ်ချဖူးသော မိုက်မဲမှုအရှည်များ၏ဆက်သံ
မေ့လျှော့ခြင်း၏ ထွက်ခွာမှုတစုံတရာကို
စက္ကူလူသားတိုင်း ပြန်တမ်းတဖို့ သုဿန်ကြမ်းပြင်တခြမ်း
ရထားသံလမ်းပေါ်က အေးစက်ခြင်းတစ်စုံတရာကို
နားဖြင့် လှိုက်ခိုပြီးနောက် လမ်းလျှောက်ဖို့ မီးတောက်ကြရသည်
ငါ့အားငါဖြင့် ပြုပြင်မွန်းမံ၍မရသော အခိုက်အတန့်များတွင်
ကြောက်လန့်တကြား နာရီအတွင်းမှ စကားပြောသံများ၏
ချိုမြိန်မှုခါးသီးမှု အသိတရားအတုများဖြင့် ဆုံးမစကားဆိုဖို့မတန်ခဲ့တော့
အဖြူရောင် အိပ်စက်ခြင်းမျိုးဖြင့် တိမ်ငွေ့တို့အားရှုပါ
ကြည်လင်အေးမြမှုဖြင့် မြက်ခင်းတို့အားခိုတွယ်ပါ
တောက်ပသောလောင်ကျွမ်းမှုဖြင့် လမ်းအားထမ်းခေါ်ပါ
မှန်တံခါးပေါ်မှ ရေငွေ့တို့၏ သေဆုံးခြင်းဖြင့်
ရေစီးကြောင်းအား တဖန်ပြန်လည်မွေးဖွား
ငြိမ်းချမ်းခြင်းရပ်ဝန်းမှာ ငါ့တံခါးအားဖြုတ်ထားခဲ့ပြီး
အနီရောင်ဖြစ်တည်မှုမှာ လောင်မြိုက်တောက်ပနေရသည်။
nelay
မီးပျိုး မိတ္တူ
အောက်စီဂျင်နဲ့ မတည့်ဘူး ....... နိုရာ
လေတွေ တဟူးဟူးတိုက်နေတုန်းက
ငါ့ရင်ဘတ်ကို ကြိုးခြည်ပြီး
တိမ်တွေထဲ လွှတ်တင်ခဲ့တဲ့ နိုရာ
တိမ်ညစ်မဲတွေ ငါသောက်ပြီး
အတ္တတွေ ရုန်းကန်ပျိုးတက်လာတော့
ဟိုး ဝေး ဝေး အစွန်းတဖက်မှာ
ဘယ်တော့မှ မဆွဲယူခဲ့တဲ့ လက်ညှိုးကလေးနဲ့
ငါ့ကို ကြိုးဖြတ်ခဲ့တဲ့ နိုရာ
မှောက်လိုက် … လှန်လိုက်
မှောက်လိုက် … လှန်လိုက်
မှောက်လိုက် … လှန်လိုက်
လွှင့် …. လွှင့် …. လွှင့် ….
မီးကိုသိုဝှက်ထားတဲ့ ငါက
အောက်စီဂျင်လို လူတွေကို ရှောင်တယ်
သူတို့ လောင်ကျွမ်းသွားမှာ ငါစိုးလို့
Ch3M!CaL မပါတဲ့ ဒြပ်စင်တစ်ခုဟာ နိုရာပေါ့
ချို့ငဲ့မှုနဲ့ သိမ်းပိုက်သွားတဲ့
ဝိဥာဉ်ကို ငါ့သွေးကြောထဲက စုတ်ထုတ်လိုက် နိုရာ
အသင့်စားသုံးဖို့ ထုတ်ပိုးထားတဲ့
ရုပ်ဝတ္တုတွေဟာ ကာဗွန်သိပ်များတယ် နိုရာ
လူဆိုတာ မီးနဲ့မတွေ့ခင်တော့ ရှုလို့ကောင်းတဲ့
အောက်စီဂျင်တွေပဲပေါ့ သတိထားပါ ....... နိုရာ
ပေါက်ကွဲတတ်တဲ့ အရာတွေထဲမှာ အနုမြူထက်ဆိုးတယ်
အပေါ်ယံ ချိုမြိန်မှုတွေဆိုတာ
မစင်ကို သကာသုတ်ထားတာပဲ ....... နိုရာ
ဝင်္ကဘာအစွန်းထဲမှာ မျက်လုံးတွေ လမ်းလျှောက်နေကြတယ်
ကမ္ဘာကို မျိုချထားတဲ့ လူ့ပါးစပ်တွေဆိုတာ
အဆင့်မြင့်လာတဲ့ ဆုတ်ယုတ်မှု စက်ရုံတွေပဲ ....... နိုရာ
ပျံရင်းပဲသေသေ မြက်ခင်းထဲမှာပဲ သေသေ
နံရံရဲ့ အခြားတစ်ဖက်မှာ ရာထူးတွေမရှိဘူး
ဂုဏ်ပကာသနတွေမရှိဘူး
ဒယ်အိုးပဲရှိတယ် ....... နိုရာ
အကြိမ်ကြိမ်တိုက်ချွတ်လို့ ပြောင်လက်လာတဲ့ ဖိနပ်တွေ
ငါမ၀တ်ချင်ဘူး သူတို့လျှောက်မဲ့လမ်းတွေ မသန့်ဘူး ....... နိုရာ
ဖြူစင်မှုကို အပျိုစစ်မစစ်နဲ့ တိုင်းတာဖို့နဲ့
စိတ်ဓါတ်တွေ စစ်ထုတ်ဖို့ဆိုတာ မုန်းတိုင်းထဲက
အလွန်ရှားပါးတဲ့ တွယ်ကပ်သွပ်မိုးကလေးပါပဲ ....... နိုရာ
မိုးကြိုးနဲ့အလင်းတန်းကို ငါ ခိုဝင်နမ်းရှိုက်
ကြိုးတန်းလန်းနဲ့ ငါ မိုက်တယ် ဆိုတာ
ငရဲသွားမဲ့ မင်းကို မမှီပါဘူး ....... နိုရာ
လူ့ကျင့်ဝတ်ကို သင်ကြားပို့ချပြီး လူ့ကျင့်ဝတ်ချိုးဖောက်တဲ့ ဆရာက
တပည့်ငမိုက်သားတွေကြား သူတော်ကောင်းလုပ်နေကြပြီ ....... နိုရာ
ငါဘယ်လောက်ထိ လွှင့် ရအုံးမှာလဲ
မီးခိုးခေါင်းတိုင်းတွေ အလွန်ထိ
လယ်ကသင်းရိုးတွေ အလွန်ထိ
အင်တာနက် အနှေးပြကွက်တွေ အလွန်ထိ
အိမ်တွင်းအကြမ်းဖက်မှုတွေ အလွန်ထိ
တရားသမားအယောင်ဆောင်တွေ အလွန်ထိ
ငါ့ကို လိုက်သတ်နေတဲ့ ငါ့အရိပ်တွေ အလွန်ထိ
ငါဘယ်လောက် လွှင့် ရအုံးမှာလဲ ....... နိုရာ ။
nelay
ပါးစပ် စစ်များ
ဘယ်လောက်ထွေးထွေးမကုန်တော့ဘူး
ရွံ့စရာတွေ ပစ်ချွဲချွဲတွေ လာလာမထည့်နဲ့
သွားကြားထဲက အပုတ်တွေကော်ထုတ်
မသတီစရာတွေ သကာ သုတ်ပြီး ထွေးထုတ်လိုက်တယ်
ကျေးဇူးတရားမသိသူ သူ့ကိုဖြူဖွေးအောင် တိုက်ချွတ်
ကြွေရောင် အရီ ပြိုးပြိုးပျက်ပျက်နဲ့ လက်ဆွဲနှုတ်ဆက်အုံးမယ်
မဖြစ်မနေသုံးရတဲ့ နာမ်စားကိုပဲ သူဝါးမိသလိုလို
သွားကြား
သွားကြား
သွားကြားညှပ်လို့
နှုတ်ခမ်းနီဆိုးမထားဘူး ရာစုနှစ်ရဲ့ သွေးတွေသောက်ထားတာ
ပါးစပ်တွေက နှုတ်ခမ်းငတ်သလိုမျိုး အလင်းတိုးအားနဲ့
ကျယ်လာတဲ့ တော်သလင်းလကို ထိုင်ကြည့်
ဘဲကလေး ထုတ်နှုတ်ဖူးသလို either swim or sink method နဲ့
အဲဒီ့အပေါက်ထဲမှာ ဠာန်ကရိုဏ်းကျကျ လျှာတွေစိုက်ပျိုးထားတယ်
ညည အိပ်နေရင်တောင် ပလုပ်ပလောင်းနဲ့ ဘာတွေပြောနေလဲ
ဟိုတလောက နာဆာ ဖမ်းမိတဲ့ အမျိုးအမည်မသိ အသံလှိုင်းက
အဲဒီ့ အသံ
အစားအသောက်စားပြီးရင် မီးခိုးငတ်ရတာ မောတယ်
၁ ၂ ၃ ဆိုပြီး ဂီတသံစသလို
အူဝဲ ၀ါးးးးးး ဗြဲ ဆိုပြီး ပါးစပ်က စတယ်
ဟူးးးးး အင့် အားးးးးးးး ဒါမှမဟုတ် ဘာသံမှမထွက်ပဲ သေတယ်
၆ နာရီသတင်းကြည့်ပြီး ၇ နာရီ ရုပ်ရှင်ကြည့်တဲ့
ပါးစပ်တွေက အရှေ့တမျိုး ကွယ်ရာတမျိုး ပြောတတ်တယ်
ခေါင်းတွေလှည့်တဲ့ ဖက် ပါးစပ်တွေလိုက်လှည့်
ခေါင်းတွေ ရမ်းတဲ့ဖက် ပါးစပ်တွေ လိုက်ရမ်း
ခေါင်းတွေ ခါသလို ပါးစပ်တွေ လိုက်ခါ
အမွှေးအမျှင်တွေကြားမှာလဲ ပုန်းနေတတ်တယ်
တခြားလူကို ကြင်နာပြရင်တောင် သူ့ကိုကြင်နာတယ်အထင်နဲ့
ပါးစပ်တွေက ဟစိ ဟစိ လွမ်းနေတတ်တယ်
နှလုံးသား အစမ်းအစားထိုးကုသရာမှာ အစမ်းသတ်ခံသက်သက်
မိသားစုနဲ့မတော်တဲ့ အကြောင်း ဆရာဝန်က
အဲဒီ အပေါက်နဲ့ သတင်းကောင်းပါးတယ်
ဒါက ပါတီ မညီမျှမှုနဲ့ ဆိုင်လား ဘာဝါဒတွေ ၀ါးမိသွားလို့လဲ
ပြောစမ်းပါ အနုပညာ အလုပ်လုပ်တဲ့ ပါးစပ်တွေ
အ နေရင်တောင် အကောင်းစားမုသားတွေမထွက်ချင်နေမယ်
အကောင်းစား သေချင်းဆိုးငှက်ပျောသီးကို စားကြအုံးမယ်
သွေးပြန်ကြောတွေ အဆက်ဖြတ်လိုက်လို့ စီးစရာမရှိတဲ့
ဒီအပေါက်တွေ သွေးငတ်နေရတယ်
အဲဒီ့ လုံးရာ ကနေ ပြားသွားတဲ့ စကားလုံးတွေပဲ မ၀ါးပဲမျိုချ
ခွင့်ပြုပါ
ဝမ်းမြောက်ဝမ်းသာ
ဂုဏ်ပြုလွှာနဲ့
ကျေးဇူးတင်လွှာ
တရားနာရတာ တရားတွေ နာကျင်သလို
ငုံထားရတာ ကိုယ်ဝန်ရသလိုပဲ
ပတ်ဝန်းကျင်ကလဲ လက်ခုပ်တီးကြတော့
မောင့်ကျက်သရေထုတ်ပြီး ပုဆိုးအစိမ်းတွေထုတ်ဝတ်ကြအုံးမယ်
အဲဒီ့အပေါက်တွေက နငယ် မလုပ်ပါဘူး
ငါ့ကဗျာ တပုဒ်ပြန်ထုတ်နှုတ်ရရင်
ဒီနေရာမှာ သွားကြည့်ကြပါ ဒီနေရာမှာ သွားမကြည့်ချင်လဲနေပါ
မုတ်သုန်ကာလမို့ မိုးရွာချင်လဲ ရွာမယ် မရွာချင်လဲ မရွာဘူး
သူမလျှာကလေး ကောင်းစားနေရင်တော့ ငါတို့ပါးစပ်တွေက ကောင်းချီးပေးလိမ့်မယ်
အကြိုတူးထားတဲ့ မြေကြွင်းတွေ
အကြိုမွှေးထားတဲ့ မီးတောက်တွေထဲ
မမြှပ်ခင် မသင်္ဂြီုဟ်ခင် လူရာဝင်အောင် ၀င်ဝင်ထွေးထားဖို့နဲ့
ပါးစပ် အစစ်တွေထဲ ၀င်လာမယ်ဆို ကွိုင်ရှာမလာဖို့ မှာချင်တယ်။
nelay
အစိမ်း/ စိမ်း
အစိမ်းချုပ်
စိမ်းစိမ်းကားကား စိမ်းရက်လေအား
မြွေစိမ်း
လေစိမ်း
နတ်စိမ်း
လူစိမ်း
စိမ်းလန်း
စိမ်းပြာ
မြင်မြင်သမျှစိမ်း
စိမ်းတာတွေကစိမ်းချင်သလိုစိမ်းလိုက်နဲ့
ကိုသိန်းတန်ရဲ့ စိမ်းသရဖူစိမ်းလည်း စိမ်းကားနေပြီ ။
သူငယ်ချင်းတစ်ယောက်ကပြောလိုက်သေးတယ်
အနာဟောင်းကို အစိမ်းလိုက်ပျိုးလိုက်တာလား တဲ့
ဘာကြောင့်များသခွားသီးကို အစိမ်းစားချင်နေရတာပါလိမ့်
သွေးလေခြောက်ခြားပြီးသွေးစိမ်းရှင်ရှင်ထွက်ပြန်ပေါ့
ကိုယ့်ဝတ်စုံကိုယ်သပ်သပ်ရပ်ရပ်ဝတ်လို့
အနေစိမ်းကြည့်လိုက်ဦးမယ် ။
စိမ်း..စိမ်း..စိမ်း
သစ်ပင်အိုကတောင် မီးစိမ်းထတောက်လိမ့်မယ်
အစိမ်းရောင်အသုံးအနှုန်းနဲ့ ညအိုပေါင်းစွာကို
မေ့မျောခြင်းတိုင်းပြည်မှာ ရှာတွေ့လို့မရဘူး
အလျားလိုက်စိမ်း ဒေါင်လိုက်စိမ်း
ပြောင်းပြန်စိမ်း ဇောက်ထိုးမိုးမျှော်စိမ်း
စိမ်း..စိမ်း..စိမ်း
ရင်ခွင်မူးသူအပြောင်းအလဲနဲ့
ဘ၀ကူးဖို့ အစိမ်းကျိန်စာမှာ နေ့တွေလဲထူးမလာခဲ့ဘူး
အစိမ်းရောင်ရက်စွဲတွေကဒြပ်မဲ့ပန်းချီကားတစ်ချပ်လို
စိမ်းစိမ်းစိုစို ။
ဘယ်ဘာသာနဲ့ထုတ်ဝေမလဲ
G R E E N D A Y လည်း 21 GUN နဲ့ စိမ်း
မင်းနှုတ်ခမ်းတွေလည်း အရောင်မပါပဲ စိမ်း
အိပ်မက်တွေ လည်း နယ်ကျွံလို ကျွံ
နမိတ်ပုံ သင်္ကေတတွေ အပြေးအလွှားအူကြ
ငါတို့နှစ်ယောက်လည်းအရင်းနှီးဆုံးသူစိမ်း
ကဲ..ကွာ...ဒီတော့လည်း
ဘာပဲဖြစ်ဖြစ်တစိမ်းဆန်လိုက်ရအောင်.။
အမည်မဲ့ ၊ nelay
ဘီလူးဆိုင်းနှင့်တီးခတ်ဖြေဖျော်လိုက်သော ၀ါကျအတိုအရှည်များ
စစ်တိုက်တမ်းကစားနေကြတဲ့ဗျာ
သိထားဖို့ကဘယ်ကမ္ဘာမှာမှ စစ်ကိုမလိုလားကြဘူး
ထစ်ကနဲဆိုစိတ်ထကကောက်
ဗျစ်ကနဲဆိုတိုင်းတံတွေးမထွက်ဘူး
အဖြစ်သည်းနေရင် အိပ်ပြန်အိပ်လိုက်
အလေအလွှင့်နဲ့အမှိုက်ကိုမီးရှို့ရင်
ဒီလောက်မြန်မြန်မလောင်ဘူး
အလင်းဆိုတာမျက်စိမှုန်တတ်တယ်လား။
အစွန်းထွက်ကမ်းပါးကြီးတွေ
အနေအထိုင်လွဲချော်သွားတဲ့နေ့တွေ
အူမ မတောင့်ပဲ အယ်လ်ကိုဟော စစ်စစ်လိုက်ရှာမိတဲ့အဖြစ်
ဟေ့ရောင်..နီလေး ဒီကမ္ဘာမှာ စစ်ပွဲမလိုဘူး
စက်ဆုပ်ရွံ့ရာမိပေမယ့် ခေါက်ရိုးအကျိုးအကြေမရှိပဲ
သန့်သန့်ပြန့်ပြန့်လေးဝတ်လိုက်ရင်တော့
အမွေပြတ်စွန့်လွှတ်စရာမလိုဘူးပေါ့
ပြောလိုက်တဲ့ဒိုင်ယာလော့ခ်ထဲမှာ ဒီအခန်းမပါဘူး
မနက်စောစောထမယ်
သဏ္ဍာန်မဲ့ စကားလုံးတွေ ပီပီသသရွတ်မယ်
ဆန္ဒရှိတဲ့အတိုင်း တစ်ရွာဝင်တစ်ရွာထွက်မယ်
နာကျင်မှုနဲ့မျက်ရည်တွေ တွေ့ရင်တွေ့နိုင်တယ်
အိပ်ပြန်နောက်ကျလို့ အမေစိတ်ညစ်ရမယ့်နေ့တွေ ရှိမယ်
လေးလံထုံမှိုင်းမှုတွေရှိမယ်..
