Pages

ပူစီဖေါင်း
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...
Read More
ဇီဇဝါ ဝင်္ကပါ
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...
Read More





လူငယ်တစ်ယောက်နဲ့ ခြေထောက်များ
သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...
Read More

စာ စားသုံးခြင်း
ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...
Read More
မေဦးပေါက်တဲ့ စာကလေး
အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...
Read More


မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ
ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...
Read More
ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်
နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...
Read More
ပုံပြင်ပေါ်မှာ ဇီဇဝါ
လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...
Read More

ဒီနေရာမှာ သုညတွေပေါတယ်
အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...
Read More
နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း
လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...
Read More

ဖြစ်မှဖြစ်ရလေ
ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...
Read More
ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး
သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...
Read More

Tuesday, June 30, 2009
စိတ်ကူးတည့်ရာ အမှန်တရား
Wednesday, June 24, 2009
တစ်ခုတည်းသော အကြောင်းပြချက်
ငါ့ကိုတရားချနေတာလား
လက်ညှိုးကလေးကို နမ်းခွင့်ပြုပါ
သွေးကြောတွေ အစိမ်းရောင်သန်းနေတုန်းပါပဲ …
အဆိပ်ခွက်ထဲမှာ အနာဂတ်တွေရှိတယ်
ငါ့ကိုမော့သောက်လိုက်စမ်းပါ
ဟင်နရီ … နင်မမြင်ဖူးတဲ့လူတစ်ယောက်
သဲကြိုးအနီရောင်ကလေးစီးလို့ လျှောက်လာတယ် …
ဦးခေါင်းထဲက လှောင်အိမ်တွေလင်းနေသေးတယ်
ငါ့ကိုခြစ်လိုက်စမ်းပါ … ဟင်နရီ
အဲ့ဒီ့ အမှားနှစ်ကြောင်းအလည်မှာ
စိုက်ပျိုးခဲ့တဲ့ သစ်ပင် ... အဆိပ်ပင်တဲ့
ဟင်နရီ … သစ်အိုပင်အသက်ရှုသံကြားလား
အစီအစဉ်တခုခုကြောင့်လေ
ကိုယ့်လိပ်ပြာကိုယ်မပိုင်သော သံစဉ်တခုက
အနှေးပြကွက်နဲ့ကြွေကြဖူးတယ် …
နှလုံးသားကိုထိုးတဲ့ ဓါးတစ်လက်ပါပဲ
ဟင်နရီ … ဖုန်းခေါ်သံကြားမှာ
တခြားရွေးချယ်မှုတွေ အများကြီးရှိတယ်
ငါအချိန်မီ ရောက်နိုင်ပါ့မလား …
ဘာအစီအစဉ်လဲ …
ကြယ်တစ်ပွင့် တောက်ပခြင်းကို
လောကကြီးထဲ ထာဝရအိပ်စက်ဖို့
နောက်ဆုံး … ပွေ့ဖက်လိုက်ပါ
ဟင်နရီ … အနမ်းတွေ ပြတိုက်ထဲမှာ
အို … ကျ … ။
လူတွေကိုမလေးစားတော့ဘူး
ဟင်နရီ … အနုပညာနဲ့ဂီတကို
နာရီသံအစားထိုးထုတ်လဲ
ကိုယ်ပိုင် ဥပဒေသတခုနဲ့
ကြီးမြတ်ခြင်းတွေနီမြန်းနေပြီပေါ့
ဟင်နရီ … အချိန်မရှိတော့ဘူး
ငါ့ကိုအကြောက်တရားတွေဟောစမ်းပါ
ဖြတ်မျဉ်းဆုံမှတ်အလယ်က သစ်အိုပင် …
အဖူးတွေထက် … အသီးတွေက ပုတ်လွယ်တယ် ။
အမှားဖြစ်သွားတဲ့ အမှန်တရား
ဘုရားဒကာနားနေတော့ တရားသံပေါက် နေ
လူရမ်းကားနားနေတော့ လူကားသံပေါက် နေ
သစ်ပင်နားနေတော့ အောက်ဆီဂျင်သံပေါက် နေ
လူတွေနားနေတော့ ကာဗွန်သံပေါက် နေ
ခင်ဗျားကိုယ်နား ခင်ဗျားနေတော့ ဘာသံပေါက်နေခဲ့လဲ
ချွေးစော်နံတယ်။ လျှာစော်နံတယ်။ မှန်မကြည့်ဘူးလား
ခင်ဗျားစိတ်နဲ့ခင်ဗျား ရေဖြစ်လိုက် လေဖြစ်လိုက်
တိုက်စားလို့ဝသွားပြီလား ငါ့ကမ်းတွေပြိုပေးထားမယ်
အမှိုက်တွေလဲပစ်ပါ မျက်နှာတွေလဲသစ်ပါ
...............------- သေ -------..................
