Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, March 22, 2011

အလင်းဝတ်လွှာ



အဲ့ဒီ့နေရာမှာ တစ်ခါတလေတော့လဲ
ငါ့ကိုယ်ငါ ပြန်ထူထောင်ချင်စိတ်တွေ ယှက်သွန်းပျိုးနေမိတယ်

အတိုင်းအတာတွေနဲ့ လူဖြစ်ဖူးလာထဲက
လူကို လူလို မမြင်ဖူးကြတဲ့တောအုပ်ထဲမှာ
အရူးတွေက တစ်ယောက်ကိုတစ်ယောက်
တိုင်းတာ ရွေးခြယ်နေလိုက်ကြတာ
သူ့အကြိုက် ကိုယ့်အကြိုက်တွေနဲ့
မရေမရာ မသေချာတဲ့ အချိန်ကာလကြီးကို
သေချာချင်နေလိုက်ပုံများ

ဝတ်လွှာရေ ... နင်မြင်ဖူးနေကြ
Overacting တွေထက် ပိုဟာသပဲ

အလင်းအိမ်ငယ်ရဲ့ ဟိုးဝေးဝေးမှာ
တပျော်တပါးနဲ့ ငါ့ကိုစားသုံးပြီးမှ
ပွင့်လန်းနေတဲ့ ဥယျာဉ်တစ်ခုကို
ငါက မုဒိတာပြုနေရတယ်

ဘယ်လောက်များမြင့်မြတ်လိုက်တဲ့
စိတ်ကူးအိပ်မက်တွေလဲ

အဲ့ဒီ့ ချော့ကလက်ရောင် မီးအိပ်မက်ကို
နေရထိုင်ရတာ ငြီးငွေ့လာပြီမဟုတ်လား

လူပြောသူပြောများတဲ့ စိတ်အရေပျော်ဒြပ်ထုတွေက
ငါတို့ထက်စွမ်းအားကြီးလွန်းလို့
ဘဝအသေကြီးထဲမှာ ဘယ်အပြင်ကမ္ဘာမှ မရောက်ဖူးဘဲ
သေးငယ်တဲ့အမှုန်အမွှားတွေ မြေကြီးအဖြစ်နဲ့
သူရဲကောင်းဆန်ပြနေလိုက်ပုံများ ... ဟာသပဲ ...

သံယောဇဉ်တွေအတောင့်လိုက်ဝင်သွားလို့
ဒုက္ခကြီးလွယ်ထားရတာကိုက
ဝတ်လွှာရေ .......
ဂုဏ်ယူစရာပေါ့

နင့်အိမ်မှာ ကြည့်မှန်တခက်တော့
ရှိကောင်းရှိလိမ့်မယ်

ကိုယ့်အရိပ်ကိုယ်မြင်ရဖို့
အလင်းဝတ်လွှာတွေ အင်တာနက်မှာ
ပန်းကန်ပြားပျံစီးပြီး ပြောက်ဆုံးသွားသလား

ဒါမှမဟုတ်
လက်နှိပ်ဓါတ်မီးနဲ့ သာပြန်ပြန်ထိုး
စပွန်ဆာ မျိုးရိုးဆိုတာကလဲ
လူသားတွေပဲမဟုတ်လား

ငါတော့ငွေမရတဲ့ ကိုယ်ပိုင်အလုပ်တခုနဲ့
ဥယျာဉ်တစ်ခုကိုတခုတရ ပျိုးမိပါတယ်ကွာ ...
ရေကလဲအကောင်းကြီး
မြေကလဲအကောင်းကြီး
ဥယျာဉ်မှုးကို ပြန်ကိုက်တဲ့ပန်းတွေ ပွင့်လာတာတော့
ကိုယ့်ကိုယ်ကို ကျောပေးရုံကလွဲလို့
ပေါင်နှစ်ချောင်းလဲ မနာနိုင်တော့ဘူးပေါ့

ကိုယ်ရှိန်ကိုသပ်ပြီး ဆေးလိပ်တွေပဲရှိုက်ဖွာနေဖို့
ရာသီဥတုကောင်းနေဖို့နဲ့
တခြားလူတွေလို သူတို့အားကျတဲ့
ပညာရှိကြီးတွေ ရှိနေဖို့
ငါမှမလိုတာပဲ ဝတ်လွှာ ...

သေချာတာတစ်ခုကတော့
သေခြင်းဆိုတာ ငါတို့မျက်မြင်ကြုံနေရတဲ့
သေချာခြင်းပဲမဟုတ်လား

ကြယ်ကြွေညဦးရဲ့ အလယ်ခေါင်တည့်တည့်မှာ
ရေမွှေးပုလင်းမှောက်ကျခြင်းနဲ့
သစ်သားတံတားလေးကို မကျော်နိုင်တဲ့ ဆိုဒ်ကား
ဘယ်အခေါ်အဝေါ်ကရော မှားနေလို့လဲ
လင်းအိမ်လွှာ .....

ငါ့စာပေနဲ့
တ.ယူ.သန် ညတာရှည်တွေကရော
ကျန်းမာရေးပြန်ကောင်းလာဖို့
ပြတင်းပေါက်ဖွင့်ပြီးစိတ်ကူးယဉ်ကြည့်မိတယ်

ဘာပဲဖြစ်ဖြစ်ပေါ့ ဝတ်အိမ်လွှာ ...
ဒီညရုံတင်မဲ့ ''နောက်ဆုံးဘူတာ'' ကို
နံရံမှာ ချိတ်ဆွဲထားရုံနဲ့ မပြီးသေးဘူးဆိုတာ
လူတကာကိုလျှောက်မပြောဖို့နဲ့
မင်းကို အရူးလို့ပြောလာရင်ကျေကျေနပ်နပ်လက်ခံဖို့

အနီရောင်စက္ကူတွေကို
ငါ့မြေမှာတူးရှာရင်
အတုတွေပဲထွက်လာလိမ့်မယ်လို့ယုံကြည်ထားဖို့
မျက်နှာသုတ်ပုဝါတွေကိုနေလှန်းပြီး
ငါ့အလင်းဝတ်လွှာဆီ
ချောချောမောမောပြန်လာခဲ့တယ် ။



nelay