ရုပ်ဝတ္ထုကိုအကြောင်းပြုပြီးခဏခဏခလုတ်တိုက်ဖို့တော့လိုတယ်။
အဲဒီ့ စောက်ရေးမပါတဲ့ ငွေကြေးတွေနဲ့
ငါသေရင် ရေဝေးမှာ ငါ့ကိုမသဂြိုင်္လ်ကြနဲ့
ငါ့ကျင်းငါတူးပြီး ငါခန္ဓာကို မြေသြဇာလုပ်ပစ်မယ်
စောက်ရေးမပါတဲ့ ငွေကြေးနဲ့
အခွံလွတ် မျက်နှာဖုံးတွေထဲ ဟန်လုပ်ပြီး
အသက်ရှင်ကျန်မဲ့ စောက်ရေးမပါတဲ့ လူသားတွေကို
ကျော်ဟိန်းလို စောက်ဂရုစိုက်ခံချင်လို့ ပိုစတာထုတ်ပြီး
ငါနှုတ်ဆက်မနေဘူး
သိချင်သိမသိချင်နေ
စောက်ရေးမပါတဲ့ လောကကြီးရေ
အိပ်မက်နဲ့လက်ထပ်ချင်သေးလို့လား
စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်လို့မှမရတာ
သေချာပြီဆိုမှ ကောင်းကင်ပေါ်တက် မီးရှို့ကြတာပေါ
တိမ်ပြာမှုံလောက်တောင် အသုံးမ၀င်တော့တဲ့ ငါတို့က
ဘာကိုအသုံးဝင်ချင်နေကြတာလဲ
လင်ယူသားမွေးပြီး အောင်မြင်တယ်လို့
ကြွားလုံးထုတ်အုံးမလို့လား
မြုံနေတဲ့ နမတွေတော့ ပြုံးနေတော့မယ်
မီးလျှံအဖုံဖုံကို တုန်ရီနမ်းရှိုက်ပြီးမှ
ငါ့ဗဟိုစနေမှာ လောကကြီးအတွက်
ဘာတခုမှချန်နေစရာမလိုတော့ဘူး
လောကကြီးက
စိတ် ပျက် လက် ပျက် ထွေး ထုတ် လိုက် တဲ့ ကြယ်ကြွေ တွေပါ
လေထုနဲ့မတဲ့ လို့ မီးထတောက်တာ ဆန်းသလား
ဘာကိုမှခံစားမနေနဲ့
ယနေ့အထူးလျှော့ဈေး ၁၀၀ % ဒစ်စကောင့် (discount)
လေကောင်းလေသန့်တစ်ပိဿာ ၁၁၁၀ကျပ်။
အမည်မဲ့၊ nelay
ဖြစ်မှဖြစ်ရလေ
ငါတို့ငယ်ငယ်တုန်းက ရန်ဖြစ်သလို
သူက အခုမှ သူငယ်ပျံနေတယ်
ကြိတ်ရီနေရတာ Censor မတင်ရတဲ့
ကဗျာလို လွတ်လပ်တယ်
အနုပညာ ဆိုတာ Censor တင်မှ အစစ်တဲ့လား
ဒါဆိုလဲ ငါတို့ကဗျာ လုံခြည်မပါတာတွေကို လာမကြည့်နဲ့ပေါ့
ပြီးမှ ရင်ခုန်တယ် မျက်စိကျိမ်းတယ် လုပ်မနေနဲ့
လောကုတ္တရာလောကအတွက် အပ္ပမာဒ သတိတရားက
အရေးကြီးလွန်းလို့ ဆုံးသွားတာကြာပြီ
ငါပြောဖူးပါတယ် အကန်းမျိုးဆက်အလယ်
သူရဲကောင်းဝင်လုပ်ချင်တယ်ဆို ဘာတွေဆောင်ရမယ်ဆိုတာ
ကိုယ့်လက်ဖျံသွေးကိုယ်စမ်းကြည့်ပါအုံး
ချစ်တတ်ပြီ မုန်းတတ်ပြီ ဆိုကထဲက တဏှာနဲ့အတ္တကို
ဂွင်းလုံးကျွတ်လွတ်ဖူးလို့လား ဒါနဲ့များ
ဖြစ်သမျှအကြောင်းအကောင်းပေါ့တဲ့
ဖြစ်ရမယ်
ကံကောင်းခြင်းဆိုတာ အခုခေတ်ထီလို
ဒိုင်စားသွားတာများတယ်
ငါတော့ငယ်ငယ်က ၇၀၀ ဖိုးပေါက်ဖူးတယ်
ခင်ဗျားပေါက်ဖူးလို့လား
Domesitc violence ဆိုတာ ဘာပေတံလဲ
အပေါ်ယံသိယုံလောက်နဲ့ အထင်တွေလာပြောမနေနဲ့
ထင်တယ်ဆိုတာ ကိုယ့်ကိုယ်မသေချာတာပဲ
ငါကတော့စိတ်တွေကို ဟန်ဆောင်မျက်နှာဖုံးနဲ့မထားတတ်ဘူး
အဖြစ်တရားအတိုင်း အပျက်တရားကိုလက်ခံတယ်
မှော်ဝင်သွားတဲ့ ကံတရားက ငါ့လက်ထဲမှာ ရွံ့လုံးသက်သက်ပဲ
မျက်ရည်တွေမလိုတော့ဘူး တရားဟောသံနဲ့
စကားပြောသံ သဲသဲကွဲကွဲဖြစ်ဖို့ မလိုတော့ဘူး
ဒါပဲလေ လူပီသခြင်းရဲ့ မြက်တွေဆိုတာ
အုတ်ကြားမှာ ထိုးထိုးထောင်ထောင်နဲ့
အခုခေတ်မှာ သိပ်ကြည့်ကောင်းတာ
သိုဝှက်ထားတဲ့မျက်လုံးတွေနဲ့ ခင်ဗျားရင်ဘတ်ထဲကခင်ဗျား
မထွက်ရဲလောက်အောင် အပြုသဘောဆောင်တဲ့
ခင်ဗျားတို့ အဖေပြောတဲ့ သတင်းစာထဲက စကားလုံးတွေနဲ့
ခင်ဗျားဘ၀ကို Format ရိုက်ခံလိုက်ရပြီလား
ယဉ်ယဉ်လေးရူးနေသူက လူ့ယဉ်ကျေးမှုကိုမေ့ချင်ယောင်ဆောင်တဲ့အခါ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ
ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ
ကျုပ်ညီလေး ညီမလေးတွေ
ကျုပ် မိဘတွေ
ကျုပ် ဘိုးဘွားတွေ ရဲ့ ဂုတ်သွေးတွေ ...
အဲဒါတွေနဲ့ ခင်ဗျားပညာတတ်လာတော့
ခင်ဗျားမိသားစုကို ပြန်တိုက်နေတယ်ပေါ့
တစ်ဘ၀တာ ဘုရားဖြစ်မဲ့ ခင်ဗျားကို
ကျုပ်သန့်ရှင်းတဲ့ ချွေးနဲ့ရှာထားတဲ့
ရွှေရောင်သဲကြိုးလေးစွတ်ပေးပါရစေ ... ။
ဖြစ်မှဖြစ်ရလေ
အဲဒီ့ စောက်ရေးမပါတဲ့ စကားလုံးတွေကို
မသုံးနှုန်းလိုတော့ဘူး … ။
nelay
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
အရှေ့ လေတွေက အနီးကိုတိုက်ကြ
အစီအစဉ် မဆွဲခင် လက်ဖျံသွေးကြောပေါ်က ငှက်ဟာ
အညိုရောင် ဆံနွယ်တွေအောက်က
တောအုပ်ထဲမှာ သွေးဆာနေရတယ်
ကြောက်လန့်ခြင်းရဲ့ မဟူရာ ဓါးသွားပေါ်က
ငှက်မကလေးရေ ………
ခွဲခွာခြင်းရဲ့ ၀တ်ရုံတော်မှာ အနီရောင်ကျိန်စာ တစ်ပိုင်းက
လွှင့်ကျလာတဲ့ မျက်ရည်တိုင်းကို ဖန်ပုလင်းထဲ ပြုစုပျိုးထားတယ်
ယားယံခြင်းရဲ့ အတတ်ပညာဟာ
အလွမ်းလို့ခေါ်တဲ့ အိမ်ရှေ့ခန်းက
မသေဆုံးတဲ့ မင်းရဲ့ အသံအပိုင်းအစတွေပါပဲ
ပန်း အက်ကြောင်းကို တူးဖေါ်မိတဲ့
အဆိပ်သင့် ၀ိဥာဉ်အတွက်တော့
အင်္ဂါမစုံတဲ့ ဒုက္ခိတသက်တန့် ရှု့ခင်းကြီးပဲပေါ့ …
အိမ်ဆိုတဲ့ ရပ်ဝန်းမှာ ပြိုကျမိတဲ့
ငါ့လက်မောင်းထဲက မြစ်တစ်စင်းဟာ
ငါးတွေကိုသယ်လာတဲ့ အသူရာ ကျောရိုးကြီးဖြစ်တယ်
မျက်တောင်ခတ်တိုင်း ကစားဖူးတဲ့
သူရူးအလင်္ကာ တဖျပ်ဖျပ်ကို
အမှောင်စာကြည့်စားပွဲပေါ်မှာ ဖယောင်းစက်ချရက်တယ်နော်
အဖြေက အမေးကို ပြန်သတ်လိုက်တဲ့ ဒါး
အတိတ်ကိုကျဲပက်လိုက်တဲ့ မျှားတွေက
အကြောင်းမကြားပဲ ငါ့ကိုလာစိုက်ဖူးတယ်
ကဲ
ပန်းကို ကိုးကွယ်သူ လူရွှင်တော်က
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း
သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်
မြက်ပျိုတို့ရေ …
ငါ့ကိုမကြည့်ကြပါနဲ့ တရားလောင်ထားတဲ့အနာမှာ
ဖြေစရာ မရှိတဲ့ ကံတရားကိုကြိုးဆွဲချ
ငါ ခု ရပ်နေတဲ့ ကမ္ဘာအိုကြီး ပြိုလဲကျသွားတယ်
သက်ရှိထင်ရှားရှိစဉ်က ရင်ခုန်သံအစစ်တွေပါ
အခုအမှ အတုဖြစ်သွားတဲ့
မဟာမြိုင်က မြရာပင်အိုကြီးအောက်မှာ
ဆေးရုံမတင်လိုက်တဲ့ ၀ိဥာဉ်ကောင်
မိုးမသောက်ခင် လှဲကျင်းခံလိုက်ရတယ်
သိပ်ကြောက်နေလား ငှက်ကလေးရေ …….
