Pages

Wednesday, May 26, 2010

အက်ပြန်ကြောင်း

အက်ပြန်ကြောင်း



ဟောဟို မြောက်ပြန်လေထဲ
ကြိုးကြာ ခရီးရှည်တွေ
ကြယ်စုကိုကိုက်ချီပျံသန်း
ငါ့ ကောင်းကင်က ဥာဏ်ရှိမိုးတိမ်တွေ
လ၀န်းကဝေကို လွမ်းကြတယ်


ရန်ကုန်လမ်းမထက်က အ မင်္ဂလာနဲ့
အောင်မြင်မှု ချိုင့်ခွက်တွေပေါ်
ကြင်နာခြင်းဟာ လမ်းသလားလို့ မလွယ်ဘူး


ဆင်ခြင်မှုတွေ ပစ်ပေါက်လိုက်တဲ့
ဟိုးနား ဆီက ပိတောက်ရိပ်ငြိမ်လမ်းထဲ
ကျော်ကြားမှုအပေါက်အပြဲနဲ့
ငါက ပျော်ရွှင်မှုတွေ လိုက်ကောက်ထည့်ဖူးတယ်


ကျက်သရေရှိစွာ မဲ့ရွဲ့ပြီးမှ ရွာချလာတဲ့
ဥပေက္ခာမိုးစက်တွေ
ငါ့စမ်းကလေးအပေါ် အစက်အပြောက်နဲ့
ကံကြာမ္မာ မလုံမနွေး


ငါ့မြို့လေးမှာ ဒဿန အပုတ်အဆွေးတွေ
အန္တိသူတော်စင်ကို
ပျော်ပျော်နေသေခဲ စာတစ်စောင်ပို့လိုက်တယ်


မုန်တိုင်းနဲ့ပင်လယ်ကြား
လိုအပ်ချက်တွေ ရစ်ပူဇော်ထားတဲ့
အပျိုစင်မဒန်းဟာ သူ့လက်စွတ်ကိုပင်လယ်ထဲပစ်ချ
မျှော်လင့်ချက်တွေပြန်တက်လာမလားစောင့်နေတယ်


အချစ်လွန်အမုန်းလွန်
ကံကြမ္မာ အူတိုင်တည့်တည့်က
သန္တိသုခဟာ ဘယ်တော့မှ မလည်ပတ်တော့ဘူး


ပိတ်ဖြူစတွေ ခြုံထားတဲ့ ရန်ကုန်
ဆေးရုံကုတင်ပေါ်မှာ လဲလျှောင်း
ရန်သတင်းများအကြောင်းကို
လက်ပိုက်ကြည့်ကောင်းနေတယ်


ပြဿနာက အနုပညာ အသီးအပွင့်တွေ
အပြင်မှာဘာဖြစ်ဖြစ်
ဟိုး အောက်ခြေအနက်ရှိုင်းဆုံးမှာ
ငါ့အမြစ်တွေအိပ်စက်နေတော့မယ်


ပန်ဒိုရာအဖုံးပွင့်နဲ့ ခပ်ငယ်ငယ်တုန်းက
ကျောင်ဆောင်တေးသံကို
တည်ချက်ပျက်အောင်နားထောင်ခဲ့ရလို့


အရှုံးတွေငွေ့အိမ်ဖွဲ့ထားတဲ့
တိမ်မဲတွေအောက်
မျှော်လင့်ချက်အရေထူထူထမ်းပြီး
ရန်ကုန်ဗွက်ပေါက်တယ် ။







nelay

အက်ပြန်ကြောင်း

အက်ပြန်ကြောင်း

ဟောဟို မြောက်ပြန်လေထဲ
ကြိုးကြာ ခရီးရှည်တွေ
ကြယ်စုကိုကိုက်ချီပျံသန်း
ငါ့ ကောင်းကင်က ဥာဏ်ရှိမိုးတိမ်တွေ
လ၀န်းကဝေကို လွမ်းကြတယ်

ရန်ကုန်လမ်းမထက်က အ မင်္ဂလာနဲ့
အောင်မြင်မှု ချိုင့်ခွက်တွေပေါ်
ကြင်နာခြင်းဟာ လမ်းသလားလို့ မလွယ်ဘူး

ဆင်ခြင်မှုတွေ ပစ်ပေါက်လိုက်တဲ့
ဟိုးနား ဆီက ပိတောက်ရိပ်ငြိမ်လမ်းထဲ
ကျော်ကြားမှုအပေါက်အပြဲနဲ့
ငါက ပျော်ရွှင်မှုတွေ လိုက်ကောက်ထည့်ဖူးတယ်

ကျက်သရေရှိစွာ မဲ့ရွဲ့ပြီးမှ ရွာချလာတဲ့
ဥပေက္ခာမိုးစက်တွေ
ငါ့စမ်းကလေးအပေါ် အစက်အပြောက်နဲ့
ကံကြာမ္မာ မလုံမနွေး

ငါ့မြို့လေးမှာ ဒဿန အပုတ်အဆွေးတွေ
အန္တိသူတော်စင်ကို
ပျော်ပျော်နေသေခဲ စာတစ်စောင်ပို့လိုက်တယ်

မုန်တိုင်းနဲ့ပင်လယ်ကြား
လိုအပ်ချက်တွေ ရစ်ပူဇော်ထားတဲ့
အပျိုစင်မဒန်းဟာ သူ့လက်စွတ်ကိုပင်လယ်ထဲပစ်ချ
မျှော်လင့်ချက်တွေပြန်တက်လာမလားစောင့်နေတယ်

အချစ်လွန်အမုန်းလွန်
ကံကြမ္မာ အူတိုင်တည့်တည့်က
သန္တိသုခဟာ ဘယ်တော့မှ မလည်ပတ်တော့ဘူး

ပိတ်ဖြူစတွေ ခြုံထားတဲ့ ရန်ကုန်
ဆေးရုံကုတင်ပေါ်မှာ လဲလျှောင်း
ရန်သတင်းများအကြောင်းကို
လက်ပိုက်ကြည့်ကောင်းနေတယ်

ပြဿနာက အနုပညာ အသီးအပွင့်တွေ
အပြင်မှာဘာဖြစ်ဖြစ်
ဟိုး အောက်ခြေအနက်ရှိုင်းဆုံးမှာ
ငါ့အမြစ်တွေအိပ်စက်နေတော့မယ်

ပန်ဒိုရာအဖုံးပွင့်နဲ့ ခပ်ငယ်ငယ်တုန်းက
ကျောင်ဆောင်တေးသံကို
တည်ချက်ပျက်အောင်နားထောင်ခဲ့ရလို့

အရှုံးတွေငွေ့အိမ်ဖွဲ့ထားတဲ့
တိမ်မဲတွေအောက်
မျှော်လင့်ချက်အရေထူထူထမ်းပြီး
ရန်ကုန်ဗွက်ပေါက်တယ် ။





nelay

Tuesday, May 25, 2010

တကယ်မဟုတ်ဘူး တကယ်ဟုတ်ချင်ကြသော

တကယ်မဟုတ်ဘူး တကယ်ဟုတ်ချင်ကြသော





စိတ်အထင်နဲ့ နာမကျန်းဖြစ်လို့ မထိရောက်ဘူး


နေ၀င်တာကြာပြီလား
တိမ်မဲတွေပြေးတက်လာပြီ

မသိဘူးလေ …

မိုးတွေရွာလာပြီလား
မီးမငြိမ်းသေးဘူး

ဘယ်လိုမျိုးလဲ

စိတ်ဥယျာဉ်ထဲက
ပန်းရနံ့တွေ မွှေးမှာပေါ့

မသိဘူးလေ သူမှမရောက်ဖူးတာ


နေမရှိတဲ့ရပ်ဝန်းမှာ နေအကြောင်းပြောပြလို့
ခံစားလို့မရဘူး
မိုးမရွာတဲ့လွင်ပြင်ဦးမှာ မိုးအကြောင်းပြောလို့
ခံစားလို့မရဘူး
စိတ်ဥယျာဉ်ထဲက ပန်းအကြောင်းပြောပြလို့
ခံစားလို့မရဘူး


တဖြည်းဖြည်း ငြီးငွေ့စရာတွေ ချိုးဖဲ့ပြီး
မီးတောက်နားရောက်ခဲ့တယ်

နေ၀င်တာ ငြိမ်းချမ်းခြင်းရဲ့နောက်ဆုံးတေးသွား
အမှောင်ရဲ့ ဂီတသံအစဖြစ်တယ်

မိုးစက်တွေကိုကြည့်ဖို့ မျက်လုံးကြာကြာမဖွင့်ကြည့်နိုင်ဘူး
အေးတယ် အဲ့ဒီ အေးတဲ့ရနံ့တွေက တစ်ကိုယ်လုံးစီးဆင်းသွားရဲ့

စိတ်ဥယျာဉ်ထဲမှာ ဘာပန်းမှမရှိခဲ့ဘူး
မီးတောက်ထဲက ဖြစ်တည်မှုတွေ ခဏတာလင်းမြချိန်
ဥယျာဉ်ထဲမှာ ပန်းတွေ ရှင်းသန့်အောင် ပွင့်သွားခဲ့တာပါ



စိတ်အထင်နဲ့ နာမကျန်းဖြစ်လို့ မထိရောက်ဘူး ။






nelay

အလင်းဝှက်စကား အမှောင်တံခါး

အလင်းဝှက်စကား အမှောင်တံခါး



ငါ့ညတွေကို နောက်ပြန်မျက်နှာနဲ့
လျှောက်လာခဲ့တဲ့ အခန်းတံခါးမှာ
မီးတောက်တွေ အဆင်သင့်စောင့်ကြို


ငါ့ကိုယ်ငါထွန်းပြီး လင်း
နောက်ဆုံးဈာပနအိုမှာ လက်ပိုက်ကြည့်နေသူတွေ
ချင်းချင်းနီသွားတယ်။


ငါ့မျက်လုံးက အမှောင်ထုကိုစိန်ခေါ်
အရေပြားတွေ ပျော်ကျ တစ်ခန်းလုံးဆွံ့အ
လှနေပါတယ်။

ကြည့်စမ်းပါ ကြည့်စမ်းပါ ကြည့်ကြစမ်းပါ

သံစဉ်မကုန်သေးဘူး အရူးတွေကနေပြီ
အရိပ်တွေမလှဘူး
အနက်ရောင်ကိုချွတ်ပြီး
အရိပ်တွေက အရူးကိုမျိုချ ...