....-----------------.......-----------------.....
(ဘ)............................................(ဝ)
--------------------------------------------
လျှာတွေဘယ်ဖက်ပါနေလဲ။လျှာမထွက်ဘူး။
--------------------------------------------
(အေး) ………………………………… (ငြိမ်း)
....---------------…….---------------…….
…………..------- (စိတ်) -------……………
ဂိုဏ်းခွဲထားတဲ့ ခင်ဗျားတို့တရားထဲကထွက်
ငါ့တရားငါပိုက်ပြီ ဟင်လင်းပြင်မှာအောက်ခြေလွတ်
ဟိုးရှေးရှေးတုန်းက
ငါက သူတော်ကောင်းကြီး
ပုံပြင်ထဲကထွက်လာတော့
ခင်ဗျားက သူတော်ကောင်းကြီး
ငါ့ကို ရေစက်ချအမျှဝေ
နောက်ဝေလာမဲ့ အပွင့်တွေကို
လေဘာသာနဲ့ ခင်ဗျားကပြော
ငါပဲ ငရမကန်းဖြစ်လိုက်
အံ့ကျော်ဖြစ်လိုက်
ယုန်ဆိုးဖြစ်လိုက်
မုသားဝါဒလှလှကို အဖုံးချုပ်ပြီး
ပုံပြောကောင်းတဲ့ ခင်ဗျားကြီးက
ကိုယ်ချင်းစာဖို့လဲ နောက်ဖုံးမှာ
လက်ရေးတိုရေးတတ်သေးတယ်
ငါ့အတောင်တွေရုန်းထနေပြီ
မျက်နှာကျက်ကနှိမ့်လွန်းတယ်
ဖြူရာကနေ မဲ
မဲရာကနေ ဖြူ
ငါက တစ်ခါသုံးစက္ကူဆိုရင်
ခင်ဗျားက အိမ်သာသုံးစက္ကူ
ကံတရားဆိုတာ
ခင်ဗျားပြောသလိုမဟုတ်ဘူး
ဒီကောင်က လက်တွန်းလှဲပေါ်ထိုင်နေတာ
ငါတွန်းမှရွေ့မဲ့ကောင်
ခင်းဗျားနောင်တရလို့မော့ကြည့်တော့
အဆိပ်ပင်က ဒါးတွေပွင့်နေပြီ
အကောင်းဆုံးအကြံတခုပေးရရင်
ပုတီးကိုလည်မှာဆွဲ
နှင်းဆီကိုသရော်ကင်မွန်းနဲ့လျှော်ပြီး
။ စောင့်နေ ။
အမှားဖြစ်သွားတဲ့ အမှန်တရားတွေ
အမှန်ဖြစ်သွား အမှားတရားတွေ
ရေချိုးမလို့
။ စောင့်နေ ။
နှစ်ဆယ့်တစ်ရာစု မျက်နှာအတုများ
:D :d
:P :S
:B :F
:G :K
:x :R
:-) (-:
:C) (;
:Q :E
XOxOXoXOX
:@) :^)
(*: :*)
:’) (‘:
:>) (
(v: (^:
O.o
O.O
0.P
Monday, June 15, 2009
အိပ်မက် အနီ
ငါ့ ငြိမ်းနေတဲ့ မီးနဲ့ အသာ အယာ ပြန် ပြန် သပ် ချ
နိုးမ၀ တဲ့ အိပ်မက် အောက်မှာ
နံနက်ခင်းပေါင်းများစွာကို ကျက်သရေ သုံးမျိုးနဲ့ ပျိုးလာခဲ့တယ်
စိတ်တွေဟာ အိပ်မရလို့ ငါ့ကို လှုပ်နိုး လိုက်သလား