ပျော်ရွှင်ခြင်းဆိုတာ နတ်ဘုရားလည်တိုင်က
သွေးရောင်သန်းနေတဲ့ ပိုးမွှားကလေးပါပဲ
အညတရ ပိုးကောင်နီ ရဲ့
လက်တွေ့မဆန်းလွန်းတဲ့ အိပ်မက်ကို
ပညာတတ်လူကြီးလူကောင်းတွေရဲ့
ရွှေရောင်ပကာသနလက်ဆောင်တွေကြား
ငါလက်ဖွဲ့ခဲ့ပါရစေ ……
ငါ့အမည်နာမကို မီးရှို့လိုက်တော့ ဘဲကလေးရေ
ဘ၀ဆက်တိုင်း မီးရှို့လိုက်တော့
သံသရာဆက်တိုင်း မီးရှို့လိုက်တော့
သစ်ရိပ်ပင်ကို နောက်ပစ်လှဲချလိုက်ယုံ
ငါတိှု့တွေ ဒါးဆွဲနှုတ်လို့
သွေးတွေ ခမ်းလိုက်ကြမယ်
ဘာမဟုတ်တဲ့ အနီရောင်လိပ်ပြာတစ်ကောင်ရဲ့
ဝလုံး ဥတွေကြား
ကြယ်ကြွေသတို့သမီးရဲ့ လက်ညိုးကလေးနဲ့
ကမ္ဘာခြား … ခြား ….ခြား….ခဲ့ပါပြီ …. ။
nelay
ငါ့အလွမ်းကတစ်ခါတစ်လေ ရုပ်ပျက်ဆင်းပျက်
သကြားလုံးတစ်ငုံစာလောက်
နင့်ကိုလွမ်းတာမဟုတ်ဘူး
အိပ်မက်တွေလည်း အခုဆို
ကာလာနဲ့မမက်ဖြစ်တာကြာပြီ
အရောင်ကျွတ်သွားတဲ့ ဥတုမှာ
နင်က..... တန်ဖိုးနည်း သိက္ခာကိုမှ
တံထွေးဆွတ်ပြီး ငါ့နဖူးပေါ်က ခွာချရက်တယ်
ထွီ..................................
ဒါက အခုခေတ်ရဲ့
ယဉ်ကျေးသော နှုတ်ဆက်သံ
နင်လက်မခံတဲ့ ဂုဏ်သရေရှိ ပန်းဝါတွေတော့မဟုတ်ဘူးပေါ့
အဲဒီပန်းဝါ၀ါတွေနောက် ငါမလိုက်ဘူး
နင်ကိုးကွယ်တဲ့အလင်းကမျက်စိမှုံတယ်
နင်ပြောတဲ့စကားလုံးတိုင်းက သုညကြွင်းစေတယ် ....
ငါ့အိတ်ကပ်ထဲက လိပ်ပြာအသေကလေး ထုတ်ပေးလိုက်ရင်
နင်နားလည်အောင်မပြောတတ်တဲ့
စက္ကူအစုတ်တွေက
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
ကျက်သရေရှိစွာနဲ့ ပိုက်ဆံဖြစ်မလာဘူး
အီဗော်လူးရှင်းသီအိုရီအရ
ပြောင်းပြန်လှန်တရားကနှလုံးသားယဉ်ကျေးမှုမှာ
ဒါရိုက်ထိမှန် ဓမ္မသတ်ကျမ်းအစောင်စောင်မှာ
ငါကျဆုံးခဲ့ပြီ
မာနအတွက်ဒုက္ခကိုဝယ်ခဲ့မိလို့
နတ်ဘုရားမျက်နှာပေါ်က မျက်ရည်ခံမှည့်ကလေးက ငါပေါ့
ငါ့ကို သောကြာနေ့မှာ မွေးခဲ့ရင်ကောင်းမှာ
ဟာ...... အလကား ကိုယ့်ကိုယ်ကို ယဉ်ကျေးမှုထင်ပြီး
ခေတ်တခုလုံးကို ပြာချပစ်ရအောင် အဲဒီ တရားကိုးပါးထဲက
ဘယ်တရားကရော အမှန်ဖြစ်လာမှာတဲ့လဲ
အမှားတွေဆိတ်သရေကို နွားစားသွားတဲ့ လပေါင်းများစွာကို
ငါက နေ၀င်ချိန်အဖြစ်ပြောင်းပေးခဲ့တဲ့ ကောင်ပါ
ငါပျော်တယ် ငါရီတယ် ငါငိုတယ်
ရီပါ.... ငိုပါ....ပျော်ပါ
အားပါးတရ ငို ရီ ပျော် ပါ
ငါ့ လိပ်ပြာကိုလာလာပြီး
လက်ယပ်ခေါ်မနေပါနဲ့တော့
ငါပြောချင်တဲ့စကားငါ့နားကပြန်ပြန်ကြားနေပြီ
ခဏခဏသွေးတိုးမစမ်းချင်စမ်းပါနဲ့
အပေါ်သွေးအောက်သွေးက ဘယ်တုန်းကမှမညီဘူး
ဆေးရုံပေါ်က မနက်ခင်းဟာ ညှီဖန့်ဖန့်တွေ တောက်လောင်လို့
ငါ့အစွယ်တွေ ငါ့အမြှီးတွေ နင်မွေးပေးခဲ့တဲ့ ကလေးတွေ
နင့်သွေးပြန်ကြောထဲက ငါ့သွေးတွေ
ဒီလောက်ထိ မြစ်တွေစီးဆင်းသံက
ညဘုရားကို မြည်ဟီးလိုက်တဲ့ စစ်ဦးကျိုးသံလား
မျိုးမမှန်တော့ကိုင်းကူးကိုင်းဆက်လုပ်စရာမလို
ဒီပုတ် ဒီပဲ နဲ့ ဒီစကား ဒီနား ဘယ်သွားသွား
စိတ်နဲ့ကိုယ်တစ်ခါမှမကပ်ဘူး
တစ်ခါတစ်လေ အနာပေါ်တုတ်ကျတာ အရသာရှိပ
Globalization ဆိုတာ
ဘာကိုပြောပါလိမ့်
ငါမသိတော့ဘူး
ငါသိတာတွေက
ငါ့ကိုပြန်မသိတော့ဘူး
အဆင့်အတန်းဆိုတဲ့ စကားလုံးရဲ့ ခေတ်ပေါ်အယူအဆဟာ
ငါ့သမ္မကျမ်းစာမှာ ထည့်သွင်းဖေါ်ပြခြင်းမရှိတဲ့
နင်အကြိုက်ဆုံး ဖွံ့ဖြိုးတိုးတက်မှုကြီးပေါ့
ထင်ကြေးနဲ့လျှောက်တဲ့ခရီး နီးသလားဝေးသလား
ဟန်ချက်ဆိုတာ အရိပ်တွေနဲ့ ပူးကပ်မနေဘူး
ငါ ဘာမှမသိသလို နင်ကိုယ်နင်လည်းဘာမှမသိ
အာရုံတွေမစားနဲ့လေ
နေ့မစေ့လည်း ကလေးမွေးကြတာပဲ။
သစ်ရိပ်ခိုမှ လုံခြုံတဲ့
နင့်အဖို့တော့ ငါစကားလုံး အရိပ်က
မလွတ်မြောက်နိုင်တာ ၀ဋ်တခုလို့ ချွဲပြပါအုံးလား
ထိုင်ရာကနေမထလိုက်နဲ့ကဝေပျို
နင့်ဝှက်ဖဲတွေထွက်ကျသွားရင်
နင်သိပ်အထင်ကြီးတဲ့ လူတွေ နင့်ကိုအထင်သေးကြလိမ့်မယ်
ငါ့လက်ထဲက ဂျိုကာက ကံတရားဖက်လှည့်ပြီး ငိုနေတယ်လေ
ဟင်း............
ဆွဲလိုက်တိုင်းအပွင့်ကမပေါ်တပေါ်
ငါ့ပီတိနင်ပြန်စားဦးမယ်
ထွီ..........................
နွားအိုရင်မြက်နုကြိုက်သတဲ့ လား
ကြောင်ခံတွင်း ပျက်တော့ သနပ်ခါးမလိမ်းဘူး
နေ့တစ်ထပ်ညတစ်ထပ်နဲ့တစ်နေ့နှစ်နပ်ပေါင်းစားရင်း
ငါတို့ဦးနှောက်တွေခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီ
ငါတို့ရဲ့ နာကျဉ်းစရာများနဲ့ မြင့်တက်လာတဲ့
တံတိုင်းတွေကို မျိုးမအောင်တော့တဲ့ ဥတုအိုပေါ်မှာ
အတိတ်အဖြစ် အဆိပ်တွေကျဲပက်ပြီး ချိတ်ဆွဲထားလိုက်ပြီ
ရောင်းဈေးက အပျက်မရဲ့ ရင်နွေးငွေ့လို
ဖွယ်တယ်တယ် အပြုံးနဲ့
တစ်ခါသုံးတွေနဲ့ လေလံပစ်ထားတယ်
တစ်ခါသုံး တစ်ခါသုံးဆိုပြီး
ငါ့အဘိဓာန် လာလာမလှန်နဲ့
အက္ခရာ သရ လည်းတစ်ခါမှမကွဲပြား
ကံ၊ကတ္တားအနေအထားမမှန်တာကြာပေါ့
ကမ်းနဲ့ဝေးရင်လမ်းဖြတ်ကူးစရာမလိုတော့ဘူးဆိုမှတော့
အဆင်ပြေတဲ့တစ်နေ့ နောက်တစ်ခေါက် ပြန်လာမယ်
သွေးနည်းတဲ့ ရပ်ဝန်းမှာ ခေတ္တခဏ ကျောက်ချရပ်နားရင်း ။ ။
အမည်မဲ့ , nelay
Thursday, July 1, 2010
ဝင်ချင်တိုင်းဝင်
ကြ
ထွက်ချင်တိုင်းထွက်
ကြ
ယဉ်ချင်တိုင်းယဉ်
ကြ
ရိုင်းချင်တိုင်းရိုင်း
ကြ
စိတ်ချင်တိုင်းစိတ်
ကြ
ပြုံးချင်တိုင်းပြုံး
ကြ
မုန်းချင်တိုင်းမုန်း
ကြ
ဖြစ်ချင်တိုင်းဖြစ်
ကြ
ဆာချင်တိုင်းဆာ
ကြ
သာချင်တိုင်းသာ
ကြ
ပေါင်းချင်တိုင်းပေါင်း
ကြ
ညာချင်တိုင်းညာ
ကြ
စားချင်တိုင်းစား
ကြ
သတ်ချင်တိုင်းသတ်
ကြ
သေချင်တိုင်းသေ
ကြ
nelay
ဟင်လင်းပြင် အရွေ့ပြောင်းခြင်း မူလ -နေနှင်းစက်- nelay
တိမ်ပေါ်ပစ်တင်လိုက်တဲ့ မျှော်လင့်ချက်တွေ ပေါ့
အခန်းဆက် ရုန်းထွက်လာတဲ့ ပင်လယ်ကမ်းစပ်မှာ
ငါ့ကိုငါ မြင်လိုက် ၀ါးလိုက် ဒီလိုနဲ့
နောက်တော့
အနီရေ ..
ကျနော့ လက်တစ်ဖက် ရေစုံမြုပ်နေတုန်းပဲ
ရေစက်တွေပဲပြန်ကျလာတာ
ဗလာကျင်းတဲ့ မလုံခြုံမှုနဲ့
တိမ်နံရံတွေက ဟားတိုက်ရယ်တယ်
ဘုရားလည်း မဖူးဘူး လိပ်ဥလည်း မတူးဘူး
ဒါလည်းဘဲ ညည ဆို
ကျွန်တော် လေသိပ်ငတ်တယ် ....
ဒီလထဲက တစ်ရက်ရက်
ငါ့နေ့စွဲအဟောင်းရော အသစ်ရော
ဖိနပ်ချွတ်ပြီး သစ်ရွက်နောက်က အသံတွေကိုစောင့်နေတယ်
နောက်ထပ် ... နောက် တစ်ခါ ထပ် ပြီး ...
အနှီရေ ... ဒီည နောက် တစ်ည ...
ညတွေ ညတွေ ပြီးရင် ..
စကားလုံး ပျောက်လို့ စကားလုံးနဲ့ ကောက်
ဒီခရီး ရောက်ပါ့မလား ..
ပြီဆုံးခြင်းကို မပြီးဆုံးသေးတဲ့အကြောင်း
ဗလာအပွင့်တွေထဲ လိပ်ပြာထွက်ခွင့်နဲ့
အသက်အရှည်ကြီး ... မက်ခွင့်ပေးထားတယ်
ရေသောက်မြစ်ပေါ်
နောက်တစ်ခေါက် ရောက်သည်အထိ ..
ကျွန်တော်တို့ လမ်းထူထူဖောက်ကြမယ် ...
-နေနှင်းစက်- nelay
Wednesday, June 30, 2010
စိတ်ကူးတည့်ရာ အမှန်တရား July 1, 2009 at 12:41 pm
July 1, 2009 at 12:41 pm
ခုံပေါ်မှာ မှောက်နေတဲ့နာရီတလုံးက
သူ့အသက်ကိုသူပင်ပင်ပန်းပန်းရှုထုတ်
အချိန်ကာလကိုထမ်းထားရတဲ့ ခုံက
ခြေလေးဖက်ကိုတုန်ရီအောင်တင်းတင်းရပ်
မျက်နှာကျက်ဆိုတာဘယ်တုန်းကမှအကာအရံမရှိ
မင်းတို့တိတ်တိတ်နေစမ်းပါကြယ်တို့ရယ်
ငါ့ဘဲလေး အိပ်မောကျနေတယ် ....