လှိုင်းခတ်သံက
အပွင့်အိုကိုသတ်လိုက်ကြတယ်
ငါလေ ….
ရှိုက်ကြီးတငင် ငိုချလိုက်တာ
ငါ့မျက်ရည်တွေ ငါ့ကိုယ်ပေါ်မှာ အေးခဲ


ငါ့မီးတောက်က ငါ့ကိုအလင်းမြဆုံးမြင်ရ
တစ်ခန်းလုံး အိုကျသွားပြီ


အလွမ်း ကျောရိုးပေါ်က ရေစီးသံဟာ
ခရေအကြွေတွေကို ငါ့အလင်းနဲ့ ဝေးရာ ပို့ …..


အမှောင်ထုထဲက
ရနံ့တချို့ ငါရလိုက်တယ်


ငါ့အခန်းထဲကို ချောင်းကြည့်နေတဲ့
သော့ပေါက်ကလေး
မင်းသိလား ဂီတသံဟာ ပြီးဆုံးသွားပြီ
ငါ့အလင်းနဲ့ငါ့နားထဲမှာ ဂီတသံဟာ
နှစ်ပေါင်းများစွာ စွဲကျန်နေတယ် ...


ရုပ်သေးရေ …
ငါ လက်ညှိုးကလေးမကွေးခဲ့ပါဘူး
င့ါနှုလုံးသားထဲက
ကြယ်စုဗူးကလေး ကျကွဲသွားတာ

အမှောင်တွေက လှောင်ရီတယ် …

ဟား … ဟား … ဟား

ငါပြုံးနေလိုက်တယ်
တစ်လောကလုံး မှောင်သွားရင်တောင်
ငါ့အလင်းကို သူတို့ မငြိမ်းနိုင်

ငါ့အလင်းဝှက် ဥယျာဉ်ထဲမှာ
အမှောင်လှောင်ခန်းတွေရှိတယ်
ငါ့တံခါးတွေ ငါမဖွင့်ခဲ့

အနက်ရောင် နတ်ဘုရား
စိတ္တဇ စိတ်ကူးတွေသိုဝှက်ထားတဲ့တံခါး
ငါ့အလင်းတွေ ၀င်ထွက်သွားလာလို့မရဘူး

လူတွေရဲ့ လျှို့ဝှက်ဥယျာဉ်ထဲ
အမှောင်တံခါးခြပ်တွေ
ကောင်းကင်နဲ့ ရေပြင်ကြား
အိမ်မပြန်ချင်တဲ့ငှက်ကို ပိတ်မိသွားကြတယ်။




nelay

Thursday, May 20, 2010

မြင်ကွင်းလူယောက်









မြင်ကွင်းလူယောက်


ကောင်းကင်ရဲ့ ဘာသာဗေဒမှာ
ပျံမရ သန်းမရ
စာရေးလိုက်တယ်
မိုးတိမ်
 

ဘုရားရှိခိုးဖို့နဲ့
ထမင်းစားဖို့
လက်တွေ လှိုင်းဘာသာစကား
သင်       ကြား      နေတယ်



ပါးစပ်ထဲကမြွေကို              ခေါက်    သိမ်း
အစုလိုက်အပြုံလိုက်    စိမ်း              သွားတဲ့
လူဘာသာစကားကို
ပျက်ရယ်ပြုခြင်းနဲ့မျိုချ
မသေချာခြင်းတွေ                          သွားပြီ
.
.           ကျ
.
ကြွေ



အရှေ့ဥယျာဉ်ထဲမှာ
မြောက်အရပ်က
ပန်းပျိုးအလင်္ကာနဲ့            မျက်နှာတွေ
ရှည်လာတဲ့
တယောအိုထိုးပြီး
ရေ        ကြွေး     နေပုံက
…                        ….
   ……                …..
          … ဟူး …



ဇီဇ၀ါညဦးမှာ ပန်းဘာသာစကားနဲ့
နှလုံးသား            အသက်အိုပေါ်က
မြက်ပျိုတို့ရေ …
ဘာသာဂီတနဲ့
ဝိဥာဉ်ကို
ချွတ်
ချ
အမြစ်တွေလှုပ်     မရ        ရုန်းမရ



ရေခေါင်              မိုးအောက်
အမြစ်တွေခြောက်
သုံးယံပြောက်တဲ့ နေ
လက်ချောင်း        အရှည်များနဲ့
အပွင့်ပျိုးတဲ့                     မျက်နှာတွေ
   ငါ့အမြစ်တွေကို
... မထိနဲ့ … မထိနဲ့ …



စုန်းသာသာနဲ့      တိမ်တွေ             က
ရေတွေ   ……ရွာလာတိုင်း…….    ရေတွေ
မျက်ရည်             အစွယ်ကျိုး



လွတ်သွားတဲ့လေဖြစ်တည်မှုမှာ         ။၁
အမြစ်တွေရေ၀သွားပြီ        ။၂
ယုံတမ်းစကားထဲက နံရံကပ်စက္ကူတွေ ။၃
သုံးမရတော့ဘူး                ။၎
ရေအိုင်သွားတဲ့ အမြစ်တွေပုတ်          ။၅
အလွတ်ကျက်မှတ်ထားသလိုတော့မဟုတ်ဘူး               ။၆



ကစားစရာအရုပ်တွေနဲ့
မျက်နှာခြစ်ရထွေးပိုက်
အလွမ်းမရှိတဲ့
ခေတ်မိုက်ထဲမှာ
အနက်ရောင်        ဘာသာစကားနဲ့
လူတစ်ယောက်
အနီရောင်ရောဂါနဲ့
ခြောက်ခြားမှုတွေ ဖန်းဆင်း
ပျိုးသောက်
ကမ်းနဖူးတွေပြောက်… ။




nelay







Sunday, May 16, 2010

လေလာတုန်လွင့်တဲ့ လေ





လေလာတုန်လွင့်တဲ့ လေ
Friday, March 13, 2009 at 1:28pm




ဂဂျိုဂဂျောင်ရောက်တဲ့နေ့က

လောကကြီးကိုစိတ်ကုန်တဲ့
ဟင်းတွေသိုးကုန်တယ်

ပုရွတ်ဆိတ်တကောင်တောင်

မျက်နှာပေါ်ကဖြတ်ပြေးသွား ချိန်
ကျွန်တော်မျက်နှာသစ်ဖို့လဲ
မေ့လျှော့ခဲ့တယ်

မင်္ဂလာပါ သေမင်း

နောက်လဆို
သိကြားမင်း ဒက်နှုတ်ကိုင်ပြီး
ဆင်းလာလိမ့်မယ်

အချင်း ဥတုမှာ

ဘယ် သန္ဓေယုတ်မှ
လူဖြစ်ခွင့်မပေးနိုင်ဘူး

ခပ်တည်တည်နဲ့

မချွတ်ခဲ့မိတဲ့
နှလုံးသားကို
ဒီလူဂုဏ်တန်တွေကြားမှာ
ဝှက်ပြီးမသောက်ရဲဘူး

ငါကိုက ကံဆိုးပါတယ်

ကံ ကိုယ်တိုင်က
ကျွန်တော့်ကို တိုးတိုးပြောသွားတယ်
ငါ ဂျမ်းတုံး မဟုတ်ဘူး

ရှေ့ဆက်ကြမဲ့ခရီးမှာ

လေတွေ အပြည့်တင်လာမယ်
နောက်ပြီ
လေတွေ အပြည့်တင်လာမယ်

မမေးခင်ထဲက အရင်ဖြေကြမဲ့

ပန်းတိုင်ကို
ကျွန်တော့်ကျောမှာအရေပြားနဲ


အပြီးတွဲခြည်ထားတယ်လေ

နောက်ပြီး
ကျွန်တော့်အတွက် တော့
လောကကြီးက
ကရုဏာကြေးအဖြစ်
သူမလေးကို
ခဏနတဖြုတ်
ချုပ်ပေးခဲ့တယ်

ဒီ

နှလုံးသားရဲ့
ဗဟို
တည့်တည့်မှာ . . . ။






nelay



ကျောက်ဆောင်တေးသံ







 



ကျောက်ဆောင်တေးသံ
Monday, June 15, 2009 at 2:12pm




ကမ္ဘာကြီးမှာ အချစ်မရှိခဲ့တာကြာပြီ

ရင်ခုန်နည်းတွေလဲကျောင်းမရှ

ိတဲ့အရပ်မှာသင်ကြားရအုံးမယ်
ငါ့ကို ခိုဖြူတွေအကြောင်း ပုံပြောပြစမ်းပါ . . .