အိပ်မက်ကို စုတ်ထိုး လိုက်တဲ့ ပင့်သက်အရှည်ကြီးက
ကွယ်နေတဲ့ စိတ်ကို တအား ဆွဲ ခွာပစ်လိုက်တော့
နာနေသလား
နာနေသလား
နာနေသလား
ကမ်းနဖူးက အိပ်မက် သစ်အိုပင်အောက်
လှိုင်းကရက်တွေ ထထ နေတဲ့ Tombraider ဂိမ်းကိုပဲ
အပြန်တစ်ရာ ဆော့ဆော့ နေရတယ်
ကျောပြင်ကို ဗျောတင်လိုက်တဲ့ လက်ဝါးတွေအောက်
ရန်ကုန်စာတိုက်ကြီး အနောက်နားမှာ နီရဲနေတဲ့
စာတိုက်ဗုံးတွေ ဆာနေသလား
စာတိုက်ဗုံးတွေ ဆာနေသလား
စာတိုက်ဗုံးတွေ ဆာနေသလား
စိတ်တွေဟာ အိပ်မရလို့ ငါ့ကို လှုပ်နိုးလိုက်တယ်
အခုတော့ ငါ သိပ်ချစ်တဲ့ မြက်ခင်းတွေ
ငါ့ကို ဝါးကြ
ငါ့ကို ဝါးကြ
ငါ့ကို ဝါးကြ
ကျောက်ဆောင်တေးသံ
ရင်ခုန်နည်းတွေလဲကျောင်းမရှ
ိတဲ့အရပ်မှာသင်ကြားရအုံးမယ်
ငါ့ကို ခိုဖြူတွေအကြောင်း ပုံပြောပြစမ်းပါ . . .
ဒီလူ့အသိုင်းအဝိုင်းက ကမ္ဘာနဲ့ချစ်ခြင်းကို ခွဲခဲ့ကြတယ်
အပြင်မထွက်လိုက်နဲ့ ကလေးငယ်
မင်းအရေခွံတွေဘယ်လောက်ထက်ထက
အချစ်မရှိတဲ့ပါးစပ်အခက်အလက်တွေ မင်းကို အုပ်မိုးတော့မယ်
အမှောင်အောက်ရောက်မှတော့ ဘယ်သူကမင်းအရေခွံကို
ဖြူတယ်ပြောအုံးမှာလဲ . . .
ငါ့ကိုယ်ငါ နေမသာလိုက်ပုံများ .. ဒသမတန်း ခေါင်းတလားထဲမှာ ...
''အူဝဲ'' ဆိုတဲ့ ခေတ်သစ်ကလေးငိုသံနဲ့ လောကကြီးကို လိမ်ဖို့စတင်တယ်
အသက်မပါတဲ့ကြိုးတွေ အရိုးကိုးထစ်မှာ ထိုးလို့ ဘဝကို ငါတို့လိမ်ကြမယ်
မောပန်းလာတော့ ဦးနှောက်ကို ပိုက်တပ်ပြီးသောက်လိုက်ကြပေါ့ ...
ဘာထူးသေးလဲ ကဗျာမဟုတ်တဲ့ ကဗျာဆရာ . . .
မင်းဇက်ကြိုးတွေ ဘယ်လိုဆွဲမလဲ ခံစားမှုမပါတဲ့ ကဗျာက
ကလေးငိုသံ ကြားမယ် မထင်ဘူး . . .
ငါ့ကို နေခြည်တသန်းငှားစမ်းပါ ကမ္ဘာကိုအလွတ်ကျက်ချင်လို့ . . .
အကြွေးတင်ခဲ့ပေမဲ့ ကျေးဇူးမဆပ်နိုင်တော့တဲ့ မျက်နှာတွေ
ဘယ်ဘာသာတရားနဲ့ တောင်းပန် .. တောင်းပန်
ကမ္ဘာမှာ လူဖြစ်ပြီး အရှင်လတ်လတ် ငရဲခံပေအုံးတော့ . . .
ကလေးငယ်ရေ မင်းအတောင်တွေ ငါဖြတ်ပြစ်ရအုံးမယ်
ကမ္ဘာပေါ်မှာ အချစ်မပါတဲ့ လူ့ဖျံတွေများတယ်လေ . . .
စက်သီးတပ်လို့ ဇောက်ထိုးမလည်တတ်ရင် အသွားတွေကျိုးပြီး
မင်း အံ့ချော်လိမ့်မယ် . . .