အိမ်ကြီးရဲ့ကြမ်းပြင်ဟာစိတ်ရှုပ်လာတယ်
လေးချောင်းထောက်ဖိစီးမှုတွေမွန်းကြပ်
လေဟာနယ်ထဲမှာမြေကမ္ဘာကျယ်သလောက်
အတ္တဟာဝင်ဆန့်နိုင်လွန်းတဲ့ပေါ့ပေါ့ပါးပါး
မြတ်နိုးမှုတို့ရယ် .. စမ်းရေကိုခပ်သောက်ပေမဲ့
ချစ်သူကို အရင်တိုက်မိတာ အမောပြေစေဖို့ပါ ..
အခုတော့လဲ ကိုယ်ခံအားမကောင်းတဲ့ငါတို့မြို့လေး
ပိုးဝင်မှာစိုးလို့ မျက်နှာဖုံးတွေစိတ်ပါလက်ပါစွတ်နေရတယ်
လက်ငါးချောင်းတော့ ခုံပေါ်မှာပြတ်လျှက်သေ
နာရီတလုံးပိသွားတဲ့ ခေတ်လွန်လက်ချောင်းတွေ ..
ငါတခါပြောဖူးပါတယ် ...
အရောင်စိုးဖို့ကြိုးစားနေတဲ့ နတ်ဆိုးတွေ
ဟောဟိုအနောက်တောင်မှာ ခြေသံလုံအောင်မလျှောက်တတ်ဘူးလို့
နံရံမှာကိုယ့်ဓါတ်ပုံကိုယ်ချိတ်ယုံနဲ့ကြည်ညိုမယ်ဆို
နံရံဟိုဖက်မှာတော့စံသတ်မှတ်ချက်မရှိလောက်ဘူး ...
မှောင်ရီပျိုးဖျဖျမှာ ...
မြွေမျိုခံလိုက်ရတဲ့ဖားတကောင်အဖို့
သူအသက်ရှင်ခဲ့တာ မိုးခေါ်ယုံသက်သက်လား ...
စမ်းရေထဲမှာ အဆိပ်ပါမှတော့
ငါပွေ့ဖက်ပြီးမငိုတော့ပါဘူး
ငါလက်ခုပ်ထဲရေကိုဆယ် ...
ငါသောက်လိုက်ပါတော့မယ် .... ။
nelay
Thursday, June 24, 2010
တစ်ခုတည်းသော အကြောင်းပြချက်
ဟင်နရီ … နာရီတွေမြည်နေသေးတယ်
ငါ့ကိုတရားချနေတာလား
လက်ညှိုးကလေးကို နမ်းခွင့်ပြုပါ
သွေးကြောတွေ အစိမ်းရောင်သန်းနေတုန်းပါပဲ …
အဆိပ်ခွက်ထဲမှာ အနာဂတ်တွေရှိတယ်
ငါ့ကိုမော့သောက်လိုက်စမ်းပါ
ဟင်နရီ … နင်မမြင်ဖူးတဲ့လူတစ်ယောက်
သဲကြိုးအနီရောင်ကလေးစီးလို့ လျှောက်လာတယ် …
ဦးခေါင်းထဲက လှောင်အိမ်တွေလင်းနေသေးတယ်
ငါ့ကိုခြစ်လိုက်စမ်းပါ … ဟင်နရီ
အဲ့ဒီ့ အမှားနှစ်ကြောင်းအလည်မှာ
စိုက်ပျိုးခဲ့တဲ့ သစ်ပင် ... အဆိပ်ပင်တဲ့
ဟင်နရီ … သစ်အိုပင်အသက်ရှုသံကြားလား
အစီအစဉ်တခုခုကြောင့်လေ
ကိုယ့်လိပ်ပြာကိုယ်မပိုင်သော သံစဉ်တခုက
အနှေးပြကွက်နဲ့ကြွေကြဖူးတယ် …
နှလုံးသားကိုထိုးတဲ့ ဓါးတစ်လက်ပါပဲ
ဟင်နရီ … ဖုန်းခေါ်သံကြားမှာ
တခြားရွေးချယ်မှုတွေ အများကြီးရှိတယ်
ငါအချိန်မီ ရောက်နိုင်ပါ့မလား …
ဘာအစီအစဉ်လဲ …
ကြယ်တစ်ပွင့် တောက်ပခြင်းကို
လောကကြီးထဲ ထာဝရအိပ်စက်ဖို့
နောက်ဆုံး … ပွေ့ဖက်လိုက်ပါ
ဟင်နရီ … အနမ်းတွေ ပြတိုက်ထဲမှာ
အို … ကျ … ။
လူတွေကိုမလေးစားတော့ဘူး
ဟင်နရီ … အနုပညာနဲ့ဂီတကို
နာရီသံအစားထိုးထုတ်လဲ
ကိုယ်ပိုင် ဥပဒေသတခုနဲ့
ကြီးမြတ်ခြင်းတွေနီမြန်းနေပြီပေါ့
ဟင်နရီ … အချိန်မရှိတော့ဘူး
ငါ့ကိုအကြောက်တရားတွေဟောစမ်းပါ
ဖြတ်မျဉ်းဆုံမှတ်အလယ်က သစ်အိုပင် …
အဖူးတွေထက် … အသီးတွေက ပုတ်လွယ်တယ် ။
nelay
စာအုပ်အသစ်
ငါဘယ်လို ကူးခတ်လိုက်ရ
သွေးပြန်ကျောထဲက အိပ်မက်များ
မင်းတစ်ကိုယ်လုံးမှာ ငါစီးဆင်းလို့
အဆိပ်အတောက် အိပ်မက်တွေ ဒိုက်ဖြစ်ရတယ်
အပြစ်ရှိသူ လူတစ်ယောက်ရဲ့ လမင်းကြိုးတင်ပွဲမှာ
ကြယ်အပေါင်းက အမှောင်ကို ဗဟိုပြုလို့ကြွေကျ
အခန်းဟောင်းထဲက စူးရှရှအော်သံတွေ
တိတ်ဆိတ်ခြင်းကို ဖြိုခွဲလို့
မင်းနောက်လိုက်လာကြတယ်
အေးချမ်းတဲ့ မြို့စွန်ဘေးက ဆံခြည်ထုံးတွေ
ပြေလျှော့သွားတဲ့ မာယာအိုကို အတ္တမီးတစ်စနဲ့
တငွေ့ငွေ့ကျွမ်းလောင်
မင်းသိမ်းပိုက်လိုက်တဲ့ နှလုံးသားကောက်ရိုးပုံလေး
လောင်သွားပြီ
မြို့အိုကလေးရဲ့ အဓိကထုတ်ကုန်မှာ
အမျိုးသား အမျိုးသမီး
နှလုံးရည် ၁၂ ကျော်သွားတဲ့ လူသတ်သမား
ကဗျာ
သွေးသားဖောက်ပြန်ခြင်းနဲ့ ရွာဦးကျောင်းက
အုန်းမောင်းသံဟာ နောက်ပြန်လည်သွားတဲ့အခါ
လင်းကြက်တွေလဲ ညနက်နက်မှာ ပြောင်းပြန်တွန် ကြတယ်
ခေတ်အဆက်ဆက်က အယူလွဲနဲ့
ရွှေသမင်တွေ ခြေင်္သေ့ကို ပြန်အူကြတဲ့အခါ
သူငယ်ချင်း မင်္ဂလာပွဲမှာ
မင်းတုန်းမင်းရဲ့ ပတ္တာလက်ဖွဲ့ပေးခဲ့တယ်
ဧရာဝတီကို ခေါ်ပါ ဧရာဝတီလိုကြားပါ
ငါမရောက်ဖူးတဲ့အရပ်မှာ မင်းဖုံးခဲ့တဲ့ မစင် သဲပြိုကျ
ဧရာဝတီကို ခေါ်ပါ ဧရာဝတီလိုကြားပါ
ကောင်းခြင်းမကောင်းခြင်း ဝေါဟာရကို အထူးပြုဖို့
နှစ်ကာလတစ်ခု လိုလာမယ်ဆိုရင်
အောက်ပါအချက်အလက်များမှာ
သက်သေအပြည့်အ၀နဲ့ အတိတ်တွေ
လေထုထဲမှာ ပုတ်သိုးသိုး
အရွယ်လွန်ချောင်းဟန့်သံနဲ့ ခင်းဗျားအကြံကို ခွေးတောင်မလန့်ဘူး
အကန်းမျိုးဆက်ရဲ့ အလယ် သူရဲကောင်းလုပ်ချင်တယ်ဆိုလဲ
အသက်အာမခံနဲ့ ခင်းဗျား နာမ် ကို ဆေးခဲ့ကြောခဲ့
နှလုံးခုန်သံကြားလို့ ဒါးတွေဝင်စိုက်လာရင် ပြုံးတတ်ဖို့ မှန်တစ်ချပ်ယူခဲ့
စွတ်ကျယ်ဝတ်ထားတဲ့ စကားလုံးများကို သဲခေတ်မှာ မျက်ရည်ကျပြလို့ အရာမထင်ဘူး
ခင်ဗျားကံကောင်းတယ်မှတ်ပါ။
သံလွင်မြစ်နားက ကွန်ဖြူးရှပ်မဟုတ်ဘူး
သခင်သေရင် ကျွန်လိုက်သေ တဲ့ ခေတ်မဟုတ်တော့
ခင်ဗျားကံကောင်းတယ်မှတ်ပါ။
ထိုအကြောင်းအရာများမှာ အဟောင်းဖြစ်ကြောင်း
စာအုပ်အသစ်မှာ ထုတ်မှတ်ဖို့
တယောအိုကို မီးတစ်စနဲ့ သေခြင်းရတုကိုဖွင့် …. ။
nelay
အပြောအဆိုများ ဆိုင်းဘုတ်
ငါပဲ ငရမကန်းဖြစ်လိုက် အံ့ကျော်ဖြစ်လိုက် ယုန်ဆိုးဖြစ်လိုက်နဲ့
ထမင်းဆီဆမ်းရွှေလင်ဗန်းလည်းဒေါသတကြီးထထရီတယ်
ဟားဟားဟား လို့တော့မမြည်ဘူး
သူ့ဟာသူနေတဲ့လောကကြီး
အထင်သေးမှာစိုးလို့တဲ့
အားလုံးရှင်းပစ်လိုက်မယ်ဆိုပြန်တော့လည်း
နေဖို့ထိုင်ဖို့ ဂွ ကျပြန်ရော
လူပီသလာလေ အသက်ရှုဖို့ဝန်လေးလာလေပဲ
လေသဘာဝကို ရင်ထဲရှိုက်တတ်လာတော့
ဝိဥာဉ်က အနားမကပ်တော့ဘူးပေါ့
ဟာသပဲနော်
တစ်ကိုယ်တော်မှောက်မှားကြတာတဲ့
မန်မိုရီတွေတစ်ဆောင်းပြီးတစ်ဆောင်းသစ်ကုန်ပြီ
မနေ့ကဖုံးဆက်တဲ့အချိန်မှာ
နင့်အသံက လေလှိုင်းထဲ ပါမလာဘူး
အရိုင်းဆန်လိုက်ပုံများ
လူကြီးမင်းဆိုတဲ့ ငနာကြီးက ထထအော်တယ်
ဟားဟားဟား
သစ်ပင်ကို ဓါတ်ကြိုးသွယ်ပြီ
ငါတို့သံယောဇဉ်တွေ လှိုင်းလတ်မီတာ
ဘယ်လောက် ဘယ်လောက်နဲ့ ဝေးးး ခဲ့ ....
ငါဖုန်းမဆက်ရဲဘူး ...
အသံလှိုင်းကလေးပျော်နေရင် ...
ဖုန်းကြိုးတွေတုန်ရီငိုရှမှာစိုးလို့
မတူညီတဲ့ညီမျှခြင်းက အဆင့်တွေ တစ်ဆင့်ပြီး တစ်ဆင့်တက်
ဒီလိုနဲ့လှလှပပကြီးလမ်းခွဲကြလေသတည်းပေါ့
တစ်ကယ်တော့ အသုံးမကျဘူးဆိုတာ
ကန့်လန့်ဖြတ်ဆွဲချလိုက်တဲ့ ဖြတ်မျဉ်းနှစ်ကြောင်းလား
ဖယောင်းစက်တောင် အချမခံဘူး
အရေပြားတွေကအစ အမြစ်တွယ်ထားလို့
လမ်းဆုံလမ်းဂွမှာ အလင်းပြောက်အောင်
မုန်တိုင်းတွေနဲ့ ၀င်ဝင်ဆောင့်တယ်
ရင်ဘတ်ကိုဖြေဖြေပျိုးဆက်ပါ
ခံစားချက်ဆိုတာ ရခဲတဲ့ အနာ စုဗူးလေး
ဒီဝါကျတစ်ကြောင်းကိုပဲဒုက္ခနဲ့လွယ်ပြီး
အဓိပ္ပာယ်ရှိရှိမွေးဖွားကြမယ်
ဘာမှလည်းမတွေးနဲ့ဘာမှလည်းမစဉ်းစားနဲ့
တစ်ခါတစ်ခါ
ပစ်မှတ်ဆိုတာလားရာနဲ့
ဆန့်ကျင်ဘက်သွားတတ်တယ်
ငါ့ကိုယ့်ငါထွေးပိုက် ငါငေးနေလိုက်တယ်
ငါထွက်သွားတဲ့ ရည်ရွယ်ရာ
ငါ့မျက်နှာမူရာမှာ ငါ့ကျောတွေ သေး သေး ... သေး .. သေ .. ။
တဖြည်းဖြည်းနဲ့ ငါတို့နှစ်ယောက်လည်း ဝေး.....ဝေး ....ဝေး........ဝေ ။
အပျော်တစ်ခြမ်း စိတ်ညစ်မှုတစ်ဝက်က
ငါ့ကိုယ်ပေါ် တစ်က္ကန့်ခြားတစ်ကြိမ်ပြုတ်ကျ
လက်သီးကို ကျစ်နိုင်သထက်ကျစ်ကျစ်လေးစုပြီး
ရှေးဟောင်းနှောင်းဖြစ်အကြောင်း
သတိပေးဆိုင်ဘုတ် ထောင်မယ်**
လေသံမထွက်ပဲ မိုးဘယ်နှစ်ခါလင်းခဲ့ရ ... ။
အမည်မဲ့ , nelay
အမှားဖြစ်သွားတဲ့ အမှန်တရား
ဘုရားဒကာနားနေတော့ တရားသံပေါက် နေ
လူရမ်းကားနားနေတော့ လူကားသံပေါက် နေ
သစ်ပင်နားနေတော့ အောက်ဆီဂျင်သံပေါက် နေ
လူတွေနားနေတော့ ကာဗွန်သံပေါက် နေ
ခင်ဗျားကိုယ်နား ခင်ဗျားနေတော့ ဘာသံပေါက်နေခဲ့လဲ
ချွေးစော်နံတယ်။ လျှာစော်နံတယ်။ မှန်မကြည့်ဘူးလား
ခင်ဗျားစိတ်နဲ့ခင်ဗျား ရေဖြစ်လိုက် လေဖြစ်လိုက်
တိုက်စားလို့ဝသွားပြီလား ငါ့ကမ်းတွေပြိုပေးထားမယ်
အမှိုက်တွေလဲပစ်ပါ မျက်နှာတွေလဲသစ်ပါ
...............------- သေ -------..................