ဒီလူ့အသိုင်းအဝိုင်းက ကမ္ဘာနဲ့ချစ်ခြင်းကို ခွဲခဲ့ကြတယ်


အပြင်မထွက်လိုက်နဲ့ ကလေးငယ်

မင်းအရေခွံတွေဘယ်လောက်ထက်ထက

အချစ်မရှိတဲ့ပါးစပ်အခက်အလက်
တွေ မင်းကို အုပ်မိုးတော့မယ်
အမှောင်အောက်ရောက်မှတော့ ဘယ်သူကမင်းအရေခွံကို
ဖြူတယ်ပြောအုံးမှာလဲ . . .

ငါ့ကိုယ်ငါ နေမသာလိုက်ပုံများ .. ဒသမတန်း ခေါင်းတလားထဲမှာ ...


''အူဝဲ'' ဆိုတဲ့ ခေတ်သစ်ကလေးငိုသံနဲ့ လောကကြီးကို လိမ်ဖို့စတင်တယ်

အသက်မပါတဲ့ကြိုးတွေ အရိုးကိုးထစ်မှာ ထိုးလို့ ဘဝကို ငါတို့လိမ်ကြမယ်
မောပန်းလာတော့ ဦးနှောက်ကို ပိုက်တပ်ပြီးသောက်လိုက်ကြပေ
ါ့ ...

ဘာထူးသေးလဲ ကဗျာမဟုတ်တဲ့ ကဗျာဆရာ . . .

မင်းဇက်ကြိုးတွေ ဘယ်လိုဆွဲမလဲ ခံစားမှုမပါတဲ့ ကဗျာက
ကလေးငိုသံ ကြားမယ် မထင်ဘူး . . .

ငါ့ကို နေခြည်တသန်းငှားစမ်းပါ ကမ္ဘာကိုအလွတ်ကျက်ချင်လို့ . . .


အကြွေးတင်ခဲ့ပေမဲ့ ကျေးဇူးမဆပ်နိုင်တော့တဲ့ မျက်နှာတွေ

ဘယ်ဘာသာတရားနဲ့ တောင်းပန် .. တောင်းပန်
ကမ္ဘာမှာ လူဖြစ်ပြီး အရှင်လတ်လတ် ငရဲခံပေအုံးတော့ . . .

ကလေးငယ်ရေ မင်းအတောင်တွေ ငါဖြတ်ပြစ်ရအုံးမယ်

ကမ္ဘာပေါ်မှာ အချစ်မပါတဲ့ လူ့ဖျံတွေများတယ်လေ . . .
စက်သီးတပ်လို့ ဇောက်ထိုးမလည်တတ်ရင် အသွားတွေကျိုးပြီး
မင်း အံ့ချော်လိမ့်မယ် . . .

ခက်ထန်းတဲ့လှိုင်ပုတ်သံမှာ သူ့ထက်ကျယ်အောင်ပျံပြလိုက်စ
မ်းပါ . . .

ငါတို့ တိတ်ဆိတ်ခြင်းနဲ့ ငါတို့ ထွန်းလင်းနေဖို့

တိမ်သားနိမ့်နိမ့်တွေ ပြိုကျမှာကိုစိုးနေသေးတယ်
မှန်တစ်ချပ်ကို ပြဒါးသုတ်ထားရအုံးမယ် . . .

တိတ်ဆိတ်ညင်သာတဲ့ ဂီတသံကိုကြားလား ကလေးငယ်

မင်းရင်ထဲမှာ တိုးတိုးလေး ညည်းနေတာလေ
ဘယ်သံ အက္ခရာနဲ့ ရင်ခုန် ကမ္ဘာကို ငြိမ်ချမ်းချင်နေလိုက်ပုံမျ
ား
မချိတင်ကဲအချစ်တွေ ကောင်းကင်နဲ့သိမ်းလို့ မလောက်တော့ပါဘူး . . .

ငါ့ခေါင်းကိုခေါက်ပြီး နိဗ္ဗာန်ဆိုတာကိုပြ တိရစ္ဆာန်တစ်ရာကို ကဗျာရွတ်ပြမယ် ...


ငါကိုယ်တိုင်က အသံမပါတဲ့ ဂီတနား ခိုတွယ်မိမှတော့

ကမ္ဘာရေ ... ဘာတွေဖြစ်ဖြစ် ...
တိတ်ဆိတ်ခြင်းရဲ့ အိပ်ယာဝင်တေးသွားမှာ ...
မင်း အိပ်ပါတော့ နော် . . . ။





nelay






ပြက်လုံးမရှိတဲ့ ကောင်းကင်








ပြက်လုံးမရှိတဲ့ ကောင်းကင်
Wednesday, June 10, 2009 at 1:40pm




ကျွန်တော်ဟာ ပါးပါးလွှာလွှာ

ပျက်ကြွေထားတဲ့ ဝတ်မှုံဖြစ်တယ်။

ညဟာအရင်ကထက်အရောင်မှိန်နေခဲ
့တာ
လေအထက်က ခြေရာက သတိပြုမိတယ်။

ဝလုံးမရေးတော့ပေမဲ့

ဂဏာန်းခြောက်လုံးတိတိကိုနှိ
ပ်ကြည့်တယ်
ဂဏာန်းတွေရေချိုးနေတာ ဖြစ်ပါစေ ...

၁။ စိတ်နာရီ

၂။ မညီညွှတ်တဲ့မိနစ်
၃။ ၃၄စက္ကန့်
မိုးဖွဲတို့လှစ်ခိုတဲ့ သစ်ရိပ်မှာ
အရိပ်မရှိတဲ့လူတယောက်
စိတ်တွေမမှိတ်အားဘူး သူ့အာရုံမှာ
ဘာမှလုပ်မရတဲ့ စိုးစိတ်တွေစိုရွဲကုန်လွန် ...

ဝတ်မှုံမရှိတဲ့ မျက်မမြင်တကောင်ရဲ့ ငေါင်စင်းစင်းအတွေးအခေါ်

ပြောင်းလဲမှုတစုံတရာ ဘာကိုမှမမြင်အားတော့ဘူး

နေလုံးဟာဝင်ပြီးခဲ့တာ ဘယ်နှစ်ကမ္ဘာတိုင်ပြီလဲ

ရွက်လွှင့်သမားဟာ ရွက်အစုတ်ကိုဖာနေတယ်
နားဟာ လေသံသဲ့သဲ့လေးကို စွင့်နေတယ်

မသိနားမလည်သလိုချလိုက်တဲ့ သက်ပြင်းတိုင်းဟာ

၈နာရီရဲ့ဘယ်ဘက်အစွန်းကလေးမှ
ာ နေဝင်တယ်

မျှော်လင့်ထားပေမဲ့ထမင်းဆီဆ
န်းရွှေလင်ဗန်းဆိုတာ
အမေ့ပါးစပ်ထဲက အတိတ်ဖြစ်ရုပ်ကြွင်း
တကယ်ကြားလိုက်ရတာက စက္ကန့်တန်ရဲ့တဝက်
လေသံတိုးတိုးလေးထဲက သစ်ရွက်တွေ
ငါ့နားပေါ်ကြွေတော့ ငါ့ဝိဥာဉ်ကလှောင်အိမ်ထဲအသက်
ငင်နေ ...

လရောင်ကိုငေးနေသူရဲ့အသက်တို
တိုလေးလောက်တောင်မရှိ
သွေးငတ်သူရဲ့ဒဏ်ရာအတိနဲ့ ပါးစပ်ဟမိရာက
အဆိပ်ရေတွေပြိုဆင်းသွားတဲ့ည
တွေဖြစ်ကောင်းဖြစ်ခဲ့တယ်
ငါမသေဆုံးခဲ့ပါဘူး ... ချိုမြိန်တဲ့အရသာနဲ့ ...

စေတန်ကို ကျောမှာလွယ်ပြီး

လှောင်ရီသံတွေကြားက
ကျနေတဲ့ခြေလှမ်းအနွမ်းတွေကေ
ာက်ရင်း ...
အခန်းဆက်မရှိတဲ့ ညနက်ထဲ
သွေးမထွက်တဲ့ဒဏ်ရာနဲ့ ကျေကျေနပ်နပ်
ငါ ... ပြန် ... ခဲ့ ... တာ ...



ကြိမ်


ပေါင်း




နဲ ... ။









nelay


ကြယ်မဖြစ်ထွန်းမှု

ကြယ်မဖြစ်ထွန်းမှု


နေ့လည်နေ့ခင်း တစ်ကောင်
နေ့လည်နေ့ခင်း အဖြစ် ထွက်ကျ
မြေနီလမ်းမှာ အမဲစက်တွေနဲ့
ခြေပြတ်လက်ပြတ် အော်သံတွေ
ခြံစည်းကိုကျော်နေတဲ့ ဖုန်စာမှာ
အလိမ့်လိမ့်တက်လာတဲ့ တိမ်လုံးတွေ
အနားမရတဲ့ လှိုင်းရှုပုံနဲ့
ဖြစ်မရ တည်မရ ……….