ခက်ထန်းတဲ့လှိုင်ပုတ်သံမှာ သူ့ထက်ကျယ်အောင်ပျံပြလိုက်စ မ်းပါ . . .
ငါတို့ တိတ်ဆိတ်ခြင်းနဲ့ ငါတို့ ထွန်းလင်းနေဖို့
တိမ်သားနိမ့်နိမ့်တွေ ပြိုကျမှာကိုစိုးနေသေးတယ်
မှန်တစ်ချပ်ကို ပြဒါးသုတ်ထားရအုံးမယ် . . .
တိတ်ဆိတ်ညင်သာတဲ့ ဂီတသံကိုကြားလား ကလေးငယ်
မင်းရင်ထဲမှာ တိုးတိုးလေး ညည်းနေတာလေ
ဘယ်သံ အက္ခရာနဲ့ ရင်ခုန် ကမ္ဘာကို ငြိမ်ချမ်းချင်နေလိုက်ပုံများ
မချိတင်ကဲအချစ်တွေ ကောင်းကင်နဲ့သိမ်းလို့ မလောက်တော့ပါဘူး . . .
ငါ့ခေါင်းကိုခေါက်ပြီး နိဗ္ဗာန်ဆိုတာကိုပြ တိရစ္ဆာန်တစ်ရာကို ကဗျာရွတ်ပြမယ် ...
ငါကိုယ်တိုင်က အသံမပါတဲ့ ဂီတနား ခိုတွယ်မိမှတော့
ကမ္ဘာရေ ... ဘာတွေဖြစ်ဖြစ် ...
တိတ်ဆိတ်ခြင်းရဲ့ အိပ်ယာဝင်တေးသွားမှာ ...
မင်း အိပ်ပါတော့ နော် . . . ။
Wednesday, June 10, 2009
ပြက်လုံးမရှိတဲ့ ကောင်းကင်
ကျွန်တော်ဟာ ပါးပါးလွှာလွှာ
ပျက်ကြွေထားတဲ့ ဝတ်မှုံဖြစ်တယ်။
ညဟာအရင်ကထက်အရောင်မှိန်နေခဲ့တာ
လေအထက်က ခြေရာက သတိပြုမိတယ်။
ဝလုံးမရေးတော့ပေမဲ့
ဂဏာန်းခြောက်လုံးတိတိကိုနှိပ်ကြည့်တယ်
ဂဏာန်းတွေရေချိုးနေတာ ဖြစ်ပါစေ ...
၁။ စိတ်နာရီ
၂။ မညီညွှတ်တဲ့မိနစ်
၃။ ၃၄စက္ကန့်
မိုးဖွဲတို့လှစ်ခိုတဲ့ သစ်ရိပ်မှာ
အရိပ်မရှိတဲ့လူတယောက်
စိတ်တွေမမှိတ်အားဘူး သူ့အာရုံမှာ
ဘာမှလုပ်မရတဲ့ စိုးစိတ်တွေစိုရွဲကုန်လွန် ...
ဝတ်မှုံမရှိတဲ့ မျက်မမြင်တကောင်ရဲ့ ငေါင်စင်းစင်းအတွေးအခေါ်
ပြောင်းလဲမှုတစုံတရာ ဘာကိုမှမမြင်အားတော့ဘူး
နေလုံးဟာဝင်ပြီးခဲ့တာ ဘယ်နှစ်ကမ္ဘာတိုင်ပြီလဲ
ရွက်လွှင့်သမားဟာ ရွက်အစုတ်ကိုဖာနေတယ်
နားဟာ လေသံသဲ့သဲ့လေးကို စွင့်နေတယ်
မသိနားမလည်သလိုချလိုက်တဲ့ သက်ပြင်းတိုင်းဟာ
၈နာရီရဲ့ဘယ်ဘက်အစွန်းကလေးမှာ နေဝင်တယ်
မျှော်လင့်ထားပေမဲ့ထမင်းဆီဆ န်းရွှေလင်ဗန်းဆိုတာ
အမေ့ပါးစပ်ထဲက အတိတ်ဖြစ်ရုပ်ကြွင်း
တကယ်ကြားလိုက်ရတာက စက္ကန့်တန်ရဲ့တဝက်
လေသံတိုးတိုးလေးထဲက သစ်ရွက်တွေ
ငါ့နားပေါ်ကြွေတော့ ငါ့ဝိဉာဉ်ကလှောင်အိမ်ထဲအသက်ငင်နေ ...