....-----------------.......-----------------.....
(ဘ)............................................(၀)
--------------------------------------------
လျှာတွေဘယ်ဖက်ပါနေလဲ။လျှာမထွက်ဘူး။
--------------------------------------------
(အေး) ………………………………… (ငြိမ်း)
....---------------…….---------------…….
…………..------- (စိတ်) -------……………
ဂိုဏ်းခွဲထားတဲ့ ခင်ဗျားတို့တရားထဲကထွက်
ငါ့တရားငါပိုက်ပြီ ဟင်လင်းပြင်မှာအောက်ခြေလွတ်
ဟိုးရှေးရှေးတုန်းက
ငါက သူတော်ကောင်းကြီး
ပုံပြင်ထဲကထွက်လာတော့
ခင်ဗျားက သူတော်ကောင်းကြီး
ငါ့ကို ရေစက်ချအမျှဝေ
နောက်ဝေလာမဲ့ အပွင့်တွေကို
လေဘာသာနဲ့ ခင်ဗျားကပြော
ငါပဲ ငရမကန်းဖြစ်လိုက်
အံ့ကျော်ဖြစ်လိုက်
ယုန်ဆိုးဖြစ်လိုက်
မုသားဝါဒလှလှကို အဖုံးချုပ်ပြီး
ပုံပြောကောင်းတဲ့ ခင်ဗျားကြီးက
ကိုယ်ချင်းစာဖို့လဲ နောက်ဖုံးမှာ
လက်ရေးတိုရေးတတ်သေးတယ်
ငါ့အတောင်တွေရုန်းထနေပြီ
မျက်နှာကျက်ကနှိမ့်လွန်းတယ်
ဖြူရာကနေ မဲ
မဲရာကနေ ဖြူ
ငါက တစ်ခါသုံးစက္ကူဆိုရင်
ခင်ဗျားက အိမ်သာသုံးစက္ကူ
ကံတရားဆိုတာ
ခင်ဗျားပြောသလိုမဟုတ်ဘူး
ဒီကောင်က လက်တွန်းလှဲပေါ်ထိုင်နေတာ
ငါတွန်းမှရွေ့မဲ့ကောင်
ခင်းဗျားနောင်တရလို့မော့ကြည့်တော့
အဆိပ်ပင်က ဒါးတွေပွင့်နေပြီ
အကောင်းဆုံးအကြံတခုပေးရရင်
ပုတီးကိုလည်မှာဆွဲ
နှင်းဆီကိုသရော်ကင်မွန်းနဲ့လျှော်ပြီး
။ စောင့်နေ ။
အမှားဖြစ်သွားတဲ့ အမှန်တရားတွေ
အမှန်ဖြစ်သွား အမှားတရားတွေ
ရေချိုးမလို့
။ စောင့်နေ ။
nelay
အခွံလွတ်ဈေး
ကျေးဇူးတရား
သွေးသားဆန္ဒ
ရောင်းဝယ်
ဖောက်ကားကြ ။
nelay
အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)
သိပ်မကွာဘူး ဟိုတပုဒ်နဲ့
မင်းက ဟိုမှာဆို နံပါတ်တစ်
ဒီမှာတော့ မင်းအတွက် နံပါတ်မရှိဘူး
ဒီမှာက နူးနေတဲ့လူမှမရှိတာ
အားလုံးလူချောတွေကြီးပဲ
ဘုရားကလိမ်တာမကြိုက်ဘူးတဲ့
ဘယ် က၀ိ က
မုသားမပါလင်္ကာမချောကို အယုံသွင်းခဲ့
အခုတော့ လင်္ကာကျူးသူတွေက တရားကိုဖျက်ကြ
ဒီမှာက အားလုံး ဒဲ့ပြောတဲ့ လူတွေကြီးပဲ
မျက်နှာဖုံးတွေကြိုက်ရင် ပွဲဈေးတန်းသွား
စပိုက်ဒါမန်းလား ဘတ်မန်းလား ပါဝါရိုန်းဂျားလား
တစ်ခုခုကောက်စွတ်လိုက်
ဒါနဲ့ ဗန္ဓုလဦးထုတ်တော့ ၀တ်မလာနဲ့ ခေါင်းဖြတ်ခံရမယ်
ဒီမှာက ဘယ်သူမှ ဦးထုတ်မဆောင်းဘူး
အားလုံး ဦးခေါင်းပါတဲ့ လူတွေကြီးပဲ
တစ်ခုတော့ရှိတယ်
တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရတယ်
ဟိုမှာက တစ်ခုလိုချင်ရင် အကုန်ပေးရတယ် နှမျောနေလို့မရဘူး
ဒီမှာတော့ တစ်ခုလိုချင်ရင်တောင် အကုန်ပေးလဲ ဘာတစ်ခုမှပြန်မရဘူး
အယူသမားတွေပဲရှိတယ်
အယူသီးတာတော့မဟုတ်ဘူး
နတ်ကြီးတယ်တဲ့
ဒီမှာက ကြပ်တဲ့နတ်တွေများတယ်
အင်းဒါဆိုလဲ
မင်းဟိုမှာပဲနေပါတော့
ဒီမှာကိုလဲ ဒီမှာအတိုင်းပဲထား
ဒီကိုမလာချင်ပါနဲ့တော့လေ … ။
nelay
ကိုလာ
ပြင်းရှရှနဲ့
အမောပြေတယ်
မောင်
nelay
အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)
ဝါး
ကလေးငိုတယ်
စစ်ဖြစ်တယ်
nelay
အာရုံငါးပါးအပြင်ဘက်က
ကဗျာဆရာများမှာသာရှိတဲ့ ဆဋ္ဌမအာရုံကိုအားပြုပြီးရေးဖွဲ့ထားပါတယ်
(နာမ်စာအုပ် သစ္စာနီအမှာစာမှ)
ဈာပနပို့သူများ
ပုလင်းထဲမှာ မရှိတော့ဘူး
ငါ့ကို နည်းနည်း ဟောဒီ့လောက်ကလေး
နည်းနည်းပေးပါ။
ပုလင်းထဲမှာ မရှိတော့ဘူး
အေး …
ငါ့ကိုယ်ထဲမှာလဲ အသဲမရှိတော့ဘူး
ပုလင်းထဲမှာ မရှိမှတော့ ဗိုက်ထဲရောက်သွားလို့ပေါ့ကွာ
ဆေးရုံသွားရအောင်
မသွားချင်ဘူး
ငါ့ကိုနည်းနည်း ဟောဒီ့လောက်ကလေး
နည်းနည်းပေးပါ။
ဆေးရုံသွားရင် ဒီလောက်ကလေး နှစ်ခါတိုက်မယ်လေ
စက္ကန့်သံတွေမကြားချင်ဘူး ငါ့လက်တွေတုန်နေလို့ပါ
ဆေးရုံသွားရအောင်
သနားလို့အိမ်မှာထားတာနော်
ဆေးရုံသွားရအောင် ကျန်းမာလာရင်ဒီ့ထက်ပိုသောက်နိုင်တာပေါ့
ဆေးရုံသွားတော့ရော င့ါအသဲက ဟော့ဒီ့လောက်ကလေးပြန်ပြည့်မလာဘူး
ငါမကျန်းမာချင်ဘူး ပိုက်ဆံကုန်ပါတယ်ကွာ ….
ငါ့ကို နည်းနည်းဟောဒီ့လောက်ကလေး နည်းနည်းပေးရင်
ဆေးရုံသွားတာလောက် မကုန်ပါဘူးကွာ …
ဖယောင်းတိုင်းတွေ မီးမတောက်တော့
သူငယ်ချင်းမင်းမျက်နှာက မီးပျက်နေတယ်
ငါတို့ငယ်ငယ်တုန်းကလို အိမ်ဆောက်တိုင်းဆော့ကြမယ်လေ
အိမ်မှာမနေပါနဲ့ကွာ
ဒီအရွယ်က ဈာပနပို့ရမဲ့အရွယ်မဟုတ်ဘူး
ငါ့ကိုနည်းနည်းပေးကြပါ …
ရေဝေဖြစ်ဖြစ် ထိန်ပင်ဖြစ်ဖြစ်
ငါ့ကိုပိုက်နဲ့သွယ်ပြီးတိုက်မယ်ဆိုလို့
ဆေးခန်းလိုက်လာတာလေ
ဆရာဝန်ကလက်ခါပြတယ် တိုက်လိုက်ပါတော့ကွာ
စိတ်ချမ်းသာ အောင်သာထား
အဲဒီ့စကား အခွန်းတိုင်းကို
တစ်လုံးချင်းစီ အနှေးပြကွက်နဲ့ ခဏ … ရပ် … ထား ….
စိတ်………………….. ချမ်း ……………….. သာ ……………….. အောင် ………… ထား ……….
ဟူးးးးးးးးးးးးးးး
ငါ့ကိုနည်းနည်း ဟောဒီ့လောက်ကလေး
ဘ၀ထဲမှာ အခုချိန်ထိလိုက်ရှာခဲ့တဲ့ စိတ်ချမ်းသာမှုနည်းနည်းပေးတိုက်ပါ
အသဲမရှိတဲ့ ခန္ဓာကြီးက ပွလာပြီ လူအမြင်မှာ ဗိုက်ကြီးလာတာပေါ့လေ
ရှစ်ပတ်တပြားလား လေးရာတန်ဇေလား
တစ်စိတ်ပဲ ကျန်တဲ့ အသဲကို ၀ိုင်းပက်ကြ
ဝိုင်းပက်ကြ … ၀ိုင်းပက်ကြ
အန်တီကတော့ စိတ်ညစ်တာကို ပါးစပ်ကပဲ ရွတ်တတ်တယ်
ရေသုံးဆရောပြီး အိပ်သွားရင်တောင် ဗိုက်ကြီးကပိန်လိုက်ဖောင်းလိုက်
တရုတ်တွေလို ကိုရီးယားတွေလိုဝတ်စုံပြည့်နဲ့လိုက်မပို့နိုင်ပါဘူး
အရွယ်ကောင်းတုန်းက ပုံလေး ပုံကြီးချဲ့ခိုင်းထားတယ်
အထည်ကြီးပျက်တွေမဟုတ်လား
ဒီခေတ်မှာ အထည်ကြီးပျက်တွေများလာတယ်
ကြာလာတော့ အပျက်ထည်ကြီးတွေဖြစ်လို့
နေအုံး
ကြက်ဥသုံးလုံးလောက်သွားကြော်လိုက်အုံးမယ်
ဟေ့ …. ကြက်သွန်မထည့်ဘူး
ငါကမင်းတို့ထက်အသက်အများကြီး ကြီးတယ်ကွ
ငါ့ကိုနည်းနည်း ဟော့ဒီ့လောက်ကလေး
နည်းနည်းပေးပါ။
nelay
ကျုပ် အရိပ်ခန်း
(သူ)ကပြေးလာပြီး (ငါ့)အနားတီးတိုးပြောသွားတယ်။ ဘာသာစကား မိုးလောက်ကြီးနဲ့။ (လူ)ကိုလိမ်ယူနည်း(လူ)။ (ဘ၀)ကိုသံပတ်ပေးနည်း(ဘ၀)။ (ကောင်း)ချင်ယောင်ဆောင်နည်း(ကောင်း)။ ပလေကပ်ဝတ်နည်းနဲ့ တရားအစမ်းထိုင်နည်း(ကပ်တရား)။
ဒါနဲ့ငါပြောမယ်။ ပန်းသီးမဟုတ်တာတော့ သေချာတယ်။ စာရေးရမယ်လေ။ သူပြန်မတွေးချင်ဘူး။ အရာအားလုံးက ငါ့ကိုလိမ်နေတယ်လို့ ယုံကြည်ဖို့ပဲ။ နောက်ပြီး ဘာမှမပြောင်းလဲဘူး။ ဟုတ်ပါတယ် သူအလုပ်ပြောင်းလာတာ။ အချိန်ကိုကုစားဖို့လား အချိန်က ငါ့ကို ကုစားဖို့လား။ သူမယုံဘူး။ ၆နှစ်ကျော်သွားပြီ။ ပိတောက်ပန်းတွေ အချိန်မှန်မှန်ပွင့်ကြတာမဟုတ်ဘူး။ ငုံနေတဲ့နှစ်တွေလဲရှိမှာပဲ။ သူကော်ဖီတစ်ခွက်ထားတယ်။ ငါသေချာကြည့်နေပါတယ်။ စက္ကန့်တံကလေး ချပ်ချပ်ချပ် ရွေ့သွားတိုင်း။ ကော်ဖီခွက်ထဲမှာ ဗဟိုပြိုအားနဲ့ စက်ဝိုင်းငယ်ကလေး လှုပ်ခတ်သွားတယ်။ သူအသံတွေမကြားချင်ဘူး။ ပြီးတော့ ငါအိပ်မက်မမက်ချင်ဘူး။ ဘာလို့ဆို အိပ်မက်တွေကုန်သွားမှာ နှမျောလို့။ စိတ်တွေဖြုန်းတီးနေတာမကောင်းဘူး လို့ ခွဲခြားသိတတ်ရင်ပဲ တော်လောက်ပါပြီ။ ငါကမယုံဘူး။ သူကမဟုတ်ဘူး။ နေပါအုံး ဘာလို့ နားလည်ချင်နေရတာလဲ။