ဒဏ်ရာရနေတဲ့ ကြမ်းပြင်တခုသာ
တွန်းရွေ့ပုံ နေရာတကျနဲ့
အရေပြားကို လေမရတာ ကြာ

ဘယ်ဘ၀က ညာအိပ်မက်တွေ
နေကမ္ဘာအပုတ်ကို မေတ္တာထုတ်ပြီး
ရာဇ၀င်ထဲချ မျှား
အရွက်စိမ်းတွေ ချစားသွားပြီ

တိတ်ဆိတ်ခြင်း ကမ်းပေါ်က
မျက်ဝန်းအိမ်ကလေး ဂျက်ကျ
ရှာမရ ဖွေမရ ….
တံခါးဖွင့်ပြီး လေမရတဲ့ရပ်ဝန်းတခုမှာ
ခြေနင်းခုန် သံဓါတ်မျိုးနဲ့
ပန်းတွေ သံမဏ္ဏိ ဖြစ်သွားတဲ့အခါ
ရနံ့ရှုသူ စေတန် အလွမ်း
မသေချာမှု ခံတပ်အပေါက်နဲ့
ဂြိုလ်တုသတင်းပေါ်က မယ်ကဝေ

ရှုး ……………
လေသံနဲ့ဖတ်ပြီး ငိုကြွေး
အလင်းပီအန်နတ်တို့ တိုက်ပွဲမှာ
ခန္ဓာ တစ်ခြမ်းလောင်းရဲ့
မီး အမှတ် နှစ်ဆယ့်ရှစ်
ဘ၀လွန် နှစ်ဆယ့်ကိုးမှာ
နင့်ကို …. ထာ … ၀ … ရ ဖြုတ်ပြီး



Asterisk ရေ …
Why
So
Serious …. …. ။






nelay







Tuesday, May 11, 2010

သက်ရှိထင်ရှား





သက်ရှိထင်ရှား


စက်ဘီးပေါ်က ခြေရာ

အခန်းထဲမှာလည်နေသော မျက်လုံးများ
ကိုယ့်ကိုယ်ကို ဟုတ်ခြင်းဝေါဟာရနဲ့
ဆံပင်ရှည်ကိုလက်ညှိုးထိုးပြီ
း ရီကြတယ်
တံခါးဖွင့်ပြီး ခုန်ချသွားတဲ့ တိမ်တွေ
တရားနာဖို့ အရက်ကြိုသောက်ကြရတယ်
ဘာမှတ်တိုင်တွေလဲ ပုခုန်းခြင်းတိုက်
ယဉ်ကျေးမှုမှာ ပညာတတ်နဲ့ ပြင် (အ) ညာ တတ်
အချင်းချင်းပွေ့ပိုက်ထားတဲ့
ဒုက္ခကြီး
မိုးပျံလေစီးပြီး မင်းလွှတ်ချမလား ငါလွှတ်ချမလား
ခင်ဗျားရော ကျုပ်ရော ပြိုင်တူ လွတ်ကျဖူးတယ်
မိုးပေါ်ပျံနေတဲ့ ချွေးသီးချွေးပေါက်တွေ
အစာအိမ်ဆီ ပြန်လာတိုင်း
အမာရွတ်ကလေးကို စမ်းမိတဲ့ဒုက္ခ
ငါ့ လက်မတွေ နာ နေတယ်။
ဦးခေါင်းတွေအပင်ပေါက်လာပြီ
အခုချိန်ထိ နွေက ကြော်ငြာကောင်းတုန်း

ကလေးတွေ ကလေးတွေ

ဘာသီးစားချင်လဲ

လူကြီးတွေ လူကြီးတွေ

ဘာသီးသီးနေတာလဲ

စက်ဘီးပေါ်က ခြေရာ

အခန်းထဲမှာ လည်နေသော မျက်လုံးများ
အမာရွတ်တွေ သက်ရှိထင်ရှား … ။




nelay

ဦးနှောက်အမှတ်(၃) ၏ ဈာပန အပိုဒ်ခွဲ (nelay ၊ ဆူးခက်မင်း)






ဦးနှောက်အမှတ်(၃) ၏ ဈာပန အပိုဒ်ခွဲ






စံပယ်တွေ ဖွေးနေအောင် ပန်ထားတဲ့ သုဿာန်ဟာ ..


အဖြူရောင်ကြိုးစကို မြှုပ်နှံဖို့ လက်မခံဘူး ။


တစ် ပြီးရင် နှစ် လာမယ် ။


ယခု ကဗျာကို နှစ်သက်တယ်ဆိုရင်


နံပတ် ၂ နေရာမှာ ဓားတစ်ချောင်းကိုင်ပြီး
စောင့်နေ ။

အသုံးမကျတဲ့ တတိယ လူမှာ


ထမ်းပိုး ခရာ အညတရ အလင်္ကာနဲ့


ပန်းပျိုးချင်တဲ့ ဆန္ဒ မျက်ဝန်းအ၀မှာ


ခဏတာ ဆိုတဲ့ ခဏတာကို ဖြုန်းတီး


တံခါးခေါက်သံကို အိပ်မက်အကျိုးထဲ ထိုးထိုးညီးနေလိုက်တယ်။


ဒီတံခါးကိုခေါက်တာ ဘယ်သူလဲ ။


စာပို့သမားလား ၊ မကြည်ဖြူလား ။


အလှူခံလား ၊ အစိမ်းရောင်လား ။


ရပ်ကွက်လူကြီးလား ၊ ဘုရင်မကြီးလား ။


တစ်ချက် ၊ နှစ်ချက် ၊ သုံးချက် ။


ဆိုင်းတွေ ဗုံတွေ ပစ်ချထားခဲ့ပါ ။


ဖျာသိမ်းသွားတဲ့ အမေ့ရင်ခွင်လဲ မနေ့ကမြည်ဟီးသံကြီးကြီး


ဘာမှမဟုတ်ပါဘူး


ကလေးရာ ....


ကျယ်ကျယ်တီးတီး


လေဟုန်စီးပြီး နွေကြာခဲ့တာ ရက်စိပ်ခဲ့


ဘာဆိုဘာတခုမှ မျောမလာနဲ့ ဒုက္ခဆိုတဲ့ ဒုက္ခိတ ကို


မွေးကတည်းကအစာမကြေ ရပ်ဝန်းထဲ ရပ်ကွက်လှောင်ခဲ့


အပေါ်ယံကြယ်သီးတွေဖြုတ်ပြီးရင်


လက်ဖ၀ါးနုနုကလေးနဲ့ ငါ့ကိုအဆိပ်ခပ်


လက်အပုတ်တွေနဲ့ ငါ့မျက်နှာကိုလာမသပ်ကြနဲ့ ။


မသတ်ကြနဲ့ ။


လက်အပုတ်တွေနဲ့ ငါ့ကို လာမသတ်ကြနဲ့ ။


ငါက “သတ်ပုံ” မှားတဲ့ကောင် ။


ငါက သတ်ပုံ မှားတဲ့ကောင် ။


ဖြည်းဖြည်းချင်း သတ်ရမယ့်အစား ။


လေကို မြန်မြန်ရှူ ၊ ဓားကို ထိုးမြှောက် ။


စကားလုံးတွေ သွေးစွန်းကုန်တယ် ။


မုသားတွေက မေလရဲ့  အပူချိန်နဲ့


အငွေ့ ပျံမသွားဘူး ။


သွေးသားဆန္ဒဆိုတာ ၊ လူရယ်လို့  သိတတ်စကတည်းက


ဒွန်တွဲလာတဲ့ အဖော် ။


အနုပညာ ပျက်သွားပြီ .... ပျက်သွားပြီ အနုပညာ


သုံးရာသီစာ စုဆောင်းခဲ့သမျှ ဒီလိုပဲပျက်ခဲ့ရတာလေ


ပျံကျလာတဲ့ ဒီလိုရပ်ဝန်းမှ ခေတ္တဆိုတဲ့ အဟုန်က


ဒါကိုပြီးဆုံးမယ်လို့ထင်ကြသ
လား

မှားသွားမယ် မှားသွားမယ်


စမ်းချောင်းထဲက အရူးတွေမှားသွားမယ်


ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်


အနုပညာကို လှောင်နေကြတဲ့ အလောင်တွေ


''...'' အဲဒါမပါရင် လေဟုန်မစီးနိုင်တဲ့ လှေနဲ့


ဂဠုန်ချီသွားတဲ့ နှလုံးသားကို


ငါ့ဦးခေါင်းပေါ်က နံပါတ် (၃) က ဓါးထုတ်ပြုံးနေတယ်။


အပြုံးရဲ့  နောက်ကွယ်မှာ သွေးစွန်းဓားတစ်လက် ရှိမလား ။


သွေးစွန်းဓားတစ်လက်ရဲ့  နောက်ကွယ်မှာ အပြုံးရှိမလား ။


ဒီကြိုးစကို ဖြတ်ဖို့ ဒီဓား မလိုဘူး ။


ရှင်းရှင်းပဲ ပြောလိုက်မယ် ။


စံပယ်တွေ ဖွေးနေအောင် ပန်ထားတဲ့ သုဿာန်ဟာ ..


