Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, April 27, 2008

ပေါက်သင်ညို အင်တာဗျူး



မင်းက သုံးညကို ဒေါင်လိုက်ချိုး
ပတ်ဝန်းကျင် ပျိုးခင်းအောက်
သဘာဝကို ကိုယ်ရုံဝတ်ထားတယ်ပေါ့
(…)


မင်းက ပြေးတက်ပြေးဆင်း
ကတ္တီပါစကို မိုးနဲ့မြေပေါ်
ဒေါင်လိုက် ပျော်တယ်ပေါ့
(…)


မင်းက ဆိုးရုပ် နှလုံးထုတ်နဲ့
တံထွေးမမျို ရေမသောက်
ခန္ဓာအခြောက်ကြီးက
တစ်စက္ကန့်ကို ကိုးကြိမ် ခုန်တယ်ပေါ့
(…)


မင်းမြို့ပေါက် သစ်ခြောက်ပင်နောက်မှာ
ကိုယ့်အာရုံနဲ့ကိုယ် ပူဇော်အုံ့မှိုင်း
မင်းတိမ်တွေ မင်းခြောက်လှန့်ထားတယ်ပေါ့
(…)


ရာဇဝင်အပြိုင်းပြိုင်းနဲ့ အစိမ်းချို
မင်းဥယျာဉ်တစ်လမ်းသွားမှာ
အပျိုတွေဖြတ်လျှောက်
မင်း … ခေါင်းတွေကျပြောက်အောင်
မင်း…သိပ်ကို ကြီးမြတ်နေတယ်ပေါ့ ………… ။



nelay





aleksandr eykert




ထမင်းသပ်သပ် ဟင်းသပ်သပ်



ည မခိုးရမနေရ ည

ဂျက်မချမိတဲ့ ပြတင်းတံခါးက
ခြင်ဝင်လာရော

ပျော်ရွှင်ခြင်းနဲ့ ဒုက္ခကို ထုတ်လိုက်ရင်
ဒီအခွံကြီးက ဝမ်းသာအားရရီတယ်

ရေနက်ပိုင်းမှာ ခြေဆေးမိတဲ့ တရားထိုင်နည်းနဲ့
ခြင်ဆေးထွန်းပြီးရင်
ခုနက ပြောတဲ့ အခွံကြီးကို ကောင်းရာသုဂတိပို့

သိပ်ကြီးလှတဲ့ မုန်းတိုင်းနဲ့ သူ့ဒုက္ခအတုကြီးကို ပုံကြီးချဲ့
စိတ်အထင်နဲ့တော့ ဝါကျဖွဲ့ကြပါတယ်။

များသောအားဖြင့် ကိုယ့်ကိုယ်ကို ရောဂါမွေးပြီးမှ
ဆေးရုံပေါ်က စီမံကိန်းကို ပြန်တွေးမိကြတယ်

လိပ်ပြာလှန့်သွားရင်း လိပ်ပြာလန့်ကြ

ကော်ဖီဝိုင်းက ပါးစပ်ကြီးကြီးတွေရယ်
အရက်ဝိုင်းက ပါးစပ်သေးသေးတွေရယ်
ဥပေက္ခာ တပွဲထိုးနဲ့ စိတ်အထင်နာမကျန်းဖြစ်

ငါးမျှားနေတဲ့ ရှု့ထောင့်မှာ ခင်ဗျားက တီကောင်ပဲ

ထာဝရကို အိမ်ပေါ်က ကန်ချလိုက်တော့
ခင်ဗျား တိမ်နေတဲ့ အနိစ္စက
ဂုတ်ပေါ်မှာ ဘာလုပ်နေတယ်ထင်လဲ

စိတ်အထင် သူတောင်းစားသွားမေးရင်
ညနေစာနဲ့ အိမ်ပြန်ဖို့ကားခ

ထွန်းလင်းတောက်ပနေတဲ့ ပင်ဒိုရာ
လက်ဆောင်ပေးလိုက်တယ်

မလိုချင်ဘူးပေါ့ ပြောတုန်းက တစ်မျိုး
ဒါဆို သေချာသွားပြီ စက်ရုံရှိနေတယ်ဆိုတာ
စိတ်အထင် အကြီးကြီထင် အထင်ကြီးခဲ့သမျှ
အတောင့်လိုက်ဝင်သွားတဲ့ ကျေးဇူးတရားက
အောက်က အတောင့်လိုက်ပြန်ထွက်ကျ