လရောင်ကိုငေးနေသူရဲ့အသက်တို တိုလေးလောက်တောင်မရှိ
သွေးငတ်သူရဲ့ဒဏ်ရာအတိနဲ့ ပါးစပ်ဟမိရာက
အဆိပ်ရေတွေပြိုဆင်းသွားတဲ့ညတွေဖြစ်ကောင်းဖြစ်ခဲ့တယ်
ငါမသေဆုံးခဲ့ပါဘူး ... ချိုမြိန်တဲ့အရသာနဲ့ ...
စေတန်ကို ကျောမှာလွယ်ပြီး
လှောင်ရီသံတွေကြားက
ကျနေတဲ့ခြေလှမ်းအနွမ်းတွေကောက်ရင်း ...
အခန်းဆက်မရှိတဲ့ ညနက်ထဲ
သွေးမထွက်တဲ့ဒဏ်ရာနဲ့ ကျေကျေနပ်နပ်
ငါ ... ပြန် ... ခဲ့ ... တာ ...
အ
ကြိမ်
ပေါင်း
မ
နဲ ... ။
Monday, June 8, 2009
ရုပ်ရှင်ချင်တဲ့ကျုပ်
ဟယ်လို Henri Amor
သိပ်ကြောက်စရာကောင်းတဲ့ အနက်ရောင် လမ်းမများပေါ်မှာပေါ့ Amor ….
ဘယ်လောက်တောင် ရှုံးနှိမ့်ထားရတဲ့
ကြောက်ရွံ့ခြင်းတွေလဲ
ဟယ်လို Henri Amor
အဲ့ဒီ့ တွင်းထဲကို ဝင်သွားမယ်ဆိုရင်
မင်းဘယ်ဖက်ကို သွားမှာလား ညာဖက်ကိုသွားမှာလား
လူ့အခွင့်အရေးတွေ အရဆိုရင်တော့
Henri မင်းဟာ နှစ်ဖက်လုံးကို သွားပိုင်ခွင့်ရှိပါတယ် …
ဒါပေမယ့် လူ့ကျင့်ဝတ်အနေနဲ့တော့
ငါတို့လက်ညှိုးတည့်တည့်မှာ အသီးတွေ အပွင့်တွေ
ဝေဆာနေတဲ့ အပင်ကြီးရှိပေမဲ့
ရေသောက်မြစ်ကြီး ကိုယ်တိုင်က အဆိပ်တွေ သောက်သုံးနေခဲ့ရင်
အဲ့ဒီ့ အသီးတွေ အပွင့်တွေဟာ အဆိပ်ရှိတယ်မဟုတ်လား Amor ….
အဆိပ်ဆိုတာ လူတွေကြောက်တဲ့
လူတွေ လက်မခံတဲ့
လူကိုသေစေနိုင်တဲ့ အရာဝတ္ထုတစ်ခုပေါ့ Amor ….
ဘယ်လောက်တောင် အနိုင်ရနိုင်ပါသလဲ
ဘယ်လောက်တောင် ရှုံးနှိမ့်နိုင်ပါသလဲ
ဟယ်လို Henri Amor
သင်အပြင်မှာ နေရဲပါသလား
အတွင်းမှာရော နေရဲပါသလား
ဘယ်နေရာကရော သင်ရဲ့ လုံခြုံမှုကို
မင်းစိတ်တွေ ရှုပ်ထွေး နိုင်ပါတယ် …..
မင်းအတွေးတွေ ရွေးခြယ်နိုင်ပါတယ် …..
ဒါဟာ မင်းရဲ့ပြိုင်ပွဲကို စတင်တော့မှာမို့ …
မလိုအပ်ခြင်းထဲက အသီးကိုသတ်
အပွင့်ကိုသတ်
အရွက်ကိုသတ်
အရိုးကိုသတ်
အခေါက်ကိုသတ်
အနှစ်ကိုသတ်
အပင်ကိုသတ်
အမြစ်ကိုသတ်
အောင်ပွဲဆိုတာ
သန့်စင်စရာ မလိုအပ်တဲ့
လိပ်ပြာအတုတွေ ဆင်မြန်းထားတဲ့
ခြပ်ဝတ်တန်ဆာများနဲ့ စူးရှနေတဲ့
အသွားထက်ထက် စိတ်ကူးအိပ်မက်များ ပိုင်းခြားထားတဲ့
ခန္ဓာကိုယ်ကြီးပေါ့ Amor …..