အဖြူရောင်ကြိုးစကို မြှုပ်နှံဖို့ လက်မခံဘူး ။







nelay ၊ ဆူးခက်မင်း


ပန်း ရုပ်သေး





ပန်း ရုပ်သေး



နင်က အပွင့်ကိုစားတယ်

အရွက်ကို ခိုးတယ်
အကိုင်းချိုးပြီး
နင် .... က နေတယ်ပေါ့ …

လွန်းတင်ထားတဲ့ကြိုးနဲ့

ငိုက်မြည်းခြင်းကိုဆွဲချ
ပန်းရနံ့တွေမွှေးမြလာတဲ့
နင့် အကြွေဝိဥာဉ်
သူငယ်တော်ရုပ်သေးထဲ
ငါ ယူငင်အသက်သွင်းထားတယ်…


ရုတ်တရက်ကြီး

ပန်း ရုပ်သေးက က နေရာက ကြိုးပြတ် …. ‘‘ … ’’

ကတ္တရာ လမ်းက ငေါက် ခနဲ ထ ထိုင်တယ် ..

သိပ်မလန့်သွားပါနဲ့ ပရိတ်သတ်ကြီးရယ်
ပရိတ်ရွတ်ဖို့မဟုတ်ပါဘူး ….

လိုင်းမမိတော့တဲ့ ဧရိယာမှာ

မကျွတ်မလွတ် နှလုံးခုန်နှုန်း ….
အတိအကျပြောရရင် နှလုံးခုန်နှုန်း အနီ …
……… ကွဲ ….. ဖို့ …
ပန်း ရုပ်သေးပွဲမှာ …
လိုင်းဖြတ်ခံလိုက်ရတဲ့
နှလုံးသားအဆံချောင် ဇောက်ထိုးကြီး ….

တဟီး ဟီး ဟီး နဲ့ ….


ဒါကိုရော ဘယ်လိုအသံထွက်ကြမလဲ

ငိုတာလား ရီတာလား …
ဘာလုပ်ပြမှန်းမသိတဲ့
ပန်းခြေရာ ရုပ်သေး ကကွက် …

ရင်သေပုတုန်းတွေ လိုက်ဟက်နေပုံက

အပုတ် မ ကို အသက်သွင်းနေတဲ့ မြို့သေပွဲ …

လက်မှတ်ဗလာတစ်ရွက်နဲ့

တစ်ဆွေလုံး တစ်မျိုးလုံး
မီးခိုးတိတ်အောင် ရီကြအုံးမယ် ..

ပန်း ရုပ်သေးရေ ….

နင့်ကိုခေါ်တာမဟုတ်ဘူး …
အင်္ဂါ ဦးမှာ ပြတ်ကျသွားတဲ့ ဂြိုလ်တစ်လုံးက
အနီရောင် မိုးတွေရွာဖူးတဲ့ အရပ်မှာ ..
ကိုမာ ဖြစ်နေတယ်လေ …

သက်ရက်ညွှန့်တွေထွက်လာတာကို

နွေ …………… လို့ ခေါ်ရင်

ပန်း .. ရုပ် … သေး …


ဆေးလိပ်မီးတွေ တိုဝင်သွားတာကို

ရောဂါ ……….. လို့ ခေါ်ကြတယ်

‘‘တောက်တဲ့’’…. ပါကွာ

မိုးခေါင်နေတာ
အပြစ်နှစ်မျိုးဖြစ်ရင်

ပန်း … ရုပ် … သေး …


နွယ်ပင်မြက်ပင်တွေ ဆေးဖက်မ၀င်တာ

သစ္စာကျိုး အလင်္ကာရဲ့
ရှုမျှော်ခင်း အသေတခြမ်း
အိုဗာအိုက်တင် လုပ်နေတာဖြစ်တယ် …

ကြိုးပြတ်နေတဲ့ နင့်ရုပ်နဲ့ ပန်းတွေပွင့်

ဘာဆိုဘာတခုမှမရှိတဲ့ ငါက …
ပန်းကြိုးပြတ်တွေ ကိုင်ငေး …
နင့် ရုပ်သေးကပွဲကလေး
ဘယ်တော့စင်ပေါ်ရောက်မလဲ တွေးတွေးနေတာ
ငါထွေးထွေးနေတဲ့ သွေးတွေထဲမှာ
အရုဏ်အသေဦးတွေ မသန့်ခဲ့တာလဲကြာ ….

လေစီးကြောင်းပြောင်းလဲခြင်း
မှာ
ကိုင်လှုပ်ထားတဲ့ ကြိုးစွဲရာ စွက်ကြောင်း
အဲဒီ … လှောင်အိမ်ထဲကကို မထွက်ကြောင်း
ဖူးပွင့် ပြနေလိုက်တာ …


အပြုံးခြစ်ရာနဲ့ ထာဝရ ကခုန်နေတဲ့ပွဲမှာ
ဟိုး … ဝေး ဝေး က …
ယောက်ျားရော မိန်းမရော
နိုင်လွန်သံယောဇဉ်နဲ့ ရင်တန်းလန်း
ဖျော်ဖြေတင်ဆက်မှု တတိယခပ်ကြမ်းကြမ်းမှာ
ဝေါဟာရ သေဆုံးနေပုံက …
ပွဲလာသူပရိတ်သတ်များ …
ပန်းရုပ် သေတယ်။














nelay

















Wednesday, May 5, 2010

သို့ …. နိုရာနီ

သို့ …. နိုရာနီ


မျက်လုံးကိုဖွင့်လိုက်တော့ ၈နာရီကိုရောက်တယ်။

ညက အိပ်မက် ထဲမှာ နှိုးစက်သံက … ယခုဘ၀အထိပါလာလို့ ကျနော် မျက်နှာမသစ်ဖြစ်ခဲ့ဘူး။

ကျနော့် အင်္ကျီပန်းနုရောင် လက်ရှည်ကလေးကို ခေါက်ပေးစဉ်က … နာရီစက္ကန့်သံဟာ ရင်ဘတ်ထဲမှာခိုဝင်ရူးခဲ့။

မျှားအစင်းတစ်ထောင်စူးဝင်သွ
ားတဲ့ ဝေးကွာမှုမှာ … ကြယ်သီးတပ်ပေးတဲ့ လက်ချောင်းကလေးတွေ လက်ပြနှုတ်ဆက် ….

ကျနော် မမူးပါဘူး။ နှလုံးခုန်သံလွန်ကျူးသွားတဲ
့ မနက်မှာ အမြစ်တွေ စောင့်မျှော်နေတဲ့ နေခြည်စိမ်းကို
ကိုင်ထားတဲ့ ကျနော်လက်တွေဘာလို့ တုန်နေခဲ့တာလဲ …. ။ မျက်ဝန်းအိမ်ထဲ တိုးဝင်လာတဲ့ အနက်ရောင်သတို့သမီး အရာအားလုံး လင်းလင်းရှင်းရှင်း မနက်ခင်းထက် ပိုလှပါတယ်။

သတို့သမီးမျက်နှာပေါ်မှာ ကျနော့်တစ်ကိုယ်စာ မြင်နေရတဲ့ တိမ်တိုက်တွေရှိတယ်။ လမ်းကူးသွားတဲ့လူတွေ ကျနော့်ကိုမမြင်ကြပါဘူး။ အခန်းထဲက ဒေါသနဲ့မေတ္တာ ပန်းချီကားပေါ်မှာ ကရုဏာသက်မှုတွေ ငုံ့ကြည့်နေကြတယ်လေ။


အရာအားလုံးဟာ ဘာမှမဟုတ်တဲ့ စက္ကန့်သံကို နောက်ဆုတ်သွားတဲ့ ခေတ်မှာ ဟင်းလင်းပြင်တခုသာ နီးကပ်ခဲ့ပါတယ်။ ကျနော်တို့ စိတ်တွေ ဝေးခဲ့လို့လေ။ …. ဝေး …… ခဲ့ ……. လို့ …. ။ ကမ်းနဖူးမှာ ဖက်ထားတဲ့ နာမ်နှစ်ခု အခုတော့ တစ်ခြမ်းစီ ပျက်ကျခုန်ဆင်း …. လှိုင်းသံတွေလဲ အခန်းထဲမှာ ချင်းချင်းနီ သွားပါရဲ့ဗျာ … ။


ဘေးချင်းကပ်လျှက် မမောင်းထုတ်လိုက်ပါနဲ့ လက်ရမ်းပေါ်က ခိုနှစ်ကောင် စိတ်ချင် အိပ်ငိုက်နေကြတယ်။ လွင်ပြင်တခုရဲ့ ကြားခံ ခြောက်သွေ့မှုမှာ …. ကျနော်တို့ လက်ချင်းဆုတ်ကိုင်လို့ … ပုဝါဖြူကိုလှုပ်နှိုး … ညနေခင်းလေပြေတွေလဲ ၀င်လာရောလေ … ။


ကျနော်က အပူကြီးပါတယ် … နေမင်းကိုမျိုထားတဲ့လူဆိုတေ
ာ့ … သတို့သမီးကို မကျွမ်းလောင်စေချင်တော့ပါဘူး။ ဒါပေမဲ့ အနက်ရောင် သတို့သမီးရဲ့ ဈာပနဟာ ထာဝရလှနေမှာပါ။ တွန်းလှဲလိုက်တဲ့ ခြေသံတွေကို နားမလည်ဘူးလေ …. ကျနော်တို့မဟုတ်တဲ့ ၀ိဥာဉ်နှစ်ဖေါ် အခန်းထဲမှာ ပျော်ခဲ့ဖူးမှာပါ။ သူတို့စောင့်ကြည့်နေတဲ့ ရပ်ဝန်းမှာ ထွေးဖက်မိတဲ့ ကျနော်တို့ရဲ့ ဘ၀ထိခေတ်သံဟာ ဘယ်လောက်ကျယ်ခဲ့သလဲ …. ။