ခင်ဗျား ပီတိသောမနသ ဖြစ်ပုံက
ဒီမြို့ကြီးမှာ ဆေးရုံမတင်မိစေနဲ့
နာမည်အကြီးကြီးတွေ တင်သွားတဲ့ အခေါင်းထဲမှာ
ထမင်းထုတ်မျှော်တဲ့ ဆင်းရဲသားက
ရာမတို့ ရက္ခတို့ အကြောင်းဘယ်သိမှာလဲ

လာမပြောနဲ့ ………… ညနေ
ထမင်းသပ်သပ် ဟင်းသပ်သပ် ခူးခပ်ပြီးရင်
ခင်ဗျားထင်နေတဲ့ ဒုက္ခကြီးကို ဟိုခွက်ထဲပစ်ထည့်လိုက်



nelay





အရေတွန့် ချုပ်အပ်



အပ်တစ်ချောင်းကိုခြည်ငင်နှောင်တုတ်
ဒုက္ခကြီးကို ချုပ်ခဲ့တဲ့ကာလ
ငါ့အမေ စက်ချုပ်သံက
ဘဝအလွန်က မုန်းတိုင်းများစွာကို လွှမ်းခဲ့ဖူးတယ်။


အခု ….
အိပ်မက်တွေ မရှိတော့


အမေ …
ချုပ်အပ်တစ်ချောင်းရဲ့ သတ္တိမျိုးနဲ့
မိသားစုကိုပြန်ဆက်ချုပ်လို့ရရင်
သား အင်္ကျီမဝတ်တော့ဘူး။


နတ်ဆိုးတွေက JANOME ဆိုတဲ့
ချုပ်စက်ပျိုကလေးကို ဘာအတွက်ဖန်ဆင်းခဲ့ …


အပိုင်းအစတွေ ပလဲ ..
အခန်းထဲက ခြည်မျှင်တွေညတိုင်း
ငါ့သွေးကြောထဲဖြတ်စီးနေကြတယ် …။


ထောင့်မကျိုးတဲ့ ဘေးတိုက်ယဉ်ကျေးမှုပေါ်က
လျှာတွေကို ချုပ်စက်နဲ့ချုပ်ပေးပါမေမေ …


အထည်တွေဘယ်နှစ်ထည်ပြီးလို့
ဘကုန်းနဲ့ သုညကို
ဘယ်တော့မှပြီးအောင် မချုပ်နိုင်ရတာလဲ …။


ပိုးထိုးပန်းတွေ လက်အိုအိုကလေးအောက်
အပ်ပေါက်ရာနဲ့ ကပ်ညှိသေဆုံး
သူတို့ အလှဝတ်ကြအုံးမယ် မေမေ …. ။



nelay





မှတ် ကိုက်တဲ့ လူ



အခန်းထဲမှာ နေလို့
လေမတိုက်ဘူး
အန်တီ့သားက သုံးတန်း
A ခန်းမှာလေ
အငွေ့တွေ အဆုတ်ကိုဖြတ်စီး


စာလုံးတွေ ခံစားမှုတွေ
သုံးမရ …
အထင်သေးတဲ့ မိန်းမ
ပုတ်ခတ်သူယောင်္ကျား
သန္ဓေရုပ်နဲ့
ဗိုက်ကားကားတွေထက်သာတယ်။


ထွီ … ထွီ … ထွီ …
မြည်သံစွဲနဲ့ ထွေးလို့
ပျိုရည်မူးနောက် တံခါးပြောက်နေတယ်
လမ်းမှာ အပေါက်တွေနဲ့
လျှာ မိုးတွေရွာလာပြီ …. ။


သစ်ရွက်ကို လက်ဆိတ်ချိုး
လက်သည်းကျိုး သွားတဲ့အခွံတွေ
နွေလွန်ရင် နွေဖြစ်


စိတ်တွေ ခမ်းသွားတဲ့စမ်းမှာ
လိပ်ပြာတစ်ကောင်
နာရီ ငတ်နေတယ် …. ။


အသက်ရှုသံပြင်းပြင်းနဲ့
လှောင်အိမ်ပြန်လမ်းမှာ
ငါ့ကိုယ်တစ်ခြမ်းပဲ့ကြွေမှုတွေလွှမ်းလို့
မှတ်တမ်းအိုဟာ
သွေးကျိန်စာနဲ့
အိပ်မက်ကိုနှိုးနှိုးနေတော့တယ် … ။



nelay





လူစာ ''လေ''



အောက်စီဂျင်က

သိပ်မသန့်တော့လို့

အဆီခံတပ်ပြီး

ရှူ လိုက်တယ် .... ။



nelay






Saturday, April 26, 2008

အဟာရ ရွာ








အနီရောင် နှင်းဆီတို့ သေဆုံးပါစေ ။
စကားလုံးတို့ ပိတ်လှောင်နေတဲ့ အမှောင်ထုကို
ရနံ့တွေ ချကြွေးလိုက်တိုင်း
သွားကြားညှပ်နေရတဲ့ ရပ်ကွက်တွေ


ငါ့ရဲ့ခရီး … မင်းရဲ့ အတွေး
တိတ်ဆိတ်ခြင်း ဝေးလွင့်ခြင်း
နှင်ခဲ့ရတဲ့ ညရဲ့ ယုံကြည်ခြင်း


အလွမ်းပြစာတိုက်မှာ လောင်မြိုက်
ပြန်မလာတော့တဲ့ အမှိုက်တွေကို ရှုရှိုက်ပြီးမှ
ဘယ်အချိန်အထိ အတ္တတွေသောက်ကြမလဲ


မရှိတော့ဘူး … ရှိနေတယ်
ပုံပြင်ထဲက ပုံပြင်တွေ
အစာငတ်နေတဲ့ လေပြေတွေ
လက်ဖျားထိပ်က သစ်အိုပင် ရယ် ….


မျက်နှာကျက်က အစာအိမ်များနဲ့
လမ်းခွဲပေါ်က ဆုံမှတ်များ … စား
ငါ့ခရီးရဲ့ အစားဆုံးသော အဆုံးစားများ …


ညွှတ်ကြိုးပေါ်က ဒူးထောက်လို့
အော်ဟစ်နေတဲ့ နံရံများသာ
ကြိုးမရှိတော့တဲ့ အသံကိုနှိုးလို့ ခေါ်နေကြတယ်


ယုံကြည်လိုက်ပါပြီ
မျက်လုံးမရှိခြင်း အရပ်မှာ
မုန်တိုင်းတွေ သိပ်အေးလွန်းလို့
အဖြူရောင်မီးကို မြူခိုးနဲ့ထွန်းညှိလိုက်ပါပြီ


ကလေးကို ပုံပြင်အစစ်တွေရှိတဲ့
စက္ကူတောမှာ စကားလုံးတွေခြောက်တဲ့အကြောင်း
ငါ့လက်ချောင်းများနဲ့ ဘယ်ဖက်ရင်အုံမှာ
Tattoo လှလှကလေးထိုးပေးလိုက်ပါတယ် …..


ဆိုလိုစရာအကြောင်းမရှိတော့တဲ့ ဒုက္ခကို
ညမျက်နှာတစ်ခက်ချိုးဆီက ခေါ်သံပျိုတို့ကြားပါစေသား


ဟားပါ ရယ်ပါ ရယ်ဟားပါ
တဟီးဟီး အော်မြည်နေတဲ့ လှိုင်သံများဖုံးသည်အထိ ….
မင့် မျက်လုံးများနဲ့ အစွမ်းကုန် ရယ်သွင်စူးရှ ….
မင့်ကိုယ်မင်း ဂါဝရပြုမရတော့လို့
ရာစုနှစ်တစ်ခုအလွန်မှ ငါနဲ့ငါ စိုက်ပျိုးကြမယ်


ဖြူလွှလွှတိမ်တွေ ရှုရှိုက်ပြီး လွှင့်နေတဲ့ အိပ်မက်တွေ
စွယ်တော်ရွက်ကလေးအစွန်းက မိုးရေစက်တွေ
လွမ်းမောစရာ့ အမြစ်ပျိုတွေကြားက ရှာဖွေခြင်းကို
မင်းရဲ့ နှလုံးသားအိုပေါ်က အော်ဟစ်သီကျူးလိုက်ပါပြီ


ရနံ့တွေလှိုင်စေမဲ့တေးတစ်ပုဒ်နဲ့
ငါတို့သစ်အိုပင်ကြီးပေါ်က ရေတစ်မှုတ်ကို
မြေသြဇာမရှိ
အဆီမရှိ
အနှစ်မရှိ
အစိမ်းရောင်စကားနဲ့ အနက်ရောင်ပန်းတွေ ချကြွေးလိုက်ပါပြီ။



nelay









----------------------------------
online မြန်မာကျူးပစ်ဂျာနယ် အမှတ်(၉) အတွက် ကဗျာ။