Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, June 8, 2009

ရုပ်ရှင်ချင်တဲ့ကျုပ်



ကျုပ်ကြည့်နေတဲ့ရုပ်ရှင်က
ကျုပ်ကိုပြန်မကြည့်ဘူး
ဒါကအကြောင်းမဟုတ်ဘူး
ကျုပ်ကအကြောင်းအရာအသစ်
ကျုပ်ကြည့်ချင်တဲ့ရုပ်ရှင်အစစ်
ကျုပ်စိတ်တွေအသိပဲ
စကားများခန်းတွေမရစ်ကြည့်ဘူး
ဘယ်တုန်းကမှကျော်မချတဲ့ရုပ်ရှင်
ကျုပ်ရုပ်ရှင်ကျုပ်တန်ဖိုးထားတယ်
ကျုပ်ကြည့်ချင်တာကမင်းသားမဟုတ်ဘူး
ကျုပ်ကြည့်ချင်တာကမင်းသမီးမဟုတ်ဘူး
ကျုပ်ကြည့်ချင်တာကရှုခင်းမဟုတ်ဘူး
ကျုပ်ကြည့်ချင်တာကလမ်းခွဲခန်းမဟုတ်ဘူး
ကျုပ်ကြည့်ချင်တာကခပ်အက်အက်နှဲသံမဟုတ်ဘူး
ကျုပ်ကြည့်ချင်တာကရုပ်ရှင်
ကျုပ်တွေ့တုန်းကကျုပ်ရုပ်ရှင်က
ကျုပ်ကိုသနားသလိုမျိုးကြည့်တယ်
ကျုပ်ကလက်မှတ်မှမပါပဲ ထီးတချောင်တော့ပါတယ်
ကျုပ်မကြည့်ရက်လို့ တမြတ်တနိုးထားတဲ့ရုပ်ရှင်
ကျုပ်ကိုကြည့်ပြီးရုပ်ရှင်မပြီးခင်ထပြန်ချင်တယ်
ကျုပ်စကြည့်တုန်းကရုပ်ရှင်စစ်ပါ
တကယ့်ရုပ်ရှင်ကလေး ...
ဇာတ်လမ်းထဲမှာစိုနေတဲ့ထီးကိုပုန်းထဲထည့်
အစိမ်းရောင်တပွဲမှာတဲ့အထိမိုးမသဲသေးဘူး
ကျုပ်ကမင်းသမီးငိုတဲ့အခန်းဆိုကျုပ်ငိုတယ်
ကျုပ်ကမင်းသမီးအသက်ရှုမဝရင်ကျုပ်လဲမဝဘူး
ကျုပ်ကမင်းသားကိုမင်းသားလုပ်စေချင်တာ
သူကဇာတ်နောက်ကကိုထွက်မလာဘူး
ကျုပ်ကြည့်တဲ့ရုပ်ရှင်မှာဆူးညှောင့်ခလုတ်တွေများတယ်
ကျုပ်ကြည့်ချင်တဲ့ရုပ်ရှင်က ဒါပဲလေ
ကျုပ်ရုပ်ရှင်ထဲမှာဆောင်းရာသီနဲ့အဝါပဲပါတယ်
ကျုပ်ရုပ်ရှင်ထဲမှာကျုပ်မပါဘူး
ကျုပ်ကရုပ်ရှင်ကိုအားပေးတဲ့ပရိတ်သတ်
ကျုပ်ရုပ်ရှင်ကပျော်တယ်
ကျုပ်ရုပ်ရှင်ကလွှင့်တယ်
ကျုပ်ကတော့ရုပ်ရှင်ကိုချစ်တယ်
ကျုပ်ကြည့်ချင်နေတာရုပ်ရှင်ပါဗျာ
ကျုပ်ဒါရိုက်တာလဲမဟုတ်
အယ်ဒီတာလဲမဟုတ်
ဇာတ်ညွှန်းဆရာလဲမဟုတ်
ကျုပ်ဘယ်တကွက်ကိုမှမပြင်ပါဘူး
ကျုပ်ရုပ်ရှင်ကြည့်ယုံသက်သက်ပါ
ကျုပ်ရုပ်ရှင်ကိုကျုပ်တသက်လုံးကြည့်ချင်တာပါ
ကျုပ်ကရုပ်ရှင်ကိုစောင့်ကြည့်တယ်၊ငေးကြည့်တယ်၊မျှော်ကြည့်တယ်
ကျုပ်ကိုကြည့်ပါစေတော့ဆိုပြီးဖွင့်ကြည့်တယ်
အဲဒီ့နေ့တွေနောက်ပိုင်းကဆောင်းမှာသက်တန့်တွေရွာတယ်
စိတ်ကူးပေတံတွေရွာတယ်၊စာရွက်အဖြူတွေရွာတယ်
ကျုပ်ရုပ်ရှင်ကကျုပ်ကိုပြန်ကြည့်တဲ့နေ့မှာ
ကျုပ်ကမင်းသားမဟုတ်တော့နေကြာစေ့ဝါးရင်
ဒူးပေါ်ပေါင်ပေါ်ထိုင်မိလျှက်သား
ကျုပ်ရုပ်ရှင်လေးကိုကျုပ်ကြည့်နေမိတော့
ကျုပ်မျက်နှာမှာအဆီတဝင်းဝင်း
ကျုပ်မဖြီးမလိမ်းမိဘူးကျုပ်ကပကတိအတိုင်း
ကျုပ်ရုပ်ရှင်ကိုကျုပ်ရုပ်ရှင်ကသိပ်ကြိုက်ပုံမပေါ်ဘူး
ကျုပ်ကဟန်ဆောင်မှုကင်းမဲ့တော့ကျုပ်ရုပ်ရှင်ပျင်းမှာပေါ့
ဒါနဲ့ကျုပ်ရုပ်ရှင်အတွက်ကျုပ်ရုပ်ရှင်လုပ်ရတော့မယ်

ခဏရပ်တဲ့ခလုတ်ကိုကျုပ်ရှာနှ ိပ်တယ် '' ထေါက် ''
ကျုပ်လိုက်ကာနောက်ထဲဝင်လိုက်တယ် ...
ဂျိုကာခေါင်းတခုတွေ့တယ် ... ။

ကျုပ်ကြည့်ချင်တာ ရုပ်တွေအသက်ရှင်နေတဲ့ ရုပ်ရှင်ပါ။



nelay





No comments: