Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Sunday, April 27, 2008
ပေါက်သင်ညို အင်တာဗျူး
ထမင်းသပ်သပ် ဟင်းသပ်သပ်
အရေတွန့် ချုပ်အပ်
မှတ် ကိုက်တဲ့ လူ
Saturday, April 26, 2008
အဟာရ ရွာ
စကားလုံးတို့ ပိတ်လှောင်နေတဲ့ အမှောင်ထုကို
ရနံ့တွေ ချကြွေးလိုက်တိုင်း
သွားကြားညှပ်နေရတဲ့ ရပ်ကွက်တွေ
ငါ့ရဲ့ခရီး … မင်းရဲ့ အတွေး
တိတ်ဆိတ်ခြင်း ဝေးလွင့်ခြင်း
နှင်ခဲ့ရတဲ့ ညရဲ့ ယုံကြည်ခြင်း
အလွမ်းပြစာတိုက်မှာ လောင်မြိုက်
ပြန်မလာတော့တဲ့ အမှိုက်တွေကို ရှုရှိုက်ပြီးမှ
ဘယ်အချိန်အထိ အတ္တတွေသောက်ကြမလဲ
မရှိတော့ဘူး … ရှိနေတယ်
ပုံပြင်ထဲက ပုံပြင်တွေ
အစာငတ်နေတဲ့ လေပြေတွေ
လက်ဖျားထိပ်က သစ်အိုပင် ရယ် ….
မျက်နှာကျက်က အစာအိမ်များနဲ့
လမ်းခွဲပေါ်က ဆုံမှတ်များ … စား
ငါ့ခရီးရဲ့ အစားဆုံးသော အဆုံးစားများ …
ညွှတ်ကြိုးပေါ်က ဒူးထောက်လို့
အော်ဟစ်နေတဲ့ နံရံများသာ
ကြိုးမရှိတော့တဲ့ အသံကိုနှိုးလို့ ခေါ်နေကြတယ်
ယုံကြည်လိုက်ပါပြီ
မျက်လုံးမရှိခြင်း အရပ်မှာ
မုန်တိုင်းတွေ သိပ်အေးလွန်းလို့
အဖြူရောင်မီးကို မြူခိုးနဲ့ထွန်းညှိလိုက်ပါပြီ
ကလေးကို ပုံပြင်အစစ်တွေရှိတဲ့
စက္ကူတောမှာ စကားလုံးတွေခြောက်တဲ့အကြောင်း
ငါ့လက်ချောင်းများနဲ့ ဘယ်ဖက်ရင်အုံမှာ
Tattoo လှလှကလေးထိုးပေးလိုက်ပါတယ် …..
ဆိုလိုစရာအကြောင်းမရှိတော့တဲ့ ဒုက္ခကို
ညမျက်နှာတစ်ခက်ချိုးဆီက ခေါ်သံပျိုတို့ကြားပါစေသား
ဟားပါ ရယ်ပါ ရယ်ဟားပါ
တဟီးဟီး အော်မြည်နေတဲ့ လှိုင်သံများဖုံးသည်အထိ ….
မင့် မျက်လုံးများနဲ့ အစွမ်းကုန် ရယ်သွင်စူးရှ ….
မင့်ကိုယ်မင်း ဂါဝရပြုမရတော့လို့
ရာစုနှစ်တစ်ခုအလွန်မှ ငါနဲ့ငါ စိုက်ပျိုးကြမယ်
ဖြူလွှလွှတိမ်တွေ ရှုရှိုက်ပြီး လွှင့်နေတဲ့ အိပ်မက်တွေ
စွယ်တော်ရွက်ကလေးအစွန်းက မိုးရေစက်တွေ
လွမ်းမောစရာ့ အမြစ်ပျိုတွေကြားက ရှာဖွေခြင်းကို
မင်းရဲ့ နှလုံးသားအိုပေါ်က အော်ဟစ်သီကျူးလိုက်ပါပြီ
ရနံ့တွေလှိုင်စေမဲ့တေးတစ်ပုဒ်နဲ့
ငါတို့သစ်အိုပင်ကြီးပေါ်က ရေတစ်မှုတ်ကို
မြေသြဇာမရှိ
အဆီမရှိ
အနှစ်မရှိ
အစိမ်းရောင်စကားနဲ့ အနက်ရောင်ပန်းတွေ ချကြွေးလိုက်ပါပြီ။




