ငါ့ ငြိမ်းနေတဲ့ မီးနဲ့ အသာ အယာ ပြန် ပြန် သပ် ချ
နိုးမ၀ တဲ့ အိပ်မက် အောက်မှာ
နံနက်ခင်းပေါင်းများစွာကို ကျက်သရေ သုံးမျိုးနဲ့ ပျိုးလာခဲ့တယ်
စိတ်တွေဟာ အိပ်မရလို့ ငါ့ကို လှုပ်နိုး လိုက်သလား
အိပ်မက်ကို စုတ်ထိုး လိုက်တဲ့ ပင့်သက်အရှည်ကြီးက
ကွယ်နေတဲ့ စိတ်ကို တအား ဆွဲ ခွာပစ်လိုက်တော့
နာနေသလား
နာနေသလား
နာနေသလား
ကမ်းနဖူးက အိပ်မက် သစ်အိုပင်အောက်
လှိုင်းကရက်တွေ ထထ နေတဲ့ Tombraider ဂိမ်းကိုပဲ
အပြန်တစ်ရာ ဆော့ဆော့ နေရတယ်
ကျောပြင်ကို ဗျောတင်လိုက်တဲ့ လက်ဝါးတွေအောက်
ရန်ကုန်စာတိုက်ကြီး အနောက်နားမှာ နီရဲနေတဲ့
စာတိုက်ဗုံးတွေ ဆာနေသလား
စာတိုက်ဗုံးတွေ ဆာနေသလား
စာတိုက်ဗုံးတွေ ဆာနေသလား
စိတ်တွေဟာ အိပ်မရလို့ ငါ့ကို လှုပ်နိုးလိုက်တယ်
အခုတော့ ငါ သိပ်ချစ်တဲ့ မြက်ခင်းတွေ
ငါ့ကို ဝါးကြ
ငါ့ကို ဝါးကြ
ငါ့ကို ဝါးကြ
nelay
1 comment:
အိပ်မက်က နီတယ်
မိငြိဏ်းခက်
Post a Comment