အခန်းတိုင်းက ဘာမှမပြောင်းလဲဘူး။ နာရီရှိချင်ရှိမယ်။ ထိုင်ခုန်ရှိချင်ရှိမယ်။ ပြတင်းပေါက်ရှိချင်ရှိမယ်။ ပေတံရှိချင်ရှိမယ်။ ပန်းချီကားရှိချင်ရှိမယ်။ သီချင်းသံရှိချင်ရှိမယ်။ ပန်းအိုးအခြောက်ကလေးရှိချင်ရှိမယ်။ ကွန်ပြူတာရှိချင်ရှိမယ်။ အနုပညာရှိချင်ရှိမယ်။ သေချာတာက ၀င်ပေါက်အရှင်တစ်ခုရှိနေတယ်။ သူ့ကိုယ်သူပဲနားလည်အောင်အရင်လုပ်ပါအုံး။ ငါ့အကြောင်း ပုရပိုက်ကိုးခုထုတ်ထားတယ်။ ဖတ်ကြည့်ချင်တယ်ဆို ကြမ်းပြင်မှာ ချထားပါတယ်။ဘာတခုမှမပြောင်းလဲဘူး။
ပြောင်းလဲနေတာတွေလဲ မပြောင်းလဲဘူး။ ပြောင်းလဲနေတာတခုပဲရှိတယ် သူ့လက်ဖျံသွေးကြောထဲက စက္ကန့်တံနဲ့ ငါ့ကော်ဖီခွက်ထဲက စက်ဝိုင်းငယ်ဟာ အတူတူပဲ ပြောင်းလဲနေတယ်။
မနေနိုင်လို့အဲဒီ့စိတ်ကိုအလိုလိုက်မိပြီမဟုတ်လား။ မျက်မှန်ပင့်မနေပါနဲ့ သူ့မျက်လုံးထဲမှာ ပင့်စရာဘာမှမရှိဘူး။ ကြွက်လား။ဘဲလား။ အနုပညာရှင်လား။ အတူတူပဲ အားလုံးအတူတူပဲ။ ငါက မြက်ခင်းတွေသိပ်ကြိုက်တယ်လေ။
ပုရပိုက်မဖွင့်ခင် ၀င်လာတဲ့ ၀င်ပေါက်အရှင်တစ်ခုမှာ မြက်ခင်းအစစ်ကလေးကို ဘဲဥပုံပိုင်းချထားတယ်။ အီတလီ ကတောင်မှာထားတာ။ သူခြေသုတ်ခဲ့ဖို့တော့လိုတယ်။ ဘာမှမပြောင်းလဲဘူး။ လက်တံအတို လက်တံအရှည် လက်တံပါးပါးကလေး။ ဟော မီးလာပြီ။ မီးလာလို့ ရော ဖယောင်းတိုင်က အကုန်မမြန်ဘူး။ ငါ့အခန်းထဲမှာဆို လေမတိုက်ဘူးလေ။ စက္ကန့်တံတွေက ပိုမြန်မလာပါဘူး။ သူ့အခန်းထဲမှာ ဟန်လုပ်ပြီး အကောင်းပြောမဲ့လူမှမရှိတာ။ ပိတောက်ပန်းတွေဝါထိန်နေအောင် ပွင့်နေတာကို ငါငုံ့ကြည့်ဖူးတယ်။ သူက အပေါ်ဆုံးအထပ်မှာရှိတာလေ။ သိပ်မဆန်းပါဘူး ပြီးတော့ ဘာမှမပြောင်းလဲဘူး။
ဓါတ်လှေကားထဲမှာ ငါလက်ချောင်းတွေခွေခေါက်ဖူးတယ်။ သူ့အခန်းလေးထဲကို ၀င်လာစက သတင်းမှာ ဘာလာနေလဲ ငါဘယ်သိမှာလဲ။ လူကိုလိမ်ယူနည်းဆိုတာ လူကိုပါတခါထဲ လိမ်ပြီးယူသွားတာ။ အသက်ဝိဥာဉ် ခန္ဓာတစ်ခုလုံးကို လိမ်ယူသွားတာ။ အမှတ်တမဲ့ကြည့်ရင် သူ့အခန်းလေးက မှောင်နေတယ်ထင်ရတယ်။ အကောင်းတွေသိပ်လွန်းနေတဲ့ လင်းအားကြီးအရပ်က ငါက ခြေချလာတာကိုး။ နောက်တော့လဲကျင့်သားရသွားမှာပါ။ သူသိတယ် ဒီနေရာဟာ ဘာတစ်ခုမှ မပြောင်းလဲဘူး။အရမ်းလင်းလွန်းနေတာလဲ အလိမ်အညာတခုဆိုတာကို ငါအခန်းနံရံပေါ်မှာ ချိတ်ထားတဲ့ ပန်းချီကားကိုကြည့်ရင် သိနိုင်ပါတယ်။
အင်း … မအားရင်နောက်တော့လာကြည့်ပေါ့။ သူအလုပ်လုပ်လိုက်အုံးမယ်။ ဘာမှမပြောင်းလဲတဲ့ ပုံစံနဲ့။ ငါထိုင်ချလိုက်တယ်။ ဒီအရောင်။ ဒီအခန်း၊ ဒီကော်ဖီခွက်။ ဒီစက္ကန့်သံ။ ဒီပန်းချီကား။ ဒီလိုတစ်ပုံစံထဲ ကွန်ပြူတာ။ ဒီလိုစာလုံးတွေ မြှုပ်ထားတဲ့ခွက်။ ဒီလို စိတ်သွားတိုင်းမလိုက်နိုင်တဲ့ ကြွက်နဲ့ သူထိုင်နေရင်းတခုခု လိုနေသလိုခံစားရတယ်။ ငါတွေ့မိသေးလား။ ၀င်လာတုန်းက သတိမထားမိပါဘူး။ သူ့မြက်ခင်းခြေသုတ်ခုန်အောက်မှာရော ။ စားပွဲပေါ်က ပုရပိုက်ထဲမှာရော။ ငါ့ပါးစပ်ထဲမှာရော။ သူ့နားရွက်ထဲမှာရော။ ငါတို့နှစ်ယောက်အလုပ်ရှုပ်နေကြတယ်။ ဒါနဲ့ ငါခြေရာတွေ ဆေးခဲ့ပြီးပြီလား။ သူ့ခြေရာနဲ့တူလိုက်တာ။ ငါဝင်လာတုန်းက အလင်းထဲမှာ ကျကျန်ခဲ့တာ သူ့ခြေရာတွေလား။ မဟုတ်သေးဘူး သူ ငါ့နောက်မှာဘာလုပ်နေတာလဲ။ ငါဘာမှမပြောင်းလဲတဲ့ အခန်းထဲမှာလေ ။ သူ့ကိုကျနော်မတွေ့ချင်ဘူး။ ထွက်သွား ……….. ထွက်သွား ………….. ငါ့ခြေဖ၀ါးအောက်မှာ မမြင်ချင်ဘူး။ ဟုတ်တယ်။ သူတို့ခန္ဓာက လင်းလွန်းရင် အမှောင်ဆုံးပဲ။ ငါထွက်လာခဲ့တာ ၆နှစ်ကျော်ပြီ သူတို့မမြင်အောင် ငါအခန်းထဲမှာနေနေတာပါ။ အခု သူဝင်လာတဲ့ ၀င်ပေါက်အရှင်က ငါ့လိုက်လာတယ်နော်။
ဟိုပန်းချီကားကြောင့်လား။ ရော့ယူသွားဗျာ …. ။ ဒီတစ်ခန်းလုံးမှာအလင်းဆုံးဆိုလို့ ဒီပန်းချီကားတချပ်ပဲရှိတယ်။
သူလိုချင်ရင်ယူသွားတော့။
ပုရပိုက်ကိုးခုကိုဖွင့်လိုက်ရင် အထဲမှာ သူ့အကြောင်းဘာတစ်ခုမှတွေ့ရမှာမဟုတ်ဘူး ဗလာပဲ။
ပန်းချီကားထဲမှာ စက္ကန့်သံနဲ့ ငါ့နှလုံးသားတစ်ခုပဲပါတယ်။
မပြောင်းလဲဘူး ဘာတစ်ခုမှမပြောင်းလဲဘူး။ မှောင်လွန်းတော့သွေးစက်တွေမတွေ့ရဘူး။ သူထိုင်ချလိုက်တယ်။
ဘာမှမပြောင်းလဲဘူး။
Nelay
မွေးဖွားခြင်း ဇီဇဝါစိတ် Wednesday, November 5th, 2008
Wednesday, November 5th, 2008
လက်ဖဝါးမှာ ရွှေလင်ပန်းနှင့်အချင်းဆေးပြီး မွေးဖွားလာတဲ့ သံသယဟာ ပြတင်းအဖြစ် ပဋိသန္ဓေတည်ပြီး ယုံကြည်ခြင်းနဲ့ထွက်ကျလာတယ်။ မွေးဖွားကထဲက ကျောမှာတွယ်အပ်တွေတလျှောက် လူတိုင်းမှာ ဆက်ကြောင်းတွေ မတူခဲ့ကြပြန်ဘူး။ စကြာဝဌာ အက်ကွဲကြောင်းထဲက ကမ္ဘာကို ဥချလိုက်တယ် ဆိုရင်ပဲ သစ္စာတရားတို့ ခမ်းခြောက်ကုန်ကြပြန်တယ်။ နေမင်းကို လော့ကတ်သီးဖွဲ့ စကြာဝဌာ ပကာသန အတုကိုမှ အစစ်မှန်းမသိ ဂြိုလ်ကြီးကိုးလုံးကို လိုက်လံပြသလေရဲ့။ မိုးဆိုတာလဲဖြစ်ပေါ်တယ် ဆောင်းဆိုတာလဲဖြစ်ပေါ်တယ် နွေဆိုတာလဲဖြစ်ပေါ်တယ်။လောင်တီကျူ တခုတည်းနဲ့ ကမ္ဘာကိုသိမ်းပိုက်လိုက်တဲ့ နတ်သမီးဟာ ကိုယ်စောင့်နတ် ၁၂ပါးရှိတယ်ဆိုပဲ။ လမင်းအတွက် အချိန်ကုန်ခဲ့တဲ့ ပင်လယ်ဟာ ဆွဲအားတခုတည်းနဲ့ မွေးဖွားခြင်းအမှုကို ပြီးမြောက်စေတယ်။ လောလောဆယ် ဒီလောက်ပါပဲ ...။
''သမီးမျက်နှာဟာ ကျနော့ကမ္ဘာပါ သခင်မ'' သူတိုးတိုးလေးရွတ်လိုက်တယ် မိုးသံတွေ လေသံတွေ ဖုန်းသည်အထိ စစ်တလင်းညံတဲ့ကြမ်းပြင်ကို လွှမ်းသည်အထိ သူတိုးတိုးလေးရွတ်ပြီးနေပြီဖြစ်တယ်။
''အဖေဟာ သမီးရဲ့ သစ္စာပါ မွေးသဖခင်'' သူမကျယ်လောင်စွာ အော်ဟစ်လိုက်တယ် လည်ချောင်းထဲက ဆိတ်ငြိမ်ရပ်ဝန်းတခု တိုးလျှိုသေဆုံးသွားသည်အထိ သုသာန်ရဲ့ အနက်ဆုံး ညသန်းခေါင် မီးစာငြိမ်းသည်အထိ သူမကျယ်လောင်စွာ အော်ဟစ်ရှိုက်သွင်းပြီးနေပြီဖြစ်တယ်။
တစ်မိနစ်တာ အိပ်မက်ရှည်အတွက် အသက်တစ်ရာစတေးတဲ့ အချိန်ကာလတွေ ဖြူစင်သန့်ရှင်းစွာ မွေးဖွားလာကြပြန်တယ်။
ဟိုး .. အဖြူဆုံး အလင်းဆုံး အသန့်ရှင်းဆုံး မေတ္တာတရားရဲ့ ရက်စက်မှုတွေနဲ့ အသက်ဓါတ်တစ်ခုဟာ အသန့်ရှင်းဆုံး ပြတင်းတခါးဆီမှ ပွင့်ဦးလာခဲ့တယ်။
အချိန်ပိုင်းတခုရဲ့ မညီညွှတ်မှုနဲ့ စွန်းပေရအုံးမယ်ဆိုတဲ့ အသက်ဓါတ်အဖြူလေး တခုအတွက် သူစိုးရိမ်တကြီးတွေးတော သိမြင် နောင်တကြီးတခုကို ဖန်ဆင်းပြီးနေနှင့်ပါပြီ။
နံရံမှာချိတ်ထားတဲ့ အဖြူအမဲ အနာဂတ်တချို့ရယ် အကန့်အကန့်တွေနဲ့ သီဆိုမှုတခုရယ် အနီလွန်နေတဲ့ မီးပွိုင့်တခုရယ် မဆီမဆိုင် ၁နာရီဟာလဲ ချုပ်ရိုးပြေ သွေးစက်တွေနဲ့ ခွဲနေခဲ့တော့တယ်။
''ပြောက်မသွားပါနဲ့ မင်းကိုယ်ငွေ့လေးနဲ့ ဝိဥာဉ်အချပ်လေးဟာ ငါ့ကမ္ဘာပါ အရှင်သခင်'' ရာသီမလွန်ခင် ရင်ကွဲခြင်း အပွင့်ဦးတွေ ထူးခဲ့ကြတယ် အရိပ်ဟောင်းကိုစွန့်လို့ အရိပ်သစ်ကိုခိုလိုက်ကြပြီးဖြစ်တယ်။
''သမီးအခိုးလေး အလှအပဆုံးဖမ်းဆုပ်တာကို မြင်ချင်တာအဖေ့ သစ္စာပါ'' မျက်မမြင်တယောက်ခေါင်းကိုတွင်းတွင်းခါ မိုးတွေလဲ အစီအစဉ်မကြေငြာပဲရွာလာပြီးဖြစ်တယ်။
ထုံးစံအတိုင်း ဇာတ်သိမ်းဟာ ရင်ကွဲမှလှမဲ့ မနက်ဖြန်အဆင်တစ်ထည်လဲ ဖြစ်လို့ နေပါတော့တယ် ...