သူကတော့ သတို့သမီးကို သူ့လက်ပေါ်မှာ အိပ်စက်စေခဲ့ဖူးတယ်။ သူကတော့ သတို့သမီးကို မြေမြှုပ်ပေးခဲ့ဖူးတယ်။ ကျနော်ကတော့ ကုတ်အင်္ကျီ အနီရောင်လေး ဖုံးပေးခဲ့ဖူးတယ်လေ။ ဘာများကွာခြားလို့လဲ အဆက်အဆက်မရှိတဲ့ဘ၀တွေ။


နေ၀င်တော့မယ် ပြန်ကြရအောင် … ။ အပြီးအပိုင် မပြန်နိုင်တဲ့ တောင်ပံတစ်စုံသာ … ကိုက်လန်ကျော်ထဲ အပိုင်းပိုင်းပြတ်။ ကြက်တောင်ပံ ကင်ထဲ အစိတ်စိတ် ချို … ။ စကားမပြောလိုတော့ဘူး သတို့သမီးရေ …. ။ မျက်ဝန်းထဲမှာ အဖြေရှိပြီးသားပါ။ စကားလုံးမလိုတဲ့အဖြေထဲမှာ ဘာလို့

မေးခွန်းတွေအထပ်ထပ်သေနေအုံး
မှာလဲ …. ။

နောက်ကျောမှာ ကျနော်ချိတ်ပေးခဲ့တဲ့ ဂျိတ်ကလေး … ထာဝရညှိတွယ်ပေးပါ။ ၀တ်ပေးခဲ့တဲ့ အမှောင်ကိုတန်ဖိုးထားပါ။ ပိုက်ကွန်လို မချုပ်နှောင်လိုတော့ပါဘူး … ။ ပိုက်ကွန်အင်္ကျီကလေး ၀တ်ပေးခဲ့ပါ့မယ်။

အလှတရားမရှိတဲ့ ဥတုပျိုမှာ ကျနော်ငေး …………………………………. ။

လမ်းကြားထဲမှာ ကျနော်မလိုလားတဲ့ နတ်ဆိုးတွေ ထိုင်စောင့်နေတယ် ။ ကျနော်လဲ စောင့်နေခဲ့ဖူးတာပါပဲ။ မှန်များအားလုံးကိုအရောင်တင
်ပြီးရင် … ။ လှောင်အိမ်နွယ်ဆူးအိုထဲ ပြန်ဝင်ခဲ့အုံးပေါ့။ နွေးထွေးပါတယ်။ မလုံခြုံဘူး။ ဘယ်အရာကရော လုံခြုံမှုကို သေချာစေခဲ့လို့လဲ … ။ အဲဒီနတ်ဆိုးကိုမေးကြည့်ရအုံးမယ် …။ မျက်ရည်ဆိုတာ နှလုံးသားက အပိုထုတ်လွှတ်လိုက်တဲ့ တံထွေးစက်တွေလားလို့ … ။

ကျနော်ထွေးခဲ့ဖူးပါတယ် ။ သူတို့ဟာ တံထွေးစင်လို့ စင်မှန်းမသိတဲ့ သူတို့သာဖြစ်ခဲ့။ ကျနော်သာ နစ်ခဲ့ရတဲ့ တိမ်အိုတခုပါ။ ဒီနေ့ မိုးရွာလိမ့်မယ်။ အမှောင်တွေပြေးတက်လာပြီ သတို့သမီးပျို … ကျနော့်ကိုဖက်ထားစမ်းပါ။ မလုံခြုံတဲ့ ရာသီတခုကို အားကုန်သာ ဖက်ထားစမ်းပါ။ ကျနော့် မုတ်သုန်နောက်ကျလိမ့်မယ်။


ဘာမှလုပ်စရာမရှိတော့ဘူးလေ ။ လုပ်စရာတွေက ဘာမှကို သိပ်များခဲ့ပါတယ်။ ကျေးဇူးပြုပြီး နားထဲက အသံတွေတိတ်ပေးကြပါ။ ဟိုးးးးး ဝေးးး ဝေးးး က စာလုံးပေါင်းတွေ စကားမပြောနိုင်လောက်အောင် အဲဒီ့ အပင်ဟာ တစ်ပင်လုံး နီရဲ ခဲ့ပါတယ်။


စမ်းချောင်းကလေးပေါ်က ရွက်ကြွေများလို ဘ၀ကို ပျော်ပျော်သာနေခဲ့ပါတော့။ကျ
နော် မနေနိုင်ဘူး သတို့သမီးပျို … ။
နတ်ဆိုးတွေ ပျိုးဆက်ထားတဲ့ ခရေကုံးကို လိုချင်တက်မက်မှုနဲ့မလိုချင်
တက်မက်မှု … အောင်မြင်မှုက အပျိုပျက်ပြီးစ မျက်ရည်များပါပဲ ။ ဟိုးးးးးးးးး မှာ ကြည့် …. ။


……… အစိမ်း ……. အ၀ါ ……… အနီ ………



သူရူးတစ်ကောင်ရဲ့ မီးပွိုင့် မျှော်စင်မှာ ကျနော့်လိပ်ပြာပခြုပ်ထဲက

လိပ်ပြာအစိမ်းရောင်ကလေး လွှတ်ပေးလိုက်တယ် …. ။





nelay

Tuesday, May 4, 2010

သူတို့ပြောတဲ့ လူမဆန်တဲ့ကဗျာ




သူတို့ပြောတဲ့ လူမဆန်တဲ့ကဗျာ


ရောက်ပြီ
စောင့်နေတဲ့ ရေ
ကမ်းနဖူးပေါ်က လေ
သစ်ရွက်တွေလဲ ကြွေမယ်ထင်ရဲ့

စောက်ရေးမပါတဲ့ သုညတစ်လုံး
နေ၀င်ချိန်မှာ သရဖူဆောင်းပြီး
အတောင်စုတ်နေတဲ့ ပြဇာတ်
အောင်မြင်ခြင်းကို ခြေချိုးလိုက်တယ်

ဂါ နေတဲ့ရပ်ဝန်းမှာ
ကမ္ဘာကြီးလုံးနေခဲ့ဖို့
မဖြစ်စလောက် သီဝရီနဲ့ညကျိုးတယ်

မျက်နှာအတုတွေ လေသလပ်သွားမှ
မျက်နှာကြောတွေ တင်းလာကြ

အပုတ်မ သစ်ခြောက်ပင်
အလွတ်ဆွဲတဲ့ လေထဲမှာ
ကာဗွန်တွေများတယ်

လူရှုနေတာ ဘာတွေလဲ
အရူးတွေ ... အရူးတွေ ... အရေလူးပြီး
တမူးက အစ်ကိုကိုခေါ်
အကြောက်တရားနဲ့ ငှက်ဖျားမိနေတယ်

ကဗျာဆိုတာရည်းစားစာက စတာလို့
ဘယ်သူပြောလဲ
လွန်ပူနဲ့ မင်းနားကိုထွင်း
ဦးခေါင်းမပါပဲ ခင်းတဲ့ပွဲမှာ
လိပ်ပြာတစ်ကောင်ရဲ့ ဆဲဆိုသံများ ပဲ့တင်တယ်




nelay





 

အလောင်းကျွမ်း

အလောင်းကျွမ်း



မကြာသေးခင်
မခင်ကြာ က
ငါ့မျက်လုံးတစ်လုံးကို
ကိုက်ဝါးလိုက်တယ်
မြက်လုံးတွေ ကျွမ်း ....

မီးလမ်းတွေ ကျွမ်းသွားလဲ
လူတွေလောင်နေလျှက် လျှောက်နေတယ်
စွတ်ကျယ်ချွတ်လိုက်တော့
ကြယ်တွေ စွတ်ဖို့ လည်ပင်းရှည်ရတယ်
အိမ်ထဲဝင်လာမှ ဖိနပ်စင်မှာမီးလောင်တယ်
တံခါးကျွမ်းတွေ ထင်းရနံ့နဲ့ ငါ့ကိုကြို
ငါကြမ်းပြင်ပေါ်မှာမီးလောင်နေတယ်
မျက်နှာကျက်မှာ မီးလုံးတွေ ကျွမ်း
ငါ့လက်ကျန်မျက်လုံးကိုဖောက်
ကြွက်တစ်ကောင်ကို ချကြွေးခဲ့တယ်
ဘယ်သူမှ မီးအကျွမ်းတွေ ဂရုမစိုက်ဘူး
ဂရုစိုက်စရာအကျွမ်းလဲမရှိ

မကြာသေခင်က
ကျွမ်းသွားတဲ့ကမ္ဘာကို
စကြာဝဠာကြီးက ချွတ်မလဲဖြစ်ခဲ့ဘူး။




nelay
 
 
 
 
 

Sunday, May 2, 2010

အလင်းကွယ်

 
 
အလင်းကွယ်


ဖြူလွန်းဝေ
ဟိုး .. ထိဝေး
တိမ်အက်ကြောင်းအောက်
ငါ့ကို တိမ်မျိုလို့
ဆောင်းရာသီနောက်ခဲ့ …

စမ်းချောင်းကလေးငို
မြက်အိုတွေ ဝေး …
ရေသောက်မြစ်အောက်
ငါ့ကို ရစ်တွယ်ချုပ်မွှန်း
အိပ်မက်ကျိုးလို့သေခဲ့ပြီ …