ဟယ်လို Henri Amor
ကွေ့ကောက်နေတဲ့ လမ်းတွေ တစ်လျှောက်
အန္တရယ်ဖြစ်နိုင်တဲ့နှုန်းနဲ့ ရှည်လျှားလှတဲ့ မိုင်ပေါင်းများစွာ
ခရီးကြမ်းတွေ ဖြတ်ရင်း အသုံးမဝင်ဆုံး နေရာတစ်ခုကို
သွားမိမှာကြောက်နေပြီးလား Amor …..
ဒါဟာစောင့်စားရတဲ့ နေရာမျိူးပေါ့ …
သေသေချာချာ အသေးစိတ်ကြည့်ကြမယ်ဆိုရင်
အရာရာတိုင်းဟာ အပြစ်အနာစာတွေနဲ့ပြည့်နေတဲ့
ကွဲအက်ခြင်း ပိုင်ရှင်တွေပါပဲ Amor …..
တစ်ဘဝလုံး သတိမရနိုင်တော့တဲ့ လူတစ်ယောက်ရဲ့ဘေးမှာ
ကဗျာတွေနေ့စဉ်တိုင်းရွတ်ဆိုနေခြင်းက
အဲ့ဒါက ဟုတ်သလား မဟုတ်ဘူးလားဆိုတာကိုလဲ
စောင့်ဆိုင်းနေရခြင်းပါပဲ Henri Amor …
ဟယ်လို Henri Amor
ငါက မင်းရဲ့ မိသားစုဝင်မဟုတ်ပဲနဲ့
ဘာလို့ဒါတွေပြောနေသလဲလို့မေးနေတာလား Amor …..
ကံတရားက ဖိနပ်မပါပဲ နှစ်ပေါင်းများစွာ လေလွင့်နေခဲ့တယ် …
သူမေ့ကျန်ခဲ့တဲ့ ဖိနပ်ကလေးကို ငါ့ဧည့်ခန်းထဲက နေပြန်လာစီးသွားခြင်းဟာ
ငါတို့ မိသားစုဝင်တွေပဲဆိုတာကို ဖေါ်ပြနေတာပေါ့ Amor …..
ဟယ်လို Henri Amor
မကြားနိုင်တဲ့အရပ်ဆီက ထောင့်ချိုးမျိူးဆိုတာ
သိပ်ကို အရေးကြီးတဲ့ အရိပ်တွေပါပဲ Amor …..
Henri ….. လူတိုင်းက ဘာလို့
ဇာတ်သိမ်းလှလှကလေး ဖြစ်ချင်ကြတာလဲ ……
ဆရာဝန်ဖြစ်ဖို့လား
အင်ဂျင်နီယာဖြစ်ဖို့လား
အိုင်တီပညာရှင်ဖြစ်ဖို့လား
အဆိုတော်ဖြစ်ဖို့လား
မင်းဆိုရင်ရော Henri …..
အဆိုတော် မယားလုပ်မလား
အိုင်တီပညာရှင်ရဲ့ မယားလုပ်မလား
အင်ဂျင်နီယာ မယားလုပ်မလား
ဆရာဝန် မယားလုပ်မလား
ဒါတွေက အရေးမကြီးပါဘူး Henri …..
စကားလှအောင် လျှောက်သုံးနေတဲ့
ခေတ်ပျက် ဘမ်းစကားကြီးမဟုတ်လား
Henri ….. ငါတို့သောက်ခဲ့တဲ့ ဆေးတွေထဲမှာ
ငါတို့ရဲ့ ကျန်းမာရေးတွေရှိတယ်
Henri ….. ငါတို့ ပြောက်ခဲ့တဲ့ အရာတွေထဲမှာ
ငါတို့ရဲ့ မျှော်လင့်ခြင်းတွေရှိတယ်
ဒါဆို ငါတို့ရဲ့ ကမ်းခြေမှာ ငါတို့ခြေရာတွေ
ရပ်စောင့်နေကြတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ Henri …..