မထင်မှတ်ထားတဲ့ ရပ်ဝန်းတခုရဲ့ ဆွဲအားဟာ ကားတိုက်ခံရတယ် ရထားကြိတ်ခံရတယ် လေယာဉ်အပျက်ခံရတယ် သင်္ဘောမှောက်ခံရတယ် ဒီအချိန်မှာပဲ မြက်တို့အကိုင်းမရှိမှန်း
ရနံ့မရှိမှန်း အရောင်မရှိမှန်း အပင်မရှိမှန်း စိတ်နှင့် သက်ဆိုင်သောလမ်းကို ကမ်းနဖူးအထိလျှောက်မိလျှက်သားဖြစ်နေခဲ့တော့တယ်။ အဖူးနဲ့ ကမ်းပေါ်မှ ပြုတ်ကျခြင်းအတွက်
မွေးဖွားခြင်း ဒဏ်ရာတို့ ဆက်တိုက်ဆိုသလို ''အဟုန်''ကွဲကြ ၃နာရီ စီးကြောင်းရာ ဟာလဲ သိသိသာသာ ခွဲခံနေရပါတော့တယ် ... ။
နောက်တမနက်ရဲ့ အသစ်ဆိုတာကို မွေးဖွားမဲ့ လက်ချောင်းလေးတို့ဟာ နောက်တစ်ဖန်အသစ်မွေးဖွားဖို့အတွက် မိဘစုံလင်စွာဖြင့် အဖြတ်ခံလိုက်ရတယ် ။ ဇီဇဝါပန်းတို့ရဲ့ ဝိဥာဉ်ထက်မှာ ခြံစည်းရိုးတို့ မွေးဖွားလာရင်း လက်ချောင်းလေးတို့ကို အတုအယောင်အဖြစ် မွေးစားလိုက်ကြပါတော့တယ်။ လောလောဆယ် ဒီမှာပြီးထားနှင့်ပါသည်။
nelay
အန္တရာယ်အပြောအဆိုနဲ့ လိပ်ပြာစားပွဲ
နံရံတွေကို ဖောက်ပြီး သံရိုက်ကြတဲ့အခါ
သစ်ပင်တွေက
လန့်အော်တယ်
အမေ့ရထားကလေး ဘယ်ဘူတာဆိုက်ပြီလဲ
အန္တရာယ်ရေ
ငါ့ကိုကယ်ပါ …
ငါ့ကိုကယ်ဖို့ မင်းကိုပြန်ရှာတဲ့အခါ
တောမီးလောင်တယ်
စမ်းခြောက်တယ်
လူတွေကြောက်သွားတဲ့ ယဉ်ကျေးမှုမှာ
ငပိရည်တစ်ခွက်
ဇွန်းခရင်းမှောက်ရက်နဲ့
ညစာကိုချက်။ နေ့စာကိုချက်။
မနက်စာကိုချက်။
အစာလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့
အိပ်မက်တွေ
အစာခြေဖို့ခက်ခဲ့
ငါ က အောင် မြင်မှု ကို
အူလှိုက်သည်း လှိုက်ရယ်ခဲ့ဖူးတယ်
ဘာဆိုဘာ … ဘာ … ဘာမှမဟုတ်ဘူး ဗလာ
အဲဒီ့နယ်မှာ
လင်းဖို့ မျဉ်းမလို
အတင်းငိုယူထားတဲ့ စာလုံးတွေက
အနုပညာကို
မျက်စိ စပ်တယ်
ဒါ သဘာဝပဲ သီဝရီ
လိပ်ပြာကိုအခန်းရိပ်နဲ့ သုညတစ်လုံးမံပြီးရင်
အရိပ်တွေ မိုးချုန်းတိုင်း ပုန်းမရ ခိုမရ
ချောင်နေတဲ့ မျက်ကွင်းနဲ့ ငုံထားတဲ့အလင်းမှာ
လေရှုရတာမသန့်ဘူး
မီးပေါက်ထားတဲ့နှစ်ကာလတစ်ခုမှာ
ရနံ့လှတဲ့ ပန်းခွံတွေလဲ သုံးမရ
ခင်ဗျားကြီးရေ …
ခင်ဗျားကြီး ကို
ခင်လို့ ဗျားလိုက်ကြီး သုံးနှုန်း လိုက်တယ်
ငါအတန်တန်ဆုတောင်းလျှက် နဲ့
အလွှာကိုးပါးကို
လှေကား မေလ ဖြုတ်ရက်တယ်
မျက်နှာကျက်လို ဘာလုံး မျိုးမှာ
ထာဝရကို မိုးမရ
အတောင်ခတ်သံပြင်းပြင်းနဲ့
မနက်ခင်းကိုတွန်ကျူးယုံနဲ့
နေထွက်လာတာ နှစ်ဆယ့်တစ်မဟုတ်တော့
ဘယ်သူ့လက်အောက်မှ မလုံလင်းသူ
ကိုယ့်ဝိဥာဉ်ကိုယ့်ပခြုပ်နဲ့
ကိုယ့်နတ်ဘုရားကိုယ်
အသွေးအသားထဲ ကဗျာထိုးလို့
အန္တရာယ်ဒဏ်တခုခု လိပ်ပြာလွှင့်နေတယ်
လိပ်ပြာစားပွဲမှာ တွဲလောင်းကြိုးနဲ့
နှလုံးသားက ဟီရိသြတ္တပကို
ထောင်း ထောင်း ထအောင်
… ချ …
။… ကြွေး … ။
nelay
နှစ်ဆယ့်တစ်ရာစု မျက်နှာအတုများ
(: :)
:D :d
:P :S
:B :F
:G :K
:x :R
:-) (-:
:C) (;
:Q :E
XOxOXoXOX
:@) :^)
(*: :*)
:’) (‘:
:>) (<:
(v: (^:
O.o
O.O
0.P
nelay
အတိတ် တော၊ တောင်၊ ကန်၊ မြစ် Monday, August 25th, 2008
Monday, August 25th, 2008
ကောင်းကင်ထဲမှာ ဒေါင်းတွေအဆုပ်လိုက်ပျံသန်း
မမောပန်းနိုင်တဲ့ ကြိုးကြာလမ်းတွေ ရိုးမအနောက်ခြမ်း
ဧရာအစွန်းမှာ ဟင်္သာတို့လူလူလွန့်လွန့် ကမ်းမရှိတော့တဲ့နဖူးအိမ်
ဦးပိန်လိုအရှည်မျိုးမှာ ငါးပလူးတို့ဒိုင်ပင်ထိုး လေကြမ်းနဲ့ဇရပ်ကျိုးတွေ
မင်းကွန်းအသံတွေတခြမ်းအက်လို့ ဧရာလွမ်းတဲ့ လမ်းကြမ်းပေါ်က လှေခြေရာ
အင်းလေးလိုညမှာ ညောင်ရွှေတွေ ရင်ခေါင်းသံနဲလွမ်းကြ ဒိုက် တို့စည်ရှည်တီးတဲ့ည
လမ်းတံတားခတွေနဲ့ ဥတို ယိုင်နဲ့နဲ့ကျားကန်ရင်း ချစ်ရှာတယ်
ဧရာဝတီမလေးဟာ အလယ်ပိုင်းရဲ့ကွမ်းတောင် ရွှေသရဖီရဲ့ သခင်မ
ညောင်ဦးကမ်းကို လက်ပစ်ကူးတဲ့ ''နေ'' ထိပ်ထားဒေဝီကိုချစ်ရေးဆိုတဲ့ ဇုံဝမ်းရဲ့ ကမ်းနဖူးတွေ
ကျိုက်ထိုက ရာဘာတွေ ထုတ်ပိုးမရတဲ့ လမ်းကြမ်းဘေးက ကဖေးဆိုင်ဖုန်ရောင်နဲ့ ရှယ်တခွက်
တောင်ကြီးလိုမလိမ်နဲ့ မကောက်နဲ့ မေမြို့ကို တညတည်းနဲ့ တစ်ပတ်ပတ်ခဲ့တဲ့ ရန်ကုန်သား
ကုန်ကားတွေအကွေ့ကြမ်း ကျောက်စလစ်တွေ လွင့်စင်ကျတဲ့ ပလောင်တောင်လမ်း
ချောင်းသာလိုအမူးညမျိုးမှာ မီးတောက်တွေမောပန်းနွမ်းလျ အိမ်မပြန်ချင်တဲ့ ညတွေ အဆုပ်လိုက်လောင်ကျွမ်း
မြောက်ဦးကို မရောက်ဖူးတဲ့မောင် ဘာရေးရမှန်းမသိတဲ့နောက် ဘုရားမဲတွေရည်မှန်း ကတော့
ပုသိမ်မှာ ထီးဆောင်း ရေဆင်းငါးတွေကျောင်းတုန်းက အိုးတင်တဲ့ဖောင်ကြိုးပြေတဲ့ ည . . .
ရွာငံစိုက်ခင်းမှာ ပန်းဝါတွေအပြည့်ထည့်လိုက်ရတဲ့ မောင့်ကင်မရာ မောနေရှာတယ် . . .
ပင်းတယဂူမှာ ဖလင်ဆေးခဲ့စဉ်က ညောင်ရှည်တွေ အကိုင်းလိုက်ကိုကွေး ရှုမဝငေးဖွယ်
အနီအဝါ အကွက်ချတဲ့ အညာမြေဟာ အချောင်းလိုက်ကိုလှ ထန်းပင်ပေါ်ကဘဝတွေ မွန်းမလွဲခင်မော့ကြရတာ
သီပေါမင်း အိပ်ခန်းထဲ ခိုးဝင်ပုန်းအောင်စဉ်က မန်းသူလေး ငါ့ပြောက်လို့လိုက်ရှာ တိတ်တိတ်လေးပျော်ခဲ့ရတာ
ဇက်စောင့်ရတာပျဉ်းဖို့ကောင်းတဲ့ ဖားအံ ဇွဲကပင်မှာ စောဇွဲနွယ် ကိုတွေ့ခဲ့ လမ်းတွေကောင်းလှတယ်
ကြယ်ငါးလုံး ဟော်တယ်ထဲက ရေပူစမ်း ဘုရင့်ညီဂူအနောက်ခြမ်းမှာ ငါစိမ်ခဲ့စဉ်က နွေးလိုက်တာ
မုတ္တမကိုဖြတ် ဘီလူးကျွန်းပေါ်အခြေချစဉ်က အရာရာဟာ ''ပလဲ'' နေတော့တာ ဘီလူးသူလေးတွေကချစ်စရာ့
ကဗျာဆရာတယောက်ပြောတဲ့ စစ်ပင်ကြီးကိုင်းတဲ့ တံတားဖြတ်တော့ စက္ကူနံ့တွေမွှေးလိုက်တာ ...
ကျောက်ဆည်ရောက်တော့ ဆင်တွေမှောက်နေကြပြီး ဘော်ကြယ်တွေနဲ့ လမ်းပိတ်အောင်ပျော်တဲ့ ဆင်ငထီး
ဒီလိုနဲ့ နေဝင်ခြင်းအမှုကို ပြုလုပ်ကြရာမှာ ....
ငါ ဟာ ..... တောင်ကြီးငါးလုံးကာရံတဲ့ ဧရာဝတီမြစ်နဖူးမှာ
ချစ်တဲ့သူအတွက် မင်္ဂလာစေတီပေါ်က နေဝင်ခြင်းအမှုကို တမြတ်တနိုးရိုက်ကူးထားလိုက်တာ
၂ဝဝ၈တောင်ရောက်လာခဲ့ပေါ့လေ .... ။
nelay
ကောင်းကင်မဲ့ တိမ်
ဟိုးဝေးဝေးက မျက်လုံးများမှာ
ငါ့တိတ်ဆိတ်ခြင်းတွေပြိုကျ
အသံထွက်မရတဲ့တိမ်တွေ
မိုးကြွေတာကိုငေးရင်း စက္ကူအသစ်မှာမိုးချုပ်ခဲ့
တိုးဝှေ့လာတဲ့လေကို မျိုချ
မက်မရတဲ့အိပ်မက်ကို ကြိုးဆွဲချလိုက်တယ်
ပြင်ဆင်ထားတဲ့ ဆိပ်ကမ်းမှာ
တံငါအိုရဲ့ပလိုင်းထဲ
ငါးတွေငို … ငါးတွေငို … ငါးတွေငို
ကောင်းကင်ပေါ်ကပျံကျလာတဲ့ ဒါးတွေ
ငါပစ်တင်ခဲ့သမျှ မျှားတွေ
အဆိပ်ခပ်လိုက်သော ပွင့်ခြပ်ထဲမှာ
လွမ်းစွတ်ခြင်းတွေ
ရက်ရက်စက်စက် ၀တ်မှုံကူးကြ
ပြတင်းတံခါးက ပုဝါဖြူအလွှင့်မှာ
ရနံ့ဆိုးတွေဝင်လာသလား
အလင်းတရားတွေဝင်လာသလား
နှလုံးအိမ်ကလေး
ချမ်းနေပြီ … ချမ်းနေပြီ
ကောင်းကင်နီမှာ ပုံပြင်တပုဒ်
အခန်းရှုပ်နဲ့ တရားပြသလို
ဆေးလိပ်တွေတို
လိပ်ပြာတွေငို
နေမဖြစ်တည်မှုနဲ့ လမင်းဟာ
နေမင်းသီဝရီတအုပ် ပြုစုထုတ်ထားတယ်
တရားကျိုးသွားသလို တရားပျိုးထားဖို့
ငါဘယ်လို ယုံကြည်သေဆုံးရဘါ့
ဘ၀ကိုအတိုချုန်းပြီး ကပြကြတဲ့အခါ
လူရာဝင်မဲ့သီချင်းကို အရူးတစ်ကောင်ဆိုညည်း
အစာအိမ်မီးနဲ့ အမေ့အိမ်ပြန်လမ်းမှာ
မောဟိုက်နွမ်းလျ တိမ်တွေကြွေခဲ့တဲ့ည ။
nelay
မျက်နှာ အထားအသို
သတိ
မျက်နှာကျောလျှော့ထား
ဒေါသ
တင်းမာလာတဲ့အရေပြားတွေ
စိတ်
ပါမလာဖို့ပြောမရ အနီးအဝေး
အော်ကြီးဟစ်ကျယ်
တုန်တုန်ရီရီ လက်ချောင်း
ဝေး …
ဝေး …
ဝေး ...