မိုးသောက်ယံစုန်း
ကျိန်စာအိုတွေ ပြုံး …
တစ္ဆေမုန်း .. သုံးညအိုမှာ
ငါ့ကို မြှုပ်နှံပွင့်ဖူး
အဆိပ်ပန်းတွေမြူးခဲ့ပြီ …


ဒေ၀ီ … စို
သလွန်မှားတင်မိတဲ့နှလုံးသား
အပြုံးတုတွေအား
ဖျော်ဖြေတင်ဆက်
ငါ့ကို ဆူးခြွေခိုင်းတဲ့လက်တွေ
အခု ….
အလိုမတူပဲ ပုဝါဖြူခဲ့ရပေါ့


ပုဒ်မ ပုဒ်မ ပုဒ်မ
ပုဒ်ကလေး ဆို
ကမ်းနဖူးမှာချ
ဘယ်မှန်မသိတဲ့တံတားအိုပေါ်က
ငါ့ကို …
ပင်လယ်နီမှာ နေမျိုလိုက်တယ်

အလင်းကွယ်
ဖန်အိမ်ထဲကဆောင်း
နံရံပေါ်က မျက်သေတခုနဲ့
ပြန်မရှင်တော့တဲ့အသက်ကို
ငါ့က ငါ့အား
ရက်ရက်စက်စက်
မော်ဖူးခွင့်ပေးလိုက်ပါတယ် … ။




nelay



ကြယ်ကြွေရပ်ဝန်း Friday, October 24th, 2008

ကြယ်ကြွေရပ်ဝန်း
Friday, October 24th, 2008



နမိတ်ကောင်းကို မမက်မောတတ်တဲ့ သစ်စိမ်း....ခြောက်ပင်ဟာ …………


ကြယ်သေကို သဂြိုလ်ပစ်ဖို့ ငြင်းဆန်ခဲ့...






အဲ့ဒီကိုယ်ထဲမှာ………. နံရိုးတွေကို ရေတွက်နေတဲ့ စက္ကန့်တန်ရှိခဲ့ ……


သွေးနီမျှင်ကို စုပ်ယူ…. ကြည်ပြာရောင် ကြယ် …. လောင်ကျွမ်းခဲ့


ကျောခွံကိုခွာ…… ထိုကြယ်ပြာရောင်…. လက်တန်ကို ချိုးဖျက်……. ခံခဲ့


ညဥ့်လေကို အံတု… သန်းခေါင်ထက် သူဟာ ပိုပို နက်လာခဲ့


ဝင်သက်ကို အစိတ်စိတ် ပိုင်း……… လေးနက်မှုတိုင်းဟာ သက်ပြင်းပိုရှည်ခဲ့


သက်တန့်ရောင်ကို ထိုးဖေါက် နေ့နဲ့ ည ကြား ပိုပို….. တိုးဝင်……… သွားမိ…. ခဲ့……………..


…………………………………………………….


ရပ်စရာ တဖြည်းဖြည်း ကျဉ်းလာတဲ့….. မြေ


နောက်ဆုံးထွက်သက်မှာမှ ရှိုက်သွင်းခြင်းခံလိုက်ရတဲ
့ …….. လေ....

ကျွံမှာဆိုးတဲ့ အရောင်တွေ …..


အဖက်ဖက်မှ ကာရန်ထားသော.. ကျောက်ဂူအောက်..


နှင်းတွေ........ ရာသီပျောက်ခဲ့ရပြီး........
.... နောက်

…………………………………………………….




ကြယ်သေလွမ်းချင်းတွေ ရေး နင်ဆွေးမနေနဲ့တော့


ကောင်းကင်ကို အစိမ်းလိုက်လွာချပြီး ငါ မီးမြိုက်ပေးလိုက်မယ်


ဖွဲမီးတွေ တဖျောက်ဖျောက်နဲ့ ကြယ်သေတဲ့ ကောင်းကင်အောင်မှာ နင်ငိုအုံးပေါ့


မျက်ရည်တွေ ခပ်နွေးနွေးရွာချလာခဲ့တဲ့ နင့်ပါးပြင်မှာ


ငါ့အိပ်မက်ပေါင်းများစွာ ဆေးခြယ်ပေးပါရစေ...


နင့်မျက်ရည်နဲ့ဆေး ငါ့အိပ်မက်တွေ စတေးရစေအုံးတော့


နင့်မျက်နှာမှာအပြုံးတွေ ဝင်းလာချိန်အထိ ငါ့အိပ်မက်တွေ ခင်းပေးထားမယ်



မျှော်လင့်ခြင်းတွေ စိုက်ပျိုးထားတဲ့ ငါ့ကျောမှာ


နင့်ကြယ်ကြွေမီးအိပ်မက်နဲ့ မြိုက်လောင်ထားတဲ့


ငါ့အတောင်သေတခြမ်းလဲရှိတယ်


ငါမပျံနိုင်ပါဘူး ...


နောက် ...


မျှော်လင့်ခြင်းတွေ ဖြန့်ခင်းထားတဲ့ ငါ့နှလုံးသားမှာ


နင့်အိပ်မက်နွယ်တွေ ခင်းလျှောက်မဲ့ မြက်နီခင်းကြီးလဲရှိတယ်


ငါမစိမ်းလန်းပါဘူး ...


တခုခုကိုရွေးမယ်ဆိုတော့မှ ကမ်းနှဖူးက ကြယ်သေကို


နင်ပြန်လှည့်ကြည့်သေးတယ်နော
် ...

ငါ့အတောင်လက်ကျန်တခုတော့ နင့်ကြယ်သေအိပ်မက်အတွက်


ငါမတောက်လောင်နိုင်တော့ဘူး ...


ထပ်မကျွမ်းပါရစေနဲ့တော့ အိပ်မက်စိမ်းလေးရယ် ...


ဒီအတောင်တခြမ်းနဲ့ နင့်အပွင့်ဆန်းလေးကို


ငါလေ ... ထာဝရ ... တယုတယပျိုးထားချင်လို့ပါကွယ
် .... ။




ဆောင်းကို ပိတ်လှောင်ထားတဲ့ ဂူဟာ … အေးတယ်။။။


ကြယ်သေကို သဂြိုလ်နေတဲ့ မီးတောက်က……. အေးတယ်။။။။။။။။။။။


အနာဟာ သိပ်နာလာရင် အေးတယ်။။။


အပူဟာ သိပ်ပူလာရင် အေးတယ်။။။


ထို……ဆောင်းဖိနပ်အောက်….. ကြယ်ကြွေကို တယုတရ မြှုပ်ထားခဲ့…….


ကြယ် သေ ရပ်ဝန်းဟာ………….. အေး ခဲ….. နေခဲ့။ ။။။။ ။။။။ ။။။။။။။။။







Green Asterisk. rainmaker. nelay








ပြောက်ဆုံးခဲ့သော အရာ 04-03-2008 06:02 PM

ပြောက်ဆုံးခဲ့သော အရာ
04-03-2008 06:02 PM



(၁)

ကျနော့်မှာ အလုပ်ရှိခဲ့ပါသည်။ အဲဒီအလုပ်လုပ်ဖို့ အလုပ်လိုက်ရှာနေခဲ့ပါသည်။
တညလုံး၊ ပြောင်းပြန် တညလုံး ကျနော်အလုပ်ရှာနေပါသည်။
ဒီလိုနဲ့ . . .
လုပ်တိုက်တခုရှေ့အရောက် ကျနော့်နှလုံးသားကိုဆွဲထုတ်

ဖောင်ဖြည့်တင်လိုက်၏။

အဲဒီ့ ညနေ . . .

ကျနော်အလုပ်ရပါသည် ကျနော့အတွက်မဟုတ်ပါ ကျနော့နှလုံးသားအတွက်သာ၊ဘာပ
ဲဖြစ်ဖြစ်ကျနော်အလုပ်ရလို က်ပါသည်။ သို့ပေသော် ကျနော့်နှလုံးသားတော့ထားခဲ့ရပါသည်။

ဒီလိုနဲ့ကျနော်အလုပ်လုပ်နေခ
ဲ့ပါသည်။ ကျနော့်နှလုံးသားအလုပ်လုပ်နေပါသည်။
ပင်ပန်းနွမ်းနှယ်သည့်အထိ မူးမိုက်ကာဝေဝါးသည်အထိ ကျနော့်နှလုံးသားကို သူတို့အလုပ်လုပ်ခိုင်းပါသည်
။ ဒီ့အတွက်ကျနော်ဘာရပါသလဲ . . .

(၂)

လမ်းနှစ်လမ်းရှေ့တွင် ဖျက်ကနဲမီးဝါလိုက်သည်။

ရုံးကန်နေကြတဲ့ ဘဝ ညစ်ညစ်လို စက်ရုပ်လို အနာဂတ် ရှေ့လမ်းတွင် ဘာဖြစ်မယ် သိသိနေတဲ့မြန်မာရုပ်ရှင်ဇာတ
်ထုတ်လို . . .။ ပညာရှာ အလုပ်လုပ် မိဘလုပ်ြေ<ွကး မိသားစုတခုတည်ထောင် လောကအတွက်ဟိုရောင်ဒီရောင် လူမှုရေးလုပ်ချင်ယောင်ဆောင်ပြီး စက်ရုပ်လို သိပြီးသားဘဝတခုနှင့်ရှေ့ဆက်မည်လား . . .။

တခုခုကိုသေသေချာလုပ်ရင်း တခုတခုကိုချန်ဖို့ကြိုးစားမ
ည်လား။

အကြောင်းအရာတွေကို အကြောင်းအရာတွေပြန်မေး မေးနေကြသည်။ သတ်မှတ်ချက်တွေကို သတ်မှတ်ချက်တွေနဲ့ ပြန်သတ်မှတ်ကြသည်။ အဓိပါယ်တွေကို အဓိပါယ်တွေတောင်းဆိုနေကြသည်
။ သွေးတွေကို သွေးတွေဆာနေကြသည်။

လမ်းနှစ်လမ်းရှေ့တွင် ဖျက်ကနဲမီးနီလိုက်သည်။


ရှေ့တွင်ကလေးတယောက် မျက်မမြင်အဘိုးအိုတွဲကာ ဖြတ်ကူးသွားသည် လောကဓံမြင်းကျားပေါ်မှာ၊ တိမ်တွေငိုချလိုက်ရုံဖြင့် မပြီးဆုံးသည့် လွင်ပြင်ကျယ်တွေ ဟိုးမိုးကုတ်စက်ဝိုင်းအထိ ရောယှက်ထားကြသည်။

အားငယ်သူကို အားယူမည့် စုန်းကိုက် မျက်လုံးစိမ်းတွေ စူးစူးစိုက်စိုက်ကြည့်နေကြသ
ည်။
အမှောင်ထဲက ကဝေပျိုကပွဲနောက် တကောက်ကောက်လိုက်မည့် အဖြူရောင်ခြေလှမ်းများဟန်ပြ
င်နေကြသည်။
ဘဲဥမှ ဘဲမကြီးကိုမွေးဖွားလိုက်ကြသ
ည်။
ပန်းသီးမှ ပန်းပင်ကိုဝါးမျိုလိုက်သည်။
နှလုံးသားတခု အတွက် နှလုံးသားပေါင်းများစွာကို စတေခဲ့ကြပြီ။
တိမ်တွေဖြူမလာခဲ့သည်မှာလဲ ကြာခဲ့သည်။

(၃)

ကျနော့်နှလုံးသားအလုပ်လုပ်ေ
နသည်။ ကျနော်အလုပ်မလုပ်ပါ။
အလုပ်ကအပြန် ကျနော့်နှလုံးသားအလုပ်တွင် ထားခဲ့ရသည်။

ကျနော်ရထားစောင့်နေသည်။ ရထားတစီးဆိုက်လာသည် ကျနော်ဦးခေါင်းက တက်သင့်သောကြောင့် ကျနော်ထိုင်လိုက်မိသည် အဲဒီ လူနေမှုရပ်ဝန်းတခုအပေါ် ပျော့ညံ့စွာဝင်ဆံ့သွားသည်။

တိုးညင်းတဲ့လက်တစုံ အမျိုးသမီးရဲ့ ဆွဲအိပ်ထဲမှ အနာဂတ်ကိုနှိုက်ယူနေသည် ကျနော့ရှေ့တွင် . .
ကျနော့် ဦးနှောက်က မင်းနဲ့မဆိုင်ဟုညွှန်ကြားသလိ
ု ကျနော့အသည်းနှလုံးအလုပ်တွင်ကျန်ခဲ့သည်။

ဆင်းရမည့်ဘူတာအရောက် ကျနော်ကျပြောက်ခဲ့သည်။ အတိတ်တို့သည် မိနစ်ပိုင်းအတွင်းဟောင်းနွမ
်းကုန်ကြသည်။

ဆာလောင်မှုကဦးခေါင်းကို ဒေါင်ချာဆိုင်းစေ၏။ အစာတခုလိုက်လံရှာဖွေကာ ဖြေသိမ့်လိုက်သည်။


ဖန်သားပြင်မှ မူယာမာယာ ကတ်တချို့ ငိုချင်စရာ ကတ်တချို့ ကြည်နူးစရာ ကတ်တချို့ ဒေါသဖြစ်စရာ ကတ်တချို့ ဦးနှောက်ကြီးမှမခံစားပါ။ ကျနော့်နှလုံးသားအလုပ်လုပ်ရ
င်း အလုပ်တွင်ကျန်နေခဲ့သည်။
နာရီစက်သံနှင့် ဦးနှောက်ကြီး အိပ်ယာပေါ်ပျော်ဆင်းသွားသည် မနက် နာရီအချက်ပေးသံမြည်သည်အထိ အိပ်မက်ဆိုတာမရှိ မျက်ခွံနှင့်မျက်လုံးကြား ကွာဟမှုဆိုတာမရှိ ဦးနှောက်ကြီးအိပ်ပျော်နေသည
်။

ကျနော့်နှလုံးသား တညလုံး ပြောင်းပြန် တညလုံး အလုပ်လုပ်နေသည်။


လမ်းနှစ်လမ်းရှေ့တွင် ဖျက်ကနဲမီးစိမ်းလိုက်သည်။


ကျနော် . . . ဘယ်လမ်းကို . . . မောင်းနှင်ရ . . .မည် . . . နည်း။







nelay




“နီလေး”

 
 
“နီလေး”


ဘာမှမဟုတ်ဘူး

အဲဒါ

ရူးနေတဲ့လူ။





-နေ့သစ်
၂၈.၄.၂၀၁၀

နတ်သား .............. သို့

နတ်သား .............. သို့



ဟိုး ... ရှေးရှေးတုန်းက .. ။


အနီရောင် နတ်သားတစ်ပါး


နတ်သက်ကြွေတဲ့ ပုံပြင် ၊ ပြောပြခဲ့ဖူးတယ် ။






သူက ကမ္ဘာ့ အပြင်ဘက်ဆီကနေ


ကြွေဆင်းလာတဲ့ နတ်သား ။





အနီရောင် နတ်သား ။






အင်္ကျီဖို့ရို့ ဖားရား ၊ ဂျင်းဘောင်းဘီ ခပ်စုတ်စုတ် ။


ကျောပိုးအိတ်တစ်လုံး အမြဲလွယ် လို့ ။


ဒါတွေက သူ့ ရဲ့  ချပ်ဝတ်တန်ဆာတွေ ဖြစ်တယ် ။







သောက်ပွဲသဘင် ကျင်းပပြီးရင်


ကဗျာရွတ်တယ် ။


မူးလာရင် မိန်းမ မကောင်းကြောင်း ပြောတယ် ။


အဲ့ဒီထက် ပိုမူးသွားရင်


သူ ချစ်ရတဲ့ မိန်းမ ကောင်းကြောင်း ပြောတယ် ။


သူ့ မကောင်းကြောင်း သူ ပြန်ပြောတယ် ။


ကျွန်တော်တို့ ကောင်းကြောင်း သူ ပြန်ပြောတယ် ။


ခေါင်းအုံးထက်က သွေးစက်တွေအကြောင်းပြောတယ် ။


အ၀ါရောင် ပိတောက်လမ်းလေးအကြောင်းပြော

တယ် ။






လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားလုံးတွေ ငှဲ့ သောက်တတ်တဲ့


နတ်သား က ၊ ဆေးလိပ်သောက်ရင်း ဒဿနတွေ


မှုတ်ထုတ်တတ်ပြန်ရော ။


ကျေးဇူးတရားကို ငရဲတစ်ပါးလို ကြောက်ရွံတတ်တဲ့


နတ်သားက ၊ ကဗျာတွေကို


လိုက်ပြုံးပြတတ်ပြန်ရော ။







တစ်ခါတစ်လေကျ ၊ သူ့  ဗိမာန်တော်မှာ


ရှုပ်ပွနေတတ်တဲ့ အမှိုက်တွေအကြောင်း


စိတ်လိုလက်ရ ရှင်းပြတတ်တယ် ။


ကျွန်တော်တို့ကလည်း ခပ်ပြုံးပြုံးနဲ့ပဲ


သူ့  အမှိုက်တွေကို ကန်ထုတ်ပစ်တတ်တယ် ။







ကဗျာဆရာ နတ်သားက ၊ ကဗျာဆရာ မပီသစွာပဲ


ဖက်ကြမ်း မသောက်တတ်ပြန်ဘူး ။


( နတ်ပြည်မှာ ဖက်ကြမ်း မရှိလို့ နေမယ် )


တစ်ဘူးသုံးရာတန် စီးကရက်ကိုတော့


ခုံမင်စွာ ရှိုက်ဖွာနေတတ်တယ် ။







တစ်ခါတစ်ခါ ကားလမ်းဘေးမှာ အရက်ထိုင်သောက်တယ် ။


တစ်ခါတစ်ခါ ကတ္တရာလမ်းပေါ် ပက်လက်လှန်အိပ်တယ် ။


တစ်ခါတစ်ခါ သီချင်း အော်ဆိုတတ်တယ် ။


တစ်ခါတစ်ခါ အတင်း အော်ငိုတတ်တယ် ။


ကျွန်တော်တို့ရဲ့  နတ်သားက ၊ တစ်ခါတစ်ခါကျရင်


ပန်း ပန် ပေး တတ် သေး တယ် ။







နတ်သား ရေ ။


ရင်ဘတ်ချင်း တူလို့ လမ်းတွေ လျှောက်ခဲ့ကြပြီးပြီပဲ ။


ဖိနပ်တွေ ချွတ် ။


ခေါင်းပေါ် လက်တင်ပြီး ဆက်လျှောက်ကြမယ် ။







( ကိုနီလေးအတွက် အမှတ်တရ မွေးနေ့လက်ဆောင် )







လေးစားစွာဖြင့်



ဆူးခက်မင်း