စိတ်
လူ
ရုပ်(ယုတ်)တွေ
မာကြ ။
nelay
စိတ္တဇ လိပ်ပြာ
ကြမ်းပြင်က သတင်းစာ
အမှိုက်ပုံးပေါ်က ယင်တွေ
ရေဗူးအပေါက်ကို ရေဖြည့်နေကြတယ်
စိတ်မပါလို့တူးလိုက်တဲ့ သိုက်ထဲမှာ
အံစာဥတွေ ဥထားလို့
ငါ ဘုရားရှိခိုးဖို့ ဒိုးဆက်ဆက်နေတယ်
တနေ့ကနောက်ပြန်လာတဲ့လေမှာ
ငွေစက္ကူပေါ် ငါ့နာမည်ရေးပြီးဝေ
သူတောင်းစားတွေအဖေခေါ်တဲ့ မိနစ်တိုင်းမှာ
ငါ ကြိတ်ရယ် ခဲ့
အရိုးသားဆုံး တပွဲထိုး အနာဂတ်မှာ
စစ်လက်နက် အစုံအလင်နဲ့ ပန်းတွေပွင့်ကြ
ငါ့ကို ဘုရားလို့ မခေါ်ပါနဲ့ ကလေးရယ်
တရားတွေ အာခေါင်ခြစ်အော်လဲ
သီလကို အောက်ဈေးနဲ့ အူမတောင့်ဖို့
နိုက်ကလပ်ထဲမှာ ဦးနှောက်ကြီးကလေးမွေးနေတယ်
လူကြီးလူကောင်းယောင်ဆောင်ရက်တဲ့
တစ်ခါသုံးပြယုပ်လေးမှာ
မင်းခန္ဓာကို အချစ်အတွက်ချန်ထားခဲ့သလား
မျိုးမစစ်တဲ့ စိတ်ဓါတ်နဲ့ ဟာသတွေပြေးလာတဲ့အခါ
အညွှန့် ကလေးရေ …. အညွှန့် ကလေး …
သာဂီနွယ်ဝင်တွေ ထစ်ချုန်းတဲ့အရပ်မှာ
နာရေးသတင်းထဲက အပြုံးနဲ့
အတောင်တွေ ခြွေ ပြီ
ငါ
လွမ်းနေအုံးမယ် . . . ။
nelay
Wednesday, May 26, 2010
အက်ပြန်ကြောင်း
ဟောဟို မြောက်ပြန်လေထဲ
ကြိုးကြာ ခရီးရှည်တွေ
ကြယ်စုကိုကိုက်ချီပျံသန်း
ငါ့ ကောင်းကင်က ဥာဏ်ရှိမိုးတိမ်တွေ
လ၀န်းကဝေကို လွမ်းကြတယ်
ရန်ကုန်လမ်းမထက်က အ မင်္ဂလာနဲ့
အောင်မြင်မှု ချိုင့်ခွက်တွေပေါ်
ကြင်နာခြင်းဟာ လမ်းသလားလို့ မလွယ်ဘူး
ဆင်ခြင်မှုတွေ ပစ်ပေါက်လိုက်တဲ့
ဟိုးနား ဆီက ပိတောက်ရိပ်ငြိမ်လမ်းထဲ
ကျော်ကြားမှုအပေါက်အပြဲနဲ့
ငါက ပျော်ရွှင်မှုတွေ လိုက်ကောက်ထည့်ဖူးတယ်
ကျက်သရေရှိစွာ မဲ့ရွဲ့ပြီးမှ ရွာချလာတဲ့
ဥပေက္ခာမိုးစက်တွေ
ငါ့စမ်းကလေးအပေါ် အစက်အပြောက်နဲ့
ကံကြာမ္မာ မလုံမနွေး
ငါ့မြို့လေးမှာ ဒဿန အပုတ်အဆွေးတွေ
အန္တိသူတော်စင်ကို
ပျော်ပျော်နေသေခဲ စာတစ်စောင်ပို့လိုက်တယ်
မုန်တိုင်းနဲ့ပင်လယ်ကြား
လိုအပ်ချက်တွေ ရစ်ပူဇော်ထားတဲ့
အပျိုစင်မဒန်းဟာ သူ့လက်စွတ်ကိုပင်လယ်ထဲပစ်ချ
မျှော်လင့်ချက်တွေပြန်တက်လာမလားစောင့်နေတယ်
အချစ်လွန်အမုန်းလွန်
ကံကြမ္မာ အူတိုင်တည့်တည့်က
သန္တိသုခဟာ ဘယ်တော့မှ မလည်ပတ်တော့ဘူး
ပိတ်ဖြူစတွေ ခြုံထားတဲ့ ရန်ကုန်
ဆေးရုံကုတင်ပေါ်မှာ လဲလျှောင်း
ရန်သတင်းများအကြောင်းကို
လက်ပိုက်ကြည့်ကောင်းနေတယ်
ပြဿနာက အနုပညာ အသီးအပွင့်တွေ
အပြင်မှာဘာဖြစ်ဖြစ်
ဟိုး အောက်ခြေအနက်ရှိုင်းဆုံးမှာ
ငါ့အမြစ်တွေအိပ်စက်နေတော့မယ်
ပန်ဒိုရာအဖုံးပွင့်နဲ့ ခပ်ငယ်ငယ်တုန်းက
ကျောင်ဆောင်တေးသံကို
တည်ချက်ပျက်အောင်နားထောင်ခဲ့ရလို့
အရှုံးတွေငွေ့အိမ်ဖွဲ့ထားတဲ့
တိမ်မဲတွေအောက်
မျှော်လင့်ချက်အရေထူထူထမ်းပြီး
ရန်ကုန်ဗွက်ပေါက်တယ် ။
nelay
အက်ပြန်ကြောင်း
အက်ပြန်ကြောင်း
ဟောဟို မြောက်ပြန်လေထဲ
ကြိုးကြာ ခရီးရှည်တွေ
ကြယ်စုကိုကိုက်ချီပျံသန်း
ငါ့ ကောင်းကင်က ဥာဏ်ရှိမိုးတိမ်တွေ
လ၀န်းကဝေကို လွမ်းကြတယ်
ရန်ကုန်လမ်းမထက်က အ မင်္ဂလာနဲ့
အောင်မြင်မှု ချိုင့်ခွက်တွေပေါ်
ကြင်နာခြင်းဟာ လမ်းသလားလို့ မလွယ်ဘူး
ဆင်ခြင်မှုတွေ ပစ်ပေါက်လိုက်တဲ့
ဟိုးနား ဆီက ပိတောက်ရိပ်ငြိမ်လမ်းထဲ
ကျော်ကြားမှုအပေါက်အပြဲနဲ့
ငါက ပျော်ရွှင်မှုတွေ လိုက်ကောက်ထည့်ဖူးတယ်
ကျက်သရေရှိစွာ မဲ့ရွဲ့ပြီးမှ ရွာချလာတဲ့
ဥပေက္ခာမိုးစက်တွေ
ငါ့စမ်းကလေးအပေါ် အစက်အပြောက်နဲ့
ကံကြာမ္မာ မလုံမနွေး
ငါ့မြို့လေးမှာ ဒဿန အပုတ်အဆွေးတွေ
အန္တိသူတော်စင်ကို
ပျော်ပျော်နေသေခဲ စာတစ်စောင်ပို့လိုက်တယ်
မုန်တိုင်းနဲ့ပင်လယ်ကြား
လိုအပ်ချက်တွေ ရစ်ပူဇော်ထားတဲ့
အပျိုစင်မဒန်းဟာ သူ့လက်စွတ်ကိုပင်လယ်ထဲပစ်ချ
မျှော်လင့်ချက်တွေပြန်တက်လာမလားစောင့်နေတယ်
အချစ်လွန်အမုန်းလွန်
ကံကြမ္မာ အူတိုင်တည့်တည့်က
သန္တိသုခဟာ ဘယ်တော့မှ မလည်ပတ်တော့ဘူး
ပိတ်ဖြူစတွေ ခြုံထားတဲ့ ရန်ကုန်
ဆေးရုံကုတင်ပေါ်မှာ လဲလျှောင်း
ရန်သတင်းများအကြောင်းကို
လက်ပိုက်ကြည့်ကောင်းနေတယ်
ပြဿနာက အနုပညာ အသီးအပွင့်တွေ
အပြင်မှာဘာဖြစ်ဖြစ်
ဟိုး အောက်ခြေအနက်ရှိုင်းဆုံးမှာ
ငါ့အမြစ်တွေအိပ်စက်နေတော့မယ်
ပန်ဒိုရာအဖုံးပွင့်နဲ့ ခပ်ငယ်ငယ်တုန်းက
ကျောင်ဆောင်တေးသံကို
တည်ချက်ပျက်အောင်နားထောင်ခဲ့ရလို့
အရှုံးတွေငွေ့အိမ်ဖွဲ့ထားတဲ့
တိမ်မဲတွေအောက်
မျှော်လင့်ချက်အရေထူထူထမ်းပြီး
ရန်ကုန်ဗွက်ပေါက်တယ် ။
nelay
Tuesday, May 25, 2010
တကယ်မဟုတ်ဘူး တကယ်ဟုတ်ချင်ကြသော
စိတ်အထင်နဲ့ နာမကျန်းဖြစ်လို့ မထိရောက်ဘူး
နေ၀င်တာကြာပြီလား
တိမ်မဲတွေပြေးတက်လာပြီ
မသိဘူးလေ …
မိုးတွေရွာလာပြီလား
မီးမငြိမ်းသေးဘူး
ဘယ်လိုမျိုးလဲ
စိတ်ဥယျာဉ်ထဲက
ပန်းရနံ့တွေ မွှေးမှာပေါ့
မသိဘူးလေ သူမှမရောက်ဖူးတာ
နေမရှိတဲ့ရပ်ဝန်းမှာ နေအကြောင်းပြောပြလို့
ခံစားလို့မရဘူး
မိုးမရွာတဲ့လွင်ပြင်ဦးမှာ မိုးအကြောင်းပြောလို့
ခံစားလို့မရဘူး
စိတ်ဥယျာဉ်ထဲက ပန်းအကြောင်းပြောပြလို့
ခံစားလို့မရဘူး
တဖြည်းဖြည်း ငြီးငွေ့စရာတွေ ချိုးဖဲ့ပြီး
မီးတောက်နားရောက်ခဲ့တယ်
နေ၀င်တာ ငြိမ်းချမ်းခြင်းရဲ့နောက်ဆုံးတေးသွား
အမှောင်ရဲ့ ဂီတသံအစဖြစ်တယ်
မိုးစက်တွေကိုကြည့်ဖို့ မျက်လုံးကြာကြာမဖွင့်ကြည့်နိုင်ဘူး
အေးတယ် အဲ့ဒီ အေးတဲ့ရနံ့တွေက တစ်ကိုယ်လုံးစီးဆင်းသွားရဲ့
စိတ်ဥယျာဉ်ထဲမှာ ဘာပန်းမှမရှိခဲ့ဘူး
မီးတောက်ထဲက ဖြစ်တည်မှုတွေ ခဏတာလင်းမြချိန်
ဥယျာဉ်ထဲမှာ ပန်းတွေ ရှင်းသန့်အောင် ပွင့်သွားခဲ့တာပါ
စိတ်အထင်နဲ့ နာမကျန်းဖြစ်လို့ မထိရောက်ဘူး ။
nelay
အလင်းဝှက်စကား အမှောင်တံခါး
ငါ့ညတွေကို နောက်ပြန်မျက်နှာနဲ့
လျှောက်လာခဲ့တဲ့ အခန်းတံခါးမှာ
မီးတောက်တွေ အဆင်သင့်စောင့်ကြို
ငါ့ကိုယ်ငါထွန်းပြီး လင်း
နောက်ဆုံးဈာပနအိုမှာ လက်ပိုက်ကြည့်နေသူတွေ
ချင်းချင်းနီသွားတယ်။
ငါ့မျက်လုံးက အမှောင်ထုကိုစိန်ခေါ်
အရေပြားတွေ ပျော်ကျ တစ်ခန်းလုံးဆွံ့အ
လှနေပါတယ်။
ကြည့်စမ်းပါ ကြည့်စမ်းပါ ကြည့်ကြစမ်းပါ
သံစဉ်မကုန်သေးဘူး အရူးတွေကနေပြီ
အရိပ်တွေမလှဘူး
အနက်ရောင်ကိုချွတ်ပြီး
အရိပ်တွေက အရူးကိုမျိုချ ...
လှိုင်းခတ်သံက
အပွင့်အိုကိုသတ်လိုက်ကြတယ်
ငါလေ ….
ရှိုက်ကြီးတငင် ငိုချလိုက်တာ
ငါ့မျက်ရည်တွေ ငါ့ကိုယ်ပေါ်မှာ အေးခဲ
ငါ့မီးတောက်က ငါ့ကိုအလင်းမြဆုံးမြင်ရ
တစ်ခန်းလုံး အိုကျသွားပြီ
အလွမ်း ကျောရိုးပေါ်က ရေစီးသံဟာ
ခရေအကြွေတွေကို ငါ့အလင်းနဲ့ ဝေးရာ ပို့ …..
အမှောင်ထုထဲက
ရနံ့တချို့ ငါရလိုက်တယ်
ငါ့အခန်းထဲကို ချောင်းကြည့်နေတဲ့
သော့ပေါက်ကလေး
မင်းသိလား ဂီတသံဟာ ပြီးဆုံးသွားပြီ
ငါ့အလင်းနဲ့ငါ့နားထဲမှာ ဂီတသံဟာ
နှစ်ပေါင်းများစွာ စွဲကျန်နေတယ် ...
ရုပ်သေးရေ …
ငါ လက်ညှိုးကလေးမကွေးခဲ့ပါဘူး
င့ါနှုလုံးသားထဲက
ကြယ်စုဗူးကလေး ကျကွဲသွားတာ
အမှောင်တွေက လှောင်ရီတယ် …
ဟား … ဟား … ဟား
ငါပြုံးနေလိုက်တယ်
တစ်လောကလုံး မှောင်သွားရင်တောင်
ငါ့အလင်းကို သူတို့ မငြိမ်းနိုင်
ငါ့အလင်းဝှက် ဥယျာဉ်ထဲမှာ
အမှောင်လှောင်ခန်းတွေရှိတယ်
ငါ့တံခါးတွေ ငါမဖွင့်ခဲ့
အနက်ရောင် နတ်ဘုရား
စိတ္တဇ စိတ်ကူးတွေသိုဝှက်ထားတဲ့တံခါး
ငါ့အလင်းတွေ ၀င်ထွက်သွားလာလို့မရဘူး
လူတွေရဲ့ လျှို့ဝှက်ဥယျာဉ်ထဲ
အမှောင်တံခါးခြပ်တွေ
ကောင်းကင်နဲ့ ရေပြင်ကြား
အိမ်မပြန်ချင်တဲ့ငှက်ကို ပိတ်မိသွားကြတယ်။
